သတင်းဆောင်းပါးများ

တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရယ်ကြားက ရိုးရာဆေးသောက်ပွဲ အပိုင်း(၁)

September 23, 2015

ပုစဉ်းအော်သံနှင့်အမျိုးအမည်မသိအကောင်မျိုးစုံတို့၏ အော်သံမှတစ်ပါးတိတ်ဆိတ်ခြင်းကအမှောင်ညကိုဖုံးလွှမ်းထားသည်။ဧပြီလဖြစ်လင့်ကစား တောထဲတွင်သစ်ပင်ကြီးများ၏အရိပ်အာဝါသကြောင့် အေးစိမ့်နေပြီးသစ်ရွက်ခြောက်တို့ အောက်မှ မြေကြီးကစိုစွတ်နေသည်။ ဘေးဘီတွင်သစ်ပင်ကြီးတွေကိုချည်နှောင်ကာထားသည့်ကြိုးပုခက်များရှိသည်။ထိုပုခက်ပေါ်တွင်တော့လူများကအိပ်မောကျနေသည်။ ထိုအချိန်တိတ်ဆိတ်သောညကို ဖောက်ထွင်းကာနှိုးစက် ပေးထားသောဖုန်းဟန်းဆက်မှတီးလုံးသံကကျယ်လောင်စွာ ပေါ်ထွက်လာသည်။နာရီကြည့်လိုက်တော့ည၁၁နာရီခွဲ။နာရီနှိုးစက်သံကြားသည်နှင့်ကြိုးပုခက်အိပ်စင်များထဲမှလူများဆင်းလာကြသည်။ပြီးနောက်မီးဖိုငယ်များဖိုကြသည်။ မှောင်မိုက် သောပတ်ဝန်းကျင်တွင်မီးဖိုငယ်လေးများမှအလင်းရောင်ကထွန်းလင်းလာကြတော့သည်။ မီးဖိုကစုစုပေါင်းသုံးခု။မီးဖို၏အလင်းရောင်က မှောင်မိုက် ခြင်းကိုအန်မတုနိုင်။မီးဖိုတစ်ဝိုက်တွင်သာအလင်းရောင် ဖြန့်ကျက်ထားနိုင်ပြီးကျန်သည့်နေရာတွင်အမှောင်ထုကနက်ရှိုင်းလှသည်။အကောင်မျိုးစုံတို့၏အသံများနေရာတွင်လူများ၏စကားပြောသံ၊လှုပ်ရှားသံတို့ကအစားထိုးဝင်ရောက်လာကြသည်။ မီးဖို၏အလင်းရောင်ခပ်မှိန်မှိန်ကြားတွင်ထိုလူတို့၏လူပ်ရှားနေကြပုံများကိုခပ်ဝါးဝါး မြင်တွေ့ရသည်။မီးဖိုများပေါ်တွင်အရွက်များ၊သစ်မြစ်များနှင့် ရေအပြည့်ထည့်ထားသည့်ဒန်အိုးများက နေရာယူထားသည်။ခဏကြာတော့တချို့ကပွက်ပွက်ဆူ လေပြီ။တချို့ကဆူပွက်ရန်အရှိန်ယူနေဆဲ။ ပွက်ပွက်ဆူနေသောဒန်အိုးတစ်လုံးကိုလူတစ်စုက မြေကြီးပေါ်သို့ချလိုက်သည်။ပြီးနောက်ထိုလူစုထဲမှလူတစ်ယောက်ကဒန်အိုးထဲမှပွက်ပွက်ဆူနေသော ရေနွေးများကိုဝါးဆစ်ခွက် လေးနှင့်ခပ်ကာတဖူးဖူးမှုတ်သောက်နေသည်။ နောက်တစ် ယောက်ကပန်းကန်ပြားတစ်ချပ်နှင့် ရေနွေးကိုခပ်ယူလိုက်ပြီးခဏကြာမျှအအေးခံလိုက်သည်။ ပြီးလျှင်ယင်းရေနွေးများကို ခေါင်းပေါ်မှ လောင်းချလိုက်သည်။အငွေ့များပင်တထောင်းထောင်းထသွားသည်။ကျန်သည့်လူများလည်းထိုနည်းတူဆူပြီးသားရေနွေးများကိုခပ်ယူကာအအေးခံလိုက်၊ သောက်လိုက်၊ ခေါင်းပေါ်မှ လောင်းချလိုက်နှင့် အေးစိမ့်သောရာသီဥတုဒဏ်၊ ရေနွေးပူဒဏ်တို့ကြောင့်ညည်းတွားသံများနှင့်ညကအသက်ဝင်လာတော့သည်။ ဒီနေရာ၊ဒီမြင်ကွင်းတွေကတော့တနင်္သာရီသစ်တောကြိုးဝိုင်းအတွင်းရှိ တောတွင်းနေရာတစ်ခုတွင် ဖြစ်ပါသည်။တိတိကျကျပြောရလျှင်တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်၊တနင်္သာရီသစ်တောကြိုးဝိုင်းထဲရှိ မောဒိုပလာတောင်ခါးပန်းတွင်ရှိသော တောတွင်းစခန်းတစ်ခုတွင်    ဖြစ်သည်။ အခုလိုသစ်ရွက်နှင့်သစ်မြစ်တို့ကိုကျိုချက်ပြီး သောက်သုံးကြ၊ ရေချိုးနေကြခြင်းမှာကရင်တိုင်းရင်းသားတို့၏ရိုးရာဆေး သောက်ပွဲ ပြုလုပ်နေခြင်းပင်ဖြစ်သည်။ယင်းရိုးရာဆေးသောက်ပွဲမှာနှစ်စဉ်တန်ခူးလရောက်သည်နှင့် ဆေးဆရာများကရိုးရာ ဆေးပင်၊ ဆေးမြစ်တို့ကို ဆေးပင်များပေါက်ရောက်ရာ ဆေး တောင်တွင်ရှာဖွေနုတ်ယူပြီးထိုနေရာအနီးတစ်ဝိုက်၌ပင်ကျိုချက်ကာ […]

အပြည့်အစုံဖတ်ရန်

မဲစာရင်းတွေ ဘာကြောင့် အမှားများရတာလဲ အပိုင်း(၂)

September 22, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ ကော်မရှင် ငွေဘယ်လောက်သုံးလဲ                   ၂ဝ၁ဝ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ကျပ်ငွေ ၁ဝ ဘီလီယံ အသုံးပြုခဲ့ပြီး ယခု ၂ဝ၁၅ ရွေကောက်ပွဲအတွက် ကျပ်ငွေ ၄ဝ ဘီလီယံအသုံးပြုမည်ဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။             ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အခြားသာမန် ရငွေမှာ ကျပ်ငွေသန်းပေါင်း ၂၂၈ ဒသမ ၅၅ ရှိသည်ဟု ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။             အဆိုပါ ဥပဒေတွင် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၏ သာမန်သုံးငွေမှာ ကျပ်သန်းငါးသောင်းနီးပါး (၄၉,၅၅၅ ဒသမ ၂၉၅ သန်း)၊ ငွေလုံးငွေရင်း သုံးငွေမှာ ကျပ်သန်းတစ်ထောင့် […]

အပြည့်အစုံဖတ်ရန်

မဲစာရင်းတွေ ဘာကြောင့် အမှားများရတာလဲ အပိုင်း(၁)

September 22, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ အထွေထွေရွေးကောက်ပွဲများကျင်းပရန်သုံးလဝန်းကျင်လောက် သာလိုတော့သော်လည်း မဲစာရင်းအမှားအယွင်းကိစ္စမှာ ဖြေရှင်း ၍ မရသေးသောအခြေအနေဖြစ်နေဆဲပင်။ ယမန်နှစ် နိုဝင်ဘာမှ စတင်ပြုစုခဲ့သည့် မဲစာရင်းများမှာ ယနေ့အထိအမှားများစွာရှိနေပြီး မဲဆန္ဒရှင်များက ပြန်လည်ပြင် ဆင်ရန်လည်း အခက်အခဲများ ရှိနေသေးဆဲဖြစ်သည်ဟု ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများက ထောက်ပြကြသည်။ မေ ၂၅ ရက်တွင် ဒုတိယအဆင့် အခြေခံမဲစာရင်းများ ထုတ်ပြန်ပြီးချိန်၌ မဲစာရင်းမှားယွင်းမှုမှာ ၃ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇွန် ၃ ရက်က ထောက်ပြခဲ့သည်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းမှာ ၁၅ ရာခိုင်နှုန်းခန့်သာ မှားယွင်းသည်ဟု ဇူလိုင် ၆ ရက်တွင် […]

အပြည့်အစုံဖတ်ရန်

မူးယစ်ဝင်္ကပါထဲက မြန်မာ

September 21, 2015

ဒီဇင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ မော်ကွန်း သတင်းအဖွဲ့ ရေးသည်။ လားရှိုး။ အေးချမ်းသည့် တောင်ပေါ်မြို့လေး။ သန့်ရှင်း သည့် တောင်ပေါ်မြို့လေး။ လှပသောရှုခင်းများကို ထွေးပိုက်ထား သည့် တောင်ပေါ်မြို့လေး။ ချမ်းအေးစ နိုဝင်ဘာလ၏ တစ်ခုသော နံနက်ခင်းတစ်ခု တွင်ဖြစ်သည်။ ဒီတောင်ပေါ်မြို့လေး၏ အထက်ဘက် ကားလမ်းမှ ခွဲထွက်သွားသည့် မြေနီလမ်းကြားလေးထဲတွင် လူငါးယောက်ခန့် အုပ်စုဖွဲ့နေကြသည်။ သူတို့ကြည့်ရသည်မှာ တစ်စုံတစ်ခုကို အကြီးအကျယ် ထိတ်လန့်စိုးရိမ်နေဟန်ရှိသည်။ မျက်လုံးများက လည်း ကျီးကန်းတောင်းမှောက်။ သူတို့ရှိရာ လမ်းကြားလေး၏ ထိပ်နားတွင်တော့ ဆိုင်ကယ် လေးစီးက ဒေါက်ထောက်လျက်။ သိပ်မကြာပါ။ လမ်းကြားထဲသို့ အဝတ်စား ခပ်နွမ်းနွမ်းနှင့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် လေ တိုးလျှင် လဲမည့်ဟန်နှင့် ဝင်လာသည်။ ပြီးတော့ သူ့ကို […]

အပြည့်အစုံဖတ်ရန်

ပိုးသတ်ဆေးကမ္ဘာထဲက မြန်မာပြည်

September 19, 2015

နိုဝင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ နှင်းကို ရေးသည်။ အသက် ၆၆ နှစ်အရွယ် တောင်သူဦးကံမြင့်သည် သူ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းအတွက် မြန်မာစာတစ်လုံးမှမပါသည့် သူတို့ဒေသအခေါ် ငှက်ခေါင်း၊ ဖားထုပ်၊ ငါးမှုန့်ယိုးဒယားစည်ပင် စသည့်ပိုးသတ် ဆေးများကို နေ့စဉ်နှင့်အမျှ သုံးစွဲပက်ဖျန်းနေသူ ဖြစ်သည်။ ဦးကံမြင့်နေထိုင် အလုပ်လုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန်တွင် တောင် သူများသည် ဘူး၊ ချဉ်ပေါင်၊ ပဲသီး၊  ပန်းဂေါ်ဖီ၊ ဆလပ်၊ မုန်ညင်း စသော ဟင်းသီးဟင်းရွက်များကို အဓိကစိုက်ပျိုးကြသည်။ ထိုပိုးသတ်ဆေးများကို နေ့စဉ်နှင့်အမျှအသုံးပြုနေသော်လည်း ဘာအကာအကွယ်မှ မယူဘဲ ဖျန်းလေ့ရှိသည်ဟု ဦးကံမြင့် က ဆိုသည်။ ”ဒီအတိုင်းပဲ သွားဖျန်းလိုက်တာပဲ။ သူများတွေကတော့ နှာခေါင်းစည်းလေး၊ လက်အိတ်လေးနဲ့ ဖျန်းကြတယ်။ အဘက တော့ ဒီအတိုင်းပဲ။ […]

အပြည့်အစုံဖတ်ရန်

လက်မထပ် အတူနေ ခေတ်ရေစီး

September 19, 2015

လူ့အခွင့်အရေးရှုထောင့်နှင့် ခေတ်ရေစီးကြောင်းရှုထောင့် မှ ကြည့်မြင်သူများက ထိုသို့နေထိုင်မှုကို လက်ခံကြသော်လည်း ဘာသာရေးရှုထောင့်၊ လူ့ကျင့်ဝတ်ရှုထောင့်မှ ကြည့်မြင်သူများက ထိုသို့နေထိုင်မှုကို ပြစ်တင်ဝေဖန်ကြသည်များလည်း ရှိပါသည်။

လူငယ်တွေကြားထဲတွင်လည်း Living Together နေထိုင်မှုကို ထောက်ခံသူများလည်း ရှိကြသလို မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက် ညီမှုမရှိဟုဆိုကာ လက်မခံနိုင်ကြသည့် လူငယ်များလည်း ရှိ ကြသည်။

အပြည့်အစုံဖတ်ရန်

အင်းဒင်ရွာက ပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ

September 17, 2015

ဇွန်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်နှင့် ခင်မောင်မြင့် ရေးသည်။ မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာ သာရေးဆန်တဲ့ ပဋိပက္ခတွေ အကြောင်းပြောကြရင် အား လုံးက ရခိုင်အရေးကိုပဲ အရင် ဆုံးပြေးမြင်တတ်ကြပါတယ်။ အဲဒီနောက်မှ မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်၊ နောက်ဆုံး မန္တလေးဖြစ် စဉ်တွေကို မြင်ကြတာပါ။           ရခိုင်အရေးဆိုရင်လည်း အားလုံးမျက်စိထဲမှာ မြင်နေကြ တာက  ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ အချင်းချင်းသတ်ဖြတ်နေတာ၊ တစ်ဖက်နဲ့တစ်ဖက် အမြဲလိုလိုရန်စောင်နေတာ၊ ယုံကြည်မှုတွေ ကင်းမဲ့ပြီး တစ်ဖက် နဲ့ တစ်ဖက် မုန်းတီးနေကြတာကိုပဲ ပြေးမြင်ကြပါတယ်။ အဲဒီလိုမြင်ရလောက်အောင်လည်း ၂ဝ၁၂၊ ဇွန်နဲ့ အောက် တိုဘာမှာ နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ပြီး လူ ၂ဝဝ နီးပါးသေဆုံးခဲ့ တဲ့ သွေးမြေကျပဋိပက္ခက […]

အပြည့်အစုံဖတ်ရန်

မြို့ပြငှက်၊မြို့ပြဝန်းကျင် အပိုင်း(၂)

September 15, 2015

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ ငှက်တွေတိုးလာသလား ရန်ကုန်မြို့မှာ ငှက်တွေဘယ်လောက်ရှိသလဲ၊ တိုးလာ သလား၊ လျော့သွားသလားဆိုတဲ့ သုတေသနကိန်းဂဏန်းတွေကို ရှာဖွေရခက်ခဲပါတယ်။ ဒါပေမဲ့ ခိုစာရောင်းတဲ့သူတွေကတော့ တစ်နေ့တခြားပိုပိုပြီးရောင်းလာရတယ်လို့ ဆိုကြပါတယ်။ ခိုစာ၊ ငှက်စာရောင်းတဲ့သူတွေကတော့ သူတို့ရဲ့အလုပ်ဟာ မွန်မြတ်တဲ့အလုပ်လို့ ခံယူထားကြပြီး  ”ကျွန်မတို့အလုပ်က ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝ ဆိုတဲ့အလုပ်ပဲ”လို့ ပုဇွန်တောင် မြို့နယ်၊ လမ်း ၅ဝ က ဟိန္ဒူဘုရားကျောင်း ပလက်ဖောင်းဘေးမှာ ခိုစာရောင်းနေတဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်မြင့်မြင့်အောင်က ပြောပါတယ်။ သူခိုစာရောင်းလာတာ အခုဆိုရင် နှစ်ပေါင်းအစိတ် လောက် ရှိပါပြီ။ သူ ခိုစာစရောင်းတဲ့အချိန်တုန်းက ခိုကောင်ရေ ဆယ်ဂဏန်းလောက်ပဲ တွေ့ရှိရတယ်လို့ဆိုပါတယ်။ ခိုတွေရောက် လာအောင် ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံစိုက်ပြီး […]

အပြည့်အစုံဖတ်ရန်

မြို့ပြငှက်၊မြို့ပြဝန်းကျင် အပိုင်း(၁)

September 15, 2015

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ ‘ငှက်ကလေးများတို့ရယ်xxxမနက်ခင်းမိုးလင်းတိုင်းကွယ် xxx သီချင်းလေးများ ညည်းလို့ ပြတင်းပေါက်ဖွင့်တော့ လောကကြီးတွေ့ရတယ်xxx’           ဒီသီချင်းလေးက လွန်ခဲ့တဲ့နှစ် ၂ဝ ကျော်လောက်က နာမည်ကြီးခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ အိမ်မှာရော ပြတင်းပေါက်ဖွင့်လိုက်တဲ့အခါငှက်ကလေးတွေကို တွေ့ မြင်မိပါရဲ့လား။ ဘယ်လိုငှက်ကလေးတွေကိုတွေ့မြင်ရပါသလဲ။လူနေထူထပ်တဲ့ ရန်ကုန်လို မြို့ပြမှာရော ဘယ်လိုငှက်တွေ ကြီးစိုးရှင်သန်နေပါသလဲ။           ရန်ကုန်လိုမြို့ပြမှာတော့ ကျီးကန်း၊ ခိုနဲ့ စာကလေးတွေကို တော့ အခြားသောငှက်တွေထက် ပိုမြင်တွေ့ရတယ်လို့ ငှက်လေ့ လာစောင့်ကြည့်သူတွေနဲ့ သတ္တဗေဒပညာရှင်တွေက ဆိုပါတယ်။ ဆက်ရက်၊ စင်ရော်၊ ပျံလွှား၊ ဗျိုင်း စတဲ့ငှက်တွေကိုလည်း ရန်ကုန် မြို့မှာ ရံဖန်ရံခါတွေ့ရပေမယ့် ကျီးကန်း၊ ခိုနဲ့ စာကလေးတွေက တော့ ရန်ကုန်မြို့လယ်ကောင်မှာတင် အလွယ်တကူ […]

အပြည့်အစုံဖတ်ရန်

စစ်အုပ်ချုပ်ရေးအောက်က နန်းကျနယ်မြေ

September 14, 2015

စက်တင်ဘာလထုတ်-၂၀၁၅၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ကျော်မျိုးထွန်း ရေးသည်။ နံနက်ခင်း၏ ရှေ့ပြေးအလင်းရောင်တို့အောက်ဝယ်  စိမ်းညို့ ညို့တောင်စွယ်တောင်တန်းများမှာ မြူမင်းလွင်တို့၏ လွှမ်းခြုံအုပ်မိုးခြင်းကို ခံနေ ရသည်။ ထိုတောင်စွယ်တောင်တန်းတို့အလယ်တွင် အခိုင်အမာ ဆောက်လုပ်ထားသည့် နေအိမ်တိုက်တာများ၊ ဈေးဆိုင်ခန်းများ၊ ကွန်ကရစ်လမ်းများ၊ အဝေးမှပင် လှမ်းမြင်နိုင်သည့် ဟိုတယ်ကြီးများ၊ဟိုတစ်စု ဒီတစ်စုထိုးထိုးထောင်ထောင် ထွက်နေသည့် ဆောက်လက်စ အထပ်မြင့်အဆောက်အအုံများသည်လည်း မြူခိုးများကြားဝယ် ငြိမ်ကုပ်နေကြသည်။        ဧရိယာစတုရန်းမိုင် ၃,၉ဝဝ ခန့်ကျယ်ဝန်းသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့ အပါအဝင် နေရာအတော်များများသည် ယခုနှစ်အစောပိုင်းက ယခင်ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်ဦးဆောင် သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army- MNDAA)နှင့် မြန်မာတပ်မတော်တို့ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် စစ်တလင်းဖြစ်ခဲ့ရသည်။        […]

အပြည့်အစုံဖတ်ရန်

ဆေးရုံ၊ ဆေးခန်းထုတ် အမှိုက်တွေက ထပ်ထုတ်မယ့် ရောဂါကွန်ရက် အပိုင်း(၂)

September 12, 2015

ဇွန်လိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၅) မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ ကောင်းမြတ်မိုး ရေးသည်။ အမှိုက်သိမ်းသူတွေ ဘာပြောလဲ             လမ်းမတွေပေါ်မှာ အမှိုက်သိမ်းစည်ပင်ဝန်ထမ်းဦးရေ ၂ဝ ကျော်ကို ကျွန်တော်လိုက်လံတွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ သူတို့ဆီက တူညီတဲ့အချက်တစ်ခုကို သိလာရပါတယ်။             အဲဒါကတော့ သာမန်အထွေထွေအမှိုက်တွေထဲမှာ ဆေးရုံ၊ ဆေးခန်းအမှိုက်ထုပ်တွေအမြဲလိုလို ပါလာတတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။             တချို့ဆေးခန်းတွေကျတော့ ဆေးရုံ၊ ဆေးခန်း စွန့်ပစ် အမှိုက်ကား မလာတဲ့အတွက် ရပ်ကွက်ထဲက အထွေထွေအမှိုက် သိမ်းသူတွေနဲ့ ချိတ်ဆက်ပြီး စွန့်ပစ်ကြတယ်လို့ ဆိုပါတယ်။             တချို့ကျတော့လည်း အထွေထွေအမှိုက်ပုံမှာပဲ လာစွန့်ကြ လို့ ဆေးရုံ၊ ဆေးခန်း အမှိုက်မှန်းမသိဘဲ သိမ်းလာကြတာတွေ လည်း ရှိတယ်လို့ စည်ပင်အမှိုက်သိမ်းဝန်ထမ်းတွေက ဆိုပါတယ်။             […]

အပြည့်အစုံဖတ်ရန်

ဆေးရုံ၊ ဆေးခန်းထုတ် အမှိုက်တွေက ထပ်ထုတ်မယ့် ရောဂါကွန်ရက် အပိုင်း(၁)

September 12, 2015

ည ၈ နာရီခွဲဝန်းကျင်ဆိုရင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရပ်ကွက်မှာရှိတဲ့ ဆေးခန်းတစ်ခုရဲ့ ပိတ်ချိန်ကို ရောက်လာပါပြီ။ ခါတိုင်းနေ့တွေမှာလိုပဲ ဇွန် ၁၅ ရက်ညနေမှာလည်း အဲဒီ ဆေးခန်းဟာ ၈ နာရီခွဲလောက်မှာ ပိတ်ပါတယ်။ ဆေးခန်းမှာ အကူလုပ်ပေးနေတဲ့အမျိုးသမီးဟာ အပြာ ရောင်ပလတ်စတစ်အထုပ်တစ်ထုပ်ကို ဆွဲလာပြီး လမ်းထိပ် ရောက်တာနဲ့ အမှိုက်ပုံမှာ လှမ်းပစ်လိုက်ပါတယ်။ အဲဒီအမျိုးသမီးပြန်ထွက်သွားပြီးနောက် အဲဒီအမှိုက်ထုပ် ကို ကျွန်တော်သွားပြီး ဖြဲကြည့်လိုက်ချိန်မှာ အထဲမှာ ဆေးခန်းက စွန့်ပစ်လိုက်တဲ့ အသုံးပြုပြီးသား ဂွမ်းစတချို့၊ ဆေးကတ်အခွံ၊ ဆေးပုလင်းအခွံတချို့နဲ့ အခြား အထွေထွေ အမှိုက်တွေလည်း ရောထွေးပြီး ပါဝင်နေတာကို တွေ့ရပါတယ်။ (အထွေထွေအမှိုက် ဆိုတာကတော့ မုန့်ခွံတွေ၊ ပလတ်စတစ်အိတ်တွေကို ပြောတာပါ။) ဆေးရုံ၊ ဆေးခန်းစွန့်ပစ်အမှိုက်တွေဆိုတာ ရောဂါပိုးကူး စက်နိုင်တဲ့ အမှိုက်တွေ […]

အပြည့်အစုံဖတ်ရန်
1 … 23 24 25 26 27 28 29 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."