ဝင်ဒါမီယာရပ်ကွက်ကျယ်ထဲမှ အနည်းငယ်မို့မောက်သော လမ်းသွယ်ကလေး၏ မင်းတုပ်ထိုးထားသော ခပ်နိမ့်နိမ့် ခြံတံခါးကို တွန်းဖွင့်၍ ဝင်လျှင်ဝင်ချင်း ဧည့်ခန်းနံရံ၏ ပုံတူပန်းချီကားကို မြင်ရသည်။ အပြာရောင်ကဲသော ထိုပန်းချီကားထဲတွင် တေးသံရှင်၏ လူလတ်ပိုင်းအရွယ်က ပုံရိပ်ကို အမိအရ ရေးထားသည်။ ထင်ရှားသည်မှာ မလှမပ မျက်နှာပေါ်မှ အားပါးတရ ရယ်မောနေသော အပြုံးဖြစ်သည်။ နှုတ်ခမ်းတို့သည် ဆိုးဆေးကြောင့် နီရဲနေ၏။ သွားတို့သည် မညီမညာ။ ပါးဆုံ့ကြီးများ ပေါ်နေသည်။ ခပ်ဖွာဖွာဖြစ်နေသော ဆံထုံးတွင် ပန်းဝါဝါတစ်ပွင့်ကို ပန်ထားသည်။ ပြုံးနေသော တေးသံရှင်၏ အဇ္စုတ္တကို အမိအရယူကာ ရေးထားခြင်းဖြစ်သည်။ ဧည့်ခန်းကိုကျော်ပြီး တံခါးမကြီး တစ်ခုကို ဖြတ်ဝင်မှ ရောက်သော အခန်းကျယ်ထဲတွင်မူ လေအေးပေးစက်ဖွင့်ထားသဖြင့် တစ်ခန်းလုံး အေးနေ၏။ တစ်ခါက ကက်ဆတ်ခွေဟောင်းများကို စင်တစ်ခုပေါ်တွင် စီရီစွာတင်ထားသည်။ စာအုပ်တချို့၊ […]
မတ်လ -၂၀၁၄ထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၂)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ကောင်းမြတ်မိုး နှင့် စောသစ်ထူး ရေးသည်။ ပဉ္စတက်ပြီးစ ကိုသီဟ၊ သူ့အမေနဲ့ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားတွေ လှည့်ပတ်ဖူးနေပေမယ့် စိတ်က ဂနာမငြိမ်ဖြစ်နေ တယ်။ နောက်တစ်နေ့မနက်ဆွမ်းခံထွက်တော့ သပိတ်ကိုင်ထား တဲ့ လက်က အကြောတွေကပ်နေပြီ။ ညနေဘက်ရောက်တော့ ကျောင်းထဲက ဘုန်းကြီးတွေက သူ့ကိုဝိုင်းသတ်ကြမယ်ဆိုတဲ့ အသံတွေ ကြားလာရပြီ။ လွတ်ရာလွတ်ကြောင်း ထွက်ပြေးဖို့ ချောင်းထဲကို ဒိုင်ဗင်ထိုးချလိုက်တယ်။ ဘေးနားရှိနေတဲ့သူတွေက လှေနဲ့လိုက်ဆယ်ရတယ်။ ကုန်းပေါ်ပြန်ရောက်တော့ ကျောင်းထိုင်ဆရာတော်ကို ခွင့် တောင်းပြီး လူဝတ်လဲလိုက်တယ်။ ချက်ချင်းပဲ အရက်ဆိုင်ကို တန်းပြေးပြီး အရက်တစ်ခွက် အမြန်မော့လိုက်တယ်။ အရက်ကလည်ချောင်းထဲပူထူဝင်သွားပြီး သိပ်မကြာခင်မှာပဲ နားထဲမှာ အသံတွေပိုကျယ်လာပြီ။ ယောက်ဖတွေ၊ အစ်မတွေတင်မက တော့ဘူး၊ ရပ်ကွက်ထဲက […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ မှတ်တမ်းဆောင်းပါး ဖြစ်ပါသည်။ ထွန်းဦးခိုင် ရေးသည်။ လူသတ်ကုန်းနှင့် နတ်သျှင်နောင် သူ၏အမည်မှာ ကိုလှရွှေဖြစ် ပါသည်။ ကျွန်တော်နှင့်အတူတူ ပြန်လာသော ကိုအောင်ဝင်း (မြစ်ကြီးနား)၊ ကိုဂျိုးဖြူ (မန္တလေး)တို့လည်း အဖမ်းခံ ရပါသည်။ နောက်ရက်များတွင် သူငယ် ချင်းများအလုပ်သွားလျှင် ထိပ်တုံးခတ် ခံရသောသူများသာအချုပ်ထဲတွင် ကျန်ရစ်ပါသည်။ နေ့လယ်ခင်းအချိန်များတွင် တိတ်ဆိတ်နေပါသည်။ လေက တအား တိုက်သောကြောင့် အဝတ်များ ခြုံထားရပါ သည်။ အချုပ်ထဲတွင် ဘယ်သူဘယ်နေရာမှာရှိသည်ကိုကျွန်တော်မသိပါ။ လူတွေက အယောက် ခုနစ်ဆယ်လောက်ရှိပါသည်။ ညရောက်လျှင် လုံခြုံရေးကင်းမှူးက သီချင်း ဆိုခိုင်းပါသည်။ ကျွန်တော်၏ ညာဘက်အစွန်ထောင့် မည်းမှောင်နေသော နေရာမှ ”နတ်သျှင်နောင်” သီချင်းဆိုသံ ထွက်ပေါ် လာပါသည်။ ဆွေးဆွေးမြည့်မြည့်ဖြင့် […]

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ မှတ်တမ်းဆောင်းပါး ဖြစ်ပါသည်။ ထွန်းဦးခိုင် ရေးသည်။ တိုက်ပွဲများနှင့် သံသယ ကျွန်တော်တို့ စစ်ကြောင်းသည် တပ်ရင်း-၅ ဝန်းကျင်တွင် သွားလာလှုပ်ရှား နေပါသည်။ စခန်းဟောင်းတွင်ကား မထိုင် ဖြစ်တော့ပါ။ တစ်နေ့တွင် ကိုအောင်ဆွေဦး ခေါင်းဆောင်သော စစ်ကြောင်းနှင့် ပေါင်း မိပါသည်။ ကိုအောင်ဆွေဦးက ၇ဝ၂ တပ် ရင်းအသစ် ထပ်ဖွဲ့သောအခါ တပ်ရင်းမှူး တာဝန်ဖြင့် တပ်ရင်း-၆ ဒေသ ဖားကန့်သို့ တာဝန်ကျပါသည်။ ၇ဝ၂ တပ်ရင်း၏ ရုံး အဖွဲ့တာဝန်ခံမှာ ကိုညီညီလွင်၊ ဝန်းသိုသား ဖြစ်ပါသည်။ သူက ရွှေဘိုကောလိပ်တွင် ကျောင်းတက်ဖူးပါသည်။ ထို့ကြောင့် ရွှေဘိုသား ကျွန်တော့်ကို ခင်နေပါသည်။ သူတို့ နှစ်ယောက်က ကျွန်တော့်ကို ၇ဝ၂ တပ်ရင်းသို့ […]

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ မှတ်တမ်းဆောင်းပါး ဖြစ်ပါသည်။ ထွန်းဦးခိုင် ရေးသည်။ အရပ်ရှည်ရှည် အသားဖြူဖြူ မေးရိုးကားကားနှင့် ရယ်လိုက်လျှင် မျက်နှာ တစ်ခုလုံး ပြုံးနေအောင် ရယ်တတ်သည်။ အသက်အရွယ်ကတော့ တစ်ဆယ့်ရှစ်နှစ်ဝန်းကျင်၊ ချောမော ခန့်ညားသော လူငယ် တစ်ဦးဖြစ်သည်။ စိတ် သဘောထားကောင်း ပြီး ကူညီရိုင်းပင်းတတ်သည်။ သူ၏အမည်မှာ ကျော်ကျော်မင်း ဖြစ်သည်။ သူနှင့် ကျွန်တော်က တစ်မြို့တည်းသားမဟုတ်ပေမယ့် သူ၏ အကြောင်းကို ကျွန် တော်ကောင်းကောင်းသိသည်။ သူ့ ကို စသိတော့ အထက်တန်းကျောင်းသားအရွယ်ဖြစ်သည်။ ကျွန်တော်နှင့်သူ ခင်မင်ရင်းနှီးပုံက ဆန်းသည်။ မြန်မာပြည် တွင် နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်ခဲ့သော အခွင့်ထူးခံအာဏာရှင် အစိုးရတွေကို ပြည်သူတွေက တော်လှန်ဖြုတ်ချခဲ့သော အချိန်မှာ စတင်သိခဲ့ကြသည်။ […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း ရေးသည်။ သို့သော် သားသုံးယောက်က ပျောက်နေကြဆဲ။ သို့ဖြင့် ဟိုစုံစမ်း၊ ဒီ စုံစမ်းနှင့် နောက်ဆုံးသိရသည်က သား သုံးယောက် တရုတ်နယ်စပ်ရှိ ဒုက္ခသည် စခန်းသို့ ရောက်နေကြသည်ဟူ၍ဖြစ် သည်။ အခြားယာတဲများမှ အသိမိတ် ဆွေများက ကလေးတွေကိုစိုးရိမ်ကြသဖြင့် ထိုစခန်းသို့ ပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လအနည်းငယ်အကြာမှာ အားလုံး ပြန်ပေါင်းမိကြသည်။ ယခုတော့ သား အမိ၊ သားအဖအားလုံး ဂျာမိုင်ကောင်း ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသည်။ ”နောက်တစ်ခါဆိုရင် (ခင်ပွန်းနှင့် သားတွေ) ကံကောင်းချင်မှ ကံကောင်း တော့မှာ၊ စစ်ပွဲတွေမဖြစ်တော့ဘူးဆိုမှ ယာထဲ ပြန်သွားခိုင်းမှာ။အခုခွင့်မပြုနိုင်ဘူး”ဟု ဒေါ်ဇိန်ထုံးထုကဆိုသည်။ ဒုက္ခသည်များပြန်ပြောကြသည်က ရွာမှာကျန်နေခဲ့သည့် ပစ္စည်းပစ္စယ တချို့ကို […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း ရေးသည်။ မပီဝိုးဝါးနိုင်လှသော အနာဂတ်ကို လှမ်းကြည့်မိတိုင်း အသက် ၆၂ နှစ်အရွယ် ဒေါ်ဂျာတောင် စိတ်မော၊ လူမောဖြစ်ရသည်။ ရင်အေးစရာကား တစ်စက်ကလေး မှမရှိ။ ဟာလာဟင်းလင်း ကျန်ရစ်ခဲ့သော ရွာကအိမ်ကလေး အကောင်းပကတိရှိမှ ရှိပါတော့မလား သောကပွားသည့်အခါ ပွားမိရဲ့။ ပိုင်ရှင် မကြည့်နိုင်တော့သော ရွာနား၊ ချောင်းနားက လယ်ခင်းယာခင်း များ ယခုချိန်ဆို ပျက်စီးကြရောပေါ့ဟု စိတ်ပူသည့်အခါ ပူမိရဲ့။ ပြီးတော့ တရုတ် – မြန်မာ နယ်စပ် တွင် အလုပ်လုပ်နေကြသည့် သမီးသုံး ယောက် အရေး။ သူတို့နှင့်လည်း အမြန် ဆုံး ပြန်ဆုံချင်သည်။ သို့သော် အမေနှင့် သမီးများကြား မှာ စစ်တပ်ကြီးနှစ်တပ်က […]
ဇူလိုင်-သြဂုတ် ၂၀၁၄၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ အက်ဆေး ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ (၁) ဟုတ်တယ်။ ကျွန်တော်တို့သွားခဲ့တဲ့ အဲဒီရွာရဲ့နောက်ကို ပင်လယ်ကြီးက လိုက်လာတာ။ လိုက်လာတော့လည်း အသက် အသေမခံနိုင်တော့ တစ်ရွာလုံးထွက်ပြေးခဲ့ကြရတာပေါ့။ (၂) ပင်လယ်ကြီးက ငွေမင်ရောင်တွေ တလက်လက်ထလို့။ ဟိုး…မိုးကုပ်စက်ဝိုင်းအစွန်းမှာ ပင်လယ်နဲ့ ကောင်းကင်ကြီးက ထိစပ်လို့။ အပြာရောင်အနားသတ်ထားတဲ့ စက်ဝိုင်းခြမ်းကြီး တစ်ခုလို။ ကောင်းကင်ပြာကြီးရဲ့ ရင်ခွင်ထဲမှာ တိမ်လိပ်တွေက အထွေးလိုက်။ လေပြင်းတစ်ချက်ဝှေ့တော့ လှိုင်းခေါင်းဖြူလေး တွေက ရေပြင်ပေါ်မှာ အူမြူးနေကြတယ်။ ကျွန်တော်တို့စီးလာတဲ့ စက်လှေက ငြိမ့်ခနဲ၊ ငြိမ့်ခနဲ ရေ ပြင်ကိုထိုးခွဲလို့ ခုတ်မောင်းနေတယ်။ ရေမှုန်ရေမွှားလေးတွေက လည်း တစ်ချက်တစ်ချက် မျက်နှာကို ပြေးလာပြီး တဖြန်းဖြန်း ရိုက်တယ်။ နှာဝကို ပြေးလာပြီး မိတ်ဆက်တဲ့ပင်လယ်လေက လတ်ဆတ်လိုက်တာဗျာ။ […]
ညောင်တုန်းမြို့နယ်၊ ဆင်တုံးကျေးရွာအုပ်စု၊ ရွှေသောင်ယံကျေးရွာ၌ အိမ်ခြေ ၈၉လုံးရှိရာတွင်အိမ်ခြေ၈၀ ရေနစ်မြှပ်လျက်ရှိသည်။ ရွှေသောင်ယံကျေးရွာ သည် မြစ်ကမ်းဘေးတွင်ရှိသဖြင့် မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၂၇လုံးပျက်စီးသွားခဲ့ သည်။ လက်ရှိတွင် ကျေးရွာသူ၊ ကျေးရွာသားများ ဆန်၊ ဆီ၊ သောက်ရေနှင့် ဆေးဝါးများလိုအပ်လျက်ရှိသည်။ ရွှေသောင်ယံကျေးရွာသည် ညောင်တုန်းမြို့မှ စက်လှေဖြင့် နှစ်မိုင်ခန့်သွားရသည့် ရွာတစ်ရွာဖြစ်သည်။ ဆက်သွယ်လှူဒါန်း မှုများပြုလုပ်လိုပါက ကျေးရွာနယ်မြေမှူး ဦးတင့်ဆွေဦး ၀၉၃၁၆၉၈၀၆၇ သို့ဆက်သွယ်လှူဒါန်းနိုင်သည်။ ဓါတ်ပုံ-သက်ဦးမွန်
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."