၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ်ရေးသည်။ ဖောင်တိန်တွေကို ပထမဆုံးအကြိမ် တစုတဝေး မြင်ဖူးတာက ဦးလေးရဲ့ စာကြည့်စားပွဲပေါ်မှာပါ။ ဦးလေးစားပွဲအစွန်မှာ ကပ်ပီတန်စီးကရက်ထည့်တဲ့ သံဘူးထဲမှာ အစီအရီထည့်ထားတယ်။ကပ်ပီတန်ဘူးထဲက ဖောင်တိန်အများစုက သုံးမရတော့ပါဘူး။ဒါပေမဲ့ ဦးလေးကတော့ သုံးမရတော့သည့်တိုင် ဖောင်တိန်တွေကိုတခုတ်တရ သိမ်းထားတုန်း။ ဖောင်တိန်တွေထဲမှာ အဘိုးရဲ့ဖောင်တိန်တွေလည်း ပါတယ်ဆိုတာတော့ မှတ်မိနေတယ်။ ကျွန်တော်က အဲဒီတုန်းက မူလတန်းအရွယ်မို့ ဖောင်တိန်မကိုင်ရသေးဘူး။ ခဲတံကိုပဲ သုံးနေရသေးတယ်။ ဖောင်တိန်နဲ့ တွဲဖက်သုံးဖို့ မင်အိုးကို စာကြည့်စားပွဲနားက ကြွက်လျှောက်ပေါ် တင်ထားတယ်။ကျွန်တော်တို့ရဲ့ အရင်မျိုးဆက် ဦးလေးတွေ၊ ဘထွေးတွေက ဖောင်တိန်ကို ခုံခုံမင်မင်သုံးကြတယ်။ ကျွန်တော့်အဖေလည်းဖောင်တိန်သုံးခဲ့ကြောင်း၊ အဖေ့ရဲ့ လေယာဉ်မောင်အင်္ကျီအဖြူအိတ်ထောင်ပေါ်က မင်ကွက်တွေက သက်သေပဲလေ။ အဖေ့လိုပါပဲ၊ ဦးကြီး၊ ဘကြီးတွေရဲ့ အိတ်ထောင်အခြေမှာ ဖောင်တိန်သုံးခဲ့ကြောင်း ကျပ်ပြားဝိုင်းလောက် မင်ကွက်တွေက သက်သေပြနေကြလေရဲ့။ အခုတော့ […]
၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၇) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ‘ကြုံတုန်း ဝယ်ထား ဈေးမများ’ဆိုတဲ့ ရပ်သုံးရွာသုံး ဝေါဟာရ တစ်ခု တွင်ကျယ်ခဲ့ဖူးတယ်။ တကယ်လည်း အဲဒီ စကားလုံးဟာ မနေ့တစ်နေ့ကအထိ လူရာဝင် နေဆဲ၊ အသုံးတည့်နေဆဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာပဲ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးမှာ သမဝါယမအခမ်းအနားတစ်ခုကို ဝှဲချီးကျင်းပခဲ့တယ်။ သမ္မတ ကြီးကိုယ်တိုင် တက်ရောက်ခဲ့သလို သမဝါယမ ပြည်ထောင်စုဝန် ကြီးလည်း တက်ရောက်သွားတယ်။ တာဝန်ရှိသူက မိန့်ခွန်းပြောခဲ့ ရာမှာ ဆိုရှယ်လစ်စနစ်ဖြစ်စေ၊ ဒီမိုကရေစီစနစ်ဖြစ်စေ သမ ဝါယမစနစ်ရှိရမှာဖြစ်ကြောင်း အရင်က သမဝါယမစနစ်မှာ ချမှတ်ထားတဲ့ မူဝါဒတွေ ကောင်းပေမယ့် စီမံခန့်ခွဲမှုအလွဲတွေနဲ့ မှားယွင်းတဲ့ အကောင်အထည်ဖော်မှုတွေကြောင့် ကျဆင်းခဲ့ရ ကြောင်း ထည့်သွင်းပြောကြားသွားတယ်။ နိုင်ငံပိုင် ရုပ်သံမီဒီယာ တွေမှာလည်း […]
Photo: Lu Zaw Han ၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ အမေ့ခံဆောင်းပါး ဖြစ်သည်။ လူဇော်ဟန် ရေးသည်။ ကျွန်တော်ဟာ မြို့ဟောင်းတစ်ခုပါ။ မြို့ဟောင်းလို့ ကိုယ့် ကိုယ်ကိုယ် ခံယူထားပေမယ့် လူတွေက ကျွန်တော့်ကို မေ့လျော့ နေကြပါတယ်။ ကျွန်တော့်ကို လူအများစုက လူငယ်လေးလို့ပဲ ထင်ကြတယ်။ ထင်ချင်စရာကောင်းအောင်လည်း ကျွန်တော်က တက်ကြွလန်းဆန်းနေခဲ့တာကိုး။ ရန်ကုန်-မ္တလေးကားလမ်းပေါ် မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်း၊ စီးပွားရေး လည်း ဖွံ့ဖြိုးတဲ့ မြို့တော်အဖြစ် ကျွန်တော့်ကို မြင်ကြတော့ ကျွန် တော်ဟာ အများအမြင်မှာ နုပျိုနေတာမဆန်းပါဘူး။ ကျွန်တော် ဟာ မြို့ပြရဲ့ အငွေ့အသက်တွေ လွှမ်းခြုံပြီး ဆိုင်ကယ်ပေါ်က ဂျင်း ဘောင်းဘီဝတ်လူငယ်တွေ၊ စကတ်အတိုဝတ်တတ်တဲ့ ခေတ် သမီးပျိုတွေနဲ့ ဘီယာဆိုင်တွေ၊ KTVတွေ၊ […]
၂၀၁၃-သြဂုတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၇) မှ အက်ဆေး ဖြစ်ပါသည်။ ဇေယျာလှိုင် ရေးသည်။ အခုတစ်လော ကျွန်တော်တို့မီဒီယာလောကမှာ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်း၊ သတင်းမီဒီယာဥပဒေ ကြမ်းတွေနဲ့ ပတ်သက်ပြီး အသံကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။ သည်နှစ် ဖေဖော်ဝါရီလအတွင်းမှာ ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ကြေ ညာခဲ့ပါတယ်။ မတ် ၁၈မှာ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ် ဆိုတဲ့ အဲဒီမူကြမ်းကို သတင်းလွတ်လပ်ခွင့်ကော်မတီက ဦးစီးပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့ပြင် ဒီမူကြမ်းကို စာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံသတင်းဆရာအသင်း၊ မြန်မာသတင်းစာဆရာများ သမဂ္ဂနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်တွေက သဘောမတူ ကြောင်း ထုတ်ပြန်ချက်တွေ ချက်ချင်းဆိုသလို ပြန်လည် ကြေ ညာခဲ့ပါတယ်။ ဒါနဲ့ပဲ ပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းကောင် စီနဲ့တွေ့ဆုံပြီး ၎င်းတို့ဝန်ကြီးဌာနနဲ့ တိုင်ပင်ဆွေးနွေးဖို့ […]
၂၀၁၄-အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ အက်ဆေးဖြစ်ပါသည်။ ဝေလင်း ရေးသည်။ ဝက်ခြံတိုက်ခန်းဆိုတာ ကျွန်တော် အခုနေနေတဲ့ အိမ်ကို ပြောချင်တာပါ။ ကိုယ်ပိုင်အိမ်တော့ မဟုတ်ပါဘူး။ တစ်လ ရှစ်သောင်းကျပ်နဲ့ ငှားထားရတဲ့ အိမ်ပါ။ အိမ်လို့ပြောရတာတောင် နည်းနည်းကြီးကျယ်နေမလားပဲ။ ဘာကြောင့်လဲဆိုတော့ မြေညီထပ်တိုက်ခန်းအပေါ်က ထပ်ခိုးအခန်းဖြစ်နေလို့ပါ။ တချို့ကမှန် ခန်းလို့လည်း ခေါ်ကြတယ်။ အခန်းအမြင့်က အရပ် ငါးပေလေးလက်မလောက် အမြင့် ရှိတဲ့ ကျွန်တော် လက်မြှောက်လိုက်ရင် မျက်နှာကြက်ကို လက်နဲ့ ထိနေပြီ။ အရှေ့မျက်နှာစာအကျယ်က ၁၅ ပေလောက်ရှိမယ်။ တိုက်ခန်းအရှေ့ကနေ အနောက်အထိကို အလျားက ၅၀ ပေ လောက် ရှိပါမယ်။ အိပ်ခန်းတစ်ခန်း ပါတယ်။ အနောက်ဘက်မှာ မီးဖိုချောင်နဲ့တွဲပြီး ရေချိုးခန်းနဲ့ သန့်စင်ခန်းတစ်ခန်းစီပါတယ်။ တိုက်ခန်းရဲ့ ဘေးဘက်မှာ ပြတင်းပေါက်တွေပါပါတယ်။ […]
၂၀၁၅-မေလထုတ် ၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ အက်ဆေးဖြစ်သည်။ လက်သွေး ရေးသည်။ ထားဝယ်ကနေ ရန်ကုန်ကို တစ်ရက်တိတိရထားစီးရမည်ဆိုတော့ ရင်ခုန်မိသည်။ သတင်းကိစ္စနှင့် ခရီးသွားတိုင်း ကားနှင့်သာ သွားဖြစ်သည်။ အချိန်သက်သာသည်က တစ်ကြောင်း၊ ကားစီးရသည်ကို နှစ်သက်သည်က တစ်ကြောင်းကြောင့်လည်း ရထားကို သတိမရဖြစ်။ အခုတော့ ရထားစီးဖို့ ကြုံကြိုက်လာသည်။ အဘယ်ကြောင့် ဆိုသော် သင်္ကြန်တွင်းဖြစ်သည့်အတွက် ကားလိုင်းတွေက ပိတ်ထားပြီး ရွေးချယ်စရာ ရထားသာရှိသောကြောင့် ဖြစ်သည်။ ကျွန်တော်က ထားဝယ်ကို သင်္ကြန်မတိုင်မီ သုံးရက်အလို ကတည်းက သတင်းကိစ္စတစ်ခုနှင့် ရောက်နေပြီး ကိစ္စပြီးသည့် သင်္ကြန်အကြတ်နေ့ ရန်ကုန်သို့ပြန်ခြင်းဖြစ်သည်။ သင်္ကြန်တွင်း ခရီးသွားရသည်ကလည်း ကသီလင်တတော့ဖြစ်သည်။ ရေပက်ခံရသည်နှင့် ခရီးဆောင်အိတ် ပစ္စည်းပစ္စယများရေစိုမည်ကို စိုးရိမ်ရသည်။ ခရီးနီးလျှင်တော့ ကိစ္စမရှိ။ နာရီပေါင်းများစွာစီးမည့်သူတွေအတွက် ရေစိုကြီးနှင့် အဆင်မပြေနိုင်။ ပါလာသည့် […]
၂၀၁၅၊ ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၄)မှ အမေ့ခံဆောင်းပါး ဖြစ်သည်။ မောင်ဥယျာဉ် ရေးသည်။ လူ့အဖွဲ့အစည်းအတွက်ကာလရှည်ကြာအသုံးတည့်ခဲ့တဲ့ ဝန်ဆောင်မှုလုပ်ငန်း တစ်ခု ရပ်နားသွားတာ ဝမ်းနည်းစရာ သိပ်ကောင်းတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ အဲဒီဝန်ဆောင်မှုလုပ်ငန်းက ဘယ်တုန်း ကမှ မပေါ်ပေါက်ခဲ့ဘူး။ ကျွန်တော်တို့ ရွှေ ပြည်ကြီးမှာသာ ကံအားလျော်စွာ အခြေ အနေနဲ့ အချိန်အခါအရ ပေါ်ပေါက်ခဲ့တဲ့ လုပ်ငန်းဖြစ်တယ်။ ဘာလုပ်ငန်းဖြစ်လိမ့်မယ်လို့ မိတ်ဆွေ ထင်ပါသလဲ။ (၁) မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်ငှားရမ်းတဲ့ လုပ်ငန်း (၂) ခွဲတမ်းနဲ့ ရောင်းချတဲ့ သမဝါယမအရောင်းဆိုင် (၃) စာအုပ်အငှားဆိုင် (၄) အုန်းပင်ပြုပြင်တဲ့လုပ်ငန်း ဟုတ်ပါတယ်။ အဖြေမှန်က နံပါတ် ၃ ဖြစ်ပါတယ်။ စာအုပ် အငှားဆိုင်လုပ်ငန်းက ဒီနေ့ခေတ်မှာ မျိုးတုံးပျောက်ကွယ်တော့မယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ကျွန်တော်တို့ရဲ့ငယ်ဘဝအချိန်တော်တော်များများကို စာ အုပ်အငှားဆိုင်တွေက ဖဲ့ယူသွားတာ […]
၂၀၁၅- ဖေဖော်ဝါရီထုတ် ၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၀)မှ အက်ဆေးဖြစ်သည်။ ဥသြ(ချယ်ရီမြေ) ရေးသည်။ လူခန္ဓာကိုယ်တစ်ခုလုံးမှာ ဘယ်အစိတ်အပိုင်းက အရေး ကြီးဆုံးလဲလို့ စဉ်းစားမိတဲ့အခါ ပုံပြင်လေးတစ်ပုဒ်ကို သွားသတိ ရပါတယ်။ ရွာတစ်ရွာမှာ လူတစ်ယောက်က နေ့တိုင်း မုတ်ဆိတ်မွေး ကို ပွတ်ပြီး စဉ်းစားခန်းဝင်နေတတ်တယ်တဲ့။ ဒါနဲ့ သူ့ကို လူတွေက ပညာရှိလို့ ထင်ကြတာပေါ့လေ။ သူ့ကို အထင်ကြီးသွားတဲ့ သမီး ရှင်တစ်ယောက်က သူ့သမီးနဲ့ ပေးစားလိုက်ရောဆိုပါတော့။ အိမ် ထောင်ကျသွားပြီးတဲ့အခါမှာလည်း အဲဒီလူက မုတ်ဆိတ်မွေးတွေ ပွတ်နေတုန်းပဲတဲ့။ တစ်နေ့လာလည်း ဒီပုံစံ၊ နောက်တစ်နေ့လာ လည်း ဒီပုံစံဆိုတော့ ကြာတော့ ယောက္ခထီးက စိတ်မရှည်တော့ ပါဘူး။ လူလေးရယ်၊ မင်းကိုကြည့်ရတာ စိတ်ကူးအကြံအစည် ကောင်းတွေ ရှိနေတဲ့ပုံ ပေါ်တယ်၊ ဘာစိတ်ကူးတွေများ […]
၂၀၁၅-ဇန်နဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉)မှ အက်ဆေး ဖြစ်ပါသည်။ ဝေလင်း ရေးသည်။ ပေါင်မုန့်သည် ကျွန်တော့်ဘဝအတွက် မမေ့နိုင်သော အမှတ်အသားတစ်ခုလိုဖြစ်နေသည်။ ပေါင်မုန့်များကိုတွေ့လျှင် ကျွန်တော့်အဖေကို သတိရမိသည်။ အပြစ်ရှိသလိုလည်း ခံစားရသည်။ ဘယ်သောအခါမှ ပြန်လုပ်ပေး၍ မရနိုင်သော နောင်တတစ်ခုလည်းဖြစ်၏။ အကြောင်းမှာ ကွယ်လွန်သွားပြီဖြစ်သည့် ကျွန်တော့်အဖေ၏ ဆန္ဒတစ်ခုအား မဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်၏။ ကျွန်တော့်အဖေသည် ကျွန်တော် အသက် ၂၂ နှစ် အရွယ် တွင် ကွယ်လွန်သွားခဲ့သည်။ ကျွန်တော် အသက်ခြောက်နှစ် အရွယ်က စ၍ အဖေသည် ကျွန်တော်တို့မိသားစုနှင့်အတူ မနေ နိုင်တော့။ ရဲဝန်ထမ်းအဖြစ် ရန်ကုန်သို့ပြောင်းရွှေ့သွားရခြင်း ကြောင့် ဖြစ်သည်။ နွေရာသီကျောင်းပိတ်သည့်အချိန်ရောက်မှသာ ကျွန်တော်တို့မိသားစု ရန်ကုန်သို့အလည်လာပြီး အဖေ့ကို တွေ့ရသည်။ သို့မဟုတ်ပါက အဖေသည် ကျွန်တော်တို့ရှိရာသို့ နှစ်ရက်၊ သုံးရက်ခန့် […]
၂၀၁၄-ဇွန်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၄)မှ အက်ဆေး ဖြစ်ပါသည်။ ကျော်ဇေယျာထွန်းရေးသည်။ ကျွန်တော့်အဖေဟာ စစ်သားတစ်ယောက်ပါ။ မြန်မာ့တပ် မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ယောက်ပါ။ ကျွန်တော်ဆိုရင် စစ်ဆေးရုံမှာ မွေးပြီး စစ်တပ်ထဲမှာ ကြီးလာ တယ်။ စစ်တပ်မိသားစုတွေ တက်တဲ့ မူလတန်းကျောင်း၊ အထက် တန်းကျောင်းမှာ ပညာသင်ခဲ့ရပြီး စစ်သားကတော် (ဇနီး/ မယား) ဆရာမတွေရဲ့ တပည့်ဖြစ်ခဲ့တာပါ။ အရင်တုန်းက ရှေ့တန်းထွက်တယ်၊ ရှေ့တန်းဝင်တယ်ဆိုတဲ့ မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ စိတ်အာရုံထဲမှာ ဒီနေ့အထိ ထင် ထင်ရှားရှားရှိနေဆဲပါ။ စစ်သားတွေ ရှေ့တန်းထွက်တဲ့အခါ မိသားစုတွေအဖို့ ဝမ်းနည်းဖို့ကောင်းသလောက် ရှေ့တန်းဝင်လာ တဲ့အခါမှာလည်း အိုးစည်ဒိုးပတ်တွေနဲ့ ပန်းကုံးတွေစွပ်ကြိုကြတာ ဟာ အရမ်းကို ပျော်ဖို့ကောင်းပါတယ်။ ငယ်ငယ်ကဆိုရင် ကျွန်တော့်အဖေရဲ့ တိုက်ပွဲအတွေ့ အကြုံအကြောင်းတွေကို ပြောပြဖို့ ကျွန်တော် […]
၂၀၁၄-ဒီဇင်ဘာ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကျော်က လူတိုင်းနဲ့ပတ်သက်ခဲ့တဲ့ ပစ္စည်းကို ပြပါဆို ရင် ငွေအကြွေစေ့တွေကို ပြရပါလိမ့်မယ်။ သူတောင်းစားမှသည် သူဌေးသူကြွယ်အထိ ငွေ အကြွေစေ့တွေနဲ့ ထိတွေ့ပတ်သက်ခဲ့ကြတယ်။ ကျွန်တော်တို့မျိုးဆက်လည်း ငွေအကြွေစေ့တွေကို လူမှန်းသိတတ်စအရွယ်ကတည်းက သုံးခဲ့ကြတယ်။ အရေးတော်ပုံကာလ ရှစ်လေးလုံးအထိ ငွေအကြွေစေ့တွေက အသုံးတည့်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ငွေကြေး ဖောင်းပွမှု အလွန်အမင်းမြင့်မားလာတာကြောင့် အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာ မထုတ်ပြန်ရဘဲ သူ့အလိုလို နိဋ္ဌိတံသွားရတယ်။ ကျွန်တော်တို့ လူလားမြောက်ရချိန်ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဘုန်းမီး နေလတောက်ပချိန်၊ တစ်ကိုယ်တည်း တံခါးပိတ်ဧကစာရီ ကျင့်သုံးချိန်ဆိုပေမယ့် ငွေ ကြေးဖောင်းပွမှုက အလွန်မများသေးဘူး။ မူလတန်းကျောင်းစနေတော့ ငွေတစ်မတ်သာ ကျောင်းမုန့်ဖိုးရတဲ့ အရွယ်ဖြစ်တယ်။ အဲဒီတုန်းက […]
၂၀၁၄-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၈) မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။ မောင်ဥယျာဉ်ရေးသည်။ ခဲစာလုံးပုံနှိပ်စက်လုပ်ငန်းတွေက လူ့ယဉ်ကျေးမှုတိုးတက် မှုဖြစ်စဉ်ထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ ခဲစာလုံး ပုံနှိပ်စက်တွေက လူ့အဖွဲ့အစည်းအတွက် အမျိုးမျိုးအသုံးတော်ခံခဲ့ကြတယ်။ အခုတော့ ခဲစာလုံးပုံနှိပ်စက်တွေက မြို့ကြီး ပြကြီးတွေမှာ မြင်ဖို့၊ တွေ့ဖို့ ခဲယဉ်းသွားပြီ။ နယ်မြို့တွေမှာတော့ ကျန်ကောင်းကျန်ရာ ပုံနှိပ်စက်လေး တွေ ရှိနေသေးတယ်။ ခဲစာလုံးပုံနှိပ်စက်တွေက ပုံနှိပ်လုပ်ငန်းအတွက် အရေးပါ တဲ့ နေရာက နေခဲ့ကြတာပေါ့။ ခဲစာလုံးပုံနှိပ်တာတွေ ပြီးမှ ဖိုတို လစ်သို၊ အဲဒါပြီးမှ အော့ဖ်ဆက်၊ အခုတော့ ပတ်လည်စက်ဆိုတာ တွေအထိ ပုံနှိပ်လုပ်ငန်းက တစ်ဟုန်ထိုး တိုးတက်ခဲ့ပါပြီ။ ခဲစာလုံးပုံနှိပ်စက်တွေနဲ့ပဲ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ထုတ်ဝေခဲ့ကြသလို ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."