၂၀၁၄-ဒီဇင်ဘာ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။
လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကျော်က လူတိုင်းနဲ့ပတ်သက်ခဲ့တဲ့ ပစ္စည်းကို ပြပါဆို ရင် ငွေအကြွေစေ့တွေကို ပြရပါလိမ့်မယ်။ သူတောင်းစားမှသည် သူဌေးသူကြွယ်အထိ ငွေ အကြွေစေ့တွေနဲ့ ထိတွေ့ပတ်သက်ခဲ့ကြတယ်။ ကျွန်တော်တို့မျိုးဆက်လည်း ငွေအကြွေစေ့တွေကို လူမှန်းသိတတ်စအရွယ်ကတည်းက သုံးခဲ့ကြတယ်။ အရေးတော်ပုံကာလ ရှစ်လေးလုံးအထိ ငွေအကြွေစေ့တွေက အသုံးတည့်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ငွေကြေး ဖောင်းပွမှု အလွန်အမင်းမြင့်မားလာတာကြောင့် အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာ မထုတ်ပြန်ရဘဲ သူ့အလိုလို နိဋ္ဌိတံသွားရတယ်။
ကျွန်တော်တို့ လူလားမြောက်ရချိန်ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဘုန်းမီး နေလတောက်ပချိန်၊ တစ်ကိုယ်တည်း တံခါးပိတ်ဧကစာရီ ကျင့်သုံးချိန်ဆိုပေမယ့် ငွေ ကြေးဖောင်းပွမှုက အလွန်မများသေးဘူး။ မူလတန်းကျောင်းစနေတော့ ငွေတစ်မတ်သာ ကျောင်းမုန့်ဖိုးရတဲ့ အရွယ်ဖြစ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဝယ်စားရတဲ့ မုန့်တွေကလည်း ဒီနေ့ခေတ်လောက် အမည်မစုံ သေးဘူး။ မြေပဲယို၊ နှမ်းယို၊ ပဲတလီး၊ ကြံရည်ညောင်စီး၊ ဒီလောက် ပဲ။ ဘယ်သူ့ဘယ်သူမှ မနာလိုစရာမရှိဘူး။ သူဌေးလည်း ဒီမုန့်၊ ဆင်းရဲသားလည်း ဒီမုန့်ပဲ။ ဒီထက်ကောင်းတာ စား ချင်လို့လည်း မရဘူး။ ပိုက်ဆံရှိလို့ကောင်းတာ ဝယ်စားချင်လို့လည်း ဝယ်စား စရာ ဈေးဆိုင်မရှိဘူး။ ကုန်ပစ္စည်းအားလုံးက ကန့်သတ်နဲ့ စီမံ ကိန်းဝင်ဆိုတာချည်းပဲ။
ကျွန်တော်တို့ရဲ့ အရင်မျိုးဆက်က လူတွေကတော့ ကျွန်တော်တို့ထက် အကြွေစေ့စုံအောင် သုံးခဲ့ကြရတယ်။ တစ်ပဲ၊ တစ် မူးဆိုတာ သူတို့ခေတ်က အကြွေစေ့ပေါ့။ ကျွန်တော်တို့ခေတ်မှာတော့ ငါးပြားစေ့က တန်ဖိုးအနည်းဆုံး အကြွေစေ့။ ငါးပြားစေ့နှစ် မျိုးစလုံး သုံးခဲ့ဖူးတယ်။ သတ္တုအပေါ့စား ဒန်နဲ့ လုပ်ထားတဲ့ ငါး ပြားစေ့ရယ်၊ ကြေးသတ္တုနဲ့ လုပ်ထားတဲ့ ငါးပြားစေ့ရယ်။ ဒန်သတ္တု နဲ့ လုပ်ထားတဲ့ ငါးပြားစေ့က ရှေ့ဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပါရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်လို့ ရိုက်နှိပ် ထားတယ်။ ကြေးနဲ့ လုပ်တဲ့ ငါးပြားစေ့ကတော့ ရှေ့ဘက်မှာ ခြင်္သေ့ရုပ် ရိုက်နှိပ်ထားပြီး ဘာစာမှ ရေးထိုးမထားဘူး။ ကျော ဘက်မှာတော့ ကနုတ်ပန်းတွေ ခွေထားပြီး ငါးပြားလို့ ရိုက်နှိပ် ထားတယ်။ ငါးပြားစေ့တွေကို ၁၉၆၆ ခုနှစ်မှာ ရိုက်နှိပ်ထုတ်ဝေခဲ့ တာပါ။
ငါးပြားစေ့နဲ့ ပတ်သက်တဲ့ လူထုကြားမှာ တွင်နေတဲ့ ရပ် သုံးရွာသုံး ဝေါဟာရတစ်ခုရှိတယ်။ ပိုက်ဆံမပါတဲ့သူကို ငါးပြားစေ့ ဆယ့်နှစ်တွန့် တစ်တွန့်မပါတဲ့သူလို့ စကြ၊ နောက်ကြတယ်။ ကျွန်တော်တို့ မူလတန်းစတက်တော့ အကြော်တစ်ခု ငါးပြား။
ဆယ်ပြားစေ့တွေလည်း သုံးခဲ့ကြရသေးတယ်။ ဆယ်ပြားစေ့ကတော့ သုံးမျိုးလောက် ထုတ်ခဲ့ကြတယ်ထင်တာပဲ။ အစောဆုံးထုတ်တဲ့ ဆယ်ပြားစေ့က ကြေးဝါသတ္တုနဲ့ ထုတ်ထားတယ်။ ကျွန်တော်တို့က အဲဒီလိုအကြေစေ့တွေကို အလေးစေ့လို့ ခေါ်ကြ တယ်။ ၁၉၅၆ ခုနှစ်မှာ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ရှေ့ဘက်မှာ ခြင်္သေ့ရုပ်၊ နောက်ကျောမှာ ကနုတ်ပန်းတွေ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ် ရှေ့ဘက်မှာ ပါတဲ့ ဆယ်ပြားစေ့က ၁၉၆၆ ခုနှစ်မှာ ဖြစ် ပြီး အပေါ့စားဒန်သတ္တုနဲ့ ထုတ်လုပ်ထားတယ်။ အဲဒီဆယ်ပြားစေ့ နှစ်မျိုးစလုံးဟာ လေးထောင့်စတုရန်းပုံ ဖြစ်တယ်။
ကျွန်တော်တို့ခေတ်က မျက်နှာလေးထောင့်ကျကျ မေးရိုး ကားကားရှိသူကို ဆယ်ပြားစေ့မျက်နှာနဲ့ လူလို့ ခေါ်ကြတယ်။ ခင်ဗျားတို့မြင်အောင် ပြောရရင် ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံက ဝန်ကြီးချုပ်ဟောင်းတစ်ယောက်က ဆယ်ပြားစေ့မျက်နှာပိုင် ရှင်ပေါ့။
စိတ်ပိုင်းဆိုင်ရာ အားနည်းသူတွေကို ကျပ်မပြည့်ဘူးလို့ တချို့က အမနာပပြောကြတယ်။ တချို့လူတွေကတော့ အဲဒီလို လူမျိုးကို တစ်ကျပ်ပြည့်ဖို့ ဆယ်ပြားလိုနေတယ်ဆိုတဲ့ သဘောနဲ့ ဆယ်ပြားလိုဆိုပြီး နှိမ့်ချခေါ်ကြတယ်။
ကြေးဝါနဲ့ လုပ်ထားတဲ့ ဆယ်ပြားစေ့အဝိုင်းစေ့လေးတွေက ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်တာပါ။ ခေါင်းဘက်မှာ စပါးနှံတံဆိပ် ရိုက်နှိပ်ထားပြီး ကျောဘက်မှာ ဆယ်ပြားလို့ ရိုက်နှိပ်ထားတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ဆိုတဲ့ စာတန်းကို စပါးနှံရဲ့ အပေါ် မှာ ဝိုက်ပြီး ဖော်ပြထားတယ်။
တစ်မတ်စေ့ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လူ သုံးအများဆုံး အကြွေစေ့၊ နတ်ကတော်ကို ဆက်သရာမှာလည်း တစ်မတ်စေ့က ပါရသလို (အရင်ခေတ်က) နာရေးဖြစ်ရင် ဘ၀ ကူးကောင်းအောင် တစ်မတ်စေ့ကို သေသူရဲ့ ပါးစပ်ထဲ ထည့်ပေး ကြတယ်။ အဲဒီလိုထည့်ပေးတာကို အရပ်ထဲက လူတွေက ကူးတို့ ခလို့ ခေါ်ကြတယ်။
တစ်မတ်စေ့ဆိုတာ ၂၅ ပြားစေ့ကို ခေါ်တာပါ။ တစ်မတ် ဟာ မြန်မာအတိုင်းအထွာယူနစ်မှာ လေးပုံတစ်ပုံဖြစ်တယ်။ တစ် မတ်စေ့ကလည်း လေးမျိုးတောင် သုံးခဲ့ကြတာ မှတ်မိတယ်။ ခြင်္သေ့ပုံမတ်စေ့က ၁၉၆၁ ခုနှစ်မှာ ထုတ်ဝေတယ်။ ဒန်သတ္တုနဲ့ လုပ်ထားတဲ့ မတ်စေ့က ဗိုလ်ချုပ်ခေါင်းပုံနဲ့ ဖြစ်ပြီး ၁၉၆၆ ခုနှစ်မှာ ထုတ်ခဲ့တယ်။ ကြေးနီနဲ့ လုပ်ထားတဲ့ စပါးနှံတံဆိပ် မတ်စေ့တွေ က ၁၉၈၀ ခုနှစ်မှာ ထုတ်ခဲ့တာပါ။
နောက်ဆုံးထုတ် မတ်စေ့က ကြေးနီနဲ့ လုပ်တာဖြစ်ပြီး ခြောက်ထောင့်ပုံဖြစ်တယ်။ ၁၉၉၁ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး လူထု ကြားမှာ ငွေကြေးဖောင်းပွမှု ကြီးမားလာလို့ သိပ်ကြာကြာမသုံး လိုက်ကြရဘူး။
မတ်စေ့က ကျွန်တော်တို့ ကျောင်းသားတွေအတွက် အသုံး တည့်လှတယ်။ မန္တလေးမြို့တွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်း အားလုံး အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းသားမှန်သမျှ ဘယ် မှတ်တိုင်အထိစီးစီး တစ်မတ်ပဲ ပေးရတယ်။ ဘတ်စ်ကားခပေးပြီးရင်လည်း ချိုချဉ်စက္ကူလောက်သာရှိတဲ့ ဘတ်စ်ကားလက်မှတ်ကို အမိအရ ဆုပ်ကိုင်ထားကြရတာပေါ့။ လက်မှတ်စစ်တက်လာရင် ဝယ်ထားတဲ့ လက်မှတ်ကို ပြကြရတယ်။ ငွေတစ်မတ်က အသုံး တည့်တော့ ကျောင်းသုံးဖတ်စာထဲက ကဗျာမှာတောင် ပါသေးတယ်။
“ကြာဆံလက်သုပ် မုန့်ဖက်ထုပ်၊ ဘယ်လောက်ကုန်လဲ မရွှေဖဲ၊ စက္ကူတစ်ကျပ်၊ ငွေတစ်မတ်”
ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းသားဘ၀ ကျောင်းမုန့်ဖိုး တွေက တစ်မတ်၊ ငါးမူးသာ ရခဲ့ကြတယ်။ ရလာတဲ့ မုန့်ဖိုးအကြွေစေ့တွေကို အစ်ကိုတွေ၊ ဦးလေးတွေရဲ့ အကျ ကွန်ပါဘူးအဟောင်း ထဲ ထည့်သွားကြရတယ်။ အိတ်ထောင်ထဲ ထည့်ထားရင် ကစား ခုန်စားလုပ်တဲ့အခါ ပျောက်မှာရှမှာ ပူကြရတယ်လေ။ ကွန်ပါဘူး တို့၊ ပေတံတို့ကလည်း အကြီးရဲ့ အကျ အငယ်က ကိုင်ကြရတယ်။ အသစ်ဝယ်ချင်ရင်လည်း အသစ်ရောင်းတဲ့ဆိုင်က ရှားတယ်။ ကျောင်းတွေကလည်း လုံလောက်အောင် ထုတ်မပေးနိုင်ဘူး။ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ စနစ် ကြီး အားကောင်းမောင်းသန် ခုတ်မောင်းနေချိန်။ အရာရာဟာ ရာရှင်စနစ်၊ ခွဲတမ်းစနစ်၊ ဦးရာလူစနစ်နဲ့ သွားနေရတဲ့ ကာလ။ လူ သုံးပစ္စည်း၊ စာရေးကိရိယာ စတာတွေဟာ အစစအရာရာ ရှားပါး ပစ္စည်း၊ အဲဒီတော့ လူတိုင်း ကံထူးရှင်ဖြစ်နိုင်တဲ့ အခွင့်အလမ်း ပေါ်လာတယ်။
အထက်တန်းကျောင်းရောက်လာတဲ့ ကျောင်းသားသစ် တွေ ငါးတန်းနှစ်မှာ ကွန်ပါဘူး ကံစမ်းမဲနှိုက်ကြရတယ်။ (တကယ် တော့ ကွန်ပါဘူးဆိုတာ ဘာနည်းပညာမှ မပါတဲ့ သာမန်စက်ရုံ ထုတ် ပစ္စည်းသာဖြစ်ပါတယ်။ ကွန်ပါဘူးလို သာမန်ပစ္စည်းကို တောင် အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေကို လုံလောက် အောင် ထုတ်မပေးနိုင်ခဲ့တဲ့ မြန်မာ့နည်း မြန်မာဟန်ကြီးပါ။) ကျောင်းသား လေးဆယ်လောက် ရှိတဲ့ စာသင်ခန်းအတွက် ကွန် ပါဘူးက လေးဘူးပဲ ခွဲတမ်းရတယ်။ ဆရာမက မြေဖြူဘူးလေးထဲ မဲလိပ်တွေ ထည့်ပြီး ကျောင်းသားတွေကို ကံစမ်းမဲနှိုက်သလို နှိုက် ခိုင်းတယ်။ ကွန်ပါဘူးမဲပေါက်တဲ့ ကျောင်းသားက ပုံနှိပ်စာအုပ် ခွဲတမ်းမှာ ဝင်ပြီး ကံစမ်းခွင့်မရှိဘူး။ ပုံနှိပ်စာအုပ်ကလည်း အစုံ လိုက်မဟုတ်ဘူး။ သမိုင်း ၁၆ အုပ်၊ ပထဝီ ၅ အုပ်၊ သိပ္ပံ ၄ အုပ်ဆို တာမျိုး၊ ပထဝီ မဲပေါက်ရင် သမိုင်းနဲ့ သိပ္ပံ မဲနှိုက်စရာ မလိုတော့ ဘူး။ သမိုင်းစာအုပ်မဲပေါက်သူကလည်း အခြားပုံနှိပ်စာအုပ် မဲ မနှိုက်ရဘူး။ ပျော်စရာတော့ ကောင်းတယ်။ လူ ၄၀ လောက်ရှိတဲ့ စာသင်ခန်းဟာ အားလုံး ကံထူးရှင်ချည်းပဲ။
အဆိုးထဲက အကောင်းပြောရမလားပဲ၊ အရာရာဟာ ရှား ပါးပြတ်လပ်နေတော့ လူတွေရဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းအားလည်း ပိုမြင့်လာသလိုပဲ။ ဟိုတစ်နေ့ကပဲ ဘေးအိမ်က လေး၊ ငါးနှစ် အရွယ် ကလေးနှစ်ယောက် ရက်ကက်ကိုယ်စီနဲ့ ကြက်တောင်ရိုက် တာ မြင်ရတော့ ကျွန်တော် ပြုံးမိတယ်။
ဟုတ်တယ်။ ကျွန်တော်တို့တုန်းက ရက်ကက်အဟောင်းကို ပဲ အထက်တန်းကျောင်းသားဘဝရောက်မှ ဦးလေးတွေရဲ့ အကျ ကို ကိုင်ကြရတာ။ မူလတန်းအရွယ်တုန်းကဆို အစ်ကိုတွေ၊ ဦး လေးတွေ ရိုက်တဲ့ ကြက်တောင် ပြေးကောက်ရတဲ့ အဆင့်ရှိတာ။ မူလတန်းအရွယ်မှာ ကြက်တောင်ရိုက်ချင်ရင် ပင်ပေါင်ရိုက်တဲ့ ဘက်တံအရွယ် သုံးထပ်ပြားနဲ့ လုပ်တဲ့ ဘက်တံကိုတောင် ပိုက်ဆံ စုပြီးမှ ဝယ်ကိုင်ကြရတာ။ ပိုက်ဆံစုလို့ မပြည့်ခင် သိပ်ကစားချင် နေပြီဆိုရင် သစ်စက်က ထင်းချောင်းတွေကို ဓားမတစ်ချောင်းနဲ့ လက်ကိုင်လို့ရအောင် ကိုယ့်ဘာသာ အချောသပ်ပြီး ကစားခဲ့ကြ ရတယ်။ ကြက်တောင်အစစ် ဘယ်သုံးနိုင်မှာတုန်း။ ပလတ်စတစ် ပင်ပေါင်၊ ပလတ်စတစ်ကြက်တောင်ကိုသာ သုံးကြရတယ်။ ရိုက်ပါများလို့ ပလတ်စတစ်ပင်ပေါင် ပိန်ရှုံ့လာရင် ကြွေရည်သုတ်ခွက် ထဲ ပလတ်စတစ်ပင်ပေါင်ထည့်ပြီး ရေနွေးပွက်ပွက်ဆူကို လောင်း ချကြရပြန်ရော။ ဓားမတို့၊ ကြွေရည်သုတ်ခွက်တို့ဆိုတဲ့ ဝေါဟာရ တွေ ဒီနေ့ခေတ်လူငယ်တွေ သိမှ သိပါလေစ။
မူလတန်းအရွယ် ကျောင်းသားဘဝမှာ ကွန်ပါဘူးကောင်း ကောင်းမကိုင်ရဘဲ အစ်ကိုတွေ၊ ဦးလေးတွေရဲ့ ကွန်ပါဘူးအကျ ကိုင်ကြရတော့ ကွန်ပါချွန် (ထောက်ချွန်)တို့၊ စက်ဝိုင်းခြမ်းတို့ မပါ ဘူး။ သင်္ချာအချိန်မှာ စက်ဝိုင်းပုံတွေ ပါလာတော့ တစ်မတ်စေ့တွေ၊ ငါးမူးစေ့တွေကို သင်္ချာထောက်ကူပြုပစ္စည်းအဖြစ် သုံးပြီး စက် ဝိုင်းတွေ ဆွဲခဲ့ကြတာ မှတ်မိသေးတယ်။
ငါးမူးစေ့တွေလည်း သုံးမျိုးလောက် ထုတ်ခဲ့ဖူးတယ်။ နှစ်ထပ်စေ့ ငါးမူးစေ့က ၁၉၅၆ ခုနှစ်မှာ ထုတ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ် ခေါင်းနဲ့ ငါးမူးစေ့ကိုတော့ ၁၉၆၆ ခုနှစ်မှာ ထုတ်ခဲ့တာပါ။ ကြေးနဲ့ လုပ်ထားတဲ့ ငါးမူးစေ့က ၁၉၇၅ ခုနှစ်မှာ ထုတ်ခဲ့တာဖြစ်တယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ လက်ထဲ ငါးမူးစေ့ကိုင်ထားရင် ကောက်ညှင်းပေါင်း၊ အကြော်ဝယ်စားလို့ ရခဲ့တယ်။
ကျပ်စေ့တွေလည်း နှစ်မျိုးထုတ်ခဲ့တယ်။ နှစ်ထပ်စေ့က ၁၉၅၆ ခုနှစ်မှာ ထုတ်ခဲ့ပြီး စပါးနှံတံဆိပ် ကျပ်စေ့က ၁၉၇၅ ခုနှစ် မှာ ထုတ်ခဲ့တာပါ။ ငါးမူးနှစ်ထပ်စေ့တို့၊ ကျပ်စေ့နှစ်ထပ်စေ့တို့ကို ဓားမတစ်ချောင်းနဲ့ နှစ်ခြမ်းခွဲဖို့ ကြိုးစားတဲ့ သူငယ်ချင်းတစ် ယောက် ရှိခဲ့ဖူးတယ်။ ခွဲလို့မရပါဘူး။ လက်ကို ဓားရှတာသာ အဖတ်တင်ခဲ့တယ်။ မရဆို တကယ်နှစ်ထပ်စေ့မှ မဟုတ်ဘဲ။ နှစ်ထပ်စေ့ပုံစံဖြစ်အောင် အရာပေးထားတဲ့ ရိုးရိုးငွေအကြွေစေ့ပဲလေ။
အခုတော့ ငွေအကြွေစေ့တွေက ငွေကြေးဖောင်းပွမှု မြင့်မားလာလို့ သုံးစရာမရှိတော့ဘူး။ ဈေးအပေါဆုံး ကုန်ပစ္စည်းတစ် ခုရဲ့ တန်ဖိုးဟာ ကျပ် ၅၀ အထိ ဖြစ်လာခဲ့ပြီ။ ငါးဆယ်တန်၊ တစ် ရာတန် ငွေစက္ကူတွေကို လူတွေက အကြွေလို့ သတ်မှတ်လိုက်ကြတယ်။
ငွေအကြွေခေတ် ကုန်ခါနီးမှာ အကြွေစေ့အစား ငါးမူးတန်၊ တစ်ကျပ်တန်ငွေစက္ကူတွေကို သက်ဆိုင်ရာက ဖောဖောသီသီ ရိုက်ထုတ်ပေးခဲ့ပေမယ့် လူထုကြားမှာ တွင်တွင်ကျယ်ကျယ် မသုံးလိုက်ကြရဘူး။
ကျွန်တော်တို့ငယ်ငယ်က လူကြီးမိဘတွေနဲ့ ဘုရားသွားရင် ငွေအကြွေစေ့လေးတွေ ဆောင်သွားကြတာ အမှတ်ရမိတယ်။ ၃၄ လမ်း ရှင်ပင်ပက်လက် ရေစက်လက်ဘုရားမှာမှန်ပုံးကြီးထဲ ကို ငွေအကြွေစေ့ထည့်လိုက်ရင် အရုပ်လေးတွေက စီတန်းထွက်လာတာ ကြည့်ရတာ အံ့မခန်းပဲ။ မဟာမုနိဘုရားကြီးအနီးက အာနန္ဒာဘုရားမှာလည်း ငွေအကြေစေ့ထည့်ရင် ဇာတ်ကြီးဆယ် ဘွဲ့ အရုပ်လေးတွေ ထွက်လာကြတယ်။
ဘုရားကြီးပြတိုက်အနီးက အာရုံခံတန်ဆောင်းထဲမှာ လည်း ရှင်ဥပဂုတ်ကိုယ်တော်ကြီးရဲ့ ဘေးပတ်လည်က ငွေဖလားလေးတွေကို မော်တာနဲ့လည်အောင် လုပ်ထားတယ်။ ငွေဖလားတွေရဲ့ ရှေ့မှာစာတွေ ကပ်ထားတာပေါ့။ စာမေးပွဲအောင်ပါစေ၊ ကြီးပွားတိုးတက်ပါစေ၊ ကျန်းမာရေးကောင်းပါစေ စတဲ့ စာတွေ ကပ်ထားတယ်။ ဘုရားကြီးကို သွားတဲ့အချိန်က စာမေးပွဲဖြေပြီး နွေကျောင်းပိတ်ရက်တွေမှာသွားတာများတယ်။ အဲဒီအခါ လက် ထဲက အကြွေစေ့တွေနဲ့ စာမေးပွဲကံကြမ္မာကို သိချင်မိတယ်။ လက်ထဲက အကြွေစေ့ကို မြဲမြဲဆုပ်ပြီး စာမေးပွဲအောင်ပါစေဆိုတဲ့ ဖလားထဲ ချိန်ပြီး ပစ်ထည့်လိုက်တယ်။ လွဲသွားတယ်။ နောက်တစ် စေ့ဆက်ပစ်တယ်။ လွဲတာပဲ။ ကျွန်တော် ဇောချွေးတွေ ပြန်စပြု လာတယ်။ သင်္ချာဘာသာမှာ သိပ်မဖြေနိုင်ခဲ့တော့ အကြောက်တရားက ပိုကြီးမားတယ်။ လက်ထဲရှိတဲ့ နောက်ဆုံးလက်ကျန် အကြွေကို စာမေးပွဲအောင်ပါစေဆိုတဲ့ ဖလားထဲ သေချာချိန်ပြီး ပစ်လိုက်တယ်။ ဖလားနှုတ်ခမ်းကို မှန်ပြီး အောက်ပြုတ်ကျသွား တယ်။ ကျွန်တော့်မျက်နှာ ပြိုတော့မယ့်မိုးလို ဖြစ်လာတယ်။ အဖေက ကျွန်တော့်မျက်နှာကြည့်ပြီး ပြုံးစစနဲ့ ပြောတယ်။ ငါ့ သား၊ မင်းဖြေနိုင်ရင် အောင်မှာပေါ့တဲ့။ စာမေးပွဲအောင်ခြင်း၊ မအောင်ခြင်းက မင်းပစ်လိုက်တဲ့ ပိုက်ဆံအကြွေစေ့ ဖလားထဲ ဝင်ခြင်း၊ မဝင်ခြင်းနဲ့တော့ ဆိုင်မယ်မထင်ဘူးတဲ့။
အမေက သူ့လက်ကိုင်ပဝါထဲက အကြွေစေ့တစ်စေ့ထုတ် ပေးတယ်။ ကျွန်တော့်စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်တယ်။ အသက်ကို ၀၀ရှူတယ်၊ ရှင်ဥပဂုတ်ကိုယ်တော်ကြီးကို နာရီလက် တံအတိုင်း လှည့်ပတ်နေတဲ့ ဖလားတွေထဲက စာမေးပွဲအောင်ပါ စေဆိုတဲ့ ဖလား ကျွန်တော့်ရှေ့အရောက်မှာ သေချာပစ်ထည့် လိုက်တယ်။
“ဂလောက်”ဆိုတဲ့ အသံနဲ့အတူ ကျွန်တော်ပစ်လိုက်တဲ့ အကြွေစေ့က ဖလားထဲ ကျသွားတယ်။ အဲဒီနှစ်စာမေးပွဲ ကျွန်တော်အောင်ခဲ့တယ်။
အခုတော့ အကြွေစေ့တွေက မျက်လှည့်ဆရာတွေရဲ့ လက် ထဲက မျက်လှည့်ပြစရာ ပစ္စည်း ဖြစ်သွားပါပြီ။ အဝေးပြေးလမ်းမ တွေဘေး အလှူခံမဏ္ဍပ်က အလှူခံဖလားမှာတောင် အကြွေစေ့ တွေ မပါတော့ဘူး။ ကျောက်စရစ်ခဲတွေ ဖြစ်ကုန်ပြီ။
နိုင်ငံတကာမှာ အကြွေစေ့တွေ တွင်တွင်ကျယ်ကျယ် သုံး နေကြသေးပေမယ့် ရွှေပြည်ကြီးမှာတော့ အကြွေစေ့တွေဟာ တိုး ရစ်ဆွဲဆောင်စရာ ရုပ်ဝတ္ထုပစ္စည်းဖြစ်သွားပါပြီ။ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအနီးက ဆိုင်အချို့မှာ အကြွေစေ့မျိုးစုံကို ပလတ် စတစ်တွေနဲ့ သေချာထုပ်ပိုးပြီး အမှတ်တရပစ္စည်းအဖြစ် ခင်း ကျင်းပြသထား တာ တွေ့ဖူးတယ်။ အဲဒီလိုဆို ဆိုင်လေးတွေ မြင် တိုင်း ငယ်ဘ၀ ရောက်သွားသလို ခံစားရတယ်။ ကျွန်တော့်တူ၊ တူမတွေကို အကြွေစေ့ပုံပြင်ပြောပြဖို့ အကြွေစေ့တစ်ထုပ် လောက်ဝယ်ရဦးမယ် ။ ။
[:en]

နိုင်ငံတကာမှာ အကြွေစေ့တွေ တွင်တွင်ကျယ်ကျယ် သုံး နေကြသေးပေမယ့် ရွှေပြည်ကြီးမှာတော့ အကြွေစေ့တွေဟာ တိုး ရစ်ဆွဲဆောင်စရာ ရုပ်ဝတ္ထုပစ္စည်းဖြစ်သွားပါပြီ။ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအနီးက ဆိုင်အချို့မှာ အကြွေစေ့မျိုးစုံကို ပလတ် စတစ်တွေနဲ့ သေချာထုပ်ပိုးပြီး အမှတ်တရပစ္စည်းအဖြစ် ခင်း ကျင်းပြသထား တာ တွေ့ဖူးတယ်။ အဲဒီလိုဆို ဆိုင်လေးတွေ မြင် တိုင်း ငယ်ဘ၀ ရောက်သွားသလို ခံစားရတယ်။ ကျွန်တော့်တူ၊ တူမတွေကို အကြွေစေ့ပုံပြင်ပြောပြဖို့ အကြွေစေ့တစ်ထုပ် လောက်ဝယ်ရဦးမယ်။