နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ အက်ဆေး ဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစုသည် ဘုရား ကျောင်းကန်သို့သွားလျှင် ကုသိုလ်ရသည်ဟု ယုံကြည်ကြသည်။ ပြီးခဲ့သည့် ဝါခေါင်လပြည့်နေ့က ကျွန်မ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည့် မွန်ပြည်နယ်၊ ကျိုက္ခမီရေလယ်ဘုရားသို့ ရောက်ခဲ့သည်။ ကုသိုလ်ကား မရခဲ့။ ရင်ထဲတွင် မကျေနပ်သည့် ဒေါသဆူးတစ်ချောင်းသာ ပေါက်၍ ပြန်ခဲ့သည်။ ကျိုက္ခမီရေလယ်ဘုရားသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်၊ ကျိုက္ခမီမြို့၊ ရေလယ်ကျောင်းတိုက်တွင် တည်ရှိသည့် သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်သည်။ အဆိုပါ ဘုရား၏သမိုင်းကို ရေးသားဖော်ပြထားသည့် စာပေများအရ သက္ကရာဇ် ၂၃၇ ခုနှစ်တွင် သီဟိုဠ်ကျွန်းရှိ ပိယ တိဿမင်းကြီးသည် မြတ်ဘုရား၏ ဆံတော်မြတ်နှင့် သရီရ […]
အောက်တိုဘာထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ် (၂၈)မှ အက်ဆေး ဖြစ်ပါသည်။ ကိုကျော်ကြီး(ပုဂံ) ရေးသည်။ ကျွန်တော် တက္ကသိုလ်ကျောင်းသားမဖြစ်ခဲ့ပါ။ အဝေးသင် ကျောင်းသားအဖြစ်နဲ့ အချိန်ပိုင်းလောက်သာ တက္ကသိုလ်ရောက် ဖူးပါသည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားဘဝကို ကျွန် တော် အပြည့်အဝ မခံစားတတ်သည်မှာ အမှန်ပါ။ သို့သော် ကျွန် တော်သည် ဘုန်းကြီးကျောင်းသားဘဝကိုမူ အလွန်ပင် လက်ပွန်း တတီး ရှိခဲ့ပါသည်။ ဘုန်းကြီးကျောင်းသား ဖြစ်ခဲ့ရသည်ကို ဂုဏ် ယူမဆုံး ဖြစ်လျက်ရှိပါသည်။ တက္ကသိုလ်ကျောင်းသားများသည် ဆယ်တန်းအောင်ပြီး လေးနှစ်တက်ကြရသည်ဟု သိရပါသည်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကား တက္ကသိုလ်ထက်ပင် ကြာ ကြာတက်ကြရသည်။ အနည်းဆုံး ငါးနှစ်မှ ခြောက်နှစ် တက်ကြ ရသည်။ ဘုန်းကြီးကျောင်းသားများ ဘဝကား လွတ်လပ်မှုနှင့် မျှတမှုကို ပေါင်းစပ်ထားသော လူငယ်လေ့ကျင့်ရေးစခန်းတစ်ခု […]
နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၉) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ရပ်ရေးရွာရေးအတွက် အသုံး တည့်တဲ့သူတွေ ရှိခဲ့ဖူးတယ်။ ရပ်ကွက်တိုင်းနီးပါးမှာ အဲဒီလိုလူ တွေရဲ့ အခန်းကဏ္ဍက တကယ်အရေးပါခဲ့တယ်။ သူတို့က ဘွဲ့တွေ၊ ဒီဂရီတွေ တစ်သီတစ်တန်းကြီး ရချင်မှ ရပါလိမ့်မယ်။ လူကုံထံ အသိုင်းအဝိုင်းကလည်း မဟုတ်ဘူး။ ဆွေကြီးမျိုးကြီးတွေ ရှိလို့ လည်း မဟုတ်ဘူး။ အာဏာပါဝါ ဆုပ်ကိုင်ထားနိုင်ကြသူတွေလို့ ထင်ရင်လည်း မှားပါလိမ့်မယ်။ သူတို့က ရပ်ကျိုးရွာကျိုး အတွက် အကျိုးမမျှော်လင့်ဘဲ နှိုးဆော်ကြတဲ့ ရွာဆော်တွေသာ ဖြစ်ကြပါတယ်။ အခု ၂၁ ရာစုခေတ်မှာတော့ ရွာဆော်တွေရဲ့ အခန်းကဏ္ဍ က မှေးမှိန်ခဲ့ရပါပြီ။ လူတွေကိုယ်တိုင်က မအားလပ်တာရော၊ ဆယ်သွယ်ရေးကဏ္ဍ အရင်ထက် ပိုကောင်းလာတာကြောင့်ရော ရွာဆော်လုပ်ကြမယ့်သူတွေ […]
အောက်တိုဘာလထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၈)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ရွေးကောက်ပွဲနီးလာချိန်မှာ မောင်ဥယျာဉ်တစ်ယောက် နိုင်ငံရေးဆောင်းပါးတွေ ရေးနေပြီလို့ ထင်နေရင် မိတ်ဆွေရဲ့ အထင် တက်တက်စင်အောင် လွဲသွားပါပြီ။ နိုင်ငံရေးဆိုရင် ဝေရာမဏိလုပ်ခဲ့ပြီး ဝေးဝေးက ရှောင်ခဲ့တာ ကြာလေလှပေါ့။ နိုင်ငံရေးကင်းရှင်းတာကလည်း မပြောနဲ့လေ။ ဘာလုပ်ငန်း ဝင်လုပ်လုပ် နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံချက်က မပါမဖြစ် တောင်းခံတဲ့ ခေတ်က ဆယ်စုနှစ်နဲ့ ချီပြီး ရှိခဲ့တာကိုး။ တာဝန်ရှိသူတွေကို ကိုယ်တိုင်က ပါတီနိုင်ငံရေးဆိုတာ အာဏာ နိုင်ငံရေးဖြစ်ပြီး မကောင်းကြောင်း၊ အများအတွက်လုပ်တဲ့ အမျိုး သား နိုင်ငံရေးကပဲ ကောင်းကြောင်း အာပေါင်အာရင်းသန်သန် ပြောခဲ့ကြတာပေါ့။ ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ကတော့ နိုင်ငံရေးကို ဘယ်လောက်အထိ ကင်းသလဲဆိုရင် မြန်မာဗီဒီယို ကားတွေ ကြည့်ဖြစ်တဲ့အခါ နိုင်ငံရေးဦးတည်ချက်ဆိုတာ တီဗီမှာ […]
သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၆)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ရဲ့ ချစ် ခြင်းမေတ္တာကို ရရှိဖို့ နည်းလမ်းသုံးသွယ်ကို သုံးခဲ့ ကြတယ်။ (၁) ချစ်ရသူကို ကိုယ်တိုင်ဖွင့်ဟ ပြောပြ ခြင်း (၂) အောင်သွယ်တော်အကျိုးဆောင်ရဲ့ အကူ အညီကို ရယူခြင်း (၃) ရည်းစားစာပေးခြင်းတို့ ဖြစ် ပါတယ်။ ဟုတ်ပါတယ်၊ ရည်းစားစာတွေက ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ အရေးပါ အရာရောက်ခဲ့တယ်။ ကျွန်တော်တို့လို ဝိုင်မျိုးဆက်တွေက သွား နှေးနှေး၊ စားနှေးနှေးခေတ်မှာ လူလားမြောက်လာကြသူတွေ၊ Very Slow Society ပေါ့။ (ပညာရှင်တွေရဲ့ အလိုအရ ၁၉၆ဝ-၁၉၈ဝ ခုနှစ်အတွင်း မွေးဖွားသူတွေက ဝိုင်မျိုးဆက်တွေလို့ ဆို ထားပါတယ်။) […]
ဇူလိုင်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅)မှ အက်ဆေးဖြစ်ပါသည်။ ကိုကြီးကျော်(ပုဂံ) ရေးသည်။ စာရေးသူသည် လွတ်လပ်ရေးရပြီးနောက် လေးနှစ်အကြာတွင် မွေးဖွားခဲ့ပါသည်။ မူလတန်း၊ အလယ်တန်းအရွယ်အထိ ကျေးလက်တောရွာတွင် နေထိုင်ခဲ့သည်။ ဆယ်တန်းအောင်ပြီး မြို့သားဖြစ်လာခဲ့သည်။ မြို့ကြီးသားတော့ မဟုတ်၊ မြို့ငယ်သား ဖြစ်သည်။ ၁၉၆၂ ခုနှစ်၊ အသက် ၁ဝ နှစ်အရွယ်တွင် တော်လှန်ရေး ကောင်စီအစိုးရတက်လာပြီး ဆိုရှယ်လစ်စနစ်ကို တည် ဆောက်သည်ဟု ကြားသိခဲ့ရသည်။ အခု အသက် ၆ဝ အရွယ်တွင် ဒီမိုကရေစီစနစ်ဟု ကြားလာရပြန်သည်။ စာရေးသူတို့ ငယ်စဉ်က ကျေးလက်တောရွာများတွင် ဆိုရှယ်လစ်လည်း မဟုတ်၊ ဒီမိုကရေစီလည်း မဟုတ်၊ အင်မတန် ရိုးရှင်းလွယ်ကူ သော လူနေမှု စနစ်တစ်ခုကို တွေ့ကြုံဖြတ်သန်းခဲ့ရသည်။ ပိုမိုအံ့သြစရာကောင်းသည်မှာ ဤလူနေမှုစနစ်မျိုးကို ဘယ် အစိုးရအဖွဲ့ကမှ […]
ဇူလိုင်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၅)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ စားသောက်ဖွယ်ရာ တစ်ခုခု၊ လူသုံးကုန်ပစ္စည်း တစ်ခုခုထည့်ဖို့အတွက် အသုံး တည့်တဲ့ပစ္စည်းကိုပြောပါဆိုရင် ကြွပ်ကြွပ်အိတ်ကိုသာ လက်ညှိုးထိုးရပါလိမ့်မယ်။ ကြွပ်ကြွပ်အိတ်ရဲ့ အသုံးဝင်ပုံကလည်း ကြောက်ခမန်းလိလိမဟုတ်လား။ စားစရာ၊ သောက်စရာ အပူထည့်လည်း ရတယ်၊ အအေးထည့်လည်း အဆင်ပြေတယ်။ အဝတ်အထည်ရောင်းသူကလည်း ကြွပ်ကြွပ်အိတ်ကို သုံးသလို စာရေးကိရိယာ ဆိုင်တွေကလည်း ကြွပ်ကြွပ်အိတ်ကို သုံးကြရတယ်။ လူသုံးကုန်ပစ္စည်း ရောင်းသူ တွေ၊ အလှကုန်ပစ္စည်းရောင်းသူတွေ၊ ဆေးဝါးရောင်းချသူတွေအားလုံးဟာလည်း ကြွပ်ကြွပ်အိတ်ကို မသုံးမဖြစ် သုံးနေကြရတယ်။ ယုတ်စွအဆုံး ဘတ်စ်ကားစီးရင်း နဲ့ ကွမ်းတံတွေး ထွေးချင်ရင်တောင် စပယ်ယာဆီမှာ ကြွပ်ကြွပ်အိတ်ကို တောင်း ယူနေကြရတဲ့အထိ ကြွပ်ကြွပ်အိတ်က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါ လှတယ်။ ကြွပ်ကြွပ်အိတ်ဟာ […]
မတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၁) မှ အက်ဆေး ဖြစ်ပါသည်။ ဝေလင်း ရေးသည်။ မွေးရပ်ဇာတိ ပုသိမ်ကိုပြန်ရတဲ့အခါ ကန်ကြီးထောင့်လမ်းဆုံကိုကျော်လို့ ပုသိမ်လေဆိပ်နားရောက်တော့မယ်ဆိုရင် ကျွန် တော့်ရင်တွေ ခုန်လာတတ်တယ်။ သက်ပြင်းတွေလည်း တိတ် တခိုးချမိတယ်။ ဒီခံစားမှုက ပုသိမ်ကိုပြန်ရတိုင်း ခံစားရတဲ့ ခံစား မှုပါ။ ဒါပေမဲ့လည်း ကျွန်တော်ကသာ ရင်ခုန်ရတာပါ။ ကျွန်တော့် ကိုတော့ ပုသိမ်မြို့က ဘယ်တုန်းကမှကြိုနေခဲ့တာတော့ မဟုတ်ပါ ဘူး။ သူစိမ်းတွေလိုပဲ။ မနွေးထွေးဘူး။ ရင်ခုန်တတ်စအရွယ်၊ စိတ်ကူးယဉ်တတ်စအရွယ်၊ မြေပေါ် မှာကျနေတဲ့ သစ်ရွက်ခြောက်တွေကိုလေတိုက်လို့ တလိမ့်ခေါက် ကွေးလိမ့်သွားတာကိုကြည့်ပြီး လွမ်းသလိုလို ခံစားတတ်တဲ့ အရွယ်။ အဲဒီအရွယ်မှာ ခွဲခဲ့ရတဲ့ ပုသိမ်ဆိုတာ စုတ်တံကို ခပ်တင်း တင်းဖိပြီး ရေးထားတဲ့ ပန်းချီကားတစ်ချပ်လို ရင်ထဲမှာ ထင်ရှား နေဆဲ။ […]
မတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၁) မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ ညလယ်မိုး ရေးသည်။ (၁) အာအိုင်တီ…တဲ့။ တစ်ချိန်တုန်းက ကျွန်တော်တို့နိုင်ငံရဲ့ လူတွေ ပါးစပ်ဖျား မှာ ရေပန်းစား နေရာယူဖူးတဲ့ စကားလုံးလေး သုံးလုံးပါ။သူက အာအိုင်တီကျောင်းသားပေါ့။ဒီနှစ် သူ အာအိုင်တီ ဝင်ခွင့်ရတယ်လေ။သူ့အစ်ကိုက အာအိုင်တီကျောင်းဆင်းပေါ့။ဟိုမှာ အာအိုင်တီ ကျောင်းသားတွေ လာနေပြီ စသဖြင့်။ထို အာအိုင်တီခေါ် RIT ဆိုတာ ရန်ကုန်စက်မှုတက္ကသိုလ်ကို ဆိုလိုတယ်ဆိုတာကိုတော့ လူတော်တော်များများ၊ အထူးသဖြင့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကသိကြမှာပါ။ လူငယ်တွေကတော့ သိတဲ့လူလည်း ရှိမယ်၊ ကြားဖူး သလိုလိုလို့ ထင်တဲ့သူလည်း ရှိမှာပေါ့။ Rangoon Institute ကို အတိုကောက် RIT လို့ ခေါ်တာပါ။ […]
ဖေဖော်ဝါရီလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၀)မှ အက်ဆေးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ဗိုလ်ချုပ်အောင်ဆန်းလို့ ဆိုလိုက်တာနဲ့ မှုန်တေတေမျက် နှာထား၊ အညာသားရုပ်နဲ့ လူ၊ စကားကို အပိုဆာဒါးမပါ တိုတို တုတ်တုတ်နဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်သူ၊ တိုင်းပြည်လွတ် လပ်ရေးအကြောင်း အမြဲခေါင်းထဲထည့်ထားလေ့ရှိသူဆိုတာ လူ တိုင်းသိရှိပြီးသားဖြစ်တယ်။ ပင်လုံစာချုပ်ကို ဦးစီးဦးဆောင်လုပ်ပြီး လက်မှတ်ရေးထိုး ခဲ့တဲ့ ပြည်ထောင်စုရဲ့ ကျေးဇူးရှင်၊ ဗမာ့တပ်မတော်ကို ပထမဆုံး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီးတစ်ယောက်၊ တပ်ကထွက် နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံမှာ ပါဝင်ခဲ့တဲ့ လွတ် လပ်ရေးဗိသုကာတစ်ယောက်၊ အဲဒီလိုအရည်အချင်းတွေနဲ့ ပြည့် စုံတာတောင်မှ ဗိုလ်ချုပ်ကြောက်ရောဂါ ရှိနေကြသူအချို့ တိုင်း ပြည်ကို စီမံခန့်ခွဲခွင့်ရတဲ့အခါ ဗိုလ်ချုပ်ဟာ အမေ့ခံဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့မျိုးဆက်က ဗိုလ်ချုပ်ကို အရှင်လတ်လတ် ထိ တွေ့ကိုင်တွယ်ခွင့်၊ မြင်ဖူးခွင့် မကြုံဖူးသည့်တိုင် […]
အောက်တိုဘာလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၇)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ရုပ်ရှင်ရုံတွေရဲ့ ရုံဆင်ပိုစတာကြီးတွေ ကွယ်ပျောက်သွား တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ခပ်ငယ်ငယ်က ရုံ ဆင်ပိုစတာကြီးတွေ ကြည့်ပြီး ဇာတ်ကားကောင်း၊ မကောင်း ခန့် မှန်းကြရတာအမော။ အခုတော့ တခမ်းတနားရှိလှတဲ့ ရုံဆင်ပို စတာကြီးတွေရဲ့ နေရာမှာ ကွန်ပျူတာအထူးပြုလုပ်ချက်များနဲ့ ဖန်တီးထားတဲ့ ဗီနိုင်းတွေက နေရာယူလာပြီလေ။ ခေတ်စနစ်ရဲ့ ဝါးမျိုမှုအောက်မှာ ရုံဆင်ပိုစတာရေးတဲ့ ပန်း ချီဆရာတွေလည်း ဒရောသောပါး ပါသွားကြတယ်။ ဗီနိုင်းဆရာ တွေရဲ့ လက်စွမ်းပြချက်က တကယ်တော့ ရုံဆင်ပိုစတာတွေတင် မကဘူူး၊ ဆိုင်းဘုတ်တွေ၊ လမ်းဖြတ်ပိုစတာတွေ၊ ဝေါလ်ရှိတွေ၊ ဆိုင်းဘုတ်တွေအထိပါ နေရာယူလာကြတယ်။ သတင်းစာရှင်း လင်းပွဲတွေ၊ ဘုံဆွမ်းလောင်းအသင်းဆိုင်းဘုတ်တွေ၊ မြေစိုက်ပို စတာတွေမှာလည်း […]
ဇူလိုင်-သြဂုတ်ထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ မီးခြစ်တွေကို ကျွန်တော် စိတ်ဝင်စားတယ်ဆိုရင် သင့် အနေနဲ့ အံ့သြကောင်းအံ့သြနေပါလိမ့်မယ်။ ကျွန်တော် အမှန် တကယ်မီးခြစ်တွေကို စိတ်ဝင်စားပါတယ်။ ကျွန်တော့်ဘဝမှာ မီး ခြစ်တွေကို အမှန်တကယ်ထိတွေ့ခွင့်ရတာက မူလတန်းကျောင်း သားအရွယ်မှာ ဖြစ်ပါတယ်။ အဘွားက သူ့ရဲ့ ဓာတ်မီးခြစ်ကို ဓာတ်ဆီကုန်တိုင်း ကျွန်တော့်ကို ဓာတ်ဆီထည့်ခိုင်းလေ့ရှိပါတယ်။ တစ်ခါတစ်ရံ မီးခြစ်ကျောက်ကုန်နေရင်ဖြစ်စေ၊ မီးစာကုန်နေရင် ဖြစ်စေ မီးခြစ်ပြုပြင်ထိန်းသိမ်းရေး (Maintenance) တာဝန်ကို ကျွန်တော့်ယူခိုင်းတယ်။ အဘွားက ဆေးလိပ်ကြိုက်သူပီပီ မီးခြစ်ကို အမြဲဆောင် ထားတတ်တယ်။ အများသုံးလေ့သုံးထရှိတဲ့ မီးခြစ်က ဓာတ်မီး ခြစ်လို့ခေါ်တဲ့ ဓာတ်ဆီထည့်ရတဲ့ မီးခြစ်လေး။ မီးခြစ်အရောင်က ခရမ်းရောင်၊ ဒါမှမဟုတ် အပြာရောင်။ ဓာတ်မီးခြစ်တွေက ဒီနေ့ ခေတ်မှာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."