လှည်းကူး-၂၀၂၃ အောက်တိုဘာ ၁၁ (မော်ကွန်း) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ကူညီကယ်ဆယ်ရေးတွေမရောက်သေးလို့ သောက်သုံးရေနဲ့ ရိက္ခာတွေ အရေးပေါ်လိုအပ်နေတဲ့ ကျေးရွာတွေ အများအပြားရှိနေတယ်လို့ လှည်းကူး Information Centre က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အရေးပေါ်အကူအညီလိုအပ်နေတဲ့ ကျေးရွာပေါင်း ၁၀ ရွာဝန်းကျင်ရှိပြီး အဲဒီရွာတွေထဲက တချို့နေအိမ်တွေဟာ ရေမြုပ်တဲ့အထိကိုဖြစ်နေပြီလို့ သူကပြောပါတယ်။ “ကျေးရွာဘက်မှာ အကူအညီရောက်တယ်ဆိုပေမယ့် လုံလုံလောက်လောက်မဟုတ်ဘူး။ ပြောရမယ်ဆို လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်။ အခုရွာဘက်တွေကနေဆက်သွယ်လာတယ်။သောက်ရေတွေ၊ အစာခြောက်တွေ လိုအပ်တယ်။ ရိက္ခာဝယ်ဖို့ သွားဖို့လာဖို့ ဘာမှအဆင်မပြေတာကြောင့် သွားပြီးလှူဒါန်းပေးဖို့ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိနေတယ်ဗျာ” လို့ သူကပြောပါတယ်။ လှည်းကူးမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးကလည်း ရွာတွေဘက်မှာ သောက်သုံးရေတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။ “ရွာဘက်တွေဆို သောက်ရေသန့်၊ အစာခြောက်၊ ဓာတ်ဆားထုပ်တွေပေါ့။ […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၁ (မော်ကွန်း) ရက်ပိုင်းအတွင်း စံချိန်တင်မိုးရွာသွန်းတာကြောင့် ရေကြီးနစ်မြုပ်မှုတွေဖြစ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ စပါးစိုက်ခင်းအများအပြား ပျက်စီးသွားပြီး စပါးအထွက်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ တောင်သူတွေနဲ့ လယ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိမှာ ပဲခူးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် မိုးစပါးစိုက်ဧက ဘယ်လောက်အထိ ပျက်စီးသွားတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် စပါးစိုက်ခင်းအားလုံးနီးပါး ရေဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂတည်ထောင်သူ မစုစုနွေးက မော်ကွန်းကိုပြောပါတယ်။ “အရင်တည်းက မြေဆီလွှာတွေ ပျက်စီးသွားလို့ အထွက်နှုန်းက တစ်နှစ်တစ်နှစ် တိုးမထွက်ဘဲ ဆုတ်ပြီးထုတ်နေတဲ့အချိန်မှာ သဘာဝဘေးအန္တရာယ်ကြောင့် အထွက်နှုန်းက ထက်ဝက်ကျော်ကျော်လောက် ကျသွားနိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။ ယခုလဆန်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုကျော်လွန်ကာ ပဲခူးမြို့တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်ခဲ့ပြီး ပဲခူးမြို့နဲ့ အနီးတဝိုက်ကျေးရွာတွေမှာလည်း ရေကြီးနစ်မြုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ […]
လှည်းကူး-၂၀၂၃ အောက်တိုဘာ ၁၁ (မော်ကွန်း) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ရေဝင်ပြီးနောက်ပိုင်း ဆက်သွယ်ရေးလိုင်းတွေနဲ့ လျှပ်စစ်မီးတွေပြတ်တောက်နေလို့ ကူညီကယ်ဆယ်ရေးလုပ်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ လှည်းကူးရေဘေးကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ “ရေထဲဆင်းသွားတဲ့အဖွဲ့ဝင်တွေဆို ဆက်သွယ်ဖို့ပေါ့၊ ပြန်မလာ ဖုန်းကခေါ်မရနဲ့၊ စကားပြောစက်တွေတော့လိုတာပေါ့” လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။ လျှပ်စစ်မီးပြတ်နေတာကြောင့် ချက်ပြုတ်စားသောက်ဖို့ခက်ခဲတဲ့အပြင် အရေးပေါ် ဆက်သွယ်ဖို့ ဖုန်းတွေလည်း အားမရှိတော့ဘူးလို့ လှည်းကူးဒေသခံတွေကပြောပါတယ်။ “ဖုန်းလည်းမရဘူး။ မီးလည်း နှစ်ရက်ရှိပြီမရဘူး။အင်တာနက်လိုင်းတွေလည်းမရဘူး။ ပြတ်တောင်းပြတ်တောင်းတွေဖြစ်နေတယ်။ MPT မရတော့ဘူး။Mytel နဲ့ Ooredoo လောက်ပဲစကားပြောလို့ရတော့တယ်။ Telenor ကတစ်ချက်တစ်ချက်ရတယ်” လို့ AC 16 နာရေးကူညီမှုအသင်း ဥက္ကဌ ဦးမာန်မြင့်လွင်ကလည်း ပြောပါတယ်။ ဒီနေ့မှာတော့ လှည်းကူးမြို့နယ်မှာ မိုးမရွာဘဲ နေသာတာကြောင့် ရေအနည်းငယ်ပြန်ကျနိုင်ပေမယ့် သိသိသာသာ ထိုးကျမယ့်အနေအထားတော့ မရှိသေးဘူးလို့ ကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။ […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၁ (မော်ကွန်း) ရေဘေးသင့်နေတဲ့ပဲခူးမြို့မှာ ရေပြန်ကျသွားပေမယ့် ကယ်ဆယ်ရေးစခန်းတွေက ရေဘေးရှောင်သူတွေကို စိတ်မချသေးလို့ နေအိမ်ပြန်မလွှတ်သေးဘူးလို့ ပဲခူးအခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။ “ရေကပြန်ကျသွားပြီဆိုပေမယ့် မြေနိမ့်ရပ်ကွက်တွေမှာတော့ ရေက ရင်စို့လောက်ရောက်နေသေးတယ်။ ကယ်ဆယ်ရေးစခန်းက စုစုပေါင်း ၆၀ ကျော် လောက်ဖွင့်လှစ်ထားတယ်။ စိတ်မချရသေးလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရေဘေးရှောင်သူတွေကိုပြန်မလွှတ်သေးဘူး။” လို့သူကပြောပါတယ်။ ပဲခူးမြို့ပေါ်က နေရာတစ်ချို့မှာတော့ ကားတွေသွားလို့ရနေပြီလို့သူကပြောပါတယ်။ လျှပ်စစ်မီးကတော့ မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်ရနေပြီး ရေမြုပ်နေဆဲမြေနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ လျှပ်စစ်မီးမရသေးဘူးလို့ဆိုပါတယ်။ ဆက်သွယ်ရေးဖုန်းလိုင်းတစ်ချို့ကတော့ ပြတ်တောက်နေတုန်းပဲ လို့ဒေသခံတွေကပြောပါတယ်။ “MPT ကတော့ မရဘူး။ တစ်ခြားဖုန်းလိုင်းတွေတော့ရပြီ။ ပြတ်တောက်ပြတ်တောက်ပဲ။” လို့ မြို့ခံတစ်ဦးကပြောပါတယ်။ အခုလ ၇ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေတက်လာခဲ့ပြီး ပဲခူးတစ်မြို့လုံးနီးပါးရေဘေးကြုံခဲ့ရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ ဒီရေကြီးမှုကြောင့် ပဲခူးမြို့ခံနှစ်ဦး မဂ္ဂတစ်လမ်းမကြီးအနီးတစ်ဝိုက်မှာ ရေနစ်သေဆုံးခဲ့သလို လူဦးရေတစ်သောင်းကျော် […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၀ (မော်ကွန်း) စစ်ကောင်စီရဲ့ အနည်းဆုံးအခကြေးငွေ ပြင်ဆင်ချက်က အလုပ်သမားတွေအတွက် အကျိုးမရှိဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေက ဝေဖန်ပြောဆိုပါတယ်။ ယခုလ ၁ ရက်ကစပြီး အလုပ်သမား ၁၀ ဦးနဲ့အထက်ရှိတဲ့ လုပ်ငန်းတွေအတွက် တစ်ရက်လုပ်ခ ၄,၈၀၀ ကျပ် အပြင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်ပေါင်းကာ အနည်းဆုံးလုပ်ခလစာကို ကျပ် ၅,၈၀၀ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ယခုလ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီရဲ့ အဆိုပါထုတ်ပြန်ထုတ်ပြန်ချက်ဟာ အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်တာလား ထောက်ပံ့ကြေးတိုးသတ်မှတ်ပေးတာလား ရှင်းရှင်းလင်းလင်း မရှိဘဲ အလုပ်သမားတွေ နစ်နာနိုင်တယ်လို့ […]
ယင်းမာပင်-၂၀၂၃ အောက်တိုဘာ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက ကျောက်မှော်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေ နှစ်လကျော်ကြာတဲ့အထိ တပ်စွဲထားတာကြောင့် ထောင်ချီတဲ့ဒေသခံတွေ နေရပ်မပြန်နိုင်ဘဲ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံနေရတယ်လို့ ယင်းမာပင်မြို့နယ်ထဲက စစ်ရှောင်အရေးကူညီပေးနေသူတွေက မော်ကွန်းကိုပြောပါတယ်။ “ရှောင်ရတာ ကာလကြာလာတော့ ရိက္ခာပြတ်လာတာ။ စားနပ်ရိက္ခာဆေးဝါးကတော့ အရေးပေါ်လိုအပ်နေတာပေါ့။ တချို့မိသားစုတွေဆို စားစရာပြတ်လို့ ဆန်ပြုတ်လုပ်သောက်နေရတဲ့ မိသားစုတွေပါရှိတယ်။ ကူညီတဲ့အဖွဲ့တွေကလာတယ်။ စစ်ရှောင်အင်အားများတော့ မလောက်ငှတာ” လို့ စစ်ရှောင်အရေးအကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ ကျောက်မှော်ကျေးရွာအုပ်စုကရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၆ ရက်ကတည်းက စေသူသစ်ကွင်းမှာ သစ်ထုတ်ရင်းစစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာကို ထွက်ပြေးခဲ့ရတာပါ။ အဲဒီစစ်ကြောင်းဟာ သူတို့တပ်စွဲထားတဲ့ရွာတွေထဲက ဒေသခံတွေရဲ့ပစ္စည်းတွေကိုလည်း သယ်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ကျောက်မှော်အုပ်စုကရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကြက်လျှာ၊ ကျောက်ကုန်း၊ […]
လှည်းကူး-၂၀၂၃ အောက်တိုဘာ ၁၀ (မော်ကွန်း) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာ ရေထပ်တက်လာပြီး မြို့ပေါ်ရပ်ကွက်ငါးခုနဲ့ ကျေးရွာအများစုပါ ရေမြုပ်နေလို့ ရေဘေးရှောင်လာသူတွေ ပိုများလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက မော်ကွန်းကိုပြောပါတယ်။ လှည်းကူးမြို့နယ်ထဲမှာ အခုလ ၇ ရက်ကစလို့ ရေဝင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ တချို့နေရာတွေမှာ လူတစ်ရပ်စာမြုပ်တဲ့အထိကို ရေဝင်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ AC.16 နာရေးကူညီမှုအသင်းဥက္ကဌ ဦးမာန်မြင့်လွင်က ပြောပြပါတယ်။ “ ခါတိုင်းနှစ်နဲ့မတူအောင်ရေတက်နေတာ။ အခုဟာက လှည်းကူးတစ်မြို့လုံးနီးပါးကို ရေတက်နေပြီးတော့ ရန်ကုန်-ပဲခူးကားလမ်းပေါ့၊ ဘေးနားနားတစ်ဝိုက်လောက်ပဲကျန်တော့တာ။ ကျန်တာတွေ ပတ်ချာလည် မတက်တဲ့ရပ်ကွက်ကို မရှိတော့ဘူး” လို့ ပြောပါတယ်။ လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတစ်ချို့ရေမြုပ်တာဟာ မိုးများပြီး ငမိုးရိပ်ဆည်ရေ စိုးရိမ်မှတ်အထက်ကျော်လာလို့ ရေပိုလွဲကနေဖောက်ချတာကြောင့်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ဆိုပါတယ်။ ရေဝင်နေတဲ့ ရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေကို မြို့ပေါ်ကကယ်ဆယ်ရေးစခန်းတွေမှာ […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၀ (မော်ကွန်း) ရေဘေးသင့်နေတဲ့ ပဲခူးမြို့မှာ မနေ့ညက လူတစ်ဦးရေမွန်းပြီးအသက်ဆုံးသွားတယ်လို့ ပဲခူးအခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။ “မနေ့ညက မဂ္ဂတစ်လမ်းမကြီး၊ မှော်ကန် (၅) လမ်းမှာ သေဆုံးနေတဲ့အမျိုးသားအလောင်းတစ်လောင်း မျောပါလာတယ်။ ရေမွန်းပြီးဆုံးသွားတဲ့ပုံပါ။” လို့ သူကပြောပါတယ်။ သေဆုံးသူရဲ့ ကိုယ်ရေးအသေးစိတ်အချက်အလက်ကို မသိရသေးသလို မိသားစုဝင်၊ ဆွေမျိုးသားချင်းတွေနဲ့လည်းအဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။ ပဲခူးမှာ လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီး မိုးများပြီး မြစ်ရေတက်လာတာ အခုထိရေပြန်မကျသေးဘူးလို့ဆိုပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ရဲ့ အထက် လေးပေကိုကျော်လွန်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပဲခူးမြစ်ရဲ့ အခုတစ်ခေါက်ရေကြီးမှုဟာ ဒီနှစ်အတွင်းမှာ လေးကြိမ်မြောက်ဖြစ်ပြီး ပဲခူးမြို့ရေကြီးမှုသမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ မြို့ပေါ်မှာ လူ့တစ်ရပ်စာ ရေတက်နေတာကြောင့် သွားရေးလာရေးအတွက် သမ္ဗာန်တွေကိုသာအသုံးပြုနေရပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာဆို လူတစ်ရပ်ကျော်ထိ တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေကြီးမှုကြောင့် ပဲခူးမြို့ခံ […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၀ (မော်ကွန်း) လာမယ့်ရက်ပိုင်းအတွင်း စတင်လာဖို့ရှိတဲ့ မော်တော်ယာဉ် အာမခံမူဝါဒအသစ်မှာ အာမခံထားသူကခွင့်ပြုတဲ့မည်သူမဆို ယာဉ်မောင်းလိုင်စင်ရှိပါက အကျုံးဝင်တယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်ပြီး အာမခံအတွက် အကျုံးဝင်ဖို့ယာဉ်မောင်းနှင်မယ့်သူတွေရဲ့ စာရင်းကိုပေးရမယ်လို့ ပြင်ဆင်လာပါတယ်။ ယခုလ ၁၂ ရက်မှာ မော်တော်ယာဉ် အာမခံ မူဝါဒအသစ်ကို စတင်တော့မှာဖြစ်ပြီး အဆိုပါအချက်အပါအဝင် ပြင်ဆင်ထားတဲ့ အာမခံမူဝါဒအသစ်တွေကို ထုတ်ပြန်ဖို့ရှိနေတယ်လို့ မြန်မာ့အာမခံလုပ်ငန်းက အာမခံကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ အဲ့ဒီမူဝါဒအသစ်အရ ကားအာမခံထားသူဟာ ကားကို မောင်းနှင်မယ့်သူလေးဦးရဲ့စာရင်းကို တင်ထားရမှာဖြစ်ပြီး စာရင်းမှာပါသူမောင်းနှင်မှသာ လျော်ကြေးပေးရာမှာ အကျုံးဝင်မယ်လို့ ပြောင်းလဲသတ်မှတ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ အာမခံထားရှိပြီးသား မော်တော်ယာဉ်တွေကတော့ သက်တမ်းကုန်တဲ့အထိ လက်ရှိမူဝါဒအဟောင်းအတိုင်း ဆက်လက်သွားမှာဖြစ်ပြီး အာမခံအသစ်ပြုလုပ်တဲ့ မော်တော်ယာဉ်တွေနဲ့ အာမခံသက်တမ်းတိုးမယ့် မော်တော်ယာဉ်တွေကတော့ ပေါ်လစီအသစ်နဲ့အတူ ပြောင်းလဲရတော့မှာလို့ အာမခံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။ […]
လှည်းကူး -၂၀၂၃ အောက်တိုဘာ ၉ (မော်ကွန်း) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားကကျေးရွာတွေ အခုလ ၇ ရက်ကစလို့ရေမြုပ်နေပြီး ရေဆက်တက်လာမယ့်အခြေအနေရှိတာကြောင့် ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက မော်ကွန်းကိုပြောပါတယ်။ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတစ်ချို့ရေမြုပ်တာဟာ မိုးများပြီး ငမိုးရိပ်ဆည်ရေ စိုးရိပ်မှတ်အထက်ကျော်လာလို့ ရေပိုလွှဲကနေဖောက်ချတာကြောင့်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကဆိုပါတယ်။ “မနက်ကသွားတော့မှ ဝေါဝေါနဲ့ လူနေတဲ့ရွာဘက် ရေကတောက်လျှောက်တက်နေတာ။ ရေကထပ်တိုးမယ့် အနေအထားဗျ။ ရွာဆင်းတော့ သူတို့လည်း ပတ်ပတ်လည်ရေဝင်နေတော့ သွားမရလို့ ပိတ်မိနေလို့ကျွန်တော်တို့ကယ်ထုတ်လိုက်ရတယ်။ တချို့နေရာတွေက ရင်ဘက်၊ တချို့နေရာတွေဆို လည်ပင်း၊ ခါးလောက်ပေါ့။ ရန်ကင်းရပ်ကွက်ကိုဝင်လိုက်မယ်ဆိုရင် ဆင်းလိုက်တာနဲ့ ပေါင်လောက်ရှိတယ်” လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။ ရေဝင်တဲ့နေရာတွေက ဒေသခံတွေကို လှည်းကူးမြို့ပေါ်က ငါးထပ်ကြီးဘုရားဝင်း၊ သီတာအေး ၆ လမ်းက ခရစ်ယာန်ဘုရားကျောင်းအဆောက်အဦနဲ့ ဘောလုံးကွင်း၊ အောင်မင်္ဂလာငါးလမ်းဓမ္မာရုံ၊ […]
မတ္တရာ – ၂၀၂၃ အောက်တိုဘာ ၇ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာ၊ ဘုန်းကြီးကျောင်းမှာ မနေ့ညနေပိုင်းက ပုပ်စော်နံတာကြောင့် ရွာသူရွာသားတွေသွားကြည့်ချိန်မှာ မြေမြှုပ်ထားတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းကိုတွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်း သဖန်းကိုင်းရွာမှာ အာဏာသိမ်းစစ်တပ်က တပ်လာစွဲထားတာ တစ်ပတ်ကျော်ကြာပြီဖြစ်ပြီး စစ်တပ်ပြန်ထွက်သွားချ်ိန်မှာ အလောင်းတွေ့ခဲ့ရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ဘုန်းကြီးကျောင်းထဲအနံ့ထွက်နေလို့၊ တူးကြည့်မှတွေ့တာ၊ သဖန်းကိုင်းမှာတပ်စွဲတုန်းကသတ်သွားတာ၊ သတ်ခံထားရတာက စစ်တပ်က ဓားစာခံဖမ်းသွားတဲ့သူ၊ ခုစစ်ကြောင်းကအောင်ချမ်းသာရွာကိုရွေ့သွားပြီ”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။ သေဆုံးသူ အသက်၄၅နှစ်အရွယ် သဖန်းကိုင်းရွာသားကို ဘုန်းကြီးကျောင်းအနောက်ဘက်သရက်ခြံထဲမှာ အလောင်းတွေ့ခဲ့ရတာလို့ သူကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ မတ္တရာမြို့နယ် အောင်ချမ်းသာရွာကိုမနေ့ကရွေ့သွားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မတ္တရာမြို့နယ်ထဲကို စစ်ကြောင်းနှစ်ကြောင်းခွဲထိုးနေပြီး မြောင်သစ်ရွာက အင်အား ၁၀၀ ရှိတဲ့စစ်ကြောင်းကလည်း မနေ့က မြောင်သစ်ရွာက ပြည်သူ ၃၀ […]
မန္တလေး – ၂၀၂၃ အောက်တိုဘာ ၇ (မော်ကွန်း) မန္တလေးတိုင်း၊ မန္တလေးမြို့အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း၊၈၆လမ်းနဲ့ ၈၇လမ်းကြား အောင်မြေသာစံအုပ်ချုပ်ရေးရုံးရှေ့မှာ ဒီနေ့ မွန်းလွဲ ၁:၀၀ ဝန်းကျင်က အရပ်ဝတ်နဲ့ စျေးဝယ်ပြန်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့နှစ်ချက်ပစ်ခတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ “ပစ်တဲ့သူကအနောက်ကပါလာတယ်ထင်တယ်၊ ဆိုင်ကယ်ရုံးရှေ့ရောက်တာနဲ့ပစ်သွားတာ၊ ဦးခေါင်းကိုနှစ်ချက်ပစ်သွားတယ်၊ ဈေးဝယ်ထွက်ရတဲ့အဆင့်ဆိုတော့ ရာထူးမကြီးလောက်ဘူး”လို့ အခင်းဖြစ်ပွားရာ အနီးမှာရှိတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။ အောင်မြေသာစံ အုပ်ချုပ်ရေးရုံးရှေ့မှာ ပစ်ခတ်ခံလိိုက်ရတဲ့စစ်သားဟာ သေဆုံးမှုရှိ၊ မရှိမသိရသေးဘဲပစ်ခတ်ခံရပြီးနောက် လူနာတင်ကားနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ပြောပါတယ်။ အရပ်ဝတ်နဲ့စျေးဝယ်ပြန်လာတဲ့ စစ်သားပစ်ခတ်ခံရပြီးနောက် အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးရုံးအတွင်းကနေ လက်နက်ငယ်နဲ့ ပစ်ခတ်မှုတွေရှိခဲ့ကာ အိမ်စီးကားတွေရောက်လာပြီး လမ်းပိတ်စစ်ခဲ့တယ်လို့အောင်မြေသာစံမြို့နယ်ကမြို့ခံတစ်ဦးကပြောပါတယ်။ မန္တလေးမြို့အောင်မြေသာစံရုံးကို စျေးဝယ်ပြန်လာတဲ့ အရပ်ဝတ်စစ်သားကို ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာကိုမသိရသေးသလို မြို့ပြတော်လှန်ရေးအဖွဲ့တွေဘက်ကလည်းသတင်းမထုတ်ပြန်သေးပါဘူး။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."