မုံရွာ-၂၀၂၃ အောက်တိုဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့အထွက် မုံရွာ-မန္တလေးကားလမ်းမပေါ်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေဟာ လမ်းပေါ်နေ့စဉ်သွားလာနေတဲ့ ကုန်ကားတွေ၊ ခရီးသည်တင်ယာဉ်တွေကို တားဆီးစစ်ဆေးပြီး ငွေအတောင်းကြမ်းနေလို့ အခက်အခဲတွေကြုံနေရတယ်လို့ လမ်းအသုံးပြုသူတွေက မော်ကွန်းကိုပြောပါတယ်။ “ အဲဒီနေ့က လမ်းပေါ်မှာတိုက်ပွဲတစ်ခုခုဖြစ်လို့လားမသိဘူး၊ မုံရွာကအထွက် လာသမျှကားတွေ အကုန်တားစစ်တာ။ ကျွန်တော်တို့ကားကိုလည်းတားပြီး သိန်းတစ်ရာတောင်းတယ်။ မပေးရင်ဖမ်းမယ်တဲ့။ နောက်ဆုံးညှိလိုက်တာ ၁၅ သိန်းနဲ့တည့်သွားလို့ ပြန်လွှတ်ပေးတာ။ ဖုန်းလည်းသိမ်းသွားတယ်” လို့ ကုန်ကားမောင်းသူတစ်ဦးက သူကြုံခဲ့ရတာကို ပြောပါတယ်။ အဲဒီ့စစ်ဆေးရေးဂိတ်တွေဟာ စစ်ကောင်စီယာဉ်တန်းတွေ လမ်းပေါ်မိုင်းဆွဲခံရတာ၊ တိုက်ခိုက်ခံရတာတွေဖြစ်တဲ့နေ့တွေမှာ ပိုအစစ်ဆေးတင်းကြပ်လေ့ရှိပြီး ငွေမပေးရင် ဖမ်းဆီးတာမျိုးတွေပါလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ခရီးသည်လူငယ်တစ်ဦးက ပြောပါတယ်။ “ ကျွန်တော့်တုန်းက သူတို့မသင်္ကာလို့နေမှာ၊ သေနတ်နဲ့ ရင်ဘတ်ထောက်ပြီး ကားပေါ်ကဆင်းခိုင်းတာ။ အောက်ကျတော့ လမ်းပေါ်ဝမ်းယားမှောက်ခိုင်းပြီးစစ်တယ်။ မှတ်ပုံတင်၊ ဖုန်းအကုန်ပဲ။ ဖုန်းထဲမှာ […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၆ (မော်ကွန်း) ရန်ကင်းက လူငယ် ၁၄ ယောက်ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျော်ကြားမုန့်ဟင်းခါးဆိုင်ကို ဗဟန်းမြို့နယ်နေပြည်သူတွေက သပိတ်မှောက်နေကြပါတယ်။ “နာမည်ကြီးပါတယ်ဆိုတဲ့ဆိုင် ဗဟန်းရောက်တော့လုံးဝကိုမရောင်းရတော့ဘူး။ သူ့တို့အဆက်စပ်နဲ့ သူတို့ အော်ဒါတင်တာတွေတော့ ရှိချင်ရှိလိမ့်မယ်။ တစ်ရပ်ကွက်လုံးလည်း အဲဒီ့အကြောင်းပြောနေကြတာ။ ဘယ်သူမှလည်း သွားမစားကြဘူး၊ ညီကြတယ်။” လို့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။ ရန်ကင်းမြို့နယ်က လူငယ် ၁၄ ဦး ဖမ်းဆီးခံရမှုမှာ ပါဝင်ပတ်သက်တဲ့ ကျော်ကြားမုန့်ဟင်းခါးဆိုင်ဟာ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ထဲကို မကြာသေးမီကပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီး ဧပြီလအတွင်းမှာ ရန်ကင်းက ကျော်ကြားမုန့်ဟင်းခါးဆိုင် မီးရှို့ခံရမှုနဲ့ ပတ်သက်ပြီး ရန်ကင်း အမှတ် (၄) ရပ်ကွက်မှာ လူငယ် ၁၄ ဦးကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မေလ […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၆ (မော်ကွန်း) ကမ္ဘာ့လောင်စာဆီဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းကျဆင်းလာတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးဟာလည်း ယခုရက်ပိုင်းအတွင်း အနည်းငယ်ကျဆင်းလာပါတယ်။ ယခုလဆန်းပိုင်းကပြီး စက်သုံးဆီဈေးဟာ ပြန်လည်ကျဆင်းလာတာဖြစ်ပြီး ဓာတ်ဆီ 92 Ron တစ်လီတာကို ကျပ်နှစ်ထောင်အောက်ကို ပြန်လည်ရောက်ရှိလာတာကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေအရ သိရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ အငှားယာဉ်မောင်းတစ်ဦးကတော့ “ဓာတ်ဆီဈေးပဲ ကျလာတာပေါ့၊ ဒီဇယ်ကတော့ သိပ်တော့ မကျသေးဘူး။ ဒီလဆန်းကစပြီး တစ်ရက်ကို (ကျပ်)ငါးဆယ်လောက်နှုန်းနဲ့ ကျလာတာ။ အဲ့လိုကျသွားမှပဲ အဆင်ပြေမှာပေါ့။ ဒီထက်ပိုပြီး ထပ်ကျဖို့လိုသေးတယ်။ မဟုတ်ရင် ဆီဖိုးရှာရတာနဲ့ကို တွက်ခြေမကိုက်ဘူး။ ကားခပိုတောင်းရင်လည်း ခရီးသည်ကမလိုက်ဘူး” လို့ ပြောပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ လောင်စာဆီဈေးနှုန်းဟာ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းကနေ ယခုလဆန်းပိုင်းအတွင်း တစ်ပေပါကို ဒေါ်လာ […]
ရန်ကုန် – ၂၀၂၃၊ အောက်တိုဘာ ၆ (မော်ကွန်း) အခုလကုန် သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေမှာ ဟိုတယ်အခန်းဘွတ်ကင်တွေပြည့်နေပြီး စျေးနှုန်းတွေလည်းတက်တယ်လို့ ဟိုတယ်လုပ်ငန်းက တာဝန်ရှိသူတွေပြောပါတယ်။ “လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက် ၂၇ ကနေ ၃၀ အထိ အခန်းမရတော့ပါဘူး။ အကုန်ပြည့်နေပါပြီ။ လာမယ့်အပတ်အထဲလည်း အခန်းတွေမရှိတော့ဘူး” လို့ ငွေဆောင်ကမ်းခြေက ဟိုတယ်တာဝန်ခံတစ်ဦးက ပြောပါတယ်။ ငွေဆောင်ကမ်းခြေလိုပဲ ချောင်းသာကမ်းခြေမှာလည်း ဟိုတယ်အခန်းတွေအားလုံးပါးနီးပါး ပြည့်နေပြီလို့ ဟိုတယ်တာဝန်ခံတစ်ဦးကပြောပါတယ်။ “လာမယ့် သီတင်းကျွတ်အတွက်တော့ ကျွန်တော်တို့ဟိုတယ်ကဈေးနှစ်ဆ တက်ပါတယ်။ Sea view ဆိုရင် ၁၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ တက်ပါတယ်။ လောလောဆယ် ဟိုတယ်အခန်း ၃၇ ခန်းမှာ ၂၁ ခန်းက ဘွတ်ကင်ပြည့်နေပါပြီ” လို့ ချောင်းသာကမ်းခြေက ဟိုတယ်တစ်ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။ […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၆ (မော်ကွန်း) ဩဂုတ်လဆန်းပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာစုမှာ ဧရာဝတီမြစ်ရေတိုက်စားလို့ ကမ်းပြိုပြီး ရေဘေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတစ်ထောင်ကျော် နေရပ်ပြန်ကြပြီလို့ ဟင်္သာတခရိုင်လူမှုကူညီရေးအသင်း တာဝန်ခံကပြောပါတယ်။ “ရေကလည်းပြန်ကျသွားပြီဆိုတော့ သူတို့နေအိမ်တွေပြန်ပြီး ပြန်လည်ထူထောင်ရေးတွေလုပ်နေကြတယ်။ အိမ်ထောင်စု ၁၀ စု လောက်ကတော့ ကမ်းပြိုတဲ့ထဲနေအိမ််တွေပါသွားလို့ တာပေါ်မှာပဲ တဲထိုးပြီးနေနေရတုန်းပဲ ” လို့ သူကပြောပါတယ်။ ကမ်းပြိုမှုကြောင့် အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်၊ ငှက်ပျောတော၊ အုန်းတောနဲ့ တာငုတ်ကျေးရွာတွေက နေအိမ် ၂၀၀ ကျော်ရေမြုပ်ခဲ့ပြီး လူဦးရေတစ်ထောင်ကျော် ရေဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ဟင်္သာတခရိုင် လူမှုကူညီရေးအသင်းထံမှသိရပါတယ်။ မြန်မာနိုင်ငံ မုတ်သုန်ရာသီ၊ ရေကြီးကာလမှာ ဧရာဝတီမြစ်ရေတက်လာခဲ့ပြီး ကမ်းပြိုကျလို့ အဲဒီရွာတွေက ဒေသခံတွေဟာ သုံးလနီးပါး ရေဘေးတိမ်းရှောင်ခဲ့ရတာပါ။ ဟင်္သာတမြို့နယ်လိုပဲ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာလည်း ပြီးခဲ့တဲ့လက ကမ်းပြိုကျလို့ […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၅ (မော်ကွန်း) ဒလမှာ ရန်ကုန်မြစ်ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေရသူ ၂၀၀ ကျော်ကို မနေ့က နေအိမ်တွေဆီ ပြန်ပို့ပေးလိုက်ပြီလို့ ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံက ပြောပါတယ်။ “လူ ၃၅၀ ကျော်မှာ ၇၀ ကျော်ပဲကျန်တော့တယ်။ ကမ်းနားတစ်လျှောက်နေတဲ့သူတွေ၊ ပြိုကျတဲ့နေရာနဲ့ဝေးတဲ့သူတွေကို နေအိမ်ပြန်လို့ရပြီဆိုလို့ ပြန်ပို့ပေးခဲ့တာပါ။ ပြိုကျတဲ့နေရာအနီးအနား မှာနေတဲ့ လူ ၇၀ ကိုတော့ အန္တရာယ်ရှိသေးလို့ မပြန်ခိုင်းသေးဘူး။” လို့ သူကပြောပါတယ်။ နေအိမ်မပြန်နိုင်သေးသူတွေကိုတော့ လူမှူကူညီရေးအသင်းတွေက ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေထောက်ပံ့ပေးထားသလို နေအိမ်ဆုံးရှုံးခဲ့သူတွေအတွက်လည်း ပြန်လည်ထူထောင်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၀ က မိုးများခဲ့တာကြောင့် ဒလမြို့နယ်၊ တွံတေးတူးမြောင်းအနီးက ကျောင်းစုရပ်ကွက်၊ မှာ ကမ်းပါးပြိုကျခဲ့လို့ အိမ်ထောင်စု ၉၆ စု၊ လူဦးရေ […]
ကန့်ဘလူ – ၂၀၂၃ အောက်တိုဘာ ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းက ကျီးပင်အက်ရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဒီနေ့လယ်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ပြီး ဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအများအပြားထွက်ပြေးနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အခုစစ်ကြောင်းထိုးခံနေရတဲ့ ကျီးပင်အက်ရွာဟာ အိမ်ခြေလေးရာဝန်းကျင်ရှိတယ်လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ကြောင်းထိုးနေတာကြောင့် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေပြီး ရွာကိုမီးရှို့တာ၊ ဒေသခံတွေဖမ်းခံရတာ စတဲ့အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။ အခုလက်ရှိအချိန်မှာတော့ ကျီးပင်အက်ရွာအပြင် အနီးနားကရွာတွေဖြစ်တဲ့ ခအုံးတာ၊ သရက်တော၊ ငှက်ပျောတိုင်း၊ ပေကြီး စတဲ့ရွာတွေက ထောင်ချီတဲ့ ဒေသခံတွေ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “(စစ်ကောင်စီတပ်တွေက)ငှက်ပျောတိုင်းမှာ အထိုင်ချဖို့လုပ်နေကြတာ။ အဲ့လိုလုပ်ရင်းကနေ ခမရ ၃၆၁ က အနီးကရွာတွေကို ဝင်ပြီး စစ်ကြောင်းထိုးတဲ့သဘောပါ” […]
ဆားလင်းကြီး-၂၀၂၃ အောက်တိုဘာ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းကစပြီး နေ့လယ်ပိုင်းအထိ လေကြောင်းကနေတိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေပါ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “မြေပြင်အဖွဲ့တွေနဲ့လည်း အနည်းအကျဉ်းတော့ အထိအခိုက်တော့ ဖြစ်တာပေါ့။ သူတို့ဘက်က ထိလို့ ပစ်တာလားတော့ မသိဘူး။ အဲဒီနားမှာဆို အနည်းဆုံးတော့ ၁၀ ရွာ ဝန်းကျင်လောက်တော့ ရှိတယ်။ ပြေးတာကတော့ အကုန်ပြေးရတာပဲ။ လူဦးရေအတိအကျတော့ ခန့်မှန်းရခက်တယ်။ အနည်းဆုံးတော့ သုံးထောင်ကျော်မှာဗျ” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနက် ၁၀ နာရီခွဲဝန်းကျင်က MI-35 ရဟက်ယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆားလင်းကြီးနယ်ထဲက ဘိုက်သရက်ရွာကို ပိုပြီးပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။ လက်ရှိအချိန်ထိတော့ စစ်အင်အားအများအပြားပါတဲ့ […]
ရန်ကုန် – ၂၀၂၃၊ အောက်တိုဘာ ၄ (မော်ကွန်း) ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ်ရွာပြီး စိုးရိမ်ရေအမှတ်ကျော်ခဲ့တဲ့ပဲခူးမြို့မှာ ဒီနေ့ ရေပြန်ကျနေပြီလို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ခံ ကပြောပါတယ်။ “အစက ရင်စို့ကနေ အခုပေါင်လောက်ပဲရှိတော့တယ်။ ရေက လုံးလုံးလျားလျားမကျသေးတော့ ရေဘေးရှောင်နေတဲ့ အိမ်ထောင်စု ၁၄ စုကတော့ မနက်ဖြန်လောက်ထိ အိမ်မပြန်နိုင်သေးဘူး။” လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကိုကျော်ခဲ့လို့ ပဲခူးမြို့ပေါ်ရပ်ကွက် လေးခုမှာ ရေကြီးမှုကြုံခဲ့ရပြီး မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ရတယ်လို့ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အနီး ဘင်္ဂလားပင်လယ်အော်မှာ တိမ်ထူထပ်နေပြီး မုတ်သုံလေအားကောင်းနေတာကြောင့် ဒီလအတွင်း ပဲခူးမြို့အပါအဝင် မဒေါက်၊ ပုသိမ်၊ မအူပင်၊ ဘားအံနဲ့ မြဝတီမြို့တွေမှာ မိုးများပြီး ရေကြီးမှုကြုံရနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးလှထွန်းက ပြောပါတယ်။ အခုနှစ် […]
ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၄ (မော်ကွန်း) ယခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးနှုန်းအနည်းငယ် တည်ငြိမ်နေပြီး ဝယ်လိုအားမြင့်တက်လာတယ်လို့ ရန်ကုန်ရွှေဈေးကွက်ဆီက သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းက ဆက်တိုက်ကျဆင်းခဲ့တဲ့ ရွှေဈေးနှုန်းဟာ ယခုလဆန်းပိုင်းကစပြီး ပြန်လည်တည်ငြိမ်သွားတယ်လို့ ရွှေအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ “ဒီ အောက်တိုဘာ ၁ ရက်က စပြီး ငြိမ်သွားတာ။ ပြီးခဲ့တဲ့ စက်တင်ဘာမှာ (ကျပ်) ၃၈ သိန်းလောက်ကနေ ပြန်ပြုတ်ကျသွားလိုက်တာ အခု ၃၄ သိန်း ဝန်းကျင်မှာ ပြန်ငြိမ်သွားတယ်” လို့ ၎င်းက ပြောပါတယ်။ ဒီနေ့မနက်ပိုင်း ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးဖွင့်လှစ်မှုအရ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၃၄ သိန်းကျော်မှာ ရှိနေပါတယ်။ ရွှေဈေးကွက် စောင့်ကြည့်လေ့လာသူတစ်ဦးကတော့ ရွှေဈေးကျဆင်းနေတာကြောင့် ဝယ်လိုအားပြန်လည်မြင့်တက်လာကာ အဝယ်ဆက်လက်မြင့်တက်နေပါက ဈေးပြန်တက်လာနိုင်တယ်လို့ […]
ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၃ (မော်ကွန်း) မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာဒုက္ခသည် နှစ်သန်းနီးပါး ရှိလာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က မနေ့က ထုတ်ပြန်ပါတယ်။ ဒီအထဲက ၁ ဒသမ ၇ သန်းလောက်က ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာတဲ့ ဒုက္ခသည်တွေကို ဆိုပါတယ်။ ကျန်သူတွေကတော့ ဒိမတိုင်မီ ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းဘေးရှောင်နေကြတဲ့ ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်က ဒုက္ခသည်တွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ ဒါအပြင် ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်း နိုင်ငံတစ်ဝန်းမှာ အရပ်သားပိုင်ပစ္စည်း ဖျက်ဆီးခံရမှုက ၇၅,၀၀၀ ဝန်းကျင် အထိ ရှိနေတယ်လို့ OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရပြီး […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၂ (မော်ကွန်း) ပဲခူးမြို့မှာ မိုးများပြီးမြစ်ရေတက်လာလို့ မြေနိမ့်ပိုင်းရပ်ကွက်က အိမ်ထောင်စု ၁၄ စုကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းထံမှသိရပါတယ်။ “လောလောဆယ် အိမ်ထောင်စု ၁၀ စုကို ဓမ္မာရုံရွှေ့ထားတယ်။ နောက်ထပ် လေးစုကိုတော့ ရထားလမ်းမအနီးတစ်ဝိုက်ကို ပြောင်းရွှေ့ထားပါတယ်။ ရေက မြေနိမ့်ပိုင်းမှာဆို ခါးကျော်နေပြီ။ အရင်ရေကိုမှီတော့မယ် ပြောတယ်။ ကျွန်တော်အခု ရေထဲဆင်းတော့မယ်” လို့ အဲဒီ လူမှုကူညီရေးအသင်း တာဝန်ခံကပြောပါတယ်။ ပဲခူးမြစ်ရေဟာ လက်ရှိ စိုးရိမ်ရေအမှတ်အောက် တစ်ပေအကျော်မှာ ရှိနေပြီး လာမယ့် ၂၄ နာရီ အတွင်းမှာ စိုးရိမ်ရေအမှတ်ကိုကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့ နာရီပိုင်းက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ပဲခူးမြို့ရဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေကို မြစ်ရေတွေစဝင်လာပြီလို့ လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။ ပဲခူးမြစ်ရေဟာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."