သတင်းများ

မြိတ်မှာ မြေပြိုလို့ အိမ်တစ်လုံးပြို လူနှစ်ဦးဒဏ်ရာရ

September 28, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ပုလဲသွယ်ရပ်ကွက်မှာ ဒီနေ့နံနက်က မိုးသက်လေပြင်းကျရောက်လို့ မြေပြိုမှုဖြစ်ပွါးခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “မိုးများပြီးတောင်သားနံရံတွေပြိုကျလို့ တောင်ခြေက ခြေတံရှည် ပျဉ်ထောင်အိမ်တစ်လုံး လုံးဝပျက်စီးသွားတယ်။ အဲဒီအိမ်က မြေးအဘွားနှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ အဘွားဖြစ်သူကိုတော့ ဆေးရုံတင်ထားရတယ်။ မြေးဖြစ်သူကတော့ ပွန်းပဲ့ရာလောက်ပဲဖြစ်သွားတယ်။ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ မြေပြိုကျမှုအန္တရာယ်စိုးရိမ်ရသေးတာကြောင့် အနီးအနားက နေအိမ်သုံးလုံးကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းထားတယ်လို့ သူကပြောပါတယ်။ ပုလဲသွယ်ရပ်ကွက်မှာ အခုတစ်ခေါက် မြေပြိုမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်လို့ခေါ်တဲ့ လေပွေလှိုင်းတွေဟာ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေကတစ်ဆင့်မြန်မာနိုင်ငံထဲကို ဒီနေ့မှာ စတင်ဝင်ရောက်နေတာကြောင့် မိုးသက်လေပြင်းတွေကျရောက်နေတာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ မြိတ်မြို့ပေါ် ရပ်ကွက်တွေမှာလည်း ဒီနေ့နံနက်ကစပြီး […]

အပြည့်အစုံဖတ်ရန်

ရွှေစျေးနှုန်းဆက်လက်ကျဆင်း

September 27, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၇ (မော်ကွန်း) ယခင်လက တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ဝန်းကျင်ထိမြင့်တက်ခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ လက်ရှိမှာ တစ်ကျပ်သားကို ကျပ် ၃၄ သိန်း ဝန်းကျင်ထိ ကျဆင်းသွားတယ်လို့ ဈေးကွက်အတွင်း ဈေးဖွင့်လှစ်မှုတွေအရသိရပါတယ်။ ဒီနေ့မနက်ပိုင်း ဈေးဖွင့်လှစ်မှုတွေအရ ၁၆ ပဲရည် တစ်ကျပ်သားကို ၃၃ သိန်း ၈သောင်း ဝန်းကျင်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ရွှေဈေး အကျဘက်ကိုဦးတည်လာတာဟာ သီတင်းနှစ်ပတ်ခန့်ရှိနေပြီဖြစ်ပြီး ကျပ်နှစ်သောင်းတန် မထွက်ခင်က ဈေးနှုန်းကို ပြန်လည်ရောက်ရှိလာတယ်လို့ ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။ “ဒေါ်လာဈေးကျပြီးကတည်း ရွှေဈေးလည်းထိုးကျလာတာ။ အပြင်မှာ ကမ္ဘာ့ရွှေဈေးကလည်း အကျဘက်ရောက်နေတာကြောင့် ဆက်တိုက်ထိုးကျလာတာ” လို့ ၎င်းကပြောပါတယ်။ ပြည်တွင်းအခေါက်ရွှေဈေးဟာ ယခုလဆန်းပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၃၇ သိန်းဝန်းကျင်မှာ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးရဲ့ ဦးခေါင်းအပါအဝင် ကိုယ်အင်္ဂါတွေကို ခုတ်ထစ်ကာ သတ်ဖြတ်ထားခဲ့

September 27, 2023

ပုလဲ – ၂၀၂၃ စက်တင်ဘာ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ အာဏာသိမ်းစစ်တပ် သတ်ဖြတ်သွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကို ကိုယ်အင်္ဂါတွေ ဖြတ်တောက်ခုတ်ထစ်ထားတဲ့အနေအထားနဲ့ ဒီကနေ့တွေ့ရှိရတယ်လို့ မော်ကွန်းက သတင်းရရှိပါတယ်။ မနေ့နံနက်က ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ပစ်ခတ်ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်က ခုလိုသတ်ဖြတ်ခဲ့တာလို့ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကမော်ကွန်းကို ပြောပါတယ်။ “ဖြစ်စဥ်က စစ်ကြောင်းပြန်ပြီဆိုပြီး ဒီနေ့ နံနက် အလင်းရောင်မြင်ရချိန် နံနက် ၅း၀၀ နာရီ ရွာနီးချင်း ပ.အ.ဖ၊ ပ.က.ဖ အားလုံး ၁၅ ယောက်လောက် ရွာအခြေနေသွားကြည့်ကြတယ်။ ဖိုကုန်းရွာနှဲ့ ညောင်ကုန်းရွာကြား ကင်းပုံးနဲ့တွေ့ပြီး အဖမ်းခံကြရတာ။ ညောင်ကုန်းရွာထဲမှ ရက်ရက်စက်စက်သတ်ခံခဲ့ရတယ်”လို့ ရုပ်အလောင်းတွေသယ်ဆောင်ရာမှာပါဝင်တဲ့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သေဆုံးသူတွေရဲ့ ဓါတ်ပုံတွေမှာတော့ သုံးဦးစလုံးကို ခေါင်းဖြတ်ထားပြီး ခြံစည်းရိုးမှာ ဦးခေါင်းကို […]

အပြည့်အစုံဖတ်ရန်

အွန်လိုင်းရှော့ပင်တွေ မှတ်ပုံတင်ရမည်

September 26, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၆ (မော်ကွန်း) အွန်လိုင်းစနစ်နဲ့ဈေးရောင်းချသူတွေ ယခုနှစ်ဒီဇင်ဘာလကုန်ထိ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်လာပါတယ်။ စားသုံးသူရေးရာဦးစီးဌာနက အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချသူတွေ မှတ်ပုံတင်နိုင်ရေး စနစ်မိတ်ဆက်မှုကို ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီး မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေကို ထုတ်ပြန်ပြောဆိုခဲ့တာပါ။ အွန်လိုင်းစနစ်နဲ့ ရောင်းချသူတွေအနေနဲ့ အောက်တိုဘာလ ၂ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အတွင်း မှတ်ပုံတင်ရမယ့် ကာလအဖြစ် သတ်မှတ်ထားပြီး အဆိုပါကာလအတွင်း မှတ်ပုံတင်သူတွေ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အွန်လိုင်းကနေ မည်သည့်ထုတ်ကုန်ပစ္စည်းအမျိုးအစားကိုမဆို ကိုယ်ပိုင်ပစ္စည်းဖြန့်ဝေရောင်းချသူဖြစ်စေ၊ ပြန်ယူရောင်းသည်ဖြစ်စေ အွန်လိုင်းစနစ်နဲ့ ရောင်းချသူအားလုံး မှတ်ပုံတင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိမိရဲ့လုပ်ငန်းဟာ စည်ပင်သာယာနဲ့ ဝန်ကြီးဌာနတွေမှာမှတ်ပုံတင်ထားပေမယ့် အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့မှတ်ပုံတင်မှုကို ထပ်မံ […]

အပြည့်အစုံဖတ်ရန်

လာမယ့်နှစ်ရက်အတွင်း မြန်မာပြည်တောင်ပိုင်း မိုးသက်လေပြင်းကျနိုင်

September 26, 2023

ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၆ (မော်ကွန်း) ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ် ဟာ မြန်မာနိုင်ငံကို လာမယ့်နှစ်ရက်အတွင်းဖြတ်နိုင်ပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းကျနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ “ ရုတ်တရတ်ရေကြီးတာတွေလည်းဖြစ်နိုင်တာကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာနေထိုင်သူတွေအနေနဲ့ သတိပြုဖို့လိုပါမယ်။ ပြည်တွင်းလေကြောင်းတွေ ငါးဖမ်းရေယာဉ်တွေလည်းသတိပြုဖို့လိုပါတယ်။” လေဖိအားနည်းဆဲလ် (Low Pressure Cell) ဆိုတာဟာ လေထုသိတ်သည်းဆနည်းတဲ့ ဖြစ်စဉ်ကိုဆိုလိုတာဖြစ်ပြီး၊ လေဖိအားနည်းဆဲလ်တွေ တစ်ခုထက်ပိုဖြစ်လာတဲ့အခါ လေဖိအားနည်းရပ်ဝန်းကြီးတစ်ခုဖြစ်လာတယ်လို့ မိုးလေဝသပညာရှင်တွေကပြောပါတယ်။ အဲဒီလေဖိအားနည်းဆဲလ်ဟာ လေပွေလှိုင်းတွေအနေနဲ့ မွန်နဲ့ ကရင်ပြည်နယ်တွေကဝင်ရောက်ကာ အနောက်မြောက်ဘက် ရခိုင်ပြည်နယ်ကိုဖြတ်သန်းသွားပြီး အိန္ဒိယနိုင်ငံထဲဝင်ရောက်သွားမှာဖြစ်တယ်လို့ဦးလှထွန်းကပြောပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အားကောင်းတဲ့မုန်တိုင်းတစ်ခုဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်အပါဝင် ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ နဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေအနေနဲ့သတိပြုကြဖို့မိုးဇလကထုတ်ပြန်ထားပါတယ်။ အဲဒီလေဖိအားနည်းဆဲလ်ကြောင့် […]

အပြည့်အစုံဖတ်ရန်

ပြည်ပထွက်အလုပ်လုပ်ကိုင်သူတွေ အခွန်ဆောင်ဖို့ထုတ်ပြန်

September 25, 2023

ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၂၅ (မော်ကွန်း) ပြည်ပရောက်မြန်မာလုပ်သားတွေ ဝင်ငွေခွန်ပေးဆောင်ဖို့ ဥပဒေပြဋ္ဌာန်းလိုက်တာဟာ အလုပ်သမားတွေအတွက် ပိုမိုခက်ခဲလာစေမယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်သမားတွေကို ကူညီနေသူတွေကပြောပါတယ်။ ၂၀၂၃ ပြည်ထောင်စုအကောက်အခွန်ဥပဒေပြင်ဆင်ချက်တစ်စောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဥပဒေပြင်ဆင်ချက်အရ တစ်နှစ် လစာ ကျပ်သိန်း ၂၀ မှ ၁၀၀ ကြားရရှိတဲ့ ပြည်ပမှာအလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက လစာရဲ့ ၅ ရာခိုင်နှုန်း၊ တစ်နှစ်လစာ သိန်း ၁၀၀ အထက်ရရှိသူတွေက ၁၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်ကို ကျပ်သိန်း ၃၀၀ မှ ၅၀၀ ကြားရရှိသူတွေက အခွန် ၁၅ ရာခိုင်နှုန်း ၊ သိန်း ၅၀၀ မှ သိန်း […]

အပြည့်အစုံဖတ်ရန်

အင်အားအသင့်တင့် ငလျင်လှုပ်

September 24, 2023

ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၂၃ (မော်ကွန်း) ဒီနေ့ည ၈နာရီ ၅၅ မိနစ်ဝန်းကျင်က အင်အားအသင့်အတင့်ရှိတဲ့ငလျင်တစ်ခုလှုပ်သွားခဲ့ပါတယ်။ ရန်ကုန်မြို့တွင်းက အထပ်မြင့်တိုက်ခန်းတွေမှာနေတဲ့သူတချို့လည်း တိုက်အောက်ကိုဆင်းပြေးခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။ “အားအတော်ပြင်းတယ်။ တံခါးပေါက်တွေလည်း လှုပ်ခါသွားတာ။ အထပ်မြင့်တိုက်ခန်းဆိုတော့ ပိုသိသာတယ်။ခါရမ်းနေတာပဲ။ ကလေးတွေခေါ်ပြီးအောက်ဆင်းပြေးလိုက်ရတယ်”လို့ တာမွေမြို့နယ်တွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။ ငလျင်ဒဏ်ကို ရန်ကုန်ကုန်မြို့တွင်းမြို့နယ်တွေအပြင် ဆင်ခြေဖုံးမြို့နယ်တွေမှာပါ သိသာစွာခံစားလိုက်ရတယ်လို့ သိရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အခုညလှုပ်တဲ့ငလျင်ဟာ ပဲခူတိုင်းမြို့ရဲ့ အနောက်တောင်ဘက် ၁၂ မိုင်အကွာ၊ ဒိုက်ဦးမြို့နယ်ရဲ့ အနောက်ဘက် ၂၁မိုင် အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅.၁အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဒဏ်ရာရစစ်သားတွေကိုထားတဲ့ မိုးကုတ်အရှေ့ပိုင်းဆေးရုံမှာ ပြင်ပလူနာလက်မခံလို့ အမျိုးသမီးတစ်ဦးသေဆုံး

September 22, 2023

မိုးကုတ် – ၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း) မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်း ပြည်သူ့ဆေးရုံမှာ ဒဏ်ရာရစစ်သားတွေ ရောက်လာတဲ့အတွက် ပြင်ပလူနာလက်မခံတော့တာကြောင့် နှလုံးရောဂါသည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မိုးကုတ်မြို့ ညောင်ကုန်းရွာက အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးဟာ စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးသံတွေကြောင့်နှလုံးရောဂါဖောက်ခဲ့လို့ ဆေးရုံလာပြရာမှာ လက်မခံဘဲ မန္တလေးကိုလွှဲခဲ့တာကြောင့် လမ်းတစ်ဝက်မှာဆုံးသွားခဲ့တာလို့ ဆွေမျိုးနီးစပ်သူတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့မှာ စက်တင်ဘာ၁၀ရက်ကစတင်ပြီး ဆေးရုံတက်လူနာတွေဆင်းပေးခဲ့ရသလို စက်တင်ဘာ၂၀ရက်က စလို့လည်း ဆေးရုံမှာ အာဏာသိမ်းစစ်တပ်က ဒဏ်ရာရစစ်သားတွေ အရေအတွက်များနေတာကြောင့် ပြင်ပလူနာလက်မခံတာလို့ ဆေးရုံနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။ ‘သာမန်ဖျားတာလောက်ဆိုလက်မခံတော့ဘူး၊ အိမ်ပြန်ခိုင်းတယ်၊ ဆိုးတဲ့လူနာဆိုရင်လည်း မန္တလေးဆင်းခိုင်းတယ်၊ဆေးရုံမှာ ပြင်ပလူနာလက်မခံတော့ဘူး၊ သူတို့ပဲရှိတော့တယ်”လို့ ဆေးရုံကနေလှည့်ပြန်လာရတဲ့ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ TNLA ပူးပေါင်းတပ်၊ မိုးကုတ်အခြေပြုတပ်ရင်းများ တိုက်ပွဲ ဖြစ်နေစဥ်အတွင်း အရှေ့ပိုင်းပြည်သူ့ဆေးရုံရဲ့ ဖျားနာဆောင်နဲ့ ရင်ခွဲရုံတွေမှာ စစ်သားတွေနဲ့ ပြည့်နေခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ” […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မြို့နယ် ချင်းတွင်းမြစ်ဘေးကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က မုံရွာကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်

September 22, 2023

ယင်းမာပင် – ၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေကို ၏မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ အခုည လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဒီည ၇း၃၀အချိန်လောက်ကပေါ့၊ နမခကနေ လက်နက်ကြီးတွေနဲ့ထုတယ်ဗျ၊ ဘယ်ရွာတွေဆီကျမလည်းတော့မသိဘူးဗျ၊ လတ်တလော ကမ်းနာက ရွာတွေကလူမရှိဘူး၊ တစ်လခွဲကျော်ပြီပြေးနေရတာ”လို့ ဒေသခံကပြောပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးက သံဘို၊ ပန်းတိမ်ပြင်၊ ကျောက်မှော်၊ အင်းဖျား၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်​၊ကျောက်ကုန်းစတဲ့ရွာတွေကတော့ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြရတာ တစ်လခွဲလောက်ရှိနေပါပြီ။ လတ်တလော လက်နက်ကြီးပစ်ခတ်နေမှုနဲ့ပတ်သက်ပြီး “ရွာနီးစပ်တွေတော့ အချို့ရှောင်ကြတယ််၊ အချို့လည်း အိမ်ထဲမှကုတ်နေကြရတယ်၊ ထူးခြားမှုကတော့ မနေ့က ပန်းတိမ်ပြင်ရွာ သံဘိုရွာတွေက ကြက်သွန်တွေခိုးပြီး စက်လှေတွေပေါ်တင်ပြီးသယ်တယ်၊ ဒီနေ့တော့ ဟုမ္မလင်း၊ မော်လိုက်က စုန်လာတဲ့ စစ်ရေယာဥ်အုပ်စု၊ အလုံမြို့၊ […]

အပြည့်အစုံဖတ်ရန်

ရေကြီးရေလျှံခဲ့တဲ့မြို့တွေ ရေပြန်ကျပြီ

September 22, 2023

ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၂၂ (မော်ကွန်း) မုတ်သုန်ရာသီ ရေကြီးရေလျှံမှုကြုံခဲ့ရတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းကမြို့တွေမှာ မြစ်ရေပြန်ကျလာနေပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ “မုတ်သုန်ထွက်တော့မယ်ဆိုတော့ မိုးလည်းပါးသွားမယ်။ မြစ်ရေတွေလျော့ကျသွားတော့မယ်။ လာမယ့်နိုဝင်ဘာဆိုရင်တော့မြစ်ရေကပုံမှန်တိုင်းပြန်ဖြစ်သွားတော့မှာပါ။ ဒါပေမယ့် အောက်တိုလမှာတော့ စစ်တောင်းမြစ်နဲ့ ပဲခူးမြစ်ကိုတစ်ချက်စောင့်ကြည့်ရဦးမယ်။” လို့သူကပြောပါတယ်။ ယခုသီတင်းပတ်ထဲမှာ ဧရာဝတီမြစ်၊ ဒုဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ကုလားတန်မြစ်၊ ဘီးလင်းမြစ်နဲ့ လေးမြို့မြစ်တွေဟာ လက်ရှိရေအမှတ်ထက် တစ်ပေကနေ သုံးပေအောက်ကျသွားနိုင်တယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။ ချင်းတွင်းမြစ်ရေ၊ မြစ်သာမြစ် နဲ့ တိုးမြစ်တွေ ကတော့ လက်ရှိရေအမှတ်အထက်တက်လာနိုင်ပေမယ့် စိုးရိမ်ရေအမှတ်တော့မရောက်နိုင်ဘူးလို့ ဦးလှထွန်းကပြောပါတယ်။ မြန်မာနိုင်ငံမှာ မုတ်သုန်ရာသီ ရေကြီးကာလတွေ ဟာ ဇူလိုင်၊ ဩဂုတ် နဲ့ စက်တင်ဘာတွေဖြစ်ပါတယ်။ ဩဂုတ်လအတွင်းမိုးများခဲ့ပြီး မြစ်ရေတက်မှုကြောင့် မြန်မာနိုင်ငံ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်သင်္ဘောတွေ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးကရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံတွေထွက်ပြေးနေရ

September 22, 2023

စစ်ကိုင်း-၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်သင်္ဘောအုပ်စုက ဒီနေ့မနက်ပိုင်းမှာ ကနီမြို့နယ်ထဲက မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံအများအပြားထွက်ပြေးနေရတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။ “လက်နက်ကြီးနဲ့ပစ်တာမှ တရစပ်ပဲ။ ဒေသခံတွေ အခုထိရှောင်နေကြရတုန်းပဲ။ ကနီမြစ်ကမ်းတစ်လျောက်ကရွာတွေအကုန်ပြေးရတာ၊ ဒေသခံအထိခိုက်ရှိမရှိမသိရသေးဘူးဗျ” လို့ ကနီဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်သင်္ဘောအုပ်စုရဲ့ ပစ်ခတ်မှုကြောင့် သရက်ပင်၊ ချိုင်၊ အိုင်တောင်၊ ဝါးတန်း၊ မင်းအို၊ သပြေတောစတဲ့ရွာတွေအပြင် မြစ်ကမ်းနံဘေးမှာရှိတဲ့ ကျေးရွာအများစုက ဒေသခံထောင်ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်သင်္ဘောအုပ်စုကို ဒီနေ့မနက်ပိုင်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အသေအပျောက်ရှိနိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “ကိုယ်တွေဘက်က အခြေအနေကောင်းတယ်၊ သူတို့တော့အထိအခိုက်ရှိတယ်။ သူတို့သင်္ဘောအုပ်စု မင်းအိုရွာနားကပ်တာ၊ ရှေ့ထွက်(မိုင်း)နဲ့မိသွားတယ်။ မော်တော်တစ်စီးဆိုရင် မျောသွားလို့ အောက်ဘက်အထိလိုက်ဆယ်ရတာ” လို့ […]

အပြည့်အစုံဖတ်ရန်

ကြက်သွန်နီစျေး အမြင့်ပိုင်းမှာဆက်လက်ရှိနေ

September 22, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၂ ပြည်တွင်းစားသုံးနေတဲ့ ကြက်သွန်နီဈေးနှုန်း အမြင့်ပိုင်းမှာဆက်လက်ရှိနေတယ်လို့ ကြက်သွန်နီ လက်လီ၊ လက်ကား ရောင်းဝယ်နေသူတွေဆီကပြောပါတယ်။ ကြက်သွန်နီ အဓိကထွက်နေတဲ့ ဆိပ်ဖြူ၊ မုံရွာထွက် ကြက်သွန်နီဈေးဟာ လက်ရှိမှာ တစ်ပိဿာကို ၃,၁၀၀ ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကြက်သွန်နီဈေးနှုန်းဟာ ပြည်ပဝယ်လိုအားမြင့်တက်မှုနဲ့ ပြည်တွင်းစားသုံးမှုမြင့်တက်တဲ့ ကာလတွေမှာ ဈေးမြင့်တက်လေ့ရှိပြီး လာမယ့်သီတင်းကျွတ်ကာလမှာ ဈေးနှုန်းမြင့်တက်ဖွယ်ရှိတယ်လို့ ကြက်သွန်နီ လက်ကားကုန်သည်တွေက ပြောပါတယ်။ ကြက်သွန်နီဈေးဟာ ဩဂုတ်လအတွင်းက တစ်ပိဿာကို ၂,၉၀၀ ကျပ်ဝန်းကျင်ကနေ ၃,၇၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်ခဲ့ပြီးနောက် ယခုလ လဆန်းပိုင်းမှာ တစ်ပိဿာကို ၂,၉၀၀ ကျပ်ဝန်းကျင်ကို ပြန်လည်ကျဆင်းသွားရာက ယခုရက်ပိုင်းမှာ ဈေးပြန်လည်မြင့်တက်ခဲ့တာလို့ ဘုရင့်နောင် ကုန်စည်ဒိုင်က ကြက်သွန်နီ လက်ကားရောင်းချသူတစ်ဦးက […]

အပြည့်အစုံဖတ်ရန်
1 … 97 98 99 100 101 102 103 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."