သတင်းများ

လှည်းကူးက ရေလွှမ်းမိုးခံရတဲ့ရွာအချို့ အရေးပေါ်အကူအညီတွေမရောက်ရှိသေး

October 13, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း) ရေကြီးမှုတွေဖြစ်နေတဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ကျေးရွာအချို့မှာ ကူညီကယ်ဆယ်ရေး လက်ရှိအချိန်ထိ မရောက်ရှိသေးတဲ့အတွက် အခက်အခဲတွေဖြစ်နေတယ်လို့ လှည်းကူးဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့မှာ စံချိန်တင်ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းက ​မှော်ဘီ၊ လှည်းကူး၊ ဖောင်ကြီး အစရှိတဲ့မြို့နယ်တွေပါ ရေနစ်မြုပ်မှုတွေရှိခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လှည်းကူးမြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာတွေကို ရောက်ရှိလာပြီဖြစ်ပေမယ့် လှည်းကူး – ဖောင်ကြီး ကားလမ်းပေါ်က လူအရောက်နည်းတဲ့ ကျေးရွာတွေမှာ လက်ရှိအချိန်ထိ အကူအညီ မရောက်ရှိသေးဘူးလို့ လှည်းကူးမြို့နယ် သတင်းအချက်အလက်တွေထုတ်ပြန်တဲ့ Hlegu Information Centre က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အထူးသဖြင့် လှည်းကူးမြို့နယ်က မြစ်၊ချောင်းတွေနဲ့ နီးစပ်တဲ့ အင်းတိုင်၊ […]

အပြည့်အစုံဖတ်ရန်

ရေနစ်မြုပ်နေတဲ့ပဲခူးအရှေ့ဘက်ခြမ်းကရွာတချို့မှာ ဝမ်းရောဂါစိုးရိမ်ရ

October 13, 2023

ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း) ပဲခူးမြို့အရှေ့ဘက်ခြမ်းက ကွေ့တန်းရှည်နဲ့ ကျိုက်ကေကျေးရွာတွေမှာ ရေကြီးမှုကြောင့် သောက်သုံးရေအခက်အခဲကြုံနေရကာ ဝမ်းရောဂါ အန္တရာယ်စိုးရိမ်ရတယ်လို့ သွားရောက်ကူညီနေသူတစ်ဦးကပြောပါတယ်။ “ ဒီမှာက တွင်းရေသုံးကြတာ။ ရေကြီးတော့ မြစ်ရေ၊ ချောင်းရေတွေဝင်လာပြီ အကုန်ပျက်ကုန်တာ။ သောက်သုံးရေအခက်အခဲကြုံနေရတယ်။ ကြာလာရင် ဝမ်းရောဂါဖြစ်မှာစိုးလို့ သောက်ရေဗူးတွေ၊ ဓာတ်ဆားထုပ်တွေလည်းလှူပေးနေပါတယ်” လို့ သူကပြောပါတယ်။ အဲဒီရွာဟာ ပဲခူးတိုးဂိတ်မရောက်ခင်၊ ညောင်အေးလမ်းဆုံအကျော်ကဝင်သွားရတာဖြစ်ပြီး ပဲခူးမြစ်အနီးမှာတည်ရှိတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးမြို့မှာ မိုးကြီးပြီး ပဲခူးမြစ်ရေတက်လာသလ်ို အဲ့ဒီရွာတွေမှာလည်း ချောင်းရေတက်လာတာကြောင့် ရေကြီးမှုကြုံခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ “ ဒီမှာက နှစ်ရွာပေါင်းဆို အိမ်ခြေ ၃၀၀ နီးပါးရှိတယ်။ ရေတွေလည်းဝင်ကုန်လို့ အကုန်ပြန်ပြီးစုပ်ထုတ်ရမှာ။ သောက်သုံးရေအပြင် ဆန်၊ဆီ၊ ဆား၊ စားနပ်ရိက္ခာအကူအညီတွေလည်းလိုအပ်နေတယ်” လို့ အဲဲဒီရွာတွေမှာ လိုက်ပါကူညီနေတဲ့ ဆရာတော်တစ်ပါးက […]

အပြည့်အစုံဖတ်ရန်

ပုသိမ်ကြီး အုန်းချောကျေးရွာအနီးမှာ နားဋောင်းကျချောင်းရေလျှံလို့ ဒေသခံတွေကို ဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်း​

October 13, 2023

မန္တလေး-၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်‌၊ အုန်းချောကျေးရွာနဲ့ အနီးတဝိုက်ကရွာတွေမှာ ဒီနေ့မနက်အစောပိုင်းက တောင်ကျရေတွေကျဆင်းပြီး နားဋောင်းကျချောင်းရေလျှံလို့ ဒေသခံတွေကို ရွှေ့ပြောင်းနေရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီက တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “ ဒီနေ့မနက် လင်းအားကြီးပိုင်းလောက်ကတည်းက စပြီးတော့ ရေဝင်လာတယ်ဗျ။ ရေကတော့ အခုအနိမ့်ပိုင်းတွေကို အခုစပြီးတော့ဝင်တာပေါ့နော်။ တချို့နေရာကျလည်း ရင်ဘက်လောက်ရောက်တယ်။ တချို့နေရာတွေကျလည်း ခါးလောက်ပါပဲဗျ” လို့ သူကပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ရေဝင်တဲ့နေရာတွေက ဒေသခံတွေကို ရွှေ့ပြောင်းနေပြီး အုန်းချော ၆ ရပ်ကွက်မှာ ပိတ်မိနေတဲ့ ဒေသခံ ၁၀ ဦးကိုလည်း ဘေးလွတ်ရာကို ကယ်ထုတ်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ တောင်ကျရေဟာ ဆက်တက်နိုင်သေးတဲ့အခြေအနေရှိတာကြောင့် ဒေသခံအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် […]

အပြည့်အစုံဖတ်ရန်

ပဲခူးရေဘေးသင့်သူတချို့ကိုနေအိမ်တွေပြန်ပို့

October 13, 2023

ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း) ရေဘေးသင့်ပဲခူးမြို့မှာ ရေဘေးရှောင်ပြည်သူတချို့ နေအိမ်တွေကို ပြန်ပို့နေပြီလို့ ပဲခူးအခြေစိုက်လူမှုကူညီရေးအသင်း တာဝန်ခံကပြောပါတယ်။ “ရေလုံးဝကျသွားတဲ့ မြို့ပေါ်က အိမ်ထောင်စု ၁၀ စုလောက်ကို ဒီနေ့မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လွှတ်လိုက်ပါပြီ။ နေအိမ်တွေမှာ သန့်ရှင်းရေးလုပ်တာတို့၊ ရေစုပ်ထုတ်တာတို့ လုပ်နေကြပါပြီ။ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေကရင်စို့လောက်ရှိသေးတော့ အဲဒီကလူတွေကိုတော့ ပြန်မလွှတ်ပေးသေးဘူး” လို့ သူကပြောပါတယ်။ ဒီရေကြီးမှုကြောင့် အပျက်အစီး၊ ဆုံးရှုံးမှုဘယ်လောက်ရှိခဲ့လဲဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြန်ထားတာမရှိသေးပါဘူး။ အောက်တိုဘာ ၇ ရက်က မိုးများကြီး ရေကြီးမှုကြောင့် ပဲခူးမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ လူပေါင်းတစ်သောင်းကျော် ရေဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေထံမှသိရပါတယ်။ လက်ရှိ ပဲခူးမြို့ပေါ်မှာ ရေပြန်ကျသွားလို့ ကားလမ်းတွေပြန်ပွင့်ခဲ့ပြီး ဖုန်းလိုင်းဆက်သွယ်ရေး တစ်ချို့တော့ ပြတ်တောက်နေဆဲပဲလို့ဒေသခံတွေကပြောပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ အောက်တိုဘာလရဲ့ ဒုတိယအပတ် ၁၀ […]

အပြည့်အစုံဖတ်ရန်

ပဲခူးရေနစ်မြုပ်မှုမှာ လူခြောက်ဦးသေဆုံး

October 13, 2023

ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း) ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးမြစ်ရေကြီးမှုကြောင့် လူခြောက်ဦးသေဆုံးခဲ့တယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။ “အမျိုးသား ငါးဦး၊ အဘွားအိုတစ်ဦး ပါပါတယ်။” လို့သူကပြောပါတယ်။ မဂ္ဂတစ်လမ်းမကြီးအနီးမှာ လူနှစ်ဦး၊ ကလိကျေးရွာမှာ လုံခြုံရေးဝန်ထမ်းနှစ်ဦး၊ မဟာမြိုင်ရပ်ကွက်မှာ အဘွားအိုတစ်ဦး၊ နဲ့ မြို့ပေါ်ကကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတဲ့ ဘုန်းကြီးကျောင်းအနောက်ခြမ်းမှာ လူတစ်ဦးသေဆုံးခဲ့တယ်လို့သူကပြောပါတယ်။ အဲဒီသေဆုံးမှုတွေထဲမှာ ရေတက်နေချိန်ရေဆင်းကူးလို့ ရေနစ်ပြီးသေဆုံးတာ နှစ်ဦး၊ အရက်မူးပြီးရေထဲပြုတ်ကျသေဆုံးသူ သုံးဦး၊ နောက်ပြီး အဘွားအိုတစ်ဦးကတော့ ရေတက်နေချိန်သွားလာရင်း ရေနစ်သေဆုံးခဲ့တယ်လို့ အဲ့ဒီအသင်းတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီကတော့ အခုတစ်ခေါက်ပဲခူးရေကြီးမှုဟာ လူအသေအပျောက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၇ ရက်ကစတင်ပြီး မိုးကြီးပြီး မြစ်ရေတွေတက်လာလို့ ပဲခူးမြို့က ပြည်သူတစ်သောင်းကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိ ပဲခူးမြို့ပေါ်မှာ ရေပြန်ကျသွားပြီဖြစ်သလို မြေနိမ့်ပိုင်းရပ်ကွက်တွေ ကျေးရွာတွေ […]

အပြည့်အစုံဖတ်ရန်

NCA ရှစ်နှစ်ပြည့်အခမ်းအနားမှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းရှာဖွေသွားမယ်လို့ဆို

October 13, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း) NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ လက်ရှိနိုင်ငံရေးအကျပ်အတည်းအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုရှာဖွေသွားမယ်လို့ အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မော်ကွန်းကို ပြောပါတယ်။ လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်ဖို့ စစ်ကောင်စီနဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ စီစဉ်နေတာဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို တက်ရောက်ဖို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအပါအဝင် လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကိုရော ဖိတ်ကြားခဲ့ပေမယ့် လက်ရှိမှာ အပစ်ရပ်လက်နက်ကိုင်ခုနစ်ဖွဲ့ပဲ တက်ရောက်ဖို့ရှိနေတယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းအခြေအနေဖြစ်နေကာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ မရှိသလောက်ဖြစ်နေတဲ့ အခြေအနေကို […]

အပြည့်အစုံဖတ်ရန်

မြောင်မြို့နယ်၊ ခေါင်းကွဲရွာကို စစ်ကောင်စီတပ်တွေစီးနင်းမီးရှို့

October 13, 2023

မြောင်-၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခေါင်းကွဲရွာကို စစ်ကောင်စီတပ်တွေ မနေ့ကညနေပိုင်းကစီးနင်းကာ ရွာကို မီးရှို့ဖျက်ဆီးပြီး ဒေသခံသုံးဦးဖမ်းဆီးသွားတယ်လို့ Youths for Community မြောင်လူငယ်ကွန်ရက်က အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ရွာထဲကို အင်အားငါးဆယ်ဝန်းကျင်နဲ့ ဝင်စီးနင်းပြီးတော့ ၂၁ အိမ်ပျက်စီးသွားပါတယ်ဗျ။ အပြစ်မဲ့ပြည်သူ သုံးယောက်ကို ဖမ်းဆီးသွားတယ်။ ခေါင်းကွဲကျေးရွာရဲ့ ရွာခံတွေပဲဗျ။ လက်ရှိအနေအထားကတော့ (ဖမ်းခံရသူတွေအကြောင်း)ဘာသတင်းမှ မရသေးဘူးဗျ။ စစ်ကြောင်းကလည်း အနားမှာ မထွက်ခွာသေးတဲ့အတွက် စစ်ရှောင်ပြည်သူတွေလည်းရှိနေပါတယ်ဗျ” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ခေါင်းကွဲရွာဟာ အိမ်ခြေသုံးရာဝန်းကျင်ရှိပြီး လူဦးရေတစ်ထောင်ဝန်းကျင်နေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံရတဲ့ ဒေသခံသုံးဦးရဲ့ အသက်အရွယ်နဲ့ ဘယ်သူတွေဖြစ်တယ်ဆိုတာ စုံစမ်းနေတုန်းပဲလို့ မြောင်လူငယ်ကွန်ရက်က တာဝန်ရှိသူက ဆိုပါတယ်။ အဲဒီရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ […]

အပြည့်အစုံဖတ်ရန်

ဘင်္ဂလား‌ဒေ့ရှ်ကို စစ်တွေကပဲကုန်တင်ပို့ရမယ့်မူဝါဒကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းလုနီးပါးဖြစ်

October 13, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း) ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့နေတဲ့ ပို့ကုန်တွေကို စစ်တွေကုန်သွယ်ရေးစခန်းကနေပဲ ပြောင်းလဲတင်ပို့ရတော့မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကုန်သွယ်မှုမူဝါဒအပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနဟာ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက်သွန်နီ တို့အပါအဝင် ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို ယခုလကစပြီး စစ်တွေကုန်သွယ်ရေးစခန်းကပဲ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ပို့ကုန်အများစုဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့နီးတဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကနေ အများဆုံးတင်ပို့နေတာကြောင့် လက်ရှိမှာ စစ်တွေကိုပြောင်းလဲတင်ပို့ဖို့ အခက်အခဲတွေရှိနေတယ်လို့ နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။ ယခုလကစပြီး မောင်တောနယ်စပ် ကညင်ချောင်းကုန်သွယ်ရေးဇုန်ကနေ ပို့ကုန်လိုင်စင် လက်ကျန်ရှိသူတွေပဲ တင်ပို့ခွင့်ပေးထားပြီး လိုင်စင်အသစ်ထုတ်မပေးတော့ဘူးလို့ မောင်တောနယ်စပ်ပို့ကုန်လုပ်ငန်း […]

အပြည့်အစုံဖတ်ရန်

လှည်းကူးကရေဘေးရှောင်တွေ နေအိမ်မပြန်နိုင်ကြသေး

October 12, 2023

ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၁၂ (မော်ကွန်း) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေအနည်းငယ်ပဲပြန်ကျလို့ ရေဘေးရှောင်ပြည်သူတွေ နေအိမ်တွေမပြန်နိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ AC.16 နာရေးကူညီမှုအသင်းကမဌေးဌေးလွင်က ပြောပါတယ်။ “နည်းနည်းလေးပဲကျပါတယ်။ အများကြီးမကျပါဘူး။ တချို့နေရာတွေက ပေါင်လောက်ရှိတယ်။ တစ်ချို့နေရာတွေ ဇီးပင်ဝဲတို့ သီတာအေးအောက်ဘက်တို့ဆို ရင်ခေါင်းလောက်ထိရောက်တယ်။ တစ်ချို့နေရာတွေဆို လှေနဲ့သွားရတယ်။ နေအိမ်တွေပြန်လို့ရတဲ့အထိတော့ ရေကမကျသေးဘူး” လို့ သူကပြောပါတယ်။ ရေဘေးရှောင်တွေကို လှည်းကူးမြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ ဘောလုံးကွင်းမှာ ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။ ကူညီကယ်ဆယ်ရေးတွေ မရောက်သေးတဲ့ လှည်းကူးမြို့နယ်ထဲက ရွာတွေမှာတော့ အရေးပေါ် အကူအညီတွေ လိုအပ်နေသေးတယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတစ်ဦးကဆိုပါတယ်။ “ရွာတွေဘက်ကရေသိပ်မကျသေးဘူး။ ကယ်ဆယ်ရေးတွေမရောက်တဲ့ တချို့ရွာတွေဆို အရေးပေါ်ရေသန့်၊ ရိက္ခာခြောက်တွေ လိုအပ်နေတယ်။ တစ်ချို့ရွာတွေဆို ရေဝင်လို့ လူတွေသယ်ဖို့နဲ့ ပစ္စည်းတွေရွှေ့ပြောင်းဖို့ […]

အပြည့်အစုံဖတ်ရန်

အခြေခံရည်ညွန်းစပါးစျေးသတ်မှတ်ချက် တောင်သူတွေနစ်နာနိုင်

October 12, 2023

ရန်ကုန် – အောက်တိုဘာ ၁၂ (မော်ကွန်း) ရက်ပိုင်းအတွင်းက ထုတ်ပြန်ထားတဲ့ အခြေခံရည်ညွှန်းစပါးဈေးဟာ စိုက်ပျိုးစရိတ်ထက် နည်းနေတာကြောင့် လယ်သမားတွေအတွက် နစ်နာတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ဟာ ရက်ပိုင်းအတွင်းက အခြေခံ ရည်ညွှန်းစပါးဈေးဟာ စပါး ၄၆ ပေါင်ကိုက် တင်း ၁၀၀ ကို ကျပ်ခုနှစ်သိန်းခွဲ ဖြစ်တယ်လို့ ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။ ယခုနှစ်ကုန်ပိုင်းမှာ ပေါ်ဖို့ရှိတဲ့ မိုးစပါးရာသီအတွက် ဆန်စပါးရည်ညွှန်းဈေးထုတ်ပြန်မှု နှစ်ကြိမ်ရှိခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စက်တင်ဘာလလယ်ပိုင်းမှာ တစ်ကြိမ်ထုတ်ပြန်ထားပြီး ယခုလမှာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က နောက်တစ်ကြိမ်ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးနှုန်းဟာ စပါးတင်း ၁၀၀ ကို ရွှေဘိုပေါ်ဆန်း ကျပ် ၁၈ သိန်းမှ […]

အပြည့်အစုံဖတ်ရန်

ကျပ်ငွေဖောင်းပွမှု အနည်းငယ်ပြန်လည်မြင့်တက်

October 12, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၂ (မော်ကွန်း) မြန်မာကျပ်ငွေ‌ဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ စက်တင်ဘာလအတွက် မြန်မာ့စီးပွားရေးခန့်မှန်းချက် Asian Development Outlook အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ နိုင်ငံရဲ့ ကျပ်ငွေဖောင်းပွမှုဟာ ၂၀၂၂ မှာ ၁၈ ရာခိုင်နှုန်းရှိနေရာက ယခုနှစ် ဧပြီလမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပြီး စက်တင်ဘာလမှာ ၁၄ ရာခိုင်နှုန်းကို ပြန်လည်မြင့်တက်ခဲ့တယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာ့ကျပ်ငွေဖောင်းပွမှုနှုန်းကို လာမယ့် ၂၀၂၄ အတွက်ပါ ထည့်သွင်းခန့်မှန်းထားပြီး ငွေဖောင်းပွမှုနှုန်းဟာ ၈ ဒသမ ၄ ရာခိုင်နှုန်းထိ ကျဆင်းသွားမယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ ပြည်တွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ […]

အပြည့်အစုံဖတ်ရန်

စက်တင်ဘာနောက်ဆုံးတစ်ပတ်အတွင်း စစ်ရှောင် ၁၈,၀၀၀ နီးပါးရှိလာ

October 12, 2023

ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၁၂ (မော်ကွန်း) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ် တစ်ပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ ၁၈,၀၀၀နီးပါးအထိရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ကနေ အခုလ ၁ ရက်နေ့အထိ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာ လူဦးရေ ၄,၈၀၀ ဝန်းကျင်နဲ့ နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ ၁၃,၀၀၀ ဝန်းကျင်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ UNOCHA က ဆိုပါတယ်။ နိုင်ငံရဲ့ အနောက်မြောက်ဘက်ဒေသဖြစ်တဲ့ ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အသီးသီးမှာ စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးတာကြောင့် နေ့စဉ်နီးပါးထွက်ပြေးနေရတဲ့ ဒေသခံတွေရှိနေပြီး နေရပ်မပြန်နိုင်တော့တဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 93 94 95 96 97 98 99 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."