သတင်းများ

ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုသွားတဲ့လမ်းအားလုံးကို စစ်ကောင်စီဖျက်ဆီးပိတ်ဆို့

June 14, 2024

ရန်ကုန် – ဇွန် ၁၄ ၂၀၂၄ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဖြတ်သန်းသွားလာရတဲ့ လမ်းကြောင်းအားလုံးကို စစ်ကောင်စီဘက်က အခုရက်ပိုင်းမှာပိတ်လိုက်တာကြောင့် လားရှိုးကနေ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့ဒေသတွေကို သွားရောက်တဲ့လမ်းကြောင်းတွေ ပြတ်တောက်သွားပြီလို့ ဒေသခံတချို့က ပြောပါတယ်။ TNLA သတင်းနှင့်ပြန်ကြားရေးကတော့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေ လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် ယခုလ ၁၃ ရက်မှာ လားရှိုးမြို့အဝင်လမ်း လားရှိုးနဲ့ မိုင်းယော်တိုက်နယ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကားလမ်းကို ‌မြောင်းဖောက်ပြီး ဖျက်ဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလမ်းကြောင်းဟာ လားရှိုးကနေ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့တရုတ်နယ်စပ်တွေကို သွားရောက်ရာမှာ အသုံးပြုနေတဲ့ ရှောင်ကွင်းလမ်းတစ်ခုဖြစ်နေပြီး အဲဒီလမ်းကြောင်းဟာ […]

အပြည့်အစုံဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်မှာပါဝင်ကြဖို့နှိုးဆော်

June 14, 2024

ရန်ကုန်-၂၀၂၄ ဇွန် ၁၄ (မော်ကွန်း) အခုလ ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်လှုပ်ရှားမှုမှာပါဝင်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။ အဲဒီနေ့မှာ‌ မွေးနေ့ရှင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ တော်လှန်တိုက်ပွဲဝင် လူထုတစ်ရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုတဲ့ အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်မှာဖြစ်တယ်လို့ သပိတ်အင်အားစုတွေကဆိုပါတယ်။ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြည်လုံးကျွတ် ပန်းသပိတ်လှုပ်ရှားမှုကြီးကနေ စစ်အာဏာရှင်တွေ ပြုသမျှနုရမယ့် ဘဝမဟုတ်သလို ငုံ့မခံဘဲတုန့်ပြန်မယ့် သံမဏိနှင်းဆီတွေဖြစ်ကြောင်း သက်သေတည်ကြပါစို့လို့ နှိုးဆော်ထားပါတယ်။ “နှင်းဆီနီတွေအပါအဝင် အဆင်သင့်ရာပန်းတွေကို ပြည်သူလူထုက ဘုရားပန်းတင်မယ်၊ ပန်ဆင်ကြမယ်၊ အလှပန်းအိုးထိုးမယ်၊ အပြန်အလှန်လက်ဆောင်ပေးကြမယ်၊ အွန်လိုင်းပေါ်တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ်လူထုလှုပ်ရှားမှုတွေကို လုံခြုံရေးအသိ၊ သတိအပြည့်နဲ့ ဖော်ဆောင်ကြပါစို့လို့” ဒေါက်တာတေဇာဆန်းက […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ TNLA စစ်ရေးတင်းမာ၊ သီပေါ-နမ္မတူလမ်းပိုင်းကို စစ်ကောင်စီပိတ်ဆို့

June 13, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၃ (မော်ကွန်း) စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းမြောက်ဒေသမှာ တအောင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာနေပြီး နမ္မတူနဲ့သီပေါကြားလမ်းပိုင်းကို စစ်ကောင်စီက ဖြတ်တောက်ထားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ သီပေါကနေ TNLA ထိန်းချုပ်နယ်မြေ နမ္မတူကိုဖြတ်သန်းသွားတဲ့လမ်းပိုင်းကို စစ်ကောင်စီဘက်က သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက်ကစပြီး စစ်ကောင်စီဘက်က ကန့်လန့်ဖြတ်မြောင်းတူးကာ ယာဉ်တွေသွားလာလို့မရအောင် မနေ့ကစတင်ပိတ်ဆို့လိုက်တာပါ။ “သီပေါမြို့ကနေ နမ္မတူအထွက်လမ်းပိုင်းကို ပိတ်ထားတာပေါ့။ အခုတော့ မန္တလေးကနေ မူဆယ်ဘက်တက်မယ့်ကားတွေ တခြားလမ်းက ပြောင်းတက်မှရမယ်။ ဘယ်လောက်ကြာ ပိတ်ထားမယ်တော့ မသိသေးဘူး” လို့ အဲဒီလမ်းကြောင်းမှာ ကုန်ပစ္စည်းပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ဒါဟာ TNLA အုပ်ချုပ်နေတဲ့ နမ့်ဆန်နဲ့ နမ္မတူဒေသတွေကို ကုန်စည်စီးဆင်းမှုနဲ့ အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်တာဖြစ်တယ်လို့ TNLA […]

အပြည့်အစုံဖတ်ရန်

ဟင်းသီးဟင်းရွက်နဲ့အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းနှစ်ဆကျော်မြင့်တက်နေ

June 13, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၃ (မော်ကွန်း) ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေဟာ ယခုနှစ်ခြောက်လတာကာလအတွင်း နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ ကုန်စိမ်းရောင်းချတဲ့ ကုန်စည်ဒိုင်တွေရဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ဂေါ်ဖီထုပ် ၁၀၀ ရဲ့ လက်ကားဈေးဟာ အနိမ့်ဆုံးငါးသောင်းကျပ်ကနေ တစ်သိန်းကျပ်ဝန်းကျင်ပဲရှိရာက လက်ရှိမှာ အနိမ့်ဆုံးတစ်သိန်းကနေ အမြင့်ဆုံး နှစ်သိန်းလေးသောင်းကျော်ထိ ရှိလာတယ်လို့ ကုန်စိမ်းပစ္စည်းတွေရောင်းချတဲ့ တညင်းကုန်းလက်ကားဈေးရဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။ အလားတူပဲ မနှစ်က ပန်းဂေါ်ဖီ ၁၀၀ ပွင့်ကို လက်ကားဈေး အနိမ့်ဆုံး ကျပ်ငါးသောင်းကနေ တစ်သိန်းနှစ်သောင်းဝန်းကျင်ပဲ ရှိရာက လက်ရှိမှာ ကျပ်တစ်သိန်းကနေ နှစ်သိန်းလေးသောင်းထိ ရှိနေပါတယ်။ မုန်ညင်းထုပ်ဈေးဟာ မနှစ်ကတော့ ၅၀ သားကို ၇၅၀ ကျပ်ကနေ ၈၀၀ ကျပ် ဝန်းကျင်ပဲရှိရာက လက်ရှိ မှာ […]

အပြည့်အစုံဖတ်ရန်

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက စစ်တပ်ကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့တွေစီးနင်း

June 12, 2024

မုံရွာ-၂၀၂၄ ဇွန် ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာအခြေစိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးက စစ်တပ်ကင်းစခန်းတစ်ခုကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ မနေ့ကညနေပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့သလို ငါးဦးအရှင်ဖမ်းမိထားတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ စီးနင်းခံရတဲ့ စစ်ကောင်စီတပ်ရဲ့ကင်းစခန်းဟာ အင်အား ၃၀ ကျော်ရှိပြီး နမခရဲ့ တစ်မိုင်ဝန်းကျင်အကွာက ထီးတော်တင်ရွာမှာ တပ်စွဲထားတဲ့ ယာယီတပ်စခန်းဖြစ်တယ်လို့ သူကဆိုပါတယ်။ “တိုက်ပွဲကြာချိန် နာရီဝက်လောက်တော့ရှိတယ်။ ငါးယောက်အရှင်မိတယ်။ သေတာက နှစ်ဆယ်လောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်။ လက်နက်ခဲယမ်းလည်း တော်တော်ရလိုက်တယ်။ သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့ အညီထိန်းသိမ်းထားတယ်” လို့ သူကပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း ပူးပေါင်းတပ်တွေဘက်က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်တွေဆီက […]

အပြည့်အစုံဖတ်ရန်

ဗုံးခဏခဏအဖောက်ခံရတဲ့ ဇွဲထက်ရွှေဆိုင် မန္တလေးမြို့မှာပေါက်ကွဲမှုထပ်ဖြစ်

June 12, 2024

မန္တလေး-၂၀၂၄ ဇွန် ၁၂ (မော်ကွန်း) မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ်၊ ၈၄လမ်းနဲ့ ၃၄ လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှုရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ “ဗုံးပေါက်တာက ရွှေဆိုင်ရှေ့က ဆိုင်ကယ်စတန်းကြားထဲမှာပေါက်တာ။ လူအထိအခိုက်တော့ရှိတယ်။ ဇွဲထက်ရွှေဆိုင်နားလေးမှာတော့ ယာဉ်ထိန်းတွေနဲ့ ရဲတွေက လိုင်စင်စစ်နေတာ။ သူတို့စစ်နေတဲ့အချိန်ပေါက်တာ။ သူတို့နဲ့တော့နီးတယ်” လို့ အဲဒီပေါက်ကွဲမှုကို မြင်ခဲ့ရသူတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေရောက်လာပြီး ရွှေဆိုင်နဲ့ အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ အခုချိန်မှာမသိရသေးပါဘူး။ ၂၀၂၂ မတ်လ ၃၀ ရက်ကလည်း တစ်ရက်တည်းမှာ မန္တလေးမြို့ ၈၄လမ်းနဲ့ လမ်း၃၀ ထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နဲ့ ၆၂လမ်းရှိ ဇွဲထက်ရွှေဆိုင်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၃ […]

အပြည့်အစုံဖတ်ရန်

ဝိုင်းမော်မှာ လူနေအိမ်ပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

June 11, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၁ (မော်ကွန်း) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ် လူနေအိမ်တစ်လုံးအပေါ် လက်နက်ကြီးထိမှန်ကာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတချို့က ပြောပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းမှာရှိပြီး မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုက်တီး ကားလမ်းပေါ်မှာရှိတဲ့ ဘွမ်တောင် (Bum Tawng) စစ်ကောင်စီတပ်စခန်း၊ အဲဒီလမ်းပေါ်က ၁၃ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်နဲ့ ဝါရှောင်ကျေးရွာအနီးက စစ်ဆေးရေးဂိတ်တွေကို ဒီနေ့မနက်ပိုင်းက KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီနေ့လယ်ပိုင်းမှာတော့ ဝိုင်းမော်မြို့ အမှတ် (၁) ရပ်ကွက်က နေအိမ်တစ်အိမ်ကို လက်နက်ကြီးထိမှန်ခဲ့ပြီး နေအိမ်မှာရှိနေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ […]

အပြည့်အစုံဖတ်ရန်

လူနည်းစုဆလုံတိုင်းရင်းသားတွေကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းတဲ့အတွက် တချို့တိမ်းရှောင်နေကြတယ်လို့ ကူညီသူတချို့ဆို

June 11, 2024

ကော့သောင်း၊ ၂၀၂၄ ဇွန် ၁၁ (မော်ကွန်း)၏ လူနည်းစု ဌာနေတိုင်းရင်းသားလူမျိုးစုဖြစ်တဲ့ ဆလုံ(မော်ကင်း)တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် ဆလုံလူငယ်တချို့ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်နေတာတွေရှိတယ်လို့ ဆလုံအရေးဆောင်ရွက်သူတချို့က မော်ကွန်းကိုပြောပါတယ်။ “ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ ဆလုံအိမ်တွေကို လူမပေးချင်ရင် ငွေတောင်းတယ်။ ငွေပေးနိုင်တဲ့ မိသားစုတွေက ပေးကြတယ်။ ဆင်းရဲတဲ့ ဆလုံတွေကတော့ အမျိုးတွေရှိတဲ့ ထိုင်းဘက်ကို သူတို့ကလေးတွေကို ပို့လိုက်တာတွေ ဖြစ်နေတယ်” လို့ တနင်္သာရီတိုင်းအတွင်းက ဆလုံကျွန်းတွေပေါ်ကို သွားလာနေတဲ့ အမည်မဖော်လိုသူ ဆလုံအရေးကူညီသူတစ်ဦးက ပြောပါတယ်။ ဆလုံတိုင်းရင်းသားတွေဟာ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုထဲက ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသား ပင်လယ်ပျော် လူနည်းစုတွေ ဖြစ်ပါတယ်။ ၂၀၂၀ တုန်းက မော်ကွန်းက ပြုစုထားတဲ့စာရင်းတွေအရ တနင်္သာရီတိုင်းတစ်ခုလုံးမှာ ဆလုံဦးရေဟာ ၂,၆၀၀ ကျော်သာ […]

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းတိုင်းထဲကရွာသုံးရွာကို စစ်ကောင်စီလေတပ်ဗုံကြဲလို့ တစ်ပတ်အတွင်း ၅၁ ဦးသေဆုံးပြီး ၉၁ ဦးဒဏ်ရာရ

June 10, 2024

စစ်ကိုင်း-၂၀၂၄ ဇွန် ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်သုံးခုကရွာတွေကို စစ်ကောင်စီလေတပ်က အခုလ ၁၀ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် လူ ၅၁ ဦးသေဆုံးခဲ့သလို ၉၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီလေတပ်ဟာ အခုလ ၃ ရက်က မင်းကင်းမြို့နယ်ထဲက မတောရွာ မင်္ဂလာဆောင်ကို တစ်ကြိမ်၊ ၄ ရက်နဲ့ ၆ ရက်မှာ ပျဉ်းကိုင်းရွာကိုနှစ်ကြိမ်၊ ၈ ရက်မှာ မုံရွာမြို့နယ် ညောင်ပင်တဲရွာနဲ့ စစ်ကိုင်းမြို့နယ်ထဲက သပြေသာ(ခ)လက်ပံတန်းရွာကိုတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ မတောရွာက ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး မင်္ဂလာဆောင်က သတင်းပေါက်ကြားလို့ ဗုံးကြဲခံရတာဖြစ်တယ်လို့ မင်းကင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “မင်္ဂလာဆောင်မှာ ဗုံးကြဲခံရလို့ သေဆုံးတဲ့လူစာရင်းက အခုလက်ရှိဆိုရင် ၃၃ ဦးအထိရှိတယ်။ဒဏ်ရာရတဲ့သူက ၆၄ ဦးအထိရှိတယ်။ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိတယ်”လို့ […]

အပြည့်အစုံဖတ်ရန်

ဆားအုန်းဆီလိုသလောက်မရလို့ စျေးမြင့်တက်

June 10, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၀ (မော်ကွန်း) အခုရက်ပိုင်းအတွင်း ပြည်တွင်းစားသုံးတဲ့ စားအုန်းဆီဈေးကွက်အတွင်း လိုအပ်တဲ့ဆီပမာဏကို ဝယ်ယူလို့မရဖြစ်နေပြီး ဈေးနှုန်းကလည်း သီတင်းတစ်ပတ်အတွင်းမှာ တစ်ပိဿာကို ကျပ် ၂,၀၀၀ ဝန်းကျင်ထိ မြင့်တက်သွားတယ်လို့ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။ ယခုလဆန်းပိုင်းမှာ စားအုန်းဆီဆိုင်ကြီးတွေအပါအဝင် ကုန်စုံဆိုင်တွေမှာ ဆီလိုအပ်သလောက် ဝယ်ယူလို့မရတာကြောင့် ဆိုင်တွေခွဲပြီးဝယ်ယူနေရတယ်လို့ သာကေတမြို့နယ်မှာထမင်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။ “သူတို့ အသင်းဈေးနဲ့ ရောင်းပေးတာက ငါးဆယ်သားပဲရတယ်။ အပြင်မှာ ပေါက်ဈေးအတိုင်းဝယ်မယ်ဆိုလည်း မလွယ်ဘူးဖြစ်နေတယ်။ အစ်မတို့ဆိုင်ဆိုရင် တစ်ရက်ကို နှစ်ပိဿာလောက် သုံးရတော့ အရင်က ပေပါလိုက် မှာတယ်။ အခု ၂၀ လီတာပုံးနဲ့တောင် မရောင်းပေးဘူးဖြစ်နေတယ်” လို့ ၎င်းက ပြောပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ စားအုန်းဆီအခြေခံလက်ကားဈေးနှုန်းဟာ တစ်ပိဿာကို […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီလေကြောင်းကဗုံးကြဲလို့ အရပ်သားအများအပြားသေဆုံးခဲ့ရတဲ့ မတောရွာ မင်္ဂလာပွဲ

June 7, 2024

မင်းကင်း – ၂၀၂၄ ဇွန်(မော်ကွန်း) ချင်းတွင်းမြစ်ကမ်းနဖူးပေါ်မှာရှိတဲ့ ကျေးရွာလေးတစ်ရွာမှာ မနက်အစောပိုင်းကတည်းက မင်္ဂလာသီချင်းသံတွေလွင့်ပျံ့နေပြီး သစ်လွင်တဲ့အဝတ်အစားတွေဝတ်ထားကြတဲ့ ဧည့်ပရိသတ်တွေကလည်း မင်္ဂလာမဏ္ဍပ်ရှိရာကို ရောက်လာနေကြပါတယ်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရဲ့ တစ်ဖက်ကမ်း အိမ်ခြေနှစ်ရာကျော်ရှိတဲ့မတောကျေးရွာက ဒီမင်္ဂလာမဏ္ဍပ်ထဲမှာ သတို့သားနဲ့သတို့သမီးက ဧည့်ပရိသတ်တွေကို အပြုံးတွေနဲ့ကြိုဆိုပြီး ထမင်းဟင်းနဲ့တည်ခင်းဧည့်ခံပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲဟာ ရွာထဲကလူတွေအပြင် ရွာနီးချုပ်စပ်ကလူတွေပါ လာရောက်ကြတာကြောင့် စည်ကားပါတယ်။ ဇွန်လ ၃ ရက်က ကျင်းပတဲ့ သူတို့ရဲ့မင်္ဂလာပွဲဟာ မနက် ၈ နာရီဝန်းကျင်မှာတင် ဧည့်ပရိတ်သတ် တစ်ရာဝန်းကျင်လောက်ရှိနေပါပြီ။ အခုလို မင်္ဂလာအခမ်းအနားဟာ မကြာခင်မှာပဲ အမင်္ဂလာအခင်းအကျင်းဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှထင်မထားကြပါဘူး။ မနက် ၈ နာရီ မိနစ် ၂၀ လောက်မှာ “ရုတ်တရက် ဝုန်းဝုန်းဆိုပြီး ဗုံးနှစ်လုံးကျလာတယ်။ တစ်လုံးက လူစည်တဲ့နေရာနဲ့ ခပ်လှမ်းလှမ်းကျတာ။ တစ်လုံးက မဏ္ဍပ်ထဲတည့်တည့်ကျတာ။ […]

အပြည့်အစုံဖတ်ရန်

ရွှေလုပ်ငန်းရှင်အသင်းရဲ့ ဈေးနှုန်းသတ်မှတ်မှုကြောင့် အလျော့တွက်နဲ့လက်ခတွေ ပိုတိုးကောက်လာ

June 7, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၇ (မော်ကွန်း) ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ရွှေဈေးကိုသတ်မှတ်ထားပေမယ့် ရွှေဆိုင်တွေဟာ YGEA ရဲ့ သတ်မှတ်ရောင်းဈေးအပေါ် အလျော့တွက်နဲ့လက်ခတွေ ပိုတိုးကောက်ထားတာကြောင့် ဝယ်သူတွေ နစ်နာနေတယ်လို့ ရွှေဈေးကွက်လေ့လာသူတွေနဲ့ ကိုယ်တိုင်ကြုံခဲ့သူတချို့က ပြောပါတယ်။ YGEA ဟာရွှေဈေးနှုန်းကို ၄၇ သိန်း ကိုးသောင်းကျော်မှာ အရောင်းအဝယ်လုပ်ကြဖို့ ဒီနေ့မနက်ပိုင်းမှာ သတ်မှတ်ပေးထားပြီး ရွှေဆိုင်တွေကိုနေ့စဉ်ဖွင့်လှစ်ဖို့နဲ့ ဝင်ရောက်စစ်ဆေးချိန် သတ်မှတ်ချက်နဲ့မရောင်းချပါက ထိရောက်စွာအရေးယူခံရမယ်လို့လည်း ထုတ်ပြန်ထားတာပါ။ ဒီလိုထုတ်ပြန်ထားတဲ့အတွက် ရွှေဆိုင်တွေဟာ ဖွင့်လှစ်ထားပေမယ့် ရွှေဆိုင်တချို့မှာ ဝယ်ယူတဲ့ရွှေအပေါ် အလျော့တွက်လက်ခတွေတိုးမြှင့်ပြီး ရောင်းချနေကြတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတချို့က ပြောပါတယ်။ “လက်ရှိ အဲဒီလို အလျော့တွက်တွေ ပိုယူနေတာ နာမည်ကြီးရွှေဆိုင်တွေပါပဲ။ အလျော့တွက်က တစ်ကျပ်သားကို သုံးသိန်းကျော်နဲ့ အခွန်ရှစ်သောင်းကျော်ဆောင်ရသေးတယ်။ ဘာမှမထူးဘူး အပြင်ပေါက်ဈေးအတိုင်း တစ်ကျပ်သားကို […]

အပြည့်အစုံဖတ်ရန်
1 … 56 57 58 59 60 61 62 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."