ရန်ကုန် – ၂၀၂၄ မေ ၃၀ (မော်ကွန်း) လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ် လဲလှယ်နှုန်းတွေဟာ ဒီနေ့ညနေပိုင်းမှာ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပါတယ်။ မနေ့ကတော့ အမေရိကန်တစ်ဒေါ်လာကို ၄,၉၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ရာကနေ ဒီနေ့ညနေပိုင်းမှာတော့ ၄,၆၀၀ ကျပ်ဝန်းကျင်ကို ပြန်လည်ကျဆင်းခဲ့တာပါ။ အလားတူပဲ ထိုင်းဘတ်လဲလှယ်နှုန်းဟာလည်း တစ်ဘတ်ကို ၁၂၈ ကျပ် ဝန်းကျင်ထိ မြင့်တက်နေရာကနေ ဒီနေ့မှာတော့ ၁၁၅ ကျပ် ဝန်းကျင်ကို ပြန်ရောက်သွားတယ်လို့ ငွေကြေးဈေးကွက်ထဲက သိရပါတယ်။ အခုလို ဒေါ်လာနဲ့ ဘတ်တွေ အတက်အကျ ကြမ်းနေတာကြောင့် အရောင်းအဝယ်တွေလည်း ရပ်ထားရပြီး ပြင်ပမှာဝယ်လို့မရဖြစ်နေတယ်လို့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက ပြေပါတယ်။ “အရောင်းအဝယ်လုပ်တဲ့သူတွေ တော်တော်များများကတော့ ဒီအချိန် အရောင်းအဝယ်တွေ ရပ်ထားကြတယ်။ အတက်အကျအရမ်းကြမ်းနေတော့ ဒီအချိန် […]
ရန်ကုန် – ၂၀၂၄ မေ ၂၉ (မော်ကွန်း) ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဒီနေ့ညနေပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၅၈ သိန်းကျော်ကို ရောက်သွားပြီး မနေ့ကလိုပဲ အရောင်းအဝယ်တွေ ရပ်ထားရတယ်လို့ ရွှေလုပ်ငန်းရှင်တချို့ကပြောပါတယ်။ သင်္ကြန်ကာလအပြီးတည်းက တရိပ်ရိပ်နဲ့ မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေးဟာ မနေ့က နေ့လယ်ပိုင်းကတော့ တစ်ကျပ်သားကို ကျပ် ၅၃ သိန်းကျော်ရှိနေရာကနေ နာရီပိုင်းအတွင်းမှာပဲ ကျပ် ၅၅ သိန်းကျော်ကို ခုန်တက်ခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ တစ်ကျပ်သားကို ကျပ် ၅၆ သိန်းကျော်ကို ရောက်ရှိလာကာ ညနေပိုင်းမှာ ကျပ် ၅၈ သိန်းကျော်ကို ရောက်သွားတာဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ တစ်ကျပ်သားကို ကျပ် ၅၅ သိန်းကျော်ကို ရောက်သွားတဲ့အချိန်မှာထဲက ရွှေဆိုင်အားလုံးဟာ အရောင်း၊ အဝယ် အကုန်ရပ်တန့်သွားကြပြီလို့ […]
ယင်းမာပင်-၂၀၂၄ မေ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာလို့ စစ်ဘေးရှောင်စခန်းတွေမှာ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တွေမှာ မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့တာပါ။ “စစ်ရှောင်ကတော့ မိုးအရမ်းရွာတဲ့အခါကျတော့ မိုးကာမလုံလောက်ဘူးပေါ့ဗျာ။ စစ်ရှောင်စခန်းတွေမှာ မိုးကာတွေမလုံလောက်တဲ့ကိစ္စက သက်ကြီးရွယ်အိုတွေကော ညရွာရင် ညမအိပ်ရဘူး၊ နေ့ရွာရင် နေ့မအိပ်ရဘူး။ အဲဒီလိုအခြေအနေတွေကိုတော့ ကျွန်တော်တို့နဲ့နီးစပ်တဲ့ တော်တော်များများ စစ်ရှောင်စခန်းတွေမှာ ကြုံရတယ်။ စားနပ်ရိက္ခာထပ် မိုးကာပိုအရေးကြီးနေတယ်လို့ ပြောလို့ရတယ်” လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူကပြောပါတယ်။ အဲဒီအပြင် တချို့စစ်ရှောင်စခန်းတွေအနီးက ချောင်းတွေ၊ မြောင်းတွေကလည်း မိုးများလို့ရေကြီးတဲ့အတွက် ယာယီတံတားတွေပျက်စီးပြီး စားနပ်ရိက္ခာမပို့နိုင်တာတွေလည်း ကြုံနေရတယ်လို့ ကိုလွမ်းသူက ဆိုပါတယ်။ “ချောင်းတွေမြောင်းတွေ ရေကျလာတဲ့အခါမှာ […]
ရန်ကုန် – ၂၀၂၄ မေ ၂၉ (မော်ကွန်း) ဖားအံကနေ မြဝတီကိုသွားတဲ့ ထို့ကော်ကိုးလမ်းပိုင်းကို မိုးတွင်းကာလဖြစ်လို့ယာယီပိတ်လိုက်တာကြောင့် ကုန်သွယ်မှုကြန့်ကြာနေတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတချို့ကပြောပါတယ်။ ဒေါနတောင်ကျော်လမ်းတစ်ခုဖြစ်တဲ့ ထို့ကော်ကိုး-နဘူး-မြဝတီ လမ်းပိုင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင်ပြည်နယ်မှာ မိုးကြီးခဲ့တာကြောင့် မြေသားလမ်းပိုင်းတွေပြိုကျခဲ့ပြီး လမ်းချော်နေတာကြောင့် သွားလာလို့မရဖြစ်နေတာပါ။ အဲဒီလမ်းကိုပိတ်လိုက်ပြီး ဒေါနတောင်ကိုဖြတ်ဖောက်ထားတဲ့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းကနေ သွားလာခွင့်ပေးထားပေမယ့် မြဝတီဘက်အဆင်း ကုန်တင်ယာဉ်တွေကိုပဲ သွားခွင့်ပေးထားပြီး ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေကို ဖြတ်ခွင့်မပေးသေးဘူးလို့ မြဝတီနယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ “လမ်းဟောင်းကလည်း အရမ်းတော့မကောင်းဘူးပေါ့၊ သူက ရွှံလမ်းလည်းမဟုတ်ဘူး၊ အဲဒီအတွက် ဆင်းတာတော့ရတယ်။ အဲဒီလမ်းက နည်းနည်းကျဉ်းတော့ အတက်အဆင်းမှာ သီးခြားစီလွှတ်ပေးနေတာပေါ့။ အခုတော့ မြဝတီအဆင်းကားတွေ လွှတ်ပေးနေတယ်” လို့ ၎င်းကုန်သည်က ပြောပါတယ်။ မြဝတီကုန်သွယ်ရေးမှာ အဓိကထားနေရတဲ့ […]
ရန်ကုန် – ၂၀၂၄ မေ ၂၈ (မော်ကွန်း) ဒီနေ့လယ်ပိုင်းကစပြီး ရွှေနဲ့နိုင်ငံခြားငွေလဲနှုန်းတွေ ရုတ်တရက်ခုန်တက်လာပြီး မြန်မာငွေတန်ဖိုး ထိုးကျသွားတဲ့အတွက် အများပြည်သူသုံးကုန်စည်တွေပါ ဈေးတက်လာမယ့်အပေါ် စီးပွားရေးလေ့လာသုံးသူတချို့နဲ့ ပြည်သူတချို့က စိုးရိမ်နေကြပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်လုပ်နေကြတဲ့ အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းဟာ မနက်အဖွင့်ဈေးမှာ ကျပ် ၅၃ သိန်းကျော်ကနေ ဒီညနေအပိတ်ဈေးမှာ ၅၅ သိန်းကျော်အထိ ခုန်တက်သွားပြီး အရောင်းအဝယ်တွေပါ ရပ်ကုန်တယ်လို့ ဈေးကွက်ထဲမှာ ရောင်းဝယ်နေသူတချို့က ပြောပါတယ်။ ဒါအပြင် မြန်မာ့ကုန်သွယ်ရေးမှာ အရေးပါတဲ့ငွေကြေးတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ် ဈေးနှုန်းတွေဟာလည်း တရှိန်ထိုးတက်လာနေပြီ အချိန်နဲ့အမျှ မြန်မာငွေတန်ဖိုးထိုးကျသွားနေတာပါ။ အမေရိကန်တစ်ဒေါ်လာကို ၄,၄၀၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၂၅ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၆၃၂ ကျပ်အထိ ဈေးကွက်ထဲမှာ လဲလှယ်နေကြရတာဖြစ်ပြီး စစ်ကောင်စီဗဟိုဘဏ်က ဒီအခြေအနေကို […]
ပင်လောင်း-၂၀၂၄ မေ ၂၈ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေ စတဲ့မြို့နယ်တွေမှာ ယခုနှစ် ဇန်နဝါရီကနေ အခုလ ၁၈ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လေးလကျော်အတွင်း အရပ်သား ၇၅ ဦးသေဆုံးပြီး ၉၉ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဒီနေ့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၇၅ ဦးထဲမှာ ၁၈ နှစ်အောက်ကလေးငယ် ၁၃ ဦးပါဝင်ပါတယ်။ အဲဒီကလေးငယ်တွေထဲက လသားအရွယ်ကနေ ၁၅ နှစ်အရွယ်ရှိတဲ့ ကလေးငယ် ၁၁ ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရှောင်နေစဉ် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမမီတာကြောင့် သေဆုံးခဲ့ပြီး ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ်နှစ်ဦးကတော့ […]
ရန်ကုန် – ၂၀၂၄ မေ ၂၇ (မော်ကွန်း) ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ဟာ ဧရာဝတီမြစ်ကူးဗလမင်းဒင်တံတားပဲခြားပြီး KIA ရဲ့ ထိုးစစ်ဟာလည်း ဝိုင်းမော်မြို့ပေါ်ထိကို ရောက်ရှိလာတာပါ။ ဝိုင်းမော်-ဗန်းမော် လမ်းပိုင်းတစ်လျှောက်က စစ်ကောင်စီစခန်းကုန်းတွေကို KIA ပူးပေါင်းတပ်တွေက ယခုလဆန်းပိုင်းကစပြီး ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ KIA ပူးပေါင်းတပ်တွေဟာ ဝိုင်းမော်မြို့တွင်းထိ ထိုးဖောက်လာနိုင်ခဲ့ပြီး မြို့အထွက်လမ်းမှာရှိတဲ့ ခမရ ၃၂၁ တပ်စခန်းကိုလည်း KIA က သိမ်းပိုက်လိုက်ပါတယ်။ စစ်ကောင်စီတပ်ကလည်း KIA ထိုးစစ်ကို ခုခံဖို့ မြစ်ကြီးနားဘက်ကနေ အတွဲလိုက်ဒုံးတွေ အပါအဝင် လက်နက်ကြီးတွေပစ်ခတ်နေသလို […]
ရန်ကုန်-၂၀၂၄ မေ ၂၄ (မော်ကွန်း) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က မစောတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ခရီးသည်တင်ကားတွေ ယနေ့ထိ မပေးဆွဲနိုင်သေးဘူးလို့ အဝေးပြေးကားလက်မှတ်အရောင်းဌာနတွေက မော်ကွန်းကိုပြောပါတယ်။ “အခုလောလောဆယ်တော့ ကားတွေမထွက်သေးပါဘူး။ ပြန်ထွက်နိုင်မယ့်ရက်လည်း အတိအကျတော့ ပြောလို့မရသေးပါဘူး။ လမ်းကြောင်းအခြေအနေပေါ်မူတည်ပါတယ်”လို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းက JJ Express လက်မှတ်အရောင်းဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မစောတံတားအနီးက ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ အဝေးပြေးကားတချို့နဲ့ အိမ်စီးယာဉ်ငယ်တွေက ရွာချင်းဆက်လမ်းတွေကနေ ရှောင်ကွင်းသွားလာနေကြပေမယ့် ခရီးသည်တင်ယာဉ်တွေတော့ မပြေးဆွဲနိုင်သေးပါဘူး။ ရန်ကုန်-ဘားအံကုန်ကားမောင်းသူတစ်ဦးကလည်း ရွာချင်းဆက်လမ်းတွေကနေသွားလာနေရတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။ “သွားတာက သွားလို့ရတယ်။ ဘီးလင်းတိုးဂိတ်နားကနေ ရွာကွင်းလမ်းရှိတယ်။ ရွာလမ်းသုံးလို့ ရွာကို နှစ်သောင်းသုံးသောင်းပေးပြီးသွားလို့ရတယ်။ ဒါပေမယ့်လမ်းကျဉ်းတော့ ဟိုဘက်ဒီဘက်ကားထိပ်တိုက်တွေ့ရင် သွားမရတော့ဘူး။ ခရီးသည်တင်ကားတွေသွားတာတော့မတွေ့သေးဘူး” ရွာချင်းဆက်လမ်းတွေကနေ သွားတဲ့အခါမှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အန္တရာယ်များတဲ့အပြင် လမ်းကျဉ်းတာကြောင့် […]
မန္တလေး – ၂၀၂၄ မေ ၂၄ (မော်ကွန်း) မန္တလေးမြို့ပေါ်က စစ်ကောင်စီတပ် ကင်းတဲနဲ့ ရဲစခန်းကို အခုလ ၂၁ ရက်က ဗုံးခွဲတိုက်ခိုက်မှုအတွင်း မြို့ပြပြောက်ကျားရဲဘော်တစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship People Defence Force (NMD) အဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ၎င်းအဖွဲ့ဟာ အခုလ ၂၁ ရက်မှာ စစ်ကောင်စီက ၁၀၂၇ ယတြာချေတဲ့အနေနဲ့ သံဃာ ၁၀,၂၇၂ ပါးကို ဆွမ်းလောင်းပွဲလုပ်တဲ့အချိန် ချမ်းမြသာစည်မြို့နယ်ထဲက မြဝတီဘဏ်ရှေ့မှာရှိတဲ့ စစ်ကောင်စီအစောင့်ကင်းတဲကို မနက် ၁၁ နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့သလို အဲဒီနေ့ ညနေပိုင်းမှာ မဟာအောင်မြေမြို့နယ်က အမှတ် ၇ ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ […]
ရန်ကုန်-၂၀၂၄ မေ ၂၄ (မော်ကွန်း) ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မနက်မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ရန်ကုန်၊ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ နောက်သုံးရက်အတွင်း မိုးကြီးနိုင်သလို လေပြင်းတိုက်ခတ်မှုတွေပါဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီမုန်တိုင်းအရှိန်ကြောင့် လာမယ့် မေ ၂၇ ရက် အထိနောက်သုံးရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေအပါအဝင် ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်သလို နေရာကွက်ပြီးမိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ဆိုထားတာပါ။ အဲဒီမုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိလို့ အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးဇလက ဆိုပါတယ်။ လက်ရှိအချိန်မှာလည်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရွာသွန်းနေပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ […]
ရန်ကုန် – ၂၀၂၄ မေ (၂၄ မော်ကွန်း) ပြည်တွင်းမှာ မွေးမြူရေးအစာထုတ်လုပ်တဲ့ အကြီးစားစက်ရုံတစ်ခုက လုပ်ငန်းတွေရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပြီးနောက် မွေးမြူရေးအစာဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတယ်ပြီး ခြံဖမ်းဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ တိရိစ္ဆာန်မွေးမြူရေးအစာ ရောင်းချတဲ့ဆိုင်တွေနဲ့ မွေးမြူရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။ ကြက်သားပေါက်တွေကို ကျွေးရတဲ့ အစာဈေးနှုန်းဟာ မေလဆန်းပိုင်းက ကီလိုဂရမ် ၅၀ ပါ တစ်အိတ်ကို ကျပ် ခုနစ်သောင်းခွဲဝန်းကျင်ရှိရာက လက်ရှိမှာ တစ်အိတ်ကို ကျပ်ရှစ်သောင်းခွဲခန့်ရှိနေပြီး ဥစားကြက်အစာဈေးနှုန်းဟာလည်း ကီလိုဂရမ် ၅၀ ကို ကျပ် ခုနစ်သောင်းခွဲဝန်းကျင်ပဲ ရှိရာကနေ ကျပ် ကိုးသောင်းဝန်းကျင်ကို မြင့်တက်သွားတယ်လို့ မွေးမြူရေးအစာ ရောင်းဝယ်တဲ့ဆိုင်တွေဆီက သိရပါတယ်။ အဲဒီလို တိရစ္ဆာန်မွေးမြူရေးမှာ ပုံမှန်ကျွေးမွေးနေရတဲ့ အစာဈေးနှုန်းတွေ မြင့်တက်လာကြောင့် ကြက်၊ ဘဲ၊ ဝက် ခြံဖမ်းဈေးတွေလည်း မြင့်တက်လာတာလို့ […]
ရန်ကုန်-၂၀၂၄ မေ ၂၃ (မော်ကွန်း) ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာကာ မနက်ဖြန် မေ ၂၄ ရက်မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပြီး အဲဒီအရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တင်္နသာရီ၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်က သတင်းထုတ်ပြန်ပါတယ်။ မိုးလေဝသလေ့လာခန့်မှန်းသူတချို့ကတော့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းကို စတင်ရောက်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်တွေကို ရောက်ရှိနိုင်ပေမယ့် မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်နိုင်မယ့် အခြေအနေမရှိကြောင်း တွေ့ရတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မိုးဇလရဲ့ ဒီနေ့ညနေအထိခန့်မှန်းချက်မှာတော့ နေပြည်တော်၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."