သတင်းများ

မင်းပြားတွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သားတစ်ဦးသေ၊ လေးဦးဒဏ်ရာရ၊ တိုက်ပွဲ ဆက်လက်ပြင်းထန်ဦးမည်ဟု AA ပြော

February 28, 2020

ကျော်ဇေယျ ရန်ကုန် -၂၀၂၀ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) မင်းပြားမြို့နယ်မှာ မြန်မာ့တပ်မတော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက ဒီနေ့လည်ကပြောပါတယ်။ ဒီနေ့မနက် ၂ နာရီလောက်မှာ မင်းပြားမြို့အနီး၊ ကြက်ဆင်တံတားအနီးမှာ ရေကြောင်းကနေ ချီတတ်လာတဲ့ မြနမာ့တပ်မတော် စစ်သင်္ဘောသုံးစီးကို AA တပ်ဖွဲ့တွေက ဖြတ်တိုက်ခဲ့ပြီး ၁၀ မိနစ်လောက်ကြာတဲ့ ဒီတိုက်ပွဲမှာ တပ်မတော်ရဲ့ စစ်သင်္ဘောတစ်စီး အထိအခိုက်အကျအဆုံးများခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။ “ အဲဒီမှာ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ဆန်ဟာ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်ကို ကျရောက် ပေါက်ကွဲပြီးတော့မှ အမျိုးသမီးတစ်ဦးသေဆုံးပြီးတော့ နောက်ထပ်လေးဦး ဒဏ်ရာရရှိခဲ့တာရှိတယ်” လို့ သူက မော်ကွန်းကို ပြောပါတယ်။ ဒါအပြင် ဒီနေ့မနက် […]

အပြည့်အစုံဖတ်ရန်

အင်ဂျင်နီယာတစ်ဦးကို AA ပြန်လွှတ်ပေး

February 25, 2020

ကျော်ဇေယျ ရန်ကုန်- ၂၀၂၀ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း) ရက်ပေါင်း ၁၂၀ ကြာ ထိန်းသိမ်းထားတဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က အင်ဂျင်နီယာတစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။ အင်ဂျင်နီယာ ဦးကျော်ဇင်ထွန်းကို ရသေ့တောင်မြို့နယ်၊ ရီပိုက်ဆံရွာမှာ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတွေထံ မနေ့ ညနေ ၃ နာရီ ခွဲလောက်မှာ လုံခြုံစွာအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကုန်းပုထိုးရွာနေ မြို့ပြတံတားပြုပြင်ထိန်းသိမ်းရေးဌာနခွဲက အငယ်တန်း အင်ဂျင်နီယာ (၄) ဖြစ်သူ ဦးကျော်ဇင်ထွန်းကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးမှာ ရွှေနဒီ ခရီးသည် သင်္ဘောပေါ်ကနေ ၂၀၁၉၊ အောက်တိုဘာ ၂၆ မှာ AA က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

လေဆိပ်-ဆူးလေယာဉ်လိုင်း ဘတ်စ်ကားများအားလုံး ပုံမှန်ပိုးသတ်ဆေးဖျန်းမည်

February 24, 2020

ဂေထော ရန်ကုန် -၂၀၂၀ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း) ရန်ကုန်လေဆိပ်မှ ဆူးလေသို့ ပြေးဆွဲနေသည့် အထူးယာဉ်လိုင်းများအားလုံးကို ကုမ္ပဏီအစီအစဉ်ဖြင့် တစ်ပတ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးထွန်းထောက်ဝင်းက ပြောသည်။ လေဆိပ်-ဆူးလေယာဉ်လိုင်းသည် ရန်ကုန်ဘူတာကြီး၊ လေဆိပ်၊ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးရောက်သည်အထိ ပြေးဆွဲနေခြင်းကြောင့် စီးနင်းသူ ပြည်တွင်းပြည်ပခရီးသည်အားလုံးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ထားရမည်ဟု သူကဆိုသည်။ “ သန့်ရှင်းရေးလုပ်ပြီးတော့ လေဆိပ်ကားအကုန်လုံးကို ပိုးသတ်ဆေးလုပ်ဖို့အတွက်ကို ကျွန်တော်တို့ စီစဉ်နေတယ်ဗျ”ဟု ၎င်းက ဆိုသည်။ ပုံမှန်ပိုးသတ်ဆေးဖျန်းမှုနှင့်ပတ်သက်ပြီး ယမန်နေ့က အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ခရီးစဉ်အမှတ် 8M – 802 ဖြင့် တောင်ကိုရီးယားနိုင်ငံ ၊ အင်ချွန်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ယမန်နေ့ နံနက် […]

အပြည့်အစုံဖတ်ရန်

ငပလီကမ်းခြေ ပုလဲကျွန်းတွင် ဝေလငါးတစ်ကောင် ကမ်းတင်

February 23, 2020

ကျော်ဇေယျာထွန်း ငပလီ၊ ဖေဖော်ဝါရီ- ၂၁ ငပလီကမ်း‌ခြေမြို့ ၊ ပုလဲကျွန်းတွင် ဝေလငါးအသေတစ်ကောင် ယနေ့တွင် ကမ်းတင်ခဲ့သည်။ ဝေလငါးအသေသည် ယမန်နေ့က ပုလဲကျွန်းအနီးပင်လယ်ပြင်တွင် မျောနေရာမှ ယခုလို ကမ်းတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဝေလငါးအသေကို လွန်ခဲ့သည့် သုံးရက်က အုန်းတစ်ပင်ကျွန်းအနီးတွင် ငါးဖမ်းသမားများ တွေ့ခဲကြောင်း၊ မြောက်လေတိုက်သဖြင့် ယခုလို ငပလီကမ်းခြေဘက်သို့ ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံ ရေလုပ်သားများက ဆိုသည်။ ” ငါးမှာပတ်နေတဲ့ ပိုက်က ကမ်းနားမှာ သုံးတဲ့ပိုက်၊ ရေထဲ မျောလာရင်း ပိုက်နဲ့ငြိတာ” ဟု ပုလဲကျွန်းသို့ ဧည့်ဆွဲစက်လှေမောင်းသူ ဦးမင်းနိုင်က ဆိုသည်။ ဝေလငါးအသေကို ဒေသခံ လူကြီး၊ လူငယ်၊ ကလေးများနှင့် ခရီးသွားဧည့်သည်တချို့ လာရောက်ကြည့်ရှုလျက်ရှိသည်။ ငပလီကမ်းခြေမြို့ ၊ ဂြိတ်တောရပ်ကွက်( ပုလဲကျွန်း)သို့ ဝေလငါးအသေကမ်းတင်ခြင်းသည် […]

အပြည့်အစုံဖတ်ရန်

ဗစ်တိုးရီးယား တရားမျှတမှုပေါ်ပေါက်ရန် နေပြည်တော်တွင် ဆန္ဒပြ

February 23, 2020

ဖေဖော်ဝါရီ ၊ ၂၂ နေပြည်တော် လူဦးရေ တစ်ရာဝန်းကျင်ဖြင့် ယနေ့နံနက် (၁၀) နာရီက နေပြည်တော်၊ ပျဉ်းမနား အောင်မင်္ဂလာကားဝင်းဟောင်းတွင် ဗစ်တိုးရီးယားအမှု တရားမျှတမှုပေါ်ပေါက်ရန် ဆန္ဒပြခဲ့ကြသည်။ သတင်းဓာတ်ပုံ – ကောင်းထက်စံ #Dailynews

အပြည့်အစုံဖတ်ရန်

တောင်ကိုရီးယား၊ အင်ချွန်းပြန် မြန်မာအမျိုးသားတစ်ဦး နေမကောင်းသဖြင့် ရန်ကုန်လေဆိပ်မှ ဝေဘာဂီဆေးရုံသို့ပို့ဆောင်

February 23, 2020

ဖေဖော်ဝါရီ ၂၃၊ ရန်ကုန် တောင်ကိုရီးယားနိုင်ငံ ၊ အင်ချွန်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ယနေ့နံနက်ပိုင်းက ပြန်ရောက်လာသော မြန်မာအမျိုးသားတစ်ဦးအား လေဆိပ်ဘတ်စ်ကားပေါ်မှ မြောက်ဥက္ကလာ၊ ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း လေဆိပ်ရဲမှတ်တမ်းမှသိရသည်။ အဆိုပါ အမျိုးသားသည် လေဆိပ်ဘတ်စ်ကားပေါ်ရောက်ချိန်တွင် နေမကောင်းသဖြင့် ဆေးရုံပို့ပေးရန်ပြောဆိုခဲ့ပြီးနောက် လေဆိပ်ကျန်းမာရေးဌာနခွဲမှ လာရောက်ခေါ်ဆိုခဲ့ပြီး စစ်ဆေးမှုတွင် ဝူဟန်ဗိုင်းရပ်သံသယမတွေ့ရှိရကြောင်း မှတ်တမ်းတွင် ပါရှိသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ခရီးစဉ်အမှတ် 8M – 802 ဖြင့် ပြန်လာသော အဆိုပါ အမျိုးသားအား ဆူးလေ – လေဆိပ်ပြေးဆွဲသော OMNI FOCUS ကုမ္ပဏီပိုင် ဘတ်စ်ကား 4P/1158 ပေါ်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး မြောက်ဥက္ကလာကူးစက်ရောဂါဆေးရုံ (ဝေဘာဂီ) သို့ပို့ဆောင်ထားသည်ဟု ပါရှိသည်။ Photo – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

ရခိုင်တိုက်ပွဲများနှင့်ပတ်သက်၍ တက္ကသိုလ်ပေါင်းစုံကျောင်းသားသမဂ္ဂများ ဆိုင်းဘုတ်ကိုင်လမ်းလျှောက်

February 23, 2020

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် အင်တာနက်လိုင်းဖြတ်တောက်ခံရခြင်း၊ လူသားချင်းစာနာမှု အကူအညီများအား ပိတ်ပင်ထားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့သည် ဆက်လက်ဖြစ်ပွားနေကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့ချူပ်ကဆိုသည်။ ထိုကဲ့သို့ဖြစ်ရပ်များနှင့် ပတ်သက်၍ ရန်ကုန်ရှိတက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂများ ပူးပေါင်းကာ ယနေ့ ကမာရွတ်မြို့နယ်ရှိ ဆင်ရေတွင်းမှတ်တိုင်မှ လှည်းတန်းစင်တာအထိ ဆောင်ပုဒ်များကိုင်တောင်ကာ လူအင်အား ၁၀၀ ကျော်ဖြင့် လမ်းလျှောက် လှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုတွင် အင်တာနက်ဖြတ်တောက်သတင်းအမှောင်ချမှုချက်ချင်းရပ်၊ စာသင်ကျောင်းအပေါ်လက်နက်ကြီးကျမှုအပေါ်တာဝန်ယူမှုတာဝန်ခံမှုချက်ချင်းပေး၊ပြည်တွင်းပြည်ပသတင်းမီဒီယာများလွတ်လပ်စွာသတင်းရယူနိုင်ရေး စသည်တို့ဖြင့် ကြေးကြော်ခဲ့ကြသည်။ သတင်း၊ ဓါတ်ပုံ – ဂေထော #Dailynews

အပြည့်အစုံဖတ်ရန်

အရပ်သားထိန်းချုပ်မှုအောက်မှာ တပ်မတော်ရှိရေး စိုးရိပ်ဖွယ်မရှိဟု ဒေါက်တာမင်းဇော်ဦးဆို

February 19, 2020

Photo – Kay Htaw    စာအုပ်နှင့်ပတ်သက်သည့်အကြောင်းများကို သိရှိလိုသူများက မေးမြန်း၍ ဒေါက်တာမင်းဇော်ဦးက ဖြေကြားနေစဥ် ဂေထော၊ ရန်ကုန် ၂၀၂၀ – ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်နေရာ၌ အရပ်သားထိန်းချုပ်မှုအောက်မှာ တပ်မတော်ထားရှိရေးသည် တပ်မတော်အနေဖြင့် စိုးရိပ်စရာမရှိကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု ၊ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။ ယမန်နေ့က မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု (MIPS) က ဦးဆောင်ပြီး ရန်ကုန်မြို့၌ “ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဠာန်းဥပဒေများတွင် ပြဠာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဥ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဥ်စားစရာများ” စာအုပ်မိတ်ဆက်ပွဲတွင် မီဒီယာများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပါဝင်သည့် […]

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါပိုးရှိ၊ မရှိ စတင် စစ်ဆေးနိုင်တော့မည်ဟုဆို

February 19, 2020

ဂေထော၊ ရန်ကုန် ၂၀၂၀ – ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးရှိ၊ မရှိ ကိုယ်တိုင်သီးခြားဓါတ်ခွဲစစ်ဆေးခြင်း (independent testing) ကို မြန်မာနိုင်ငံ၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ပညာရှင်များနှင့် စက်ပစ္စည်းများ အဆင့်သင့်ရှိနေပြီဖြစ်သဖြင့် ဓာတ်ခွဲပစ္စည်း (Primers, Probes and Reagents) များရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း၊ ယမန်နေ့အထိ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာမရှိသေးကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဓာတ်ခွဲပစ္စည်းများ လက်ခံရရှိခဲ့ပြီးနောက် လက်ရှိ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်း သတ်မှတ်ချက်၊ ညွှန်ကြားချက်အတိုင်း လူနာများထံမှဓာတ်ခွဲနမူနာများတွင် COVID-19 […]

အပြည့်အစုံဖတ်ရန်

ဗစ်တိုရီးယား၏အချက်အလက်များထုတ်ဖော်ခဲ့သည့် ရဲအရာရှိများကို တရားစွဲရန် သမ္မတရုံးမှပြန်စာမလာသေး

February 19, 2020

သဇင်လတ် ရန်ကုန်-ဖေဖော်ဝါရီ ၁၉ ဗစ်တိုရီးယား၏ ကိုယ်ရေးအချက်အလက်များကိုထုတ်ဖော်ခဲ့သည့်ရဲအရာရှိများအား တရားစွဲဆိုရန် ဇန်နဝါရီလအတွင်း သမ္မတထံ ခွင့်ပြုမိန့်တင်ထားရာ ယခုအချိန်အထိ စာလက်ခံရရှိသည့် အကြောင်းပြန်စာပင်မရရှိသေးကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေ များအသင်း၏အထွေထွေအတွင်းရေးမှူး၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။ ခွင့်ပြုမိန့်တောင်းထားသည်မှာတစ်လကျော်ကြာပြီဖြစ်ပြီး “သမ္မတဆီတင်ထားတာ လက်ခံရရှိကြောင်းပြန်စာတောင်မရသေးဘူး” ဟု ၎င်းကဆိုသည်။ နေပြည်တော်ရှိ Wisdom Hill အမည်ရှိမူကြိုကျောင်းတွင် အသက်သုံးနှစ်အရွယ်ကလေးငယ် မဖွယ်မရာပြုကျင့်ခံရမှုတွင် လူအများကကာယကံရှင် ကလေးငယ်၏ နာမည်အရင်းကိုထုတ်မပြောဘဲ ဗစ်တိုရီးယားဟုသာခေါ်ဆို ကြသော်လည်း ၂၀၁၉ ဒီဇင်ဘာ ၁၉ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိများက ကလေးနာမည်နှင့်ကိုယ် ရေးအချက်အလက်များထုတ်ပြောခဲ့သည့်အပြင် နောက်တစ်ရက်တွင် ရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာဖြစ်သော ရဲဇာနည်တွင် အမှုပါအချက်အလက်များကို ထပ်မံဖြန့်ဝေခဲ့သည်။ အချက်အလက်များ ထုတ်ပြန်ခဲ့သည့် ရဲအရာရိများကို တရားစွဲရန် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၉၇(၁) အရ […]

အပြည့်အစုံဖတ်ရန်
1 … 272 273 274 275 276 277 278 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."