ဂေထော ရန်ကုန်၊၂၀၂၀၊ မတ် – ၁၁ (မော်ကွန်း) ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် စက်ရုံ ၂၁ ရုံအထိ ပိတ်သွားတာကြောင့် အလုပ်သမား ၈,၉၀၀ ကျော် အလုပ်ပြုတ်ခဲ့ ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) က ပြောပါတယ်။ တရုတ်နိုင်ငံမှာစတင်ဖြစ်ပွားကာ လက်ရှိမှာ ကမ္ဘာ့နိုင်ငံတစ်ရာကျော်ကို ပျံ့နှံ့နေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြောင့် တရုတ်ကုန်ကြမ်းနဲ့အဓိကလည်ပတ်နေတဲ့ အထည်ချုပ်လုပ်ငန်းအများစုအတွက် ကုန်ကြမ်းရှားပါးမှုတွေ ဖြစ်ပေါ်ကာ စက်ရုံတွေပိတ်ကြရတာပါသလို အလုပ်ရှင်၊ အလုပ်သမားမပြေလည်မှုတွေကြောင့်လည်း ပိတ်သိမ်းကြတာ ဖြစ်တယ်လို့ CTUM က လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။ “ လောလောဆယ်မှာတော့ အလုပ်ရှင်အများစုကနေ ထွက်နေတဲ့အသံအရတော့ ကုန်ကြမ်းပြတ်လပ်တာထက် သူတို့က အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးမကောင်းလို့ပေါ့နော်။ သူတို့ (အလုပ်ရှင်) […]
အောင်ထူးနိုင် မတ်၊ ၁၁ ၊ ရန်ကုန် ပဲခူးတိုင်းအနောက်ပိုင်း ၊ အုတ်ဖိုမြို့နယ် အ.ထ.က ကျောင်းအနီး ရွာမရပ်ကွက်တွင် ယနေ့နံနက် (၉) နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသားများ ဖြေဆိုခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း အုတ်ဖိုမြို့ ဒေသခံတစ်ဦးက မော်ကွန်းသို့ ပြောသည်။ လက်ရှိအချိန်တွင် မီးငြိမ်းသွားပြီဖြစ်ပြီး ကျောင်းသားများ ပြန်လည်ဖြေဆိုနေကြပြီဖြစ်သော်လည်း ကျောင်းသားအားလုံးစာမေးပွဲခန်းသို့ ပြန်လည်ရောက်ရှိခြင်းရှိမရှိကို အုတ်ဖိုမြို့နယ် ပညာရေးမှူးရုံးသို့ မော်ကွန်းက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။ မီးလောင်မှုကြောင့် နေအိမ်လေးလုံးခန့် ဆုံးရှုံးပျက်စီးခဲ့ပြီး မီးလောင်ရသည့်အကြောင်းအရင်းကို အုတ်ဖိုမြို့နယ်မီးသတ်တပ်ဖွဲ့သို့ မေးမြန်းရာ စစ်ဆေးနေဆဲဖြစ်သည်ဟုသာ ပြန်လည်ဖြေဆိုသည်။ #Dailynews
ဓါတ်ပုံ – ဂေထော #Dailynews
ဗညားကျော်၊ ရန်ကုန် – ၂၀၂၀ မတ် ၁၀ (မော်ကွန်း) ‘မသန်မစွမ်း’ တပ်မတော်သားလို့သုံးနှုန်းထားတာကို ‘မသန်စွမ်း’ လို့ ပြောင်းသုံးနှုန်းဖို့ ထောက်ခံမဲရရုံမှလွဲပြီး ကျန်ပြင်ဆင်ချက်မှန်သမျှ လိုအပ်တဲ့ထောက်ခံမဲမရဘဲ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ကျင်းပတဲ့ ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်နိုင်ရေး မဲခွဲဆုံးဖြတ်ပွဲ ပထမနေ့ဟာ ပြီးဆုံးခဲ့ပါတယ်။ အခြေခံဥပဒေပုဒ်မ ၃၂(က)နဲ့(ခ)မှာ သုံးနှုန်းထားတဲ့ ‘မသန်မစွမ်း’ ဆိုတဲ့စကားရပ်အစား ‘မသန်စွမ်း’ လို့ ပြင်ဆင်ချက်တွေသာ လိုအပ်တဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုရခဲ့ပါတယ်။ ကျန်ပုဒ်မ တစ်ခုမျှလိုအပ်တဲ့ ထောက်ခံမဲမရရှိခဲ့ပါ။ ပုဒ်မ-၆(ဃ)၊ပုဒ်မ-၇ နဲ့ပုဒ်မ-၃၉ တို့မှာဖော်ပြထားတဲ့ “ စစ်မှန်၍စည်းကမ်းပြည့်ဝသော” ဆိုတဲ့ အသုံးအနှုန်းကို ပြင်ဆင်ဖို့ ကြိုးပမ်းချက် အရာမရောက်ခဲ့သလို ပုဒ်မ-၆(စ) ရဲ့ “ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့ စကားရပ်ကိုလည်း […]
အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ မတ် ၁၀ (မော်ကွန်း) မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် မြဝတီမြို့ရှိ BGF ဆက်ဆံရေးရုံး၌ ယနေ့မွန်းလွဲပိုင်းက လွတ်လပ်စွာ သတင်းရယူခွင့်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။ “အဓိက ဆွေးနွေးဖြစ်တာကတော့ သတင်းထောက်နှစ်ယောက် ထိန်းသိမ်းခံရတဲ့ ကိစ္စဖြစ်တယ်။ ဒါက အောက်ခြေက လူတွေနဲ့ တွေ့ပြီး ဒီလိုဖြစ်သွားတယ်ဆိုတာ ပြောတယ်၊ အဲဒီလူတွေကိုလည်း အရေးယူပြီးပြီဆိုတာလည်း ပြောတယ်။ နောင်မှာ သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ပြောတယ်”ဟု ဦးကျော်စွာမင်းက ပြောသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကောင်စီဝင်တစ်ဦးတို့က သတင်းသမားများ၏ အခွင့်အရေးကာကွယ်ခြင်း၊ သတင်းရယူခွင့်နှင့် သတင်းသမားများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာများကို ပြန်လည်ဆွေးနွေးခဲ့ပြီး နောင်တွင်ယခုလို ကိစ္စရပ်မျိုးမဖြစ်စေရေး […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ မတ် ၁၀ (မော်ကွန်း) တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ စစ်ရေးပဋိပက္ခများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ရိက္ခာသယ်ယူခွင့် ဖြတ်တောက်ခံထားရသည့်အတွက် စားနပ်ရိက္ခာသယ်ယူရေးကော်မတီကို ပလက်ဝဒေသခံများဖြင့် မတ်လ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည်ဟု ကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းလှက ပြောသည်။ ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်သည် ရေမိုင် ၄၀ ခန့်ကွာဝေးသော်လည်း တိုက်ပွဲများကြောင့် ရေယာဉ်နှင့် ကားများသွားလာ၍ မရသည်မှာ တစ်လကျော်ပြီဖြစ်ပြီး ပလက်ဝမြို့နှင့် မတူပီမြို့သည် ကားလမ်းမိုင် ၁၃၅ မိုင် ကွာဝေးသောကြောင့် ဆိုင်ကယ်များဖြင့်သာ သွားလာနေရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် စားနပ်ရိက္ခာသယ်ယူရေး ခက်ခဲလျက်ရှိသည်ဟု ပလက်ဝဒေသခံများက ပြောသည်။ စားနပ်ရိက္ခာပြတ်လပ်မှုများ ဆက်လက်ရင်ဆိုင်နေရပါက ခိုး၊ ဆိုး၊ လုယက်မှုများ […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ မတ် ၆ (မော်ကွန်း) ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်လိုက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဟွာမန်အထည်ချုပ်စက်ရုံ ပြန်ဖွင့်သည့်အခါ အလုပ်သမားများ မူလအတိုင်း အလုပ်ပြန်ရရန် အလုပ်ရှင်များနှင့် ညှိနှိုင်းပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။ ယင်းစက်ရုံတွင် အလုပ်သမား တစ်ထောင်ကျော်ရှိပြီး တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပစ္စည်းတင်သွင်းမှု ပြတ်တောက်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၂၉ တွင် စက်ရုံကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ခဲ့သည်။ “ကုန်ကြမ်းတွေရလို့ စက်ရုံပြန်ဖွင့်တဲ့အခါ ဦးစားပေးအစီအစဉ်နဲ့ အလုပ်သမားတွေကို မူလအလုပ်အတိုင်း ပြန်လည်ခန့်ထားပါမယ်လို့ ပြောတယ်။ လောလောဆယ်မှာတော့ ဥပဒေနဲ့အညီ လျော်ကြေး နစ်နာကြေးတွေကို ပေးပါလိမ့်မယ်” ဟု ဒေါက်တာစိုးဝင်းက ပြောသည်။ စက်ရုံပိတ်ရာတွင် ဥပဒေပါအတိုင်း ၁၄ […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ မတ် ၅ (မော်ကွန်း) တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် COVID -19 ရောဂါ ဂယက်ကြောင့် မြန်မာနိုင်ငံရှိ စက်ရုံ ၁၃ ရုံ ပိတ်သိမ်းသွားရပြီဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က ပြောသည်။ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ရုံးတွင် COVID -19 ရောဂါ ဂယက်ကြောင့် မြန်မာလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မတ်လ ၅ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ရှင်းလင်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က မြန်မာအလုပ်သမားဦးရေ ၅၀၀၀ ခန့် လုပ်ငန်းခွင်မှ ရပ်နားလိုက်ရသည်ဟု ပြောသည်။ “အလုပ်လက်မဲ့ ဘယ်လောက်ဖြစ်လဲ၊ ဘယ်လောက်ရှိလဲဆိုတဲ့ ကိစ္စကတော့ ကျွန်တော်သိတာက […]
ရန်ကုန်၊ မတ် ၅ (မော်ကွန်း) ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၃၇ လမ်း၊ အောက်ဘလောက်တွင် ယနေ့ ညနေ ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 အဆင့်သတ်မှတ်ကာ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဓာတ်ပုံ – ဂေထော ၊ သတင်း – သဇင်လတ် #Dailynews
အောင်ပိုင် ရန်ကုန် – ၂၀၂၀ မတ် ၃ (မော်ကွန်း) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းအပေါ် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ယနေ့ဆွေးနွေးသည့်စကားရပ်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်နှင့် NLD ပါတီကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ပြီး လွှတ်တော်နာယက က ဥပဒေနဲ့ညီ၊ မညီ စိစစ်ပေးမည်ဟု ပြောသည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့တွင် ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက တပ်မတော် သားကိုယ်စားလှယ်များမထောက်ခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်နိုင်ဟုလည်းကောင်း၊ လက်ရှိ အခြေခံဥပဒေပြင်ဆင်ချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြင်ဆင်ချက်များသာဖြစ်ပြီး တိုင်းရင်းသားများ၏အဆိုပြုချက်များမပါဝင်ကြောင်း သူ၏ဆွေးနွေးမှုအပြီးတွင် တပ်မတော်သားကိုယ်စားလှယ်နှင့် NLD ကိုယ်စားလှယ်တို့က ကန့်ကွက်ခဲ့ ခြင်းဖြစ်သည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က “ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပြင်ချင်ပေမယ့် လည်း ကျန်တဲ့အဖွဲ့တွေ ပြင်ချင်မှပြင်လို့ရတာဖြစ်ပါတယ်။ ဒါကိုလည်း […]
ကျော်ဇေယျ၊ ရန်ကုန် – ၂၀၂၀၊ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) ယခုနှစ်ထဲမှာ ရေယာဉ်ထိန်းချုပ်စောင့်ကြည့်ရေးစနစ်( Vessel Monitoring System -VMS ) တပ်ဆင်ကာ တရားမဝင်ငါးဖမ်းယူမှုတွေကို ထိန်းချုပ်မယ်လို့ အစိုးရကပြောသည့်တိုင် မြေပြင်မှာတော့ ငါးမဖမ်းရ ဧရိယာတွေမှာ ခိုးယူ ဖမ်းဆီးမှုတွေနဲ့ ကြုံနေရဆဲပဲလို့ တနင်္သာရီတိုင်းဒေသကြီး၊ လန်ပိကျွန်းက ဒေသခံတစ်ချို့က ပြောပါတယ်။ အမျိုးသားအဏ္ဍဝါဥယျာဉ်အဖြစ် သတ်မှတ်ထိန်းသိမ်းနေတဲ့ လန်ပိကျွန်းတစ်ဝိုက်မှာ ကမ်းဝေးငါးဖမ်းလှေတွေဟာ ခိုးယူဖမ်းဆီးမှုတွေရှိနေပြီး အခြားနေရာတွေမှာလည်း မြင်တွေ့နေရတယ်လို့ လန်ပိကျွန်းက ဒေသခံတွေက ပြောပြတယ်။ လန်ပိကျွန်းတစ်ဝိုက် ငါးခိုးဝင်ဖမ်းနေတဲ့ စက်လှေတွေတွေ့နေရဆဲဖြစ်တာကြောင့် VMS စနစ် အလုပ်မလုပ်ဘူးလို့ လန်ပိကျွန်းဧရိယာ၊ မကြုံဂလက်ရွာက ဦးချိုလွန်းက ပြောတယ်။ “ VMS သာ တကယ်အလုပ်လုပ်နေရင် ဒီလှေတွေ ဘယ်နေရာတွေမှာ ရွေ့လျားနေတယ်။ […]
ကောင်းထက်စံ၊ ဂေထော ရန်ကုန် – ၂၀၂၀ ဖေဖေါ်ဝါရီ ၂၈ (မော်ကွန်း) ယမန်နှစ်ဧပြီလက အသက်နှစ်နှစ်အရွယ်ကလေးငယ်အား ရေနှစ်နှိပ်စက်ခဲ့သည့် အဘွားနှင့်အဒေါ် တော်စပ်သူတို့အား မြောက်ဥက္ကလာပတရားရုံးက အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်ကို ယနေ့ချမှတ်လိုက်သည်။ အဘွားဖြစ်သူ ဒေါ်မြင့်ချိုနှင့် အဒေါ်ဖြစ်သူ မအေးမြတ်လွင်တို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၇ အရ အမိန့်ချမှတ်လိုက်ပြီး ချုပ်ရက်ထုတ်နှုတ်ခံစားခွင့်ပြုကြောင်း တရားရုံးတွင်ရောက်ရှိနေသည့် မော်ကွန်းသတင်းထောက်က သတင်းပေးပို့သည်။ အသက် တစ်နှစ်ကိုးလအရွယ်ရှိ မောင်ချစ်မင်းသူအား ကျောက်စည်ပိုင်းအတွင်းရေနှစ်နေသည့် မြင်ကွင်းအား အိမ်ငှားနေထိုင်သူတို့က လက်ကိုင်ဖုန်းဖြင့်ဗီဒီယို ရိုက်ကူးကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ရာ အတိုင်ခံရသူများအား တွေ့ဆုံကာ နောက်တစ်ကြိမ် မပြုလုပ်ရန် အုပ်ချုပ်ရေးမှူးက သတိပေးပြီး ပြန်လွှတ်ခဲ့သည်။ အဆိုပါညတွင်ပင် နောက်တစ်ကြိမ် ထပ်မံပြုလုပ်ရာ ရပ်မိရပ်ဖများမှတစ်ဆင့် ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."