ဖေဖော်ဝါရီ ၂၃၊ ရန်ကုန်
တောင်ကိုရီးယားနိုင်ငံ ၊ အင်ချွန်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ယနေ့နံနက်ပိုင်းက ပြန်ရောက်လာသော မြန်မာအမျိုးသားတစ်ဦးအား လေဆိပ်ဘတ်စ်ကားပေါ်မှ မြောက်ဥက္ကလာ၊ ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း လေဆိပ်ရဲမှတ်တမ်းမှသိရသည်။
အဆိုပါ အမျိုးသားသည် လေဆိပ်ဘတ်စ်ကားပေါ်ရောက်ချိန်တွင် နေမကောင်းသဖြင့် ဆေးရုံပို့ပေးရန်ပြောဆိုခဲ့ပြီးနောက် လေဆိပ်ကျန်းမာရေးဌာနခွဲမှ လာရောက်ခေါ်ဆိုခဲ့ပြီး စစ်ဆေးမှုတွင် ဝူဟန်ဗိုင်းရပ်သံသယမတွေ့ရှိရကြောင်း မှတ်တမ်းတွင် ပါရှိသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ခရီးစဉ်အမှတ် 8M – 802 ဖြင့် ပြန်လာသော အဆိုပါ အမျိုးသားအား ဆူးလေ – လေဆိပ်ပြေးဆွဲသော OMNI FOCUS ကုမ္ပဏီပိုင် ဘတ်စ်ကား 4P/1158 ပေါ်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး မြောက်ဥက္ကလာကူးစက်ရောဂါဆေးရုံ (ဝေဘာဂီ) သို့ပို့ဆောင်ထားသည်ဟု ပါရှိသည်။

Photo – Supplied
#Dailynews

