ကျော်ဇေယျ၊ ရန်ကုန်၊ဖေဖော်ဝါရီ-၁၀၊ ၂၀၂၀ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်းပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းတဲ့အခါ ကော်မတီရဲ့တင်ပြချက်ကို လက်မခံလိုတဲ့အတွက် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက “ နာယကကြီး”ဟု တစ်စာစာ အော် ကန့်ကွက်ဆွေးနွေးဖို့ ခွင့်တောင်းသော်လည်း လွှတ်တော်နာယက က ခွင့်မပြုဘဲ အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့တယ်။ ယင်းကိုယ်စားလှယ်မတိုင်မီ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့အစီရင်ခံစာကို သဘောမတူကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဆွေးနွေးပြီး လေ့လာစီစစ်ရေးပူးပေါင်းကော်မတီအကြံပြုသလို တင်သွင်းထားတဲ့ ဥပဒေကြမ်းအားလုံးကို တစ်ပေါင်းတည်း မဆွေးနွေးလိုပဲ ဥပဒေကြမ်းတစ်ခုချင်းအလိုက် သီးခြားစီသာ ဆွေးနွေးလိုကြောင်း နာယကကို တင်ပြခဲ့ပါတယ်။ ထိုအခါ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က “ ဒီမှာဆွေးနွေးမယ့်အချိန်၊ အငြင်းပွားရမယ့် အချိန်မဟုတ်ပါဘူး။ ခွင့်မပြုနိုင်ပါဘူး။ စိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအတိုင်းပဲ […]
ထားဝယ် – ၂၀၂၀ ဖေဖေါ်ဝါရီ ၉ ရွေးကောက်ပွဲကော်မရှင်ဖေ့စ်ဘွတ်တွင် ရိုင်းစိုင်းသည့်ကောမန့်များရေးသောကြောင့် ၂၀၁၇ မှစတင်ကာရပ်ဆိုင်းထားခဲ့သော်လည်း ယခုလ ၁၇ ရက်မှစတင်ကာပြန်လည်အသုံးပြုတော့မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးကပြောသည်။ မဲဆန္ဒရှင်ပြည်သူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သတင်းမီဒီယာများနှင့်အမေးအဖြေများကို တစ်နိုင်ငံလုံးကြည့်ရှုနိုင်ရန် ကော်မရှင်ဖေ့စ်ဘွတ်နှင့်ဝက်ဘ်ဆိုက်တို့တွင်ဖော်ပြသွားမည်ဟု၎င်းကပြောသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းကာ ထားဝယ်မြို့တွင် ယနေ့ကျင်းပသော သတင်းမီဒီယာသမားများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ #Dailynews
ရန်ကုန်၊ ဖေဖော်ဝါရီ-၇၊ ၂၀၂၀ ဂေထော၊ ထက်မြက်အောင် မနက်တုန်းက ဓါးပြတိုက်ခံခဲ့ရတဲ့ မြောက်ဒဂုံဘဏ်ခွဲကို နေ့လည် နှစ်နာရီဝန်းကျင်မှ စတင်ကာ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပြန်ပေးနေပြီလို့ CB Bank (သမဝါယမဘဏ်)က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်၊ မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမှာရှိတဲ့ ဘဏ်ခွဲကို လက်နက်နဲ့ ဗုံးတွေသုံးပြီး အမျိုးသားတစ်ဦးက ဓါးပြတိုက်ခဲ့တဲ့အတွက် ဒီဘဏ်ခွဲက ငွေကျပ်သိန်း ၆၀၀ ခန့် ဓါးပြနောက်ကို ပါသွားတယ်လို့ သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကတော့ အာဏာပိုင်တွေ စစ်ဆေးပြီး တဲ့နောက် အဲဒီဘဏ်မှာ ဓါးပြအသုံးပြုခဲ့တဲ့ ဗုံးဟာ အတုကြီးလို့ ပြောပါတယ်။ ဒီဘဏ်ဓါးပြတိုက်မှုနဲ့ ပတ်သက်လို့ […]
ဖေဖော်ဝါရီ ၆၊ ရန်ကုန် ထက်မြတ်အောင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နေရာတွင် အစားထိုး ခန့်အပ်မည့် ဝန်ကြီးအသစ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်ကို လျှာထားကြောင်း နိုင်ငံတော် သမ္မတက ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ကိုယ်ရေးအကျဉ်းပေးပို့ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်ပြီး ၁၉၆၀ ၊ မတ်လတွင် မွေးဖွားခဲ့ကာ အသက် (၆၀) ပြည့်ရန် နှစ်လသာလိုတော့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည်လည်း စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ခဲ့ပြီး ၎င်းအား ပြည်ထဲရေးဝန်ကြီးမှ မူလစစ်ဘက်တာဝန်များသို့ ပြန်လည်ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၂၀၊ ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ဓါတ်ပုံ – ပြည်ထောင်စုလွှတ်တော် #dailynews
ဂေထော ရန်ကုန်၊ ၂၀၂၀ – ဖေဖော်ဝါရီ ၂ မင်းပြား၊ကျိုင်းတုံနှင့် ရန်ကုန်မြို့တို့တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်သို့ ဇန်နဝါရီ ၂၀ ရက်တွင်ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၃၈) နှစ် အရွယ် အမျိုးသားတစ်ဦးအား သံသယလူနာအဖြစ်သတ်မှတ်ကာ မင်းပြားဆေးရုံ သီးသန့်ခန်း (Isolation ward) တွင် ထားရှိ၍ လိုအပ်သောဆေးကုသမှုများပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဇန်နဝါရီ ၁၉ ရက်တွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှအသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ […]
ဂေထော ရန်ကုန်၊ ၂၀၂၀ – ဇန်နဝါရီ ၃၁ ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကို တားဆီးကာကွယ်ဖို့ အစိုးရက ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို ယမန်နေ့ကဖွဲ့စည်းလိုက်ပါတယ်။ ၎င်းကော်မတီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးတို့က ဥက္ကဌများအဖြစ် တာဝန်ယူကာ ပြည်ထောင်စုအဆင့် ဒုဝန်ကြီးများ၊ တိုင်းနဲ့ပြည်နယ်၀န်ကြီးချုပ်အချို့နဲ့ အမြဲတမ်းအတွင်းဝန်များလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ပြည်ပမှ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို ကျန်းမာရေး အသိပေးမှု၊ စောင့်ကြပ်ကြည့်ရှုမှု၊ နဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေမှာ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ရောဂါကာကွယ်ဖို့ လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်းတွေအပါဝင် ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကိုလည်း […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဇန်နဝါရီ ၂၉ သမ္မတ၏ အဂတိလိုက်စားမှုမရှိစေရေး ညွှန်ကြားချက်ကို မလိုက်နာဟုဆိုကာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား ယမန်နေ့မနက်ပိုင်းက အငြိမ်းစားပေးလိုက်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက မော်ကွန်းကို အတည်ပြုသည်။ “ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ပင်စင်ပေးလိုက်တာပါ။ ဒီကိစ္စဟာ ဝန်ကြီးဌာနတစ်ခုတည်းက လုပ်လို့ရတာ မဟုတ်ပါဘူး။ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အတိုင်း၊ စုံစမ်းတွေ့ရှိထားတဲ့ အချက်အလက်တွေအတိုင်း လုပ်ရတာပါ” ဟု ၎င်းကဆိုသည်။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းသည် တက္ကသိုလ်ကျောင်းဝင်းအတွင်း စားသောက်ဆိုင် တည်ဆောက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ ကို ဖောက်ဖျက်သည်ဟုဆိုကာ စုံစမ်းအရေးယူပေးရန် ကျောင်းသားများက ပညာရေးဝန်ကြီးဌာန၊နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိကော်မရှင်နှင့် အခြားသော သက်ဆိုင်ရာများသို့ ၂၀၁၉ စက်တင်ဘာကတည်းက တိုင်စာပို့ခဲ့သည်။ စုံစမ်းစစ်ဆေးရေးနှင့် အရေးယူမှုအပိုင်းတွင် […]
ဂေထော ရန်ကုန်၊ ၂၀၂၀ – ဇန်နဝါရီ ၂၇ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်မကူးစက်ရေး လူစုလူဝေးများမပြုလုပ်ကြရန်၊ တောရိုင်းတိရစ္ဆာန်အစား အသောက်များ မရောင်းချရန်နှင့် ကောလာဟလသတင်းများမယုံကြည်ကြရန် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ (မိုင်းလား) အာဏာပိုင်များက မနေ့ကထုတ်ပြန်လိုက်သည်။ အများပြည်သူကစားကွင်းများ လုပ်ငန်းယာယီရပ်နားရန်၊ ပျော်ပွဲရွှင်ပွဲပြုလုပ်ခြင်းနှင့် ဘာသာရေးနှင့်ဆိုင်သည့် အခန်းအနားများ ဖျက်သိမ်းရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထို့အပြင် ကောလာဟလသတင်းများကိုမယုံကြည်ရန်နှင့် မဟုတ်မမှန် လုပ်ကြံသတင်းထုတ်လွှင့်သူများ တွေ့ရှိပါက ပြင်းထန်စွာအရေးယူသွားမည်ဟု သတိပေးထားသည်။ ယခုချိန်ထိ တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၈၂၇ ဦးရှိပြီး ၈၁ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။ #dailynews
အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဇန်နဝါရီ ၂၄ ၂၀၁၉ အဂတိကင်းရှင်းမှု နိုင်ငံများစာရင်းတွင် မြန်မာသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀ တွင်ရှိသည်ဟု နိုင်ငံံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ယခုနှစ် ဇန်နဝါရီ ၂၃တွင်ာ ထုတ်ပြန်သည်။ ၎င်းအဖွဲ့ အဂတိလိုက်စားမှုအညွှန်းကိန်း (Corruption Perceptions Index – CPI) အရ မြန်မာနိုင်ငံသည် ၂၀၁၈ က အဆင့် ၁၃၂ တွင်ရှိခဲ့ပြီး ၂၀၁၉ တွင် နှစ်ဆင့်တိုးတက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်အရ အဆင့် ၁ တွင် ဒိန်းမတ်နိုင်ငံက ရပ်တည်နေပြီး နောက်ဆုံးအဆင့် ၁၈၀ တွင် ဆိုမာလီယာနိုင်ငံရှိနေသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံက အဆင့် ၁၀၁၊ […]
ဂေထော ရန်ကုန် – ၂၀၂၀ ဇန်နဝါရီ ၂၄ ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ ယမန်နေ့ညကခုန်ချခဲ့သော ဆယ်ကျော်သက်တစ်ဦး၏ အလောင်းကို ယနေ့နံနက် ၁၀ နာရီခန့်တွင် ၎င်းတံတားအောက်မှပင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။ “ ဒီနေ့မနက် ၈ နာရီလောက်မှာ ငုပ်တာ ၁၀ နာရီလောက်မှာ တွေ့ပါတယ်လို့ ပြောပါတယ်။ အသက်မရှင်တော့ပါဘူး၊ dead body ကို ဆေးရုံသယ်သွားပါပြီ” ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူက မော်ကွန်းသို့ပြောသည်။ ခုန်ချသူမှာ ကျောက်ဆည်မြို့ စက်မှုလက်မှုသိပ္ပံကျောင်း၌ တက်ရောက်နေသည့် ကိုရဲဝင့်ကျော်ဖြစ်ပြီး ယမန်နေ့ ညနေ ၆ နာရီခွဲကျော်၌ ဧရာဝတီတံတား (ရတနာပုံ)၊ မန္တလေးဘက်ခြမ်းမှ ခုန်ချခဲ့ပြီး တံတားပေါ်တွင် ၎င်း၏ကျောပိုးအိတ်၊ ဖိနပ်နှင့် ကျောင်းသားကတ်များကျန်ရှိခဲ့သည်။ စစ်ကိုင်း ခရိုင်/မြို့နယ် […]
ဂေထော ရန်ကုန် – ၂၀၂ ဇန်နဝါရီ ၂၃ မွန်ညီညွတ်ရေးပါတီသည် လာမည့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ပါတီ၏မူဝါဒအရ အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်ဟုပါတီ၏ တွဲဘက်အတွင်းရေးမှူးက ဆိုသည်။ ပါတီ၌ ကိုယ်စားလှယ်လောင်းရွေးချယ်သည့်နေရာတွင် အမျိုးသမီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံရန် လိုအပ်ကြောင်းနှင့် သတ်မှတ်ထားသည့်အရည်အချင်းပေါ် တူညီခဲ့လျှင် လူငယ်နှင့်အမျိုးသမီးကို ဦးစားပေးရန် စဉ်းစားထားကြောင်း တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက ရှင်းပြသည်။ “ရာခိုင်နှုန်းအနေနဲ့ ကျွန်တော်တို့သတ်မှတ်ထားတာ မရှိဘူး၊ လျှောက်ထားလာတဲ့လူငယ်၊ အမျိုးသမီး ပါတီဝင်အရေအတွက်နဲ့ အရည်အချင်းပေါ်မူတည်လိမ့်မယ်”ဟု ၎င်းက ပြောသည်။ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးစိစစ်ရေးအဖွဲ့ကို ပါတီဥက္ကဌ ဦးဆောင်သည့်အဖွဲ့ဝင် ၁၆ ဦးဖြင့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်နေ့က ပြုလုပ်သည့် ဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။ […]
ရန်ကုန် ၂၀၂၀ ဇန်နဝါရီ ၂၃ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများမဖြစ်ပွားစေရေး အကာအကွယ်များပေးနိုင်ရေး မြန်မာကလုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ယနေ့အမိန့်ချမှတ်လိုက်သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ(မြန်မာအစိုးရအခေါ် ဘင်္ဂါလီ)များအား လူမျိုးတုံးသတ်ဖြတ်မှုများရှိနေသည်ဟု OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးတွင်တိုင်ကြားမှုကို ပြီးခဲ့သည့်လက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်လျှောက်လဲချက်ပေးပြီး ယခုအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာတပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ရပ်များမှာ ရိုဟင်ရာဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်စေရန်၊ သက်သေအထောက်အထားများကို ထိန်းသိမ်းရန်၊ တရားရုံးက အမိန့်ချမှတ်သည့် နေ့ကစ၍ လေးလအတွင်း ဆောင်ရွက်ချက်များကို အစီရင်ခံစာ တင်သွင်းရန်နှင့် လူမျိုးတုံးသတ်ဖြတ်မှု အမှုအတွက် ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် စသည့်ဆုံးဖြတ်ချက်များလည်းပါဝင်သည်။ ၂၀၁၆-၁၇ တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."