သတင်းများ

ဗိုလ်မြတ်ထွန်းတာဝါမြေညီထပ် Eagle စားသောက်ဆိုင် မီးလောင်

March 18, 2020

ရန်ကုန် – ၂၀၂၀၊ မတ် ၁၈ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗန္ဓုလလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်၊ ဗိုလ်မြတ်ထွန်းတာဝါတွင် မွန်းလွဲ ၃နာရီခွဲခန့်က မြေညီထပ်ရှိ Eagle စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး Level 1 အဖြစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတ်မှတ် ငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့သည်။ ဓါတ်ပုံ – ဂေထော #Dailynews

အပြည့်အစုံဖတ်ရန်

ကိုရိုနာဗိုင်းရပ်စ်သတင်းအချက်အလက်ရရှိဖို့အင်တာနတ်ပြန်ဖွင့်ပေးဖို့တောင်းဆို

March 18, 2020

ဗညားကျော် ရန်ကုန်- ၂၀၂၀ မတ် ၁၈ (မော်ကွန်း) ကိုရိုနာဗိုင်းရပ်စ်သတင်းတွေအချိန်နဲ့တပြေးညီ ရရှိဖို့အတွက် အင်တာနက်လိုင်းဖြတ်တောက်ထားတဲ့ မြို့နယ်တွေကို လိုင်းပြန်ဖွင့်ပေးဖို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက တောင်းဆိုချက် ထုတ်ပြန်ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်းတော မြို့နယ်တွေကို အစိုးရက အင်တာနက်ဖြတ်တောက်ခဲ့တာ တစ်နှစ်ခန့် ရှိနေပါပြီ။ “ သတင်းအချက်အလက်ကို ပိတ်ထားတဲ့ကိစ္စက ကူးစက်ခံရရင် အခြေအနေက ဆိုးကောင်းဆိုးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ထိခိုက်ရင် ထိန်းမရ၊ သိမ်းမရ အခြေအနေမှာ ရှိတယ်။ ဒါကိုစိုးရိမ်တာပေါ့။ ဒါကိုအစိုးရက သဘောပေါက်ပြီးမှ သတင်းအချက်အလက်တွေရနိုင်အောင် လုပ်ပေးပေးစေချင်တာပါ” လို့ စစ်တွေအခြေစိုက်၊ […]

အပြည့်အစုံဖတ်ရန်

နွေရာသီ ကလေး၊ လူငယ် သင်တန်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံခရစ်ယာန်အသင်းများကောင်စီ ထုတ်ပြန်

March 17, 2020

ဗညားကျော် ၂၀၂၀၊ မတ်-၁၇ (မော်ကွန်း) COVID – 19 ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် နွေကျောင်းပိတ်ရက်များတွင် ခရစ်ယာန်အသင်းတော် အများစု ပြုလုပ်လေ့ရှိသည့် ကလေးသူငယ်၊ လူငယ်များ နှင့် မိသားစုစခန်းသွင်း သင်တန်းများကို ယခုနှစ်တွင် မပြုလုပ်ကျ ရန် မြန်မာနုင်ငံခရစ်ယာန်အသင်းများကောင်စီက ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ဒါ့အပြင် ထိမ်းမြားမင်္ဂလာဝတ်၊ အသုဘ၊ သာသနာ့ဆိုင်ရာအဆောက်အဦး ဆက်ကပ်ခြင်းစသည့် အခမ်းအနား များနှင့် သာသနာအဖွဲ့အစည်းများ၏သင်းလုံးကျွတ် အစည်းအဝေးများအပါအဝင် ဆက်ကပ်အစည်းအဝေးပွဲ များကို လူဦးရေကန့်သတ်ပြီး အချိန်လျော့ ကျင်းပရန် ထုန်ပြန်ထားသည်။ မနေ့က နေပြည်တော်တွင် မြန်မာနိုင်ငံတော်သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနနှင့် ဘာသာရေးခေါင်း ဆောင်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီး COVID – 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးအစည်းအဝေးအပြီးမှာ အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးတွင် ဝတ်ပြုကိုးကွယ်ခြင်းများကို တားမြစ်ကန့်သတ်ခြင်းမရှိသော်လည်း […]

အပြည့်အစုံဖတ်ရန်

ပုဒ်မ ၂၆၁ ပြင်ဆင်ရန် လုံလောက်သည့် ထောက်ခံမဲမရသဖြင့် မူလအတိုင်းသားဖြစ်

March 17, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀၊ မတ် ၁၇ (မော်ကွန်း) ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များခန့်အပ်ခြင်းနှင့်သက်ဆိုင်သည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အဆိုကို ပြည်ထောင်စု လွှတ်တော်တွင် ယနေ့မဲခွဲဆုံးဖြတ်ရာ လုံလောက်သည့်ထောက်ခံမဲအရေအတွက် မရရှိသည့်အတွက် မူလအတိုင်းသာ ဖြစ်သည်ဟု လွှတ်တော်နာယကက ကြေညာသည်။ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိသည်ဆိုသည့် မူလပြဋ္ဌာန်းချက်ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းလွှတ်တော်များက ရွေးချယ်ခန့်အပ်ခွင့်ရှိသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ယင်းပုဒ်မသည် ကိုယ့်ပြည်နယ်ကိုယ် စီမံခန့်ခွဲ၍မရဖြစ်နေခြင်းကြောင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရန် ပိုမိုခက်ခဲစေသည်ဟု မော်ကွန်းကိုပြောသည်။ “တိုင်းရင်းသားပါတီတွေက လူနည်းစုပဲဆိုတော့ နဂိုကတည်းက သိနေပြီသားပါ ပြင်မရနိုင်ဘူးဆိုတာ။ နောက်ပြီး ဒီပုဒ်မ ၂၆၁ ကို NLD က […]

အပြည့်အစုံဖတ်ရန်

ဆမီးမြို့ရှိ စစ်ဘေးရှောင်များ နေရာထိုင်းခင်း အခက်အခဲဖြစ်နေ

March 17, 2020

ဗညားကျော် ရန်ကုန်၊ ၂၀၂၀ – မတ် – ၁၇ (မော်ကွန်း) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရခိုင့်တပ်မတော် (AA) နှင့် တပ်မတော် တိုက်ပွဲများကြောင့် ဆမီးမြို့ကို စစ်ဘေးရှောင်လာသည့် ‌ဒေသခံများအတွက် နေရာထိုင်းခင်းအခက်အခဲဖြစ်နေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ “စစ်ဘေးရှောင်စခန်းကို နေရာ တိတိကျကျထားချင်တယ်။ အခုမှာက လတ်တလော ယာယီအနေနဲ့ထားတော့ နေရာကြပ်လွန်းလို့ အခက်အခဲဖြစ်ကြတယ်” ဟု ၎င်းကဆက်ပြောသည်။ ပလက်ဝမြို့နယ်အတွင်း ရခိုင့်တပ်တော် နှင့် တပ်မတော်အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဝက်မကျေးရွာ၊ ပြိုင်တိန်ကျေးရွာ နှင့် မိတ်ဇာကျေးရွာတို့မှ ဒေသခံထောင်ချီဟာ ဆမီးမြို့ကို မနေ့က ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ လက်ရှိအကြမ်းဖျင်းစာရင်းအရ ဆမီးမြို့ကို စစ်ဘေးရှောင် ၁,၄၀၀ ကျော်ရောက်ရှိနေပြီး ၎င်းတို့အတွက် ပြည်နယ်အစိုးရ၏ ဆန်ထောက်ပံ့မှုရရှိထားသည်ဟု ယင်းအုပ်ချုပ်ရေးမှူးက ဆိုသည်။ […]

အပြည့်အစုံဖတ်ရန်

ဂျပ်ဆင်ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းသူများကို ဗိုင်းရပ်စ်မကူးစက်စေရေးပိုးသတ်ဆေးဖြန်းမည်

March 16, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀၊ မတ် ၁၆ (မော်ကွန်း) ဂျပ်ဆင်ဘုရားကျောင်းတွင် ဘုရားဝတ်ပြုဆုတောင်းရက်များ၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကာကွယ်မှုအဖြစ် ပိုးသတ် ဆေးဖြန်း ပိုးသတ်ပေးမည်ဟု သင်းအုပ်ဆရာတော် ဦးထွန်းထွန်းဦးက ယနေ့တွင် ပြောသည်။ “ နောက်တစ်ပတ်ဆိုရင် ကျွန်တော်တို့ ပိုးသတ်ဆေးစဖြန်းဖို့ စီစဉ်ထားပါတယ်။ အသင်းသားတွေထဲမှာ ဆေးရုံ ထောင်ထားတဲ့ လူတွေရှိတော့ ဆေးဝါးတွေရမယ်။ ကူညီမယ့်လူတွေရှိတယ်။ ဘုရားမရှိခိုးခင်မှာ ဆေးဖြန်းထားမျိုးပေါ့” ဟု ၎င်းက ပြောသည်။ မတ်လ ၁၄ ရက် ကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအဖြစ် ဘုရားကျောင်းတွင် လာရောက်ဝတ်ပြုကိုးကွယ်သူများကို တစ်ဦးနှင့်တစ်ဦးသုံးပေခြားထိုင်ရန်၊ လက်ဆွဲမနှုတ်ဆက်ရန်၊ လက်သန့်ဆေးအသုံးပြုရန်၊ လိုအပ်ပါက အချိန်ခွဲဝတ်ပြု ပေးရန် အသိပေးချက်ထုတ်ပြန်ခဲ့သေးသည်။ ဂျပ်ဆင်ဘုရားကျောင်းတွင် တနင်္ဂနွေနေ့တိုင်း အိမ်ရှင်အသင်းသားနှင့် ဧည့်သည် စုစုပေါင်း လူဦးရေ […]

အပြည့်အစုံဖတ်ရန်

ကိုရိုနာဖြစ်ပွားသည့်နိုင်ငံများမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားငါးဆယ်ကျော်အား ပြည်ဝင်ခွင့်မပြုဘဲ ပြန်လွှတ်

March 15, 2020

ရန်ကုန် – ၂၀၂၀ ၊ မတ် ၁၅ (မော်ကွန်း) COVID 19 ကူးစက်မှု မြင့်တက်နေသောနိုင်ငံများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ရောက်ရှိလာသော နိုင်ငံခြားသား အယောက် ငါးဆယ်ကျော်အား ပြည်ဝင်ခွင့်မပြုဘဲ ပြန်လွှတ်ခဲ့ကြောင်း လေဆိပ်ရဲမှတ်တမ်းမှသိရှိရသည်။ Qatar Airline ဖြင့် ကာတာနိုင်ငံ၊ ဒိုဟာလေဆိပ်မှ ရန်ကုန်လေဆိပ်သို့လိုက်ပါလာသော ပြင်သစ်နိုင်ငံသား (၁၁) ဦး၊ စပိန်နိုင်ငံသား (၁၂) ဦး၊ ဂျာမနီနိုင်ငံသားနှစ်ဦး ၊ စင်ကာပူလေကြောင်းလိုင်းဖြင့်ပါရှိလာသော ဂျာမနီနိုင်ငံသား သုံးဦး၊ ဘန်ကောက်လေကြောင်းဖြင့် ဂျာမနီနိုင်ငံသားနှစ်ဦး ၊ Thai Smile လေကြောင်းလိုင်းဖြင့် ဂျာမနီနိုင်ငံသား (၁၁) ဦးနှင့် ပြင်သစ်နိုင်ငံသားခုနစ်ဦး ၊ ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ပြင်သစ်နိုင်ငံသားငါးဦးစုစုပေါင်း (၅၃) ဦးအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိသည့် နိုင်ငံများမှ လာရောက်ကြသူများဖြစ်သဖြင့် လေဆိပ်ကျန်းမာရေးဌာနခွဲမှ […]

အပြည့်အစုံဖတ်ရန်

အလုပ်ရှင်၊ အလုပ်သမားများ တင်ပြလာသည့်အချက်များကို ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဟု လူဝင်မူကြီးကြပ်ရေးဝန်ကြီးဆို

March 13, 2020

ဂေထော ရန်ကုန် – ၂၀၂၀၊ မတ် ၁၃ (မော်ကွန်း) Covid 19 ကြောင့် စက်ရုံ၊ အလုပ်ရုံရှိ အလုပ်ရှင်၊ အလုပ်သမားများ ရင်ဆိုင်နေသည့် အခက်အခဲများကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။ ယနေ့ နေပြည်တော်၌ ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရတို့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “အလုပ်ရှင်ရော အလုပ်သမားရော တင်ပြတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့သက်ဆိုင်သည်ဖြစ်စေ၊ အခြားဝန်ကြီးဌာနနဲ့ သက်ဆိုင်သည်ဖြစ်စေ တင်ပြနိုင်ပါတယ်။ ကျွန်တော်တို့ ဒီတင်ပြချက်တွေကို ယူပြီးတော့မှ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ကျွန်တော်တို့ မျှဝေပေးမှာဖြစ်ပါတယ်”ဟု […]

အပြည့်အစုံဖတ်ရန်
1 … 269 270 271 272 273 274 275 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."