ဂေထော ရန်ကုန်၊ ၂၀၂၀ – ဖေဖော်ဝါရီ ၁၈(မော်ကွန်း) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးလမ်းပွင့်သွားပြီဟု ဆိုနိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ( NCA-s EAO ) ညှိနှိုင်းအဖွဲ့ ခေါင်းဆောင်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ အစိုးရ၊ တပ်မတော်နှင့် NCA-S EAO အဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၇) ရက်မှ (၁၈) ရက်အထိ ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန( NRPC ) ၌ ကျင်းပခဲ့ရာ နိဂုန်းချုပ်မိန့်ခွန်းတွင် ဗိုလ်မှူးကြီးစိုင်းငင်းက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။ “ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့ Public Consultation (အများပြည်သူညှိနှိုင်းခြင်း) ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ […]
အောင်ပိုင် ရန်ကုန်- ၂၀၂၀၊ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း) နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံဥပဒေ) ဖြင့် တရားစွဲခံရသူ ၁၁၃ ဦးအထိရှိလာပြီး တရားစွဲဆိုမှု ၄၆ မှု ရှိသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေး လှုပ်ရှားသည့် အသံအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။ တရားစွဲခံရသူများတွင် အရပ်သားပြည်သူအများဆုံးဖြစ်ပြီး၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာသမားများ၊ နိုင်ငံရေးပါတီဝင်များနှင့် လူမှုကွန်ယက်တွင် ထုတ်ဖော်ရေးသားသူများလည်း ပါဝင်သည်။ လွှတ်တော်ကိုယ်စားလှယ်များကိုဝေဖန်ခြင်းကြောင့် တရားစွဲဆိုမှု၊ နိုင်ငံရေးပါတီများက တရားစွဲဆိုမှု၊ တပ်မတော်က တရားစွဲဆိုမှု၊ စီးပွားရေးလုပ်ငန်းရှင်များက ဒေသခံများကို တရားစွဲဆိုမှု၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ် အောင်ဆန်းကို ဝေဖန်ရေးသားမှုကြောင့် တရားစွဲဆိုမှုများအပြင် အရပ်သားပြည်သူအချင်းချင်း တရားစွဲဆိုမှုများ ပါဝင်သည်။ ယင်းထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၁၇ အထိ မီဒီယာများတွင် ဖော်ပြခဲ့သည်များကို […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသော ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့ဝင်ခုနစ်ဦးအနက် သုံးဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးက ချုပ်ရက်ခံစားခွင့်ပါ အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ကျခံစေရန် ယနေ့အမိန့်ချလိုက်သည်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း၊ မဆုရတနာမြင့်နှင့် မကေခိုင်ထွန်းတို့ သုံးဦးသည် ပြီးခဲ့သည့်နှစ် သင်္ကြန်အတွင်း ဒေါင်းတို့မျိုးဆက်သံချပ်ထိုးရာတွင် ပါဝင်သည့် တပ်မတော်ကိုထိခိုက်စေသောပုံများကို လူမှုကွန်ယက်တွင် ဖြန့်ဝေခဲ့သည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ကျန်လေးဦးအား တရားသေလွှတ်ပေးခဲ့သည်။ ၎င်းတို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်၍ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ပြီးခဲ့သည့်နိုဝင်ဘာက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်၊ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုငြိမ်းချမ်းစိုးက “တပ်မတော်ကတော့ အနာရှိ ရင်စပ်မှာပဲ။ […]
ကျော်ဇေယျ ရန်ကုန်၊၂၀၂၀၊ ဖေဖော်ဝါရီ-၁၇(မော်ကွန်း) ရုံးသုံးကားတွေဝယ်ယူခဲ့တဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) မှာ အဂတိ လိုက်စားမှုရှိ၊မရှိ စစ်ဆေးဖို့နဲ့ ဒီဌာနဟာ မိမိကိုယ်ပိုင်ပစ္စည်းဆိုရင်ရော ဒီလိုပဲ လုပ်မှာလားလို့ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မေးခွန်းထုတ်ပါတယ်။ ၂၀၁၈ ဘဏ္ဍာနှစ်၊ ဧပြီလမှစက်တင်ဘာလအထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ စိစစ်တွေ့ရှိချက် အစီရင်ခံစာ ဒုတိယအပိုင်းပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ရုံးသုံးကားတွေ ဝယ်ယူရာမှာ လုပ်ထုံးလုပ်နည်းလွဲ၊ ငွေကြေးလေ့လွင့်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အပေါ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ညွှန့်ဝင်းအောင်က ဆွေးနွေးရာမှာ ပြောခဲ့တာပါ။ “ ဌာနရဲ့ လုပ်ဆောင်ချက်ကြောင့် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရခြင်း ဖြစ်ပါတယ်။ အဲဒါအပြင် ကုမ္ပဏီတွေဟာ စာချုပ်ပါ စည်းကမ်းချက်အတိုင်း ယာဉ်တွေအချိန်မှီမပေးသွင်းနိုင်ခြင်းအပေါ် လုပ်ငန်းပြီးမြောက်မှု အာမခံသွင်းယူရန်နှင့် နောက်ကျဒဏ်ကြေးတောင်းခံရန်ပျက်ကွက်ခြင်းဟာဆိုရင်လည်း ဌာနရဲ့ချို့ယွင်းအားနည်းချက်ကြောင့်ဖြစ်ပြီး အဂတိဖြစ် ပေါ်မှု […]
ကျော်ဇေယျ ရန်ကုန် – ၂၀၂၀ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) အစိုးရဌာနဆိုင်ရာတွေရဲ့မသမာမှုနဲ့လုပ်ထုံးလုပ်နည်းမညီတာကြောင့် ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်ဘီလီယံ ၄၀၀ နီးပါး ငွေကြေးအလေအလွင့်ဖြစ်ပေါ်ခဲ့တယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာကိုအခြေခံကာ ပြည်ထောင်စုလွှတ်တော်မှာ ယနေ့ဆွေးနွေးခဲ့ကြပါတယ်။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘိုကြီးက “ ဌာနအဖွဲ့အစည်းများရဲ့ မသမာငွေများ၊ လေလွင့်ဆုံးရှုံးငွေများမှာ စုစုပေါင်းကျပ်သန်းပေါင်း ၃၉၇,၄၇၈.၂၇ သန်း ဟု ဖော်ပြထားပါတယ်” လို့ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် ဌာနဆိုင်ရာတွေဟာ ပြည်သူ့ဘဏ္ဍာကို အသုံးပြုရာမှာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်တွေနဲ့ မညီဘဲ သုံးစွဲခဲ့တာတွေလည်း ရှိတယ်လို့ သူက ဆိုတယ်။ ဒီတွက်ချက်မှုတွေထဲမှာ တရားရုံးတွေမှာ အမှုမပြီးပြတ်လို့ ဆုံးရှုံးသွားရတဲ့ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေ၊ အဖိုးတန် ပစ္စည်းတွေရဲ့ တန်ဖိုးတွေ မပါသေးဘူးလို့ သူက ပြောတယ်။ ဒါအပြင် […]
ကျော်ဇေယျ ရန်ကုန်၊ဖေဖော်ဝါရီ-၁၄၊ ၂၀၂၀ ရခိုင်ပြည်နယ်မှာ ဒုတိယအကြိမ် အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက် ပလက်ဝဒေသအပါအဝင် မြို့နယ်ငါးခုမှာ တပ်မတော်ဟာ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA) က ဒီနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ တပ်မတော်ဟာ ရွာတွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်တာ၊ ရွာတချို့နဲ့ ပတ်ဝန်းကျင်ရှိ စပါးပုံ၊ ကောက်ရိုးပုံတွေကို မီးရှို့ဖျက်ဆီးတာ၊ ကျွဲ၊နွားတိရစ္ဆာန်တွေကို ခိုးယူသတ်ဖြတ်တာ၊ လူမရှိတဲ့ အိမ်တွေက ပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာနဲ့ ခရီးသွားဒေသခံတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို မြေပြင်မှာ ကျူးလွန်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဒါအပြင် တပ်မတော်ရဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ဒဏ်ရာရသူတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်း သွားလာ ကုသခွင့်ကို ပိတ်ပင်တာတွေကြောင့် တချို့ဟာ သွေးထွက်လွန်သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြတယ်။ […]
ကျော်ဇေယျ ရန်ကုန်၊ဖေဖော်ဝါရီ-၁၃၊၂၀၂၀ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းလုပ်ပိုင်ခွင့်ရသူတွေထံက အခွန်ကောက်ခံရာမှ ပြည့်မှီအောင် မကောက်ခံနိုင် ခဲ့ဘူးလို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောပါတယ်။ ၂၀၁၈-၁၉ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လအတွင်း အခွန်အကောက်ရရှိမှု အခြေအနေကို ပြည်ထောင်စုလွှတ် တော်ကို ရှင်းလင်းရာမှာ သူက ပြောခဲ့တာပါ။ ဒီလိုဖြစ်ရတာဟာ မြေခွန်ပေးသွင်းရမယ့်သူတွေကို အခွန်ကောက်ခံရမယ့်တာဝန်ရှိတဲ့ဌာနက မဆက်သွယ်နိုင် တာ၊ ဆက်သွယ်ရရှိသူတွေဟာလည်း ပေးရန်ရှိတဲ့ ဒီမြေခွန်တွေကို လာရောက်ပေးသွင်းမှုမရှိတာတွေကြောင့် ဒီကဏ္ဍမှာ အခွန်လျာထားချက် မပြည့်မှီခဲ့တာလို့ သူက ရှင်းပြပါတယ်။ မြေလုပ်ပိုင်ခွင့်ရရှိသူတွေထံက အခွန် ကောက်ယူဖို့ တာဝန်ရှိတဲ့ဌာနက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာနအောက်က လယ်ယာမြေစီမံ ခန့်ခွဲမှုနဲ့စာရင်းအင်းဦးစီးဌာနဖြစ်တယ်လို့လည်း သူက ရှင်းပြတယ်။ ဒီ ဒုတိယခြောက်လအတွင်း မြေလွတ်၊မြေလပ်နှင့်မြေရိုင်းလုပ်ပိုင်ခွင့်ရရှိသူတွေထံက ကျပ် တစ်ဘီလီယံ ကျော်လောက် အခွန်ရဖို့ လျာထားခဲ့ပေမယ့် တကယ်ကောက်ခံရရှိတဲ့အခွန်က […]
ကျော်ဇေယျ ရန်ကုန်၊ဖေဖော်ဝါရီ-၁၃၊၂၀၂၀ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံက အခွန်ကောက်ခံရာမှာ ကျပ် ၄၅ ဘီလီယံလောက် လျော့နည်း ရရှိခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောပါတယ်။ ၂၀၁၈-၁၉ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လအတွင်း အခွန်အကောက်ရရှိမှု အခြေအနေကို ပြည်ထောင်စုလွှတ် တော်ကို ရှင်းလင်းရာမှာ သူက ပြောခဲ့တာပါ။ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသူတွေထံက ဒီ ခြောက်လအတွင်း ကျပ် ၁၇၅ ဘီလီယံကျော်လောက် အခွန်ရရှိဖို့ လျာထားခဲ့ပေမယ့် အမှန်တကယ် ကောက်ယူရရှိတာက ကျပ် ၁၃၀ ဘီလီယံကျော်သာ ရှိတယ်လို့ ဒုဝန်ကြီးက ပြောပါ တယ်။ ဒီလိုဖြစ်ရတာက လှိုင်းနှုန်းစီမံခန့်ခွဲခနှင့် မိုက်က္ကရိုဝေ့ဗ် လှိုင်းနှုန်းအသုံးပြုခ အတွက် အခွန်ပေးသွင်းရာမှာ 2100 MHz Specturm Option နဲ့ 1800 MHz […]
ကျော်ဇေယျ ရန်ကုန်၊ဖေဖော်ဝါရီ-၁၃၊၂၀၂၀ ပုလဲမွေးမြူရေးလုပ်ငန်းတွေကနေ ကောက်ခံနေတဲ့ မုတ်ကောင်ဝတ်ဆံသွင်းအခွန်ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကစလို လုံး၀ မရရှိတော့ဘူးလို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောပါတယ်။ “ ပြုပြင်ပြီးခန့်မှန်းခြေတွင် လျာထားချက်ပါဝင်သော်လည်း ဒုတိယခြောက်လပတ်တွက် လျာထားချက်လည်းမရှိ၊ ကောက် ခံရရှိခြင်းလည်းမရှိသည့် အခွန်ကတော့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကောက်ခံတဲ့ မုတ်ကောင်ဝတ်ဆံသွင်းအခွန်ဖြစ်ပါတယ်ခင်ဗျ ” လို့ ဒုဝန်ကြီးက ပြောတယ်။ ၂၀၁၈-၁၉ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လအတွင်း အခွန်အကောက်ရရှိမှု အခြေအနေကို ပြည်ထောင်စုလွှတ် တော်ကို ရှင်းလင်းရာမှာ သူက ပြောခဲ့တာပါ။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္ထုတွင်းဦးစီးဌာနက ကောက်ခံတဲ့ ဒီအခွန်ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ကောက်ခံဖို့ လျာထားခဲ့ခြင်းလည်းမရှိဘူးလို့ သူက ဆိုတယ်။ ဒီလိုဖြစ်ရတာဟာ အဲဒီဘဏ္ဍာ နှစ်မှာ အသစ် ပြဌာန်းလိုက်တဲ့ […]
ကျော်ဇေယျ ရန်ကုန်၊ဖေဖော်ဝါရီ-၁၃၊၂၀၂၀ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ထီလက်မှတ်ရောင်းအား အနည်းငယ်ကျဆင်းခဲ့ပေမယ့် ရငွေအပိုင်းမှာတော့ ယမန်နှစ်နဲ့နှိုင်းယှဉ်ရင် အခွန်ငွေ ကျပ် ၅၀ ဘီလီယံလောက် ပိုရရှိခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောပါတယ်။ ၂၀၁၈-၁၉ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လအတွင်း အခွန်အကောက်ရရှိမှု အခြေအနေကို ပြည်ထောင်စုလွှတ် တော်ကို ရှင်းလင်းရာမှာ သူက ပြောခဲ့တာပါ။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က အောင်ဘာလေထီလက်မှတ်ရောင်းချမှုက ရငွေဟာ ၉၃ ဘီလီယံကျော်သာ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာတော့ ကျပ် ၁၄၄ ဘီလီယံကျော် ရရှိခဲ့တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ထီလက်မှတ်ရောင်းအားကျဆင်းခဲ့သေးတာလို့လည်း သူက ဆိုပါတယ်။ ပုံစာ- ကော့သောင်းမြို့က ထီလက်မှတ်အရောင်းဆိုင်တစ်ဆိုင်၊ ဓါတ်ပုံ- မော်ကွန်း #Dailynews
ဗညားကျော် ရန်ကုန်၊ဖေဖော်ဝါရီ-၁၁၊ ၂၀၂၀ လေကြောင်းလမ်းထက် နယ်စပ်ဝင်ပေါက်တွေကနေ ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံရသူတွေ ဝင်ရောက်လာမှာကို ပိုမိုစိုးရိမ် ပူပန်ရတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါ တယ်။ ဒလမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက မေးတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ပြန့် ပွားမှုမရှိစေဖို့နဲ့ ဖြစ်လာရင်လည်း အထိအခိုက်အသေအပျောက်နည်းပါးစေဖို့ အစိုးရက ဆောင်ရွက်နေတဲ့ အခြေအနေတွေ ကို သိလိုကြောင်း မေးမြန်းချက်ကို ပြန်ဖြေရာမှာ သူက ထည့်ပြောတာပါ။ “ ဒါကို ကျွန်တော်တို့က ထိန်းချုပ်ရပါမယ်။ ထိန်းချုပ်တယ်ဆိုတာ နယ်စပ်မှာ ကျန်းမာရေးဝန်းကြီး ဌာနလုပ်လို့ မရပါဘူး။ နယ်စပ်မှာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေက ပေါင်းစပ်လုပ်ရမယ်။ ဒါကို ကျွန်တော်တို့ မလျော့ပါဘူး၊ နယ်စပ်ကို အားဖြည့်နေပါတယ်” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ […]
ဂေထော ရန်ကုန်၊ ၂၀၂၀ – ဖေဖော်ဝါရီ ၁၁ ယနေ့ကျရောက်သည့် ၇၂ ကြိမ်မြောက် ကရင်အမျိုးသားနေ့ကို ဆောင်ပုဒ်လေးခုဖြင့် ကိုင်ဆောင်ပြီး လမ်းကြောင်းလေးနေရာဖြင့် ချီတက်ခဲ့ကြသည်။ ယခုကိုင်ဆောင်ထားသည့် ဆောင်ပုဒ်များသည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကရင်လူမျိုး ၄ သိန်းကျော်ဆန္ဒပြ ကြွေးကြော်ခဲ့သည့် ဆောင်ပုဒ်များအတိုင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ထုတ်ပြန်သည်။ ယင်းဆောင်ပုဒ်လေးခုမှာ ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်းစစ်အလိုမရှိနှင့် လူမျိုးရေးအဓိကရုဏ်းအလိုမရှိ စသည့်တို့ဖြစ်သည်။ လမ်းကြောင်းလေးခုမှာ မြေနီကုန်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ သမိုင်းလမ်းဆုံနှင့် အလုံကရင်ခြံစုရပ်စတဲ့ နေရာတို့ဖြစ်ပြီး ဆုံရပ်အဖြစ် ကမာရွတ်ရှိ ယုဒသန်ခန်းမ၌ ကရင်အမျိုးသားနေ့အလံကို အလေးပြုပြီး ဆင်နွှဲခဲ့ကြသည်။ ဓါတ်ပုံ – ဂေထော #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."