အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ မတ် ၁၃(မော်ကွန်း) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာလိုက်သည့် Covid – 19 ရောဂါကို အကြောင်းပြုပြီး ကုန်ဈေးနှုန်းတက်အောင် ဆောင်ရွက်သည့် ကုန်သည်များနှင့် လုပ်ငန်းရှင်များကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု နိုင်ငံတော်အစိုးရက သတိပေးပြောကြားလိုက်သည်။ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ယနေ့မွန်းလွဲပိုင်းက Covid – 19 ရောဂါနှင့်ပတ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခြင်း ဖြစ်သည်။ “လိုအပ်ရင်လိုအပ်သလို ဆန်စပါး Export လုပ်တာတွေလည်း ကန့်သတ်တာမျိုး လုပ်မှာဖြစ်ပါတယ်။ အဲဒီအပေါ် ဒီအချိန်မှာ အခွင့်ကောင်းယူ ဈေးကစားပြီး အကျိုးအမြတ်ရှာတဲ့ လုပ်ငန်းရှင်တွေ၊ ရောင်းချတဲ့လူတွေကိုလည်း ကျွန်တော်တို့ အခုကတည်းက သတိပေးပါတယ်။ ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူမှာဖြစ်ပါတယ်”ဟု […]
အောင်ထူးနိုင် ရန်ကုန် -၂၀၂၀ မတ် ၁၃ (မော်ကွန်း) COVID 19 သတင်းမှားတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကြောင့် ပြည်သူအများစိုရိမ်ပြီး ဆန်တွေဝယ်ယူစုဆောင်း နေကြတာကြောင့် ဈေးကွက်တည်ငြိမ်ရေးနဲ့ ဖူလုံရေး ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆန်စပါးအသင်းက ယနေ့ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Covid-19 ရောဂါကို ကပ်ရောဂါ(Pandemic) အဖြစ် သတ်မှတ်လိုက်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဆန်အတွက် စိတ်ပူစရာမလိုဘူးလို့လည်း ဆန်လုပ်ငန်းရှင်တွေက ပြောပါတယ်။ “ဆန်အတွက်ဆိုရင်တော့ လလောက်မပြောနဲ့ တစ်နှစ်လုံးတောင် တောင့်ခံနိုင်တယ်”လို့ ဝါးတန်းလမ်းကုန်စည်ဒိုင်က ဆန်လုပ်ငန်းရှင် ဦးအေးလွင်က ပြောပါတယ်။ စိုးရိမ်လွန်ပြီး ဆန်တွေအများကြီးဝိုင်းဝယ်တဲ့အခါ ဆန်ဈေးတွေ တက်သွားနိုင်တာကြောင့် လိုအပ်သလောက်ပဲ ဝယ်စေချင်တယ်လို့ဆိုပါတယ်။ “အဓိကတော့ ကြောက်လန့်ပြီး လျှောက်မဝယ်ကြဖို့ အရေးကြီးတယ်။ စီးပွားရေးသမားကတော့ ကစားမှာပဲ၊ စီးပွားရေးသမားကစားတာကို ကိုယ်က မလိုအပ်ဘဲ သွားပြီးလှုံ့ဆော်ရင် ဈေးက […]
ကျော်ဇေယျ ရန်ကုန် – ၂၀၂၀ မတ် ၁၃ (မော်ကွန်း) ရှေ့လမှာကျရောက်မယ့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ မဏ္ဍပ်ဆောက်လုပ်ရေကစားတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ဟာ လူစုလူဝေးများပြားတဲ့နေရာတွေမှာ အလျှင်အမြန်ကူးစက်တတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားကြဖို့ သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေကို ညွှန်ကြားထားပြီး လိုအပ်ရင် ထပ်မံတိုးမြှင့် သတ်မှတ်တာတွေလည်း လုပ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ က ဖွဲ့စည်းခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို ဒီနေ့ကစလို အမျိုးသားအဆင့်ဗဟိုကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းဆောင်ရွက် ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြတယ်။ ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်ဝေတဲ့ ကောလာဟလတွေကို မယုံဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားစေဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက […]
ဂေထော ရန်ကုန် – ၂၀၂၀ ၊ မတ် ၁၃ (မော်ကွန်း) COVID 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်တာဝန်ယူပြီး ကျန်ဝန်ကြီးဌာနနှစ်ဆယ့်တစ်ခုမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များက အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန်လိုက်သည်။ ၎င်းကော်မတီ၏ တာဝန်များမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ ကျဆင်းနေသည့်အပေါ် အရေးပေါ်နှင့် ကာလတို၊ ကာလရှည် စီမံဆောင်ရွက်ရမည့် နည်းလမ်းများကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး ဌာနများအား အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီစဉ်များ ရေးဆွဲဆောက်ရွက်ရန်ဟု ဖော်ပြထားသည်။ စက်ရုံများရပ်ဆိုင်း၍ လုပ်သားများ အလုပ်လက်မဲ့ဖြစ်စဉ်ကာလအတွင်း အခြားအလုပ်အကိုင်အသစ်များ ဖော်ဆောင်ပေးခြင်း၊ အထည်ချုပ်လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပစ္စည်းများရရှိရေးကို တရုတ်နိုင်ငံတစ်ခုတည်းကိုသာ အမှီပြုနေရခြင်းအစား အခြားနိုင်ငံများမှ […]
ဂေထော ရန်ကုန်- ၂၀၂၀ မတ် ၁၃ (မော်ကွန်း) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသည့် စာစစ်ဌာန များတွင် COVID-19 ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကြိုတင်ကာကွယ်ရေးအချက်များအား မတ် ၁၁ ရက်မှ စတင်ကာ လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။ စာမေးပွဲ မစတင်မီ ကျောင်းသား/ကျောင်းသူများအား ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေမှု ရှိ/မရှိ မေးမြန်းရန်၊ ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသား/ကျောင်းသူများရှိပါက Surgical Mask နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြု၍ ဖြေဆိုစေရန် (သို့မဟုတ်) သီးခြားနေရာ သတ်မှတ်ပေး၍ စာမေးပွဲ ဖြေဆိုစေရန်၊ စာစစ်ဌာနများတွင် သီးခြားအခန်းတစ်ခန်း စီစဉ်ထားရှိစေ၍ […]
အောင်ထူးနိုင် ရန်ကုန်၊ မတ်လ ၁၂ (မော်ကွန်း) တစ်နှစ်ခွဲကျော် ရပ်နားခဲ့ရတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဒီနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပြန်လည်ကျင်းပနေပါပြီ။ ဒီအစည်းအဝေးကို UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာမှာ အလျှော့အတင်း လုပ်ရဲမှသာ နိုင်ငံရေးစားပွဲဝိုင်းထဲ ဝင်ဖို့သင့်လျော်တယ်လို့ ပြောပါတယ်။ “မူဘောင်ပြင်ဆင်မှုကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေတာဖြစ်တာကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ဆက်တိုက်ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆောင်ရွက်ရာမှာ မိမိတို့လိုလားချက် ရာနှုန်းပြည့် ရမှ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ဆိုရင်တော့ စေ့စပ်ညှိနှိုင်းလို့ ရနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ […]
ကျော်ဇေယျ ရန်ကုန်၊၂၀၂၀၊မတ်-၁၂(မော်ကွန်း) ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် မနေ့က ကြေညာပြီးနောက် ယနေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း လုပ်ဆောင်ရန်ရှိတာတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ် ဆောင်ရွက်မယ့် အစီအမံတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ မတ်လ ၁၁ ရက်အထိ စာရင်းတွေအရ WHO ရဲ့ ထုတ်ပြန်ချက်အရ COVID 19 ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၃ နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပေမယ့် မြန်မာနိုင်ငံမှာတော့ ယနေ့ရှိမတွေ့ရှိရသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ လူပေါင်း ၁၁၈,၃၂၆ ကို ကူးစက်ခံထားရပြီး ၄,၂၉၂ ဦး သေဆုံးခဲ့ပြီလို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအတွင်းမှာ လူပေါင်း ၈၀,၉၅၅ ဦးကို ကူးစက်ခံထားရပြီး […]
ဂေထော ရန်ကုန်၊ ၂၀၂၀၊ မတ်- ၁၃ (မော်ကွန်း) တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်တွင် မြေမြုပ်မိုင်းကြောင့် ယနေ့နံနက်ပိုင်းက ဒေသခံနှစ်ဦး ဒဏ်ရာရရှိသည်ဟု ရေဖြူ၊ မွန်အရပ်ဘက်အဖွဲ့အစည်းကွန်ယက်၏ အကြံပေးဖြစ်သူ မင်းစိုးသိန်းက ပြောသည်။ နံနက် ၈ နာရီခန့်တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ရားဖူးကျေးရွာအုပ်စု၊ မျောက်ချောရွာနေ နိုင်ဗိုင် ဆိုသူ အမျိုးသား သည် ရေပိုက်ပြုပြင်ရန်သွားရောက်စဉ် ယင်းကျေးရွာအုပ်စုအတွင်းရှိ ကလယ်ရွာ အနီးတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ ယင်းရွာမှ အခြားတစ်ဦးဖြစ်သူ နိုင်ဝင်းလှိုင် ဆိုသူသည်လည်း နံနက် ၉ နာရီခန့်တွင် ဥယျာဉ်ခြံကိုသွားရောက်စဉ် ဒေသအခေါ် အိုင်ရှည်ဆိုသည့်အရပ်တွင် မိုင်းနင်းမိခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦးစလုံး၏ ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု မင်းစိုးသိန်းက ပြောသည်။ […]
သဇင်လတ် ရန်ကုန်၊ ၂၀၂၀၊ မတ်-၃(မော်ကွန်း) ရန်ကုန်မြို့မှ ကိုကိုးကျွန်းသို့ ပြေးဆွဲနေသည့် သင်္ဘောခရီးစဉ်သည် ယခင်ခရီးစဉ်နှစ်ခေါက်က ယာဉ်စီးခ ၊ ကုန်တင်ခကိုအခမဲ့ ပြေးဆွဲခဲ့သော်လည်း တတိယအကြိမ်ခရီးစဉ်တွင် ကုန်ပစ္စည်းတင်ခများကိုကောက်ခံသွားတော့မည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)၏တွဲဘက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။ “ကုန်တွေပေါ်မှာတန်ဆာခကောက်ခံခြင်း သည်လုပ်ငန်းရဲ့လိုအပ်ချက်အရဆောင်ရွက်သွားရမယ်။ အလုပ်တစ်ခုအနေနဲ့ လျာထားပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ကုန်ပစ္စည်းများတွင် ဒေသဖွံ့ဖြိုးရေး၊ တည်ဆောက်ရေး၊ ပြန်လည်ရောင်းချရမည့်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန် စသည်တို့ပါဝင်ပြီး ၎င်းတို့ကိုကုန်ပစ္စည်းအမျိုးအစားအလိုက်ခွဲခြားကောက်ခံသွားမည်ဟု ဦးလှအောင်ကဆိုသည်။ အဆိုပါခရီးစဉ်တစ်ခေါက်စီအတွက် ကျပ်သိန်း၂၀၀ကို YRTA ၏ စီမံခန့်ခွဲမှုရန်ပုံငွေထဲမှ ကျခံဆောင်ရွက်နေခြင်း ဖြစ်သည်။ ရန်ကုန် – ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို YRTAမှ တာဝန်ယူ၍ ယခုနှစ်ဇန်နဝါရီလပိုင်းက စတင်ပြေးဆွဲပေးခဲ့ကာ ပထမပြေးဆွဲသည့်အကြိမ်တွင် ကုန်ပစ္စည်းတန်ချိန် ၂၈၂တန် […]
အောင်ထူးနိုင် ရန်ကုန်၊ ၂၀၂၀ မတ် ၁၁ (မော်ကွန်း) တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ဒီနေ့စတင်စစ်ဆေးတဲ့ ဆယ်တန်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုသူ ဆယ်ယောက်မှာ နှစ်ယောက်ကျော် ပျက်ကွက်မှုရှိခဲ့တယ်လို့ ပလက်ဝ မြို့နယ် ပညာရေးမှူးရုံးက ပြောပါတယ်။ ဒီနှစ်အတွက် စာမေးပွဲဖြေဆိုဖို့ စာရင်းသွင်းထားသူဦးရေ ၂,၆၉၀ ဦးရှိတဲ့အထဲက ၂,၂၁၅ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၄၇၅ ဦးအထိ ရှိခဲ့တယ်လို့ မြို့နယ်ပညာရေးမှူး၊ ဆလိုင်းအောင်မင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းလည်း ပျက်ကွက်သူဟာ ၂၅၀ ကျော်ရှိခဲ့တာကြောင့် ယခင်နှစ်ထက် ပျက်ကွက်သူဟာ နှစ်ဆနီးပါး ရှိပါတယ်။ ပလက်ဝမြို့နယ်မှာ အထက်တန်းကျောင်း ၁၅ကျောင်း၊ အထက်တန်းကျောင်းခွဲ ၂၀ လောက်ရှိပြီး ပြည်နယ်အတွင်း အောင်ချက်နိမ့်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်လို့ ပညာရေးဝန်ကြီးဌာနအချက်အလက်တွေမှာဖော်ပြတယ်။ […]
ရန်ကုန် ၂၀၂၀၊ မတ် ၁၁ (မော်ကွန်း) ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒုတိယနေ့ မဲခွဲပွဲတွင် လိုအပ်သော ထောက်ခံမဲအရေအတွက် မရသည့်အတွက် ပုဒ်မတစ်ခုမျှမပြင်နိုင်ဘဲ မူလပြဌာန်းချက်အတိုင်းသာ ဆက်လက်ထားရှိခဲ့ရသည်။ ဆန္ဒမဲအုပ်စု(၂)အဖြစ် ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၃၆(က)တွင် ဖော်ပြထားသော ပုဒ်မ ၁၅ ခုကို စုပေါင်း မဲခွဲဆုံး ဖြတ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၃၅ ဦးက လျှိုဝှက်ဆန္ဒမဲပေးခဲ့ကြသည်။ ပုဒ်မ ၄၃၆(က)တွင် ဖော်ပြထားသော ပုဒ်မများအား ပြင်ဆင်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံရန်လိုအပ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ကာ မဲပေးခွင့်ရှိသူစုစုပေါင်း၏ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်နိုင်မည်ဖြစ်ကြောင်း အခြေခံဥပဒေတွင်ဖော်ပြထားသည်။ #Dailynews
ကျော်ဇေယျ ရန်ကုန်၊၂၀၂၀၊မတ်-၁၁(မော်ကွန်း) ဗိုလ်ကြီးအဆင့် ဆေးတပ်မှူးတစ်ဦးနဲ့တခြားဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း (၁၀) ဦးကို ထပ်မံဖမ်းဆီးရမိထားတယ် လို့ ရက္ခိုင့်တပ်တော်(AA)က ဒီညနေ ၄ နာရီ ဝန်းကျင်မှာ ထုတ်ပြန်ပါတယ်။ ဒါဟာ ၂ရက်အတွင်း တပ်မတော်သား ၃၀ ဦးအထိ AA ဘက်က ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီနေ့ ဖမ်းဆီးမိခဲ့သူတွေဟာ ပဲခူးတိုင်း၊ ဘုရားကြီးမြို့မှာ အခြေစိုက်တဲ့ တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၇)က တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး သူတို့နဲ့အတူ လက်နက် ၁၄ လက်နဲ့ ခဲယမ်းတွေလည်းပါဝင်တယ်လို့ AA က ထုတ်ပြန်ပါတယ်။ မနေ့တုန်းကလည်း အဲ့ဒီတပ်ရင်းက တပ်ရင်းမှူးအပါအဝင် အရာရှိ၊ အကြပ်၊ရဲဘော် အယောက် ၂၀ ကို ဖမ်းဆီးမိခဲ့သလို အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က အယောက် ၂၀ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."