ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃






ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် အင်တာနက်လိုင်းဖြတ်တောက်ခံရခြင်း၊ လူသားချင်းစာနာမှု အကူအညီများအား ပိတ်ပင်ထားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့သည် ဆက်လက်ဖြစ်ပွားနေကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့ချူပ်ကဆိုသည်။
ထိုကဲ့သို့ဖြစ်ရပ်များနှင့် ပတ်သက်၍ ရန်ကုန်ရှိတက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂများ ပူးပေါင်းကာ ယနေ့ ကမာရွတ်မြို့နယ်ရှိ ဆင်ရေတွင်းမှတ်တိုင်မှ လှည်းတန်းစင်တာအထိ ဆောင်ပုဒ်များကိုင်တောင်ကာ လူအင်အား ၁၀၀ ကျော်ဖြင့် လမ်းလျှောက် လှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုတွင် အင်တာနက်ဖြတ်တောက်သတင်းအမှောင်ချမှုချက်ချင်းရပ်၊ စာသင်ကျောင်းအပေါ်လက်နက်ကြီးကျမှုအပေါ်တာဝန်ယူမှုတာဝန်ခံမှုချက်ချင်းပေး၊ပြည်တွင်းပြည်ပသတင်းမီဒီယာများလွတ်လပ်စွာသတင်းရယူနိုင်ရေး စသည်တို့ဖြင့် ကြေးကြော်ခဲ့ကြသည်။
သတင်း၊ ဓါတ်ပုံ – ဂေထော
#Dailynews

