မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၈ (မော်ကွန်း) စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း ဥပဒေချုပ်ရုံးရှေ့မှာ “မုဒိန်း စစ်တပ် အမြစ်ဖြတ်”ဆိုတဲ့ စာတန်းကို လူငယ်တချို့က ချိတ်ဆွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းကာ မန္တလေးတိုင်း ဥပဒေချုပ်ရုံးအရှေ့၌ “မုဒိန်း စစ်တပ် အမြစ်ဖြတ်” စာတန်း သွားရောက်ချိတ်ဆွဲကာ အာဏာသိမ်းစစ်ကောင်စီကို လက်မခံကြောင်း ဆန္ဒပြခဲ့ပါတယ်။ မနက်ပိုင်းကလည်း ၆၂လမ်းမကြီးပေါ်က ကားဂိတ်တစ်ခုမှာ အောင်မြေသာစံမြို့နယ်ထဲကလူငယ်တစ်စုက “Fucking Law/ Fuck Police And Army” ဆိုတဲ့ ပိတ်စကိုချိတ်ဆွဲပြီး ဆန္ဒပြခဲ့ပါသေးတယ်။ Photo – ABFSU #Dailynews
ဂန့်ဂေါ – ၂၀၂၁ နိုဝင်ဘာ ၁၈ (မော်ကွန်း) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ဂန့်ဂေါ PDF ရဲ့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်က ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းလုံခြုံရေးအတွက် ဘန်ကာပြုလုပ်ဖို့ ဆာလာအိတ်လာဝယ်တဲ့ စစ်ကောင်စီ ဒုရဲအုပ်အောင်ရဲသူနဲ့ ရဲတပ်သားတစ်ဦးတို့ကို နိုဝင်ဘာ ၁၈ ရက် မနက် ၉း၀၀ နာရီဝန်းကျင်မှာ ဂန့်ဂေါ PDF က သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တယ်လို့ PDF ဘက်က ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်အနောက်မှာစီးလာတဲ့ ရဲတပ်သားတစ်ဦးသေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူဖြစ်တဲ့ ဒုရဲအုပ်အောင်ရဲသူဟာ ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဂန့်ဂေါ PDF ကဆိုပါတယ်။ ဂန့်ဂေါနယ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တောက်လျှောက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။ ဂန့်ဂေါ […]
မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၈ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ည ၇:၀၀ နာရီဝန်းကျင်ကစပြီး နေရာအနှံ့မှာ ပစ်ခတ်ပေါက်ကွဲသံတွေကြားနေရပြီး အပြင်ထွက်ကြည့်တဲ့ ဆယ်ကျော်သက်တစ်ဦး ကျည်မှန် သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “အသံတွေက ခါတိုင်းဒီလောက်မကျယ်ဘူး။ ခုက ဆက်တိုက်ပဲ နေရာအနှံ့ကြားနေရတာ။ ဗုံးတွေအရင်ဆက်တိုက်ပေါက်တယ်။ ပြီးမှ သေနတ်သံတွေကြားရတာ”လို့ ဒေသခံက ဆိုပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း အပေါ်ရဲစခန်း၊ အောက်အချုပ်ထောင်၊ ငါးရံ့အင်းစခန်း ၊ အ.ထ.က (၁) ကျောင်းအနီးနဲ့ အခြားနေရာတွေမှာ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတယ်လို့ ဒေသခံက ဆိုပါတယ်။ သေဆုံးသူဟာ ဆယ်ကျော်သက်အရွယ် အမျိုးသားဖြစ်ပြီး သေနတ်ဒဏ်ရာရပြီး ဆေးရုံပို့ဆောင်ခဲ့ပါသေးတယ်။ ” ထွက်ကြည့်နေတာ လူတွေအများကြီးပဲ။ သူ့မှကျည်လာထိတာ”လို့ဒေသခံတစ်ဦးက ဆိုပါတယ်။ မိုးကုတ်မြို့တွင်းမှာတော့ ည ၈နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေဆက်လက်ကြားနေရဆဲဖြစ်တယ်လို့ […]
တန့်ဆည် – ၂၀၂၁ နိုဝင်ဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေလို့ ကျေးရွာငါးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေပိုင်းက တန့်ဆည်မြို့နယ်အနောက်ပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ပြီး ရွာသူရွာသားတချို့ကို ဖမ်းဆီးတာတွေပြုလုပ်နေတာကြောင့် ပကာ၊စိန်ကျေးကူး၊စင်းသင်း၊ ခေါင်ယာ၊မောက်တက် ရွာများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဖမ်းပြီးလမ်းပြခိုင်းတယ်။ လမ်းပြတွေထဲကတချို့ကိုတော့ ညနက်မှပြန်လွှတ်တယ်ပြောတယ်။ စိန်ကျေးကူးရွာက အမျိုးသမီးတစ်ယောက်လည်းအဖမ်းခံရတယ်။ ပြန်မလွတ်သေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့ညကလည်း တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းအနီး ပေါက်ကွဲသံသုံးကြိမ်ကြားလိုက်ရပြီး စခန်းထဲကပြန်လည်ပစ်ခတ်သံတွေလည်းကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန့်ဆည်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေပိုမိုဖမ်းဆီးစောင့်ကြပ်နေတာကြောင့် ဒီကနေ့ကစပြီး ကံထူးမ-ကလေးဝ လမ်းပေါ် မည်သည့်ကားမှ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။ #Dailynews
ထီးလင်း – ၂၀၂၁ နိုဝင်ဘာ ၁၉ (မော်ကွန်း) မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်တွေသတ်ဖြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်ရွာသား နှစ်ဦးကိုလည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထီးလင်းမြို့နယ် ထန်းပင်ကုန်း ရွာအနီးမှာ စစ်ဘေးရှောင်အရပ်သား သုံးဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ထီးလင်းမြို့နယ် ထန်းပင်ကုန်း ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ YDF(ထီးလင်း)၊CDF(မင်းတပ်)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF(ထီးလင်း)မှ ရဲဘော် ၁၃ဦး၊ CDF(မင်းတပ်)မှ ရဲဘော် ၁ဦးကျဆုံးပြီး YDF(ထီးလင်း)မှ ၂ဦး၊ CDF(မင်းတပ်)မှ ၁ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်လို့ YDFက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကလည်း […]
ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၁၉ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးမှာ စစ်ကောင်စီရဲတပ်ကြပ်ကြီးတစ်ဦး မနေ့ညပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ ဖားကန့်ကျောက်စိမ်းမှော်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီရဲတပ်ရင်းက ရဲတပ်ကြပ်ကြီးတစ်ဦးလို့ ဒေသခံကပြောပါတယ်။ ” မနေ့က ည ၁၀ နာရီလောက်ကအသတ်ခံရတာ။ရဲတပ်ရင်းက ရဲတပ်ကြပ်ကြီး လို့သိရတယ်။ ညထဲက အဲ့ကိစ္စဖြစ်ပြီးတော့ ရဲတွေခြေရှုပ်နေတယ်” လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီရဲတပ်ကြပ်ကြီး ပစ်သတ်ခံခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ဖားကန့်နယ်မြေအတွင်းမှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ရင်းနှစ်ခု တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ #Dailynews
မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၇ (မော်ကွန်း) မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်စာရွက်တွေကိုသစ်ပင်တွေ၊ ဓါတ်တိုင်တွေမှာ လိုက်ကပ်နေပြီး ကွာကျသွားရင် အနီးနားက ရပ်ကွက်တွေ တစ်ရပ်ကွက်လုံး ရိုက်နှက်ခံရမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်စာရွက်ထဲမှာ PDF တွေကို အကြမ်းဖက်တွေလို့စွပ်စွဲထားပြီး ၎င်းတို့ ခိုအောင်းနေထိုင်တဲ့ နေအိမ်များကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာဖြစ်ကြောင်း ပါရှိပါတယ်။ ဒါအပြင် PDF တွေကိို လက်ခံနေထိုင်ခွင့်ပြုတဲ့ ကျေးရွာတွေကို စုစည်းရွာတွေအဖြစ် ရွှေ့ပြောင်းမှာဖြစ်ပြီး NLD ပါတီကိုလည်း အစွန်းရောက်အကြမ်းဖက်မှုတွေဆောင်ရွက်နေတာကြောင့် မြန်မာ့မြေပေါ်တွင် ရပ်တည်ခွင့်မရှိတော့ကြောင်း ဖော်ပြထားပါတယ်။ NLD ပါတီ၏ လက်ပါးစေများ PDFများ အမြစ်ပြတ်ချေမှုန်းခံရမည်ဖြစ်ကြောင်း၊ PDFများ အလင်းဝင်ရန်နဲ ပြည်သူလူထုက ရဲတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်း၍ အမြစ်ပြတ်ချေမှုန်းမယ်လို့ […]
ရေစကြို – ၂၀၂၁ နိုဝင်ဘာ ၁၇ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်တွေ အင်အား ရာချီနဲ့ ထိုးစစ်ဆင်နေလို့ ရွာသူရွာသား ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ရေလယ်ကျွန်းဒေသ မင်းရွာကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အနီးနားကျေးရွာများကို ဝင်ရောက်ပစ်ခတ်တာတွေပြုလုပ်ခဲ့နောက် ဒီကနေ့မှာလည်း လှေခုတ် ၊နွယ်နီ ၊ နေရင်း၊ကျွန်းညို၊ ညောင်ပင်၊ဝါးဘိုး အစရှိတဲ့ရွာတွေကို ဝင်ရောက်ဖမ်းဆီးရိုက်နှက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လှေခုတ်ရွာမှာ အမျိုးသမီး နှစ်ဦးအပါအဝင် ဆယ်ဦးခန့်နဲ့ ၊ ညောင်ပင်ရွာမှ ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဖမ်းသွားတဲ့သူတွေကို ဓါးစာခံလုပ်ပြီး ခေါ်သွားတယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် အကြမ်းဖက်နေတယ်”လို့ဒေသခံတစ်ဦးက ပြောပါတယ် စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၅၀ […]
မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၇ (မော်ကွန်း) မန္တလေးတိုင်း မိုးကုတ်မြို့၊ပိတ်စွယ်ရပ်ကွက်ထဲက စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်တဲ့ မင်းမင်းအောင်ဟာ မြို့မရပ်ကွက်ထဲက ဘီယာဆိုင်ကိုအဝင်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ” သေနတ်နဲ့ပစ်ခံရတာတော့သေချာတယ်။ သူ့အိမ်မှာ ဇူလိုင်လတုန်းကလည်း လက်လုပ်ဗုံးကွဲခဲ့သေးတယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။ စစ်ကောင်စီသတင်းပေးဒလန်တစ်ဦးဖြစ်သူ မင်းမင်းအောင်ကို ပတ္တမြားမြေPDF အဖွဲ့က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုးကုတ် မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီသတင်းပေးဒလန်တစ်ဦးဖြစ်တဲ့ ဦးသန်းလှိုင်ကိုလည်း ပတ္တမြားမြေPDF က ရှင်းလင်းခဲ့ပါသေးတယ်။ #Dailynews
မုံရွာ-၂၀၂၁ နိုဝင်ဘာ ၁၆(မော်ကွန်း) မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းအနီးမှာ ဒီနေ့မနက် ၁၀နာရီဝန်းကျင်က ဈေးလာဝယ်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က အရာခံဗိုလ်တစ်ဦးကို အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့(မုံရွာ)က သေနတ်နဲ့ ဦးခေါင်းတေ့ပစ်သတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ “ဟုတ်တယ်။မနက်က ဈေးဝယ်ထွက်ရင်းပစ်ခံရတာ။တပ်ထဲစတုဒိသာကျွေးဖို့ဈေးလာဝယ်ရင်းပစ်ခံရတာတဲ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပစ်ခတ်မှုဖြစ်အပြီး ရပ်ကွက်ထဲကို စစ်ကောင်စီတပ်တွေလာရောက်စစ်ဆေးတာတွေလုပ်နေတယ်လို့ အဲဒီဒေသခံကဆက်ပြောပါတယ်။ အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့(မုံရွာ)က စစ်တပ်သတင်းပေးလုပ်နေသူတွေကို အမြန်ဆုံးရပ်တန့်ဖို့ထုတ်ပြန်ထားပြီး သတင်းပေးဆက်လက်လုပ်ဆောင်နေပါက ငဲ့ကွက်မှာမဟုတ်ကြောင်း သတိပေးစာကို ဒီနေ့လယ်ကပဲ ထုတ်ပြန်ထားပါတယ်။ #Dailynews
မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၆ (မော်ကွန်း) မန္တလေးမြို့ အတွင်းက ကျူးကျော်တွေကို တစ်လအတွင်းရှင်းလင်းမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာကနေ ကြေညာပါတယ်။ မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓါတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာမြေနဲ့ ပုဂ္ဂလိကပိုင်မြေနေရာတွေမှာ ကျူးကျော် နေထိုင်သူတွေအနေနဲ့ ဒီကနေ့ကစပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ခွာကြဖို့ စစ်ကောင်စီလက်အောက်ခံ မန္တလေးနေ့စဥ်သတင်းစာကနေ ကြေညာပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိကာလ တစ်လအတွင်း ဖယ်ရှားခိုင်းထားပြီး ဒီဇင်ဘာလ ၁၆ရက်နေ့ နောက်ပိုင်းမှာတော့ အဖွဲ့နဲ့ ရှင်းလင်းဖယ်ရှားသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ မန္တလေးစည်ပင်က ဆိုပါတယ်။ မန္တလေးမြို့က ကျူးကျော်နေထိုင်သူတွေဟာ မဟာအောင်မြေမြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်ထဲမှာ အများဆုံးရှိနေပြီး မြို့သစ်ဘက်နဲ့ ဧရာဝတီမြစ်ကမ်းနားလမ်းတစ်လျှောက်မှာလည်း အများဆုံးနေထိုင်နေကြပါတယ်။ လုပ်ငန်းတွေရပ်နားထားရလို့ စားဝတ်နေရေးကျပ်တည်းနေချိန် ပြောင်းရွှေ့ခိုင်းရင် ကျူးကျော်နေထိုင်ရသူတွေဟာ နေစရာအတွက်ပါ ပိုဒုက္ခရောက်နိုင်ကြောင်း […]
အရာတော် – ၂၀၂၁ နိုဝင်ဘာ ၁၆ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက တိုက်ခိုက်ပစ်ခတ်နေဆဲဖြစ်တဲ့ အရာတော်မြို့နယ်မှာ “PDF တို့ ချီလာပြီ ဒို့ပြည်သူတွေ စစ်ကျွန်ဘဝကလွတ်တော့မည်” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ လူထုသပိတ်စစ်ကြောင်းဟာ ပြည်သူ့ခုခံတော်လှန်စစ်ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးတာတွေပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဓါတ်ပုံ-အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."