မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၇ (မော်ကွန်း)
မန္တလေးတိုင်း မိုးကုတ်မြို့၊ပိတ်စွယ်ရပ်ကွက်ထဲက စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်တဲ့ မင်းမင်းအောင်ဟာ မြို့မရပ်ကွက်ထဲက ဘီယာဆိုင်ကိုအဝင်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
” သေနတ်နဲ့ပစ်ခံရတာတော့သေချာတယ်။ သူ့အိမ်မှာ ဇူလိုင်လတုန်းကလည်း လက်လုပ်ဗုံးကွဲခဲ့သေးတယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။
စစ်ကောင်စီသတင်းပေးဒလန်တစ်ဦးဖြစ်သူ မင်းမင်းအောင်ကို ပတ္တမြားမြေPDF အဖွဲ့က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးကုတ် မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီသတင်းပေးဒလန်တစ်ဦးဖြစ်တဲ့ ဦးသန်းလှိုင်ကိုလည်း ပတ္တမြားမြေPDF က ရှင်းလင်းခဲ့ပါသေးတယ်။
#Dailynews

