သတင်းများ

စစ်ကောင်စီ အင်တာနက်ဖြတ်ထားတဲ့ ဖားကန့်မြို့မှာ သပိတ်စစ်ကြောင်းတွေ လမ်းပေါ်တက် ဆန္ဒပြ

November 24, 2021

ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၂၃ (မော်ကွန်း) ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ ဖားကန့်မြို့ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ခဲ့တာဟာ ခုဆို သုံးလကျော်ရှိပါပြီ။ ဖားကန့်မြို့က ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့စဉ်ရက်ဆက် လမ်းမတွေပေါ်တက်ပြီး ဆန္ဒပြနေဆဲပါ။ ဒီကနေ့ ဆန္ဒပြပွဲမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

မုံရွာက ရွာတွေကို စစ်ကောင်စီ ဝင်ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရ

November 23, 2021

မုံရွာ – ၂၀၂၁ နိုဝင်ဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေလို့ ကျေးရွာ ငါးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့နယ်အတွင်းက သက္ကယ်ကျင်းကျေးရွာ၊ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာ ၊ပလ္လင်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဟာ ကား (၁၂)စီးနဲ့ ဒီကနေ့ မနက် ၅း၀၀ နာရီဝန်းကျင်ကစပြီး ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ပလ္လင်ကျေးရွာက နေအိမ်အတွင်း အိပ်ပျော်နေတဲ့ ပြည်သူ (၂)ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ အင်အားအများအပြားနဲ့ ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “သေနတ်သံတွေလည်းကြားရတယ်။ မီးခိုးတွေလည်းတက်လာတယ်”လို့ ပလ္လင်ကျေးရွာအနီး ဒေသခံတစ်ဦးက ပြောပါတယ်။ မနက် ၉း၀၀ နာရီကျော်အထိ ရွာတွေထဲမှာရှိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနက် ၁၀ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်ကို မြင်းခြံနဲ့နွားထိုးကြီး တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်

November 23, 2021

မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၃ (မော်ကွန်း) မန္တလေးတိုင်း၊ ​မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မြင်းခြံနဲ့နွားထိုးကြီးနယ်တွေက PDF တွေ ဝင်တိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးတာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ည ၁၀း၅၀ ဝန်းကျင်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာက စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ZERO ပြောက်ကျားတပ်ဖွဲ့၊ 27 Revolution Forces၊ NATOGYI Regional PDF၊ Na To Gyi People Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားရှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က […]

အပြည့်အစုံဖတ်ရန်

ငွေတိုက်စာချုပ်များ နှစ်နာရီအတွင်း ဒေါ်လာ နှစ်သန်းဖိုး ရောင်းရ

November 23, 2021

၂၀၂၁ နိုဝင်ဘာ ၂၂ (မော်ကွန်း) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ ဒီကနေ့ စတင်ရောင်းချလိုက်တဲ့ ငွေတိုက်စာချုပ်တွေဟာ ရောင်းချပြီးချင်း နှစ်နာရီအတွင်းမှာ အမေရိကန်ဒေါ်လာ နှစ်သန်းရရှိထားကြောင်း NUG ရဲ့ မီဒီယာကနေ ကြေညာပါတယ်။ အတိုးမဲ့ သက်တမ်း နှစ်နှစ် ရှိမယ့် ဒီငွေတိုက်စာချုပ်တွေကို ဖယ်ဒရယ်ဒီမိုကရေစီစနစ်လိုလားတဲ့ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးသွားစေဖို့ ဝယ်ယူပေးကြဖို့ NUG က တောင်းဆိုထားပါတယ်။ အမေရိကန်ဒေါ်လာ တစ်ရာ ၊ ငါးရာ၊ တစ်ထောင်နဲ့ ငါးထောင်တန် ငွေတိုက်စာချုပ်တွေကို ရောင်းချနေတာဖြစ်ပြီး သက်တမ်းကာလပြည့်မှသာ ရောင်းချ၊ လွှဲပြောင်းမှုတွေကို စည်းကမ်းချက်တွေနဲ့အညီ လုပ်ကိုင်ခွင့်ရှိမယ်လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကြေညာထားပါတယ်။ NUG ရဲ့ အထူးငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၅ ဦးဝန်းကျင် အဖမ်းခံရ

November 23, 2021

မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၂၂ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ပြည်သူ ၁၅ ဦးလောက်ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၀ရက်နေ့က အောင်မဂ်လာရပ်ကွက်ထဲက ပရဟိတသမားတစ်ဦးကိုစစ်ကောင်စီတပ်တွေက နေအိမ်အထိလာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်အတွင်းက ဒေသခံတစ်ဦးက ဆိုပါတယ်။ ” ရိုက်နှက်ပြီး ကိုဖမ်းတာ၊ အဲ့အိမ်က လူတစ်ယောက်ကအော်တော့ ပစ်သတ်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်သွားသေးတယ်”လို့ ဒေသခံကပြောပါတယ်။ ပရဟိတသမား အဖမ်းခံရပြီးနောက်မှာလည်း မိုးကုတ် ဒေသခံတချို့ ထပ်မံအဖမ်းခံခဲ့ရတယ်လို့ သူကပြောပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ စစ်ကောင်စီ တပ်တွေက အောင်မြေသုခရပ်ကွက်ထဲက ပြည်သူ ရှစ်ဦးနဲ့ လယ်ဦးရပ်ကွက်က လူငယ် ငါးဦးတို့ကိုဖမ်းဆီးခဲ့တဲ့အပြင် လမ်းမှာဖုန်းစစ်ဆေးခံရပြီးနောက် ဖမ်းဆီးခံထားရသူတချို့ရှိနေကြောင်း ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့မှာ […]

အပြည့်အစုံဖတ်ရန်

ကလေးမြို့ ကျောက်ပြုတ်ရွာတိုက်ပွဲပြင်းထန်၊ တော်လှန်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ နှစ်ဘက် ထိခိုက်မှုရှိ

November 23, 2021

ကလေး – ၂၀၂၁ နိုဝင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကျောက်ပြုတ်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်မှုတွေရှိကြောင်း ဒေသခံတွေကပြောပါတယ်။ မနေ့ မနက် ၁၀ နာရီဝန်းကျင်က ကလေးမြို့နယ်၊ တောင်ပိုင်းကျောက်ပြုတ်ရွာမှာ စစ်အခြေစိုက်စခန်းအဖြစ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို PDF (ကလေး)အဖွဲ့ဝင်များက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း PDF (ကလေး) တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာနယ်မြေထက်ဝက်ကျော်အထိ ဝင်ရောက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးများ ဆက်တိုက်အသုံးပြုလာသည့်အပြင် ဟံသာဝတီရွာဘက်ကလည်း တောက်လျှောက် လက်နက်ကြီးပစ်ကူပေးနေခဲ့လို့ မွန်းလွဲတစ်နာရီခန့်မှာ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း PDF က ပြောပါတယ်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ငါးဦးသေဆုံးနိုင်ပြီး PDF (ကလေး)ဘက်က နှစ်ဦး […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ် ထုတ်ကုန်တွေ အသုံးမပြုကြဖို့ မန္တလေး သပိတ်တွေ ဆန္ဒပြ

November 22, 2021

မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၁ (မော်ကွန်း) အာဏာသိမ်းစစ်တပ် ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုကြဖို့ မန္တလေးမြို့က ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့တွင်း လူစည်ကားရာနေရာတစ်ခုမှာ မန္တလေးသပိတ်အင်အားစုသပိတ်စစ်ကြောင်းနဲ့ အဖမ်းဆီးခံပြည်သူများကိုယ်စားပြုသပိတ်စစ်ကြောင်းတို့က ရဟန်းသံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ကထုတ်လုပ်နေတဲ့ကုန်ပစ္စည်းတွေရဲ့ပုံတွေကိုကိုင်ဆောင်ပြီး အသုံးမပြုကြဖို့ ဆန္ဒပြခဲ့ကြပါတယ်။ မကြာခင်ကျရောက်လာတော့မယ့် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် “စစ်ကျွန်မခံဘူး ငြင်းဆန် အမျိုးသားနေ့အဓိဌာန်”ဆိုတဲ့စာသားကိုလည်း ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်းစစ်အုပ်စုရဲ့လက်အောက်ခံတွေက အဖွဲ့စုံပူးပေါင်းစစ်ဆေးမှုတွေ ရှိနေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကတော့ နေရာအနှံ့မှာ ရှိနေဆဲဖြစ်ပါတယ်။ ဓါတ်ပုံ-Black #Dailynews

အပြည့်အစုံဖတ်ရန်

အမျိုးသားနှစ်ဦးစီးလာတဲ့ဆိုင်ကယ်ကို စစ်ကောင်စီပစ်လို့ တစ်ဦးသေဆုံး

November 22, 2021

ချောင်းဦး – ၂၀၂၁ နိုဝင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မနေ့က အမျိုးသားနှစ်ဦးစီးလာတဲ့ဆိုင်ကယ်ကို စစ်ကောင်စီတပ်တွေကပစ်ခတ်ခဲ့လို့ တစ်ဦးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ​ပြောပါတယ်။ မနေ့ မွန်းလွဲပိုင်းက ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာဘောလုံးကွင်းအနီးမှာ အမျိုးသားနှစ်ဦးစီးနင်းလာတဲ့ဆိုင်ကယ်ကို စစ်ကောင်စီတပ်တွေက လိုက်လံပစ်ခတ်ခဲ့လို့ နောက်မှာထိုင်လိုက်လာတဲ့ အမျိုးသား ကျည်ထိမှန်သေဆုံးသွားတာပါ။ “ပစ်ခံရတဲ့လူရဲ့အလောင်းကို စစ်ကားပေါ်တင်သွားတယ်။ ခုထိအလောင်းပြန်မရသေးဘူးပြောတယ်”လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာသားတစ်ဦးဖြစ်ပြီး ညနေပိုင်းမှာ သူ့နေအိမ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ဒေသအချို့မှာ အမျိုးသားနှစ်ဦးဆိုင်ကယ်အတူစီးနင်းမှုကို လိုက်လံတားဆီးပိတ်ပင်နေပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ကျွန်းလှရဲ့ ရွာတွေကို အာဏာသိမ်းစစ်ကောင်စီ ဝင်ဖျက်ဆီးလို့ ဒေသခံပြည်သူတွေ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရ

November 22, 2021

ကျွန်းလှ – ၂၀၂၁ နိုဝင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖျက်ဆီးလို့ လူသေဆုံးထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိပြီး အိမ်အလုံးပေါင်းများစွာ ပျက်စီးဆုံးရှုံးရကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျွန်းလှဆည်အနောက်ဖက်ခြမ်းကျေးရွာတွေဖြစ်တဲ့ မော်တုံ၊ ပေပင်ချောင်၊ ဝေလမူ၊ ကုန်းစည်း၊ တောင်နီ၊ ဥသျှစ်ကုန်း၊ လိပ်ဆင်းတောင်စတဲ့ ကျေးရွာတွေကို နိုဝင်ဘာလ ၁၆ရက်၊ ၁၇ ရက်၊ ၁၈ ရက်နေ့တွေက စစ်ကောင်စီအင်အား ၄၀၀ ဝန်းကျင်နဲ့ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “တချို့ရွာတွေမှာဆို ရှေ့ဆက်ပြီးစားစရာနေစရာမရှိအောင်အထိ ဖျက်ဆီးသွားကြတယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ မော်တုံကျေးရွာတွင် နေအိမ် ကိုးလုံး၊ ပေပင်ချောင်ကျေးရွာတွင် နေအိမ်ခုနှစ်လုံး၊ ကုန်းစည်းကျေးရွာတွင် နေအိမ်နှစ်လုံး ဖျက်ဆီးခံခဲ့ရပြီး ဆက်လက်၍ နေထိုင်စားသောက်ဖို့ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီက ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဒဏ်ရိုက် ငွေတောင်း

November 20, 2021

မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၀ (မော်ကွန်း) မန္တလေးမြို့မှာ ဒီကနေ့ကစပြီး ဆိုင်ကယ်တွေကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေပူးပေါင်းပြီး စတင်တင်းကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်းက စတင်ကာ မန္တလေးမြို့သစ် ၆၂လမ်း၊ ဘူတာကြီးရှေ့၊ ကန်တော်ကြီး၊ တောင်သမန်အင်းကန်ပတ်လမ်း၊ ၆၆လမ်း ၃၂-၃၃ ကြား၊ မေမြို့သံလမ်းအတက် ၆၈လမ်း၊ ၇၃လမ်းNewOcen၊ ၆၈လမ်း မြဝတီမင်းကြီးလမ်း၊ အမရပူရဒေါ်သီ သနပ်ခါးကွေ့၊ မြို့ပတ်လမ်း၃၀နဲ့၃၅လမ်းကြား စတဲ့ မြို့တွင်းမြို့သစ်နေရာစုံမှာ ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများက ပြောပါတယ်။ ဆိုင်ကယ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင် သက်တမ်းလွန်မလွန်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းကိုစစ်ဆေးပြီး တချို့နေရာတွေမှာတော့ အမျိုးသားနှစ်ယောက်အတူစီးတာ၊ Mask တပ်တာတွေအစ စစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တစ်ဖွဲ့ကိုတစ်မျိုးစစ်နေတယ်။ ဆိုင်ကယ်လိုင်စင်လူလိုင်စင်တင်မကဘူး Mask တပ်တာကိုကော မတပ်တာကိုပါ ရစ်နေတယ်”လို့ ဒေသခံတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်သပိတ်ခေါင်းဆောင်နေအိမ်ကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးပြီး ဘဲငန်းတွေပါ ဖမ်းသွား

November 20, 2021

မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၂၀ (မော်ကွန်း) ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်နေအိမ်ကို ဒီကနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်တွေ သေနတ်နဲ့ပစ်ခတ်ပြီး အတွင်းပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဥိီးစိုးဋ္ဌေးနေအိမ်မှာ လူမနေတော့တာ လေးလခန့်ကြာမြင့်ပြီလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ဒီကနေ့ နေအိမ်ကို လာရောက်ဖျက်ဆီးချိန်မှာ မီးစက်အပြင် မိသားစုဝင်တွေ ဖမ်းဆီးခံရချိန် ကျန်ရစ်ခဲ့တဲ့ ဘဲငန်းတွေကိုပါ ဖမ်းဆီ သိမ်းယူသွားတယ်လို့ ဒေသခံကပြောပါတယ်။ “ဒီနေ့ ဗမွန်ရွာအစပ်ဘက်မှာ သေနတ်ပစ်သံကြားတယ်ဆိုပြီး အနီးအနားကလူတွေကိုမေးကြည့်တော့ ဦးစိုးဋ္ဌေးအိမ်ကိုလာပစ်သွားတာ။ လူမရှိတော့ လူတော့မထိဘူး”လို့ဒေသခံက ဆိုပါတယ်။ ဦးစိုးဋ္ဌေးဟာ သပိတ်တွေစတင်တဲ့အချိန်ကစပြီး ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ခံခဲ့ရကာ အခုထိ တိမ်းရှောင်နေရသူ ဖြစ်ပါတယ်။ ဇွန်လတုန်းက […]

အပြည့်အစုံဖတ်ရန်

ရေစကြို NLD အမာခံမိသားစုနေအိမ် ဖောက်ခွဲတိုက်ခိုက်ခံရပြီး လေးဦးသေဆုံး

November 19, 2021

ရေစကြို – ၂၀၂၁ နိုဝင်ဘာ ၁၈ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့မှာ NLD အမာခံ တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့နေအိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ည ၁၀:၂၅ ဝန်းကျင်က ရေစကြိုမြို့၊အမှတ် ၁၊ ထင်းတန်းရပ်ကွက်မှာနေထိုင်တဲ့ NLD ပါတီ အမာခံ ကိုအေးလှိုင်နဲ့မမာစီတို့ရဲ့နေအိမ်အတွင်း ရောက်ရှိလာတဲ့အထုပ်တစ်ထုပ်ကိုဖွင့်ဖောက်ရာကနေ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် အိမ်ရှင် အသက်၅၂ နှစ်အရွယ် ကိုအေးလှိုင်နဲ့ သူ့ဇနီး အသက်၄၅နှစ်အရွယ် မမာစီ၊ ၎င်းတို့ရဲ့သမီးဖြစ်သူ အသက် ၂၀ နှစ်အရွယ် မအေးသင်းနဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဒေါ်စီတို့ သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဆိုင်ကယ်သမားတစ်ယောက်လာပစ်သွားတာပြောတယ်။ အမျိုးသမီးသုံးဦးကတော့ နေရာမှာတင်ဆုံးတယ်။ အမျိုးသားကတော့ ဆေးရုံရောက်မှဆုံးတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက […]

အပြည့်အစုံဖတ်ရန်
1 … 218 219 220 221 222 223 224 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."