ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၆ (မော်ကွန်း) ဒီကနေ့ ဖားကန့်မြို့ပြည်သူတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်းဖြစ်ပါတယ်။ NUG ၊ PDF နဲ့ KIA တို့ကို ထောက်ခံကြောင်းနဲ့ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ကြွေးကျော်သံတွေနဲ့အတူ မြို့အတွင်းလှည့်လည် ဆန္ဒပြကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ပေါက် -၂၀၂၁ နိုဝင်ဘာ ၅(မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်၊ခင်ရှည်(တောင်စု)ရွာက ပျူစောထီးအဖွဲ့ဝင်ထွန်းဦးကို ဒေသခံ PDF တွေက မနေ့ကည ၈ နာရီဝန်းကျင်မှာ နေအိမ်အတွင်းသေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ပျူစောထီးအဖွဲ့ဝင်ထွန်းဦးဟာ ထိခိုက်ဒဏ်ရာအများအပြားရခဲ့ပြီး ပေါက်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ မကွေးအခြေစိုက် CAF – MGPDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ “ပျူစောထီးထွန်းဦးကဒလန်အကြီးစား၊ သူ့အိမ်ကိုဝင်ပစ်တာပေါ့၊ဒဏ်ရာကတော့ အကြီးအကျယ် ရသွားတယ်ဗျ။သေမှာပါပဲ။အခုဆေးရုံပေါ်မှာလို့သိရတယ်။” လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။ အဲဒီပစ်ခတ်မှုကို CAF – MGPDF, KingFighter နဲ့ PPDF စတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့သုံးဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးဦးထွန်းဦးဆီကနေ လက်လုပ်သေနတ်နှစ်လက်ကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ပစ်ခတ်မှုပြုလုပ်နေချိန်မှာ ကျေရွာဒေသခံတစ်ချို့လာရောက်ကြည့်ရှုတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က အော်ဟစ်ကြိမ်းမောင်းမှုတွေပြုလုပ်ခဲ့ရတာကြောင့် ဒေသခံပြည်သူတွေကိုပြန်လည်တောင်းပန်ကြောင်း CAF – MGPDFအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ Photo: Supplied #Dailynews
ရေး – ၂၀၂၁ နိုဝင်ဘာ ၄ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးဟာ ဒီကနေ့ မနက် ၉နာရီဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူ့အိမ်နဲ့မျက်စောင်းထိုးနားက လက်ဖက်ရည်ဆိုင်မှာသောက်ပြီးအပြန် သူ့အိမ်နားရောက်ခါနီးမှာ အနောက်ကနေလိုက်လာပြီးပစ်သွားတာ ။ ၅ချက်လောက်ပစ်သွားတယ်။ ပေါင်ကိုပဲအဓိက ထိသွားတာ “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ သေနတ်နဲ့ပစ်ခံရသူ က ဦးဇော်ဝင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဗျူဟာမှူး၊ ရဲ တွေနဲ့ဆွေမျိုးတော်စပ်ပြီး အရင်ကတည်းက စစ်ကောင်စီတပ်တွေနဲ့ခင်မင်မှုရှိတယ်လို့ ဒေသခံက ဆိုပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် ပေါင်နဲ့ ရင်ဘတ်ကို ထိသွားတာကြောင့် စစ်ဆေးရုံကိုပို့ဆောင်ကုသနေတယ်လို့သိရပြီး ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ ကျည် အခွံ ၄ တောင့်တွေ့ရထားတယ်လို့ ဒေသခံက ဆိုပါတယ်။ ဒီပစ်ခတ်မှုကို ရေးPDF အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ YPDF က […]
ငါန်းဇွန်၊ရေဦး – ၂၀၂၁ နိုဝင်ဘာ ၄ (မော်ကွန်း) ငါန်းဇွန်မြို့နယ်နဲ့ ရေဥဦးမြို့နယ်တွေက ခြင်းခတ်နေတဲ့ လူငယ်တွေနဲ့ ဂိမ်းဆော့နေတဲ့ ဆယ်ကျော်သက်တွေကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ညနေပိုင်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ရှိ မြေစာရင်းရုံးဝန်း အတွင်း ခြင်းခတ်နေကြတဲ့ မြို့ခံလူငယ်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူထဲက တစ်ဦးကလွဲလို့ ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ “နိုဝင်ဘာ ၂ ရက်နေ့ညပိုင်းက ငါန်းဇွနယ်က မိုင်တဲတာဝါတိုင်တစ်တိုင် ဖောက်ခွဲခံရတာနဲ့ပတ်သက်ပြီး စစ်ဆေးတာလို့ပြောတယ်။ ပါသွားတဲ့သူတွေထဲက ကုလရွာသားတစ်ယောက်ကိုတော့ ဆက်ပြီး ဖမ်းဆီးထားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာလည်း ဒီကနေ့ မနက် ၁၀ […]
မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၄ (မော်ကွန်း) မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ကျောက်ဝိုင်းမှာ ဒီကနေ့မနက်ပိုင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်က ရဲတပ်ကြပ်တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။ နံနက်စောစော ၆:၀၀ နာရီလောက်မှာပေါက်ကွဲတာဖြစ်ပြီး နောက်ထပ် ဒုရဲအုပ်တစ်ယောက်လည်း ဒဏ်ရာရသွားကြောင်း ဒေသခံတွေကဆိုပါတယ်။ “မနက်က ပေါက်ကွဲမှုဖြစ်တယ်လို့တော့ကြားတယ်။ ကျောက်သမားတွေက ဝိုင်းထဲမဆင်းဘဲ အပြင်မှာပဲ အရောင်းအဝယ်လုပ်ကြတော့ ကျောက်သမားတွေထိတာမျိုးတော့မရှိဘူး”လို့ မြို့ခံကျောက်သမားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း မန္တလေးကျောက်ဝိုင်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မိတာတော့မရှိခဲ့ပါဘူး။ #Dailynews
ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၃ (မော်ကွန်း) စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်ဆို့ထားခဲ့တဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလလမ်းကို ယနေ့မနက်ပိုင်းက ပြန်လည်ဖွင့်ပေးခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားတာကိုတွေ့ရပါတယ်။ စစ်ကောင်စီတပ်သားတွေပါတဲ့ FAW ကားနှစ်စီးကမြို့တော်ခန်းမရှေ့နဲ့ ယူနီဖောင်းဝတ်ရဲတွေအပြည့်ပါတဲ့ Double Cab သုံးစီးက မဟာဗန္ဓုလလမ်းနဲ့ ၃၅ လမ်းထောင့်က ကျောက်တံတားထွေအုပ်ရုံးရှေ့မှာ လုံခြုံရေးယူထားတာတွေ့ရပါတယ်။ ဘတ်(စ်) ကားများ ဖြတ်သန်းသွားလာခြင်းမရှိဘဲ အိမ်စီးကားနဲ့ အငှါးယာဉ်များသာ ဖြတ်သန်းသွားလာနေပြီး ပြည်သူတချို့ ခြေလျင်သွားလာတာလည်းတွေ့ရှိရပါတယ်။ ဓါတ်ပုံ – မော်ကွန်း #Dailynews
ရန်ကုန် -၂၀၂၁ နိုဝင်ဘာ ၃(မော်ကွန်း) မန္တလေးမြို့မှာ ဒီနေ့မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေ အင်အားအများအပြား ကားတွေနဲေကင်းလှည့်ကာ လုံခြုံရေးတင်းကြပ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။ “ဘာမှန်းတော့မသိဘူး၊ တစ်ပြမှာနှစ်ယောက်လောက်ရှိနေတယ်။ တစ်မြို့လုံးမြို့ထဲတွေကောအပြည့်ပဲ ပတ်နေကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မန္တလေးကျုံးအနီးနဲ့ အဓိကလမ်းမကြီးတချို့မှာ လမ်းပိတ်ဆို့ပြီး ဆိုင်ကယ် tool box ဖွင့်စစ်တာ၊ ဖုန်းတွေကိုစစ်တာတွေလည်းလုပ်ဆောင်နေတယ်လို့ အဲဒီဒေသခံကပြောပါတယ်။ မန္တလေးမြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာမယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။ #Dailynews
မြောင် – ၂၀၂၁ နိုဝင်ဘာ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာမှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့်အသက်(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လာချိန် အဲဒီလူငယ်ဟာ ကြောက်နေတဲ့အတွက် ပုန်းအောင်းနေအချိန် စစ်ကောင်စီတပ်သားများရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “ပစ်ခတ်နေတော့ ရွာပြင်ဇရပ်မှာ သွားရှောင်ကြတာ။ အဲဒါကိုပစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါအပြင် လက်နက်ကြီးတွေနဲ့လည်း မယ်မသော် ကျေးရွာဘုန်းတော်ကြီးကျောင်းကို ပစ်ခဲ့လို့ သံဃာတစ်ပါး လက်နက်အကြီးအစနမှန် ဒဏ်ရာရရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဆယ်ရွာကိုဝင်မွှေပြီး မယ်မသော်ရွာဘက်သွားတာ။ ဆယ်ရွာတောင်ပိုင်းကအိမ်တွေ အကုန်ဖျက်ဆီးသွားတယ်။ ဆိုင်ကယ်တွေရောစားစရာပန်းကန်တောင်မကျန်ဘူး။ ဆန်ဆီစားစရာတွေ အကုန်ဖျက်ဆီးသွန်မှောက်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပုံစာ – သေဆုံးသူလူငယ်။ […]
မန္တလေးတိုင်း – ၂၀၂၁ နိုဝင်ဘာ ၂ (မော်ကွန်း) မန္တလေးတိုင်း ပုဂံနဲ့ ကျောက်ဆည်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က ညောင်ဦးမြို့၊ ပုဂံ မြင်းကပါရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတစ်ဦးကို အဖွဲ့တစ်ဖွဲ့ကနေ လာရောက်ပစ်ခတ်သွားပြီး အသက်သေဆုံးခြင်းရှိမရှိ မသိရသေးဘူးလို့ ပုဂံဒေသခံများက ပြောပါတယ်။ မြင်းကပါအုပ်ချုပ်ရေးမှုး ပစ်ခတ်ခံရပြီးနောက် မြင်းကပါ နဲ့ သီရိပစ္စယာမီးပွိုင့်လမ်းဆုံတွေမှာ အင်အားအများအပြားနဲ့ လာသမျှကား၊ဆိုင်ကယ်တွေကို ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။ အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာက စစ်ကောင်စီ သတင်းပေးလို့ လူသိများနေတဲ့ အုပ်ချုပ်ရေးမှူးကိုလည်း အဖွဲ့တစ်ဖွဲ့ကနေ လာရောက်သုတ်သင်ရှင်းလင်းသွားကြောင်း ဒေသခံများက ပြောပါတယ်။ အဲဒီ အုပ်ချုပ်ရေးမှုးဟာ ရပ်ရွာပြည်သူလူထုကို […]
မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၂ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကန့ မနက် ၆:၀၀ နာရီဝန်းကျင် အုန်းကိုင်းရပ်ကွက်က လူနေအိမ်ပေါ်ကျောက်တောင်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတွေဆီက သိရပါတယ်။ ” ပြိုကျတဲ့ ခဲက အိမ်ထက်ကြီးတယ်။ ပြိုကျတဲ့အသံကလဲ အကျယ်ကြီးပဲ။ ကျောက်တောင်မပြိုခင် သစ်ပင်အရင်လဲတာ အဲ့နောက် ပြိုကျတာ။ အိမ်တောင်ပြားသွားတယ် “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ သေဆုံးသူဟာ ကျောက်တောင်ပြိုကျတဲ့အခါ ပိမိနေတာကြောင့် အချိန်အတော်ကြာ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်အနေအထားနဲ့ တွေ့ရှိခဲ့တာလို့ ကယ်ဆယ်ရေးသမားတစ်ဦးကပြောပါတယ်။ ကျောက်တောင်ပြိုကျမှုကြောင့် တစ်ဦးသေဆုံးခဲ့တဲ့အပြင် အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းဒဏ်ရာရရှိထားပြီး ဆေးရုံပို့ဆောင်ထားတယ်လို့ ဒေသခံက ဆိုပါတယ်။ မိုးကုတ်မြို့မှာ ဒီလို မြေပြိုမှု ၊ တောင်ပြိုမှုတွေ […]
ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၁ (မော်ကွန်း) ကြည့်မြင်တိုင်မြို့နယ် မန်းကျည်းတောင်ရပ်ကွက်က အမျိုးသမီးအုပ်ချုပ်ရေးမှူးကို အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ကြည့်မြင်တိုင်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “မနက် ၁၁ နာရီလောက်က ဝင်ပစ်သွားတာ။ သုံးချက် ပစ်သွားတယ်၊ နဖူးတစ်ချက်၊ ရင်ဘတ်တစ်ချက်၊ ခေါင်းတစ်ချက်ပစ်သွားတာ။ သွေးကွက်ကြီးတော့အိုင်နေတာပဲ။ နေရာတင်ပွဲချင်းပြီးသေတာ။ အပစ်ခံရတဲ့ မိန်းမက စစ်ကောင်စီသတင်းပေး။ သူ့ကြောင့် ရပ်ကွက်ထဲက လူငယ်တစ်ချို့အဖမ်းခံရတာ”လို့ ၎င်းဒေသခံကဆိုပါတယ်။ အသတ်ခံလိုက်ရတဲ့အမျိုးသမီးအုပ်ချုပ်ရေးမှူးဟာ ဧည့်စာရင်းစစ်ရာမှာ ရှေ့ဆုံးမှပါဝင်သူတစ်ဦးဖြစ်ပြီး၊ စစ်ကောင်စီအတွက် ထဲထဲဝင်ဝင်လုပ်ဆောင် ပေးနေသူတစ်ဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ် အင်အားအများအပြား ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ဆိုပါတယ်။ ဒီတစ်နေ့တည်းမှာပဲ ကြည့်မြင်တိုင်မြို့နယ်အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး အဖမ်းအဆီးနဲ့ စစ်ဆေးမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိပါတယ်။ #Dailynews
ဘုတလင် – ၂၀၂၁ နိုဝင်ဘာ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ မြို့ပေါ်ကျေးရွာက စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦး ဒီကနေ့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ ထွန်စက်မောင်းပြီးနောက် ယာခင်းကနေအပြန် ရွာသုဿန်အနီးမှာ အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့သုံးချက် အနီးကပ်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်ခံရလို့သေဆုံးသွားတဲ့ အမျိုးသားဟာ ကြံ့ဖွံ့ပါတီ စည်းရုံးရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။ ဘုတလင်မြို့နယ် မြို့ပေါ်ကျေးရွာကို စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၈ရက်နေ့ကလည်း ဝင်ရောက်ခဲ့ပြီး ရွာသားတချို့အား ဖမ်းဆီးခြင်း၊ ဒေသခံရွာသားတွေရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."