သတင်းများ

ကလေးမြို့က စစ်ကောင်စီ မြို့နယ်ပညာရေးမှူးရုံး မီးလောင်

November 27, 2021

ကလေး – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်ကောင်စီမြို့နယ်ပညာရေးမှူးရုံး ဒီကနေ့မနက်ပိုင်းမှာ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နံနက် ၇း၀၀ အချိန်လောက်က ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးမှာ မီးလောင်မှုဖြစ်ပွါးခဲ့တာပါ။ “အထဲကနေ စလောင်နေတာ။ အတွင်းထဲလောင်တာတော်တော်များတယ်။ ဘယ်သူမှတော့ ဝင်မငြှိမ်းရဲကြဘူး။ ဗုံးတွေဘာတွေမိမှာကြောက်လို့”လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။ ကလေးမြို့နယ်ပညာရေးမှုးရုံးမှာ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေ ရုံးတက်အလုပ်လုပ်နေတာရှိကြောင်း ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနက လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး တစ်ထပ်အဆောက်အအုံဖြစ်တဲ့ပညာရေးမှုးရုံးကတော့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘာကြောင့် မီးလောင်ကျွမ်းရတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဓါတ်ပုံ-MFSD #Dailynews

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံရတာ သုံးလကျော်လာတဲ့ ဖားကန့်မြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်စစ်ကြောင်း ယနေ့မြင်ကွင်း

November 27, 2021

ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း) ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ ခုဆိုရင် သုံးလကျော်ကြာမြင့်လာပြီဖြစ်ပေမယ့် မြို့ခံပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းတွေကတော့ ရပ်တန့်မသွားဘဲ လမ်းမပေါ် ချီတက်နေတာတွေ့မြင်နေရဆဲပါ။ ဒီကနေ့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဖားကန့်မြို့ တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်ဟာ လမ်းမပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ဘယ်သူ့မှမကြောက်လ်ို့ တစ်ယောက်တည်း ဧည့်စာရင်းစစ်နေတာ”ဆိုသူ ရာအိမ်မှူး ပစ်သတ်ခံရ

November 27, 2021

ရေး – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက် စစ်ကောင်စီခန့် ရာအိမ်မှူးဟာ ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ” ရပ်ကွက်ထဲက စ်ိုးကွမ်းယာဆိုင်နားမှာ သေနတ်နဲ့ သုံးချက်ပစ်ခံရပြီး ပွဲချင်းပြီးသေသွားတယ်။ သူကအရင်ကတည်းက ရဲနဲ့ပေါင်းစားနေတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။ သေဆုံးသူ အောင်မေတ္တာရပ်ကွက် စစ်ကောင်စီခန့် ရာအိမ်မှူးဟာ ရပ်ကွက်ထဲမှာ “ဘယ်ကောင့်မှ မကြောက်လို့ တစ်ယောက်တည်း ဧည့်စာရင်းလိုက်စစ်နေတာ” လို့ပြောဆိုကာ ဧည့်စာရင်းစစ်ဖူးကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီလို ပြောဆိုပြီး နှစ်ရက်မြောက်နေ့မှာ အခုလိုပစ်သတ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးနှိပ်စက်ခံရစေဖို့ဒလန်လုပ်သတင်းပေးသူ အောင်မေတ္တာ ရပ်ကွက်ရာအိမ်မှုးကို အသံတိတ် အနီးကပ် ပစ်သတ်ချေမှုန်းခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအစည်းအရုံးက ကြေညာပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို မီးရှိူ့ပြီး ကျန်တဲ့ သံတိုသံစတွေကို စစ်ကောင်စီတပ်သားတွေ ရောင်းစား

November 27, 2021

အရာတော် – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ ၎င်းတို့မီးရှို့ဖျက်ဆီးပြီး ကျန်ခဲ့တဲ့ ဆိုင်ကယ်အပျက်တွေကို သံတိုသံစဆိုင်မှာသွားရောင်းပြီး စားသောက်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့က အရာတော်၊ နောင်ကြီးအိုင်ကျေးရွာမှာ ဒေသခံပြောက်ကျားတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲပြီးတဲ့အခါ စစ်ကောင်စီတပ်ဟာ ရွာထဲကနေအိမ်နှစ်လုံးကို မီးရှို့သွားခဲ့တဲ့အပြင် ထွက်ပြေးနေရတဲ့ဒေသခံတွေရဲ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားခဲ့ပါတယ်။ နောက်တစ်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ သတင်းပေးလင်မယားနှစ်ယောက်နဲ့အတူ နောင်ကြီးအိုင်ရွာထဲ ထပ်ရောက်လာပြီး ရွာခံပြည်သူ့နေအိမ်ငါးလုံးကို နာမည်စာရင်းနဲ့ ဝင်ရောက်ကာ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေ၊ ငွေသားတွေကို ယူဆောင်သွားခဲ့ကြောင်း အရာတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ​ပြောပါတယ်။ အဲဒီနေ့က ဆိုင်ကယ်တွေကိုဖျက်ဆီးသွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဆိုင်ကယ် ၁၅ စီးလောက် […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီး စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်းကိုထိပြီး ပြည်သူငါးဦးဒဏ်ရာရ

November 27, 2021

ဘုတလင် – ၂၀၂၁ နိုဝင်ဘာ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်လို့ ဘုန်းကြီးကျောင်းဓမ္မာရုံပေါ် လက်နက်ကြီးကျပြီး ကျောင်းမှာလာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်ရွာသူရွာသား ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ​ပြောပါတယ်။ မနေ့က ဘုတလင်မြို့နယ် နဲ့ ကနီမြို့နယ် အစပ် ဘုတလင်မြို့နယ် ရေဘုတလင်ရွာ၊ သာယာကုန်း ကျောင်းကုန်းရွာ အနီးတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဲဖြစ်ပွားနေပြီး ကျေးရွာတစ်ရွာက ဘုန်းကြီးကျောင်းဓမ္မာရုံပေါ် လက်နက်ကြီးကျခဲ့တာပါ။ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါအပြင် ပြည်သူတစ်ယောက်ပေါင် ကျည်ထိခဲ့ပြီး ပြည်သူနောက်တစ်ဦးလည်း မိုင်းထိထားကြောင်း ဒေသခံတွေက ပြောပါတယ်။ “မိုင်းထိတဲ့တစ်ယောက်ကတော့ သေတော့မသေဘူး။ ခြေထောက်ဖြတ်ပစ်ရမယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကနီတစ်ဖက်ကမ်း ချင်းတွင်းမြစ်ဘေး ရေဘုတလင်ရွာ ၊ကျောင်းကုန်းရွာ၊ […]

အပြည့်အစုံဖတ်ရန်

မုံရွာ PDF စခန်းကို လာစီးနင်းတဲ့ စစ်ကောင်စီ ပြန်တိုက်ခိုက်ခံရ

November 27, 2021

မုံရွာ – ၂၀၂၁ နိုဝင်ဘာ ၂၆ (မော်ကွန်း) မုံရွာက PDF စခန်းတစ်ခုကို အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက် စီးနင်းနေစဥ် မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နံနက် ၅:၀၀ နာရီခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင် စခန်းမှ စစ်ကောင်စီတပ်သားတွေဟာ တောတွင်းတစ်နေရာက PDF စခန်းတစ်ခုအားဝင်ရောက်စီးနင်းပြီး မီးရှို့ ဖျက်ဆီးနေတုန်း မုံရွာလျှပ်စီးအဖွဲ့ (Monywa Lightning PDF)က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား လေးယောက် နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ကျန်လေးယောက်ဟာ ပြင်းထန်ဒါဏ်ရာတွေ ရရှိသွားကြောင်း မုံရွာလျှပ်စီးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနေ့ညနေပိုင်း ၃:၀၀ နာရီလောက်ကတည်းက တောပုရွာဘက်ကနေ ညောင်ဖြူပင်ရွာဘက်ကို တောလမ်းအတိုင်းအင်အား ငါးဆယ်ခန့်နဲ့ ဆင်းခဲ့ကြောင်း၊ နဂါးတွင်း၊ကျွန်းကြီး၊ဂျိူးစု […]

အပြည့်အစုံဖတ်ရန်

ချောင်းသာမှာ အာဏာသိမ်းစစ်ကောင်စီက နေအိမ် သုံးလုံးကို မီးရှို့ကာ ရွာသားတစ်ယောက်ကို ဖမ်းသွား

November 27, 2021

ချောင်းသာ – ၂၀၂၁ နိုဝင်ဘာ ၂၆ (မော်ကွန်း) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ သစ်ပုတ်တံခါးရွာမှာ စစ်ကောင်စီတပ်တွေဟာ မနေ့က ဒေသခံတွေရဲ့ နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးကာ ရွာသားတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ညပိုင်းမှာ စစ်ကောင်တပ်သားအများအပြား ရွာထဲကိုဝင်ရောက်စီးနင်းလာပြီး နေအိမ်တွေကိုမီးရှို့တဲ့အပြင် အဲ့ဒီအိမ်မှာရှိနေတဲ့ ဒေသခံတစ်ယောက်ကိုပါ ဖမ်းဆီးခဲ့တာပါ။ ” ရွာထဲကိုဝင်လာတဲ့အင်အားက အရမ်းများတယ်။ စစ်ကား ၇ စီးလောက်နဲ့လာတာ။ သူတို့ လာရှာတဲ့အိမ်တွေကိုဝင်ပြီးတော့ မွှေတော့တာ တစ်ယောက်တော့ပါသွားတယ်။ ပြီးတော့ အိမ်တွေ ကိုမီးရှို့ခဲ့တယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေက သစ်ပုတ်တံခါးကျေးရွာမှာ အထိုင်ချတပ်စွဲထားပြီးတော့ အဲ့ဒီရွာအပြင် အနီးတဝိုက်ကရွာတွေကို ဝင်ရောက်စီးနင်းဖို့ ရှိနေကြောင်း ကြားနေရလို့ ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ချောင်းသာ ကမ်းခြေမှာ […]

အပြည့်အစုံဖတ်ရန်

မတူပီအခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုအတွက်သယ်လာတဲ့ရိက္ခာတွေကို CDF(မတူပီ) ကြားဖြတ်တားဆီး၊ ကုန်စည်တွေကို ကျေးရွာတွေထံရောင်းချခိုင်းကာ ယာဉ်တွေကိုလှည့်ပြန်စေခဲ့

November 26, 2021

ရန်ကုန်- ၂၀၂၁ နိုဝင်ဘာ ၂၆ ( မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ(၁၄၀) အတွက် သယ်ဆောင်လာတဲ့ ရိက္ခာသယ်ယာဉ်နှစ်စီးကို CDF ( မတူပီ)၊ တပ်ရင်း-၂ က နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီး ကုန်စည်တွေကို ကျေးရွာတွေထံ ရောင်းချခိုင်းကာ ကုန်ဖိုးငွေတွေနဲ့အတူ ကားတွေကိုပြန်လွှတ်ပေးလိုက်တယ်လို့ တပ်ရင်း-၂ သတင်း ထုတ်ပြန်ရေး တာဝန်ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီ ဝန်းကျင်မှာ မတူပီမြို့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ရေဇွာမြို့ဘက်ကနေ မတူပီမြို့ကို မောင်းနှင်လာတဲ့ ကုန်တင်ကား နှစ်စီးကို CDF (မတူပီ)၊ တပ်ရင်း-၂ က ကြားဖြတ်စစ်ဆေးရာမှာ တပ်ရိက္ခာတွေဖြစ်နေတာကို သိခဲ့ရတာလို့ […]

အပြည့်အစုံဖတ်ရန်

ယနေ့ မတူပီတိုက်ပွဲ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးတယ်လို့ CDF(မတူပီ)ပြောကြား

November 26, 2021

ရန်ကုန်- ၂၀၂၁ နိုဝင်ဘာ ၂၆ (မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF(မတူပီ)တပ်ရင်း-၂ နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ ပူးပေါင်းပြီး မတူပီမြို့နယ်ခရိုင်ရုံးမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက် ၆ နာရီ ဝန်းကျင်မှာ ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ CDF(မတူပီ) တပ်ရင်း-၂ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ “ မတူပီ-ရေဇွာလမ်းပိုင်းပေါ်က (မတူပီမြို့အထွက်) ဖနိုင်ရွာနဲ့ငလိုင်ရွာကြားမှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးရုံးကို ကျွန်တော်တို့ တိုက်တာ။ အဲဒီရုံးက မဖွင့်ရသေးဘူး။ ပြီးခဲ့တဲ့အစိုးရလက်ထပ်မှာဆောက်ထားတဲ့အသစ်။ အဲဒီရုံးမှာ စစ်တပ်တွေက နေရာယူ ထားတယ်။ စစ်သားတွေ အများကြီးတော့မရှိဘူး။ အဲဒီမှာ ရှေ့တန်းစခန်းသဘောမျိုးနဲ့ သူတို့က နေရာယူထားတယ်။ အဲဒီနေရာကို ကျွန်တော်တို့ မတူပီCDF နဲ့ CNF က တပ်သားတချို့ ပူးပေါင်းပြီး […]

အပြည့်အစုံဖတ်ရန်

ဆန္ဒပြလူငယ်များအား ရိုက်လွှတ်သည့် မြန်မာပလာဇာက ဝမ်းနည်းနေကြောင်း တောင်းပန်ကြေညာ

November 26, 2021

ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၂၅ (မော်ကွန်း) ရန်ကုန်မြို့၊ မြန်မာပလာဇာဈေးဝယ်စင်တာတွင် စစ်အာဏာရှင်ဆန့်ကျင်ပြုတ်ကျရေး ဆန္ဒပြခဲ့သည့် လူငယ်များအား လုံခြုံရေးများက ရိုက်နှက်ဖမ်းဆီးခဲ့သဖြင့် ပြည်သူများက ဝိုင်းဝန်းဝေဖန်ခဲ့ရာ တောင်းပန်ကြောင်း မြန်မာပလာဇာဘက်က ပြန်လည်ကြေညာခဲ့သည်။ လူငယ်များ ရိုက်နှက်ခံရသည့် ဓါတ်ပုံများသည် လူမှုကွန်ရက်မီဒီယာများတွင် အချိန်တိုအတွင်း လျှင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး မြန်မာပလာဇာတွင် သွားရောက်ဝယ်ယူအားပေးခြင်းမပြုရန် ပြည်သူအကြား လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် အဆိုပါ ဈေးဝယ်စင်တာမှ ဆိုင်တချို့နှင့် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတချို့ကလည်း လုပ်ငန်းများ ပိတ်ထားမည်ဖြစ်ကြောင်း အသီးသီးကြေညာလာခဲ့သည်။ မြန်မာပလာဇာကြေညာချက်တွင် ၎င်းတို့သည် ဒီမိုကရေစီနည်းကျ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို အပြည့်အဝလက်ခံထားပြီး ထိုသို့ပြုမူဆောင်ရွက်ခြင်းများအပေါ်တားဆီးပိတ်ပင်သော မူဝါဒများ မရှိကြောင်းပါရှိကာ လုံခြုံရေးဝန်ထမ်းများ၏ လုပ်ရပ်ကြောင့် ဝမ်းနည်းရသည်ဟု ဆိုထားသည်။ ပျံ့နှံ့လာသော ဓါတ်ပုံများတွင် လဲကျနေသော အမျိုးသမီးငယ်တစ်ဦးအား မြန်မာပလာဇာလုံခြုံရေးများက […]

အပြည့်အစုံဖတ်ရန်

အင်တာနက်အဖြတ်ခံထားရဆဲ ဖားကန့်မြို့ ပြည်သူ့သပိတ်

November 25, 2021

ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၂၄ (မော်ကွန်း) ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီ အင်တာနက်ဖြတ်တောက်ထားတာ သုံးလကျော်ရှိပေမယ့် မြို့ခံပြည်သူတွေကတော့ သပိတ်တွေနဲ့ ဆက်လက် တော်လှန်နေကြဆဲပါ။ အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ဖို့ ကြိုးစားတာကို လုံးဝလက်မခံဘဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြောင်း ကြွေးကျော် ဆန္ဒပြကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဈေးဝယ်လာတဲ့ စစ်ကောင်စီကား ဗုံးပစ်ခံရပြီး သေဆုံးသူများရှိ

November 24, 2021

မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၄ (မော်ကွန်း) မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ကမ်းနားလမ်း ၄၁လမ်းညစျေးမှာ စျေးလာဝယ်တဲ့စစ်ကား ဗုံးပစ်ခံရပြီး ကားပေါ်ပါ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အနီးနားက ပြည်သူအချို့ ထိခိုက်ခဲ့ကြောင်း မြို့ခံများက ပြောပါတယ်။ ယာဥ်ပေါ်လိုက်ပါလာတဲ့ စစ်သား နှစ်ဦးသေဆုံးကာ သုံးဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံတွေက ​ပြောပါတယ်။ “တဖျောက်ဖျောက်နဲ့အစောကြီးပဲ။ စစ်တပ်ကရမ်းပစ်တာ။ အိမ်ဘက်ကစျေးသည်တွေအကုန်ပြေးလာကြတာလူချည်းပဲ။ ပစ္စည်းတွေတောင်မယူနိုင်ကြဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကားအနီး ရောက်နေတဲ့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားပေါ်က စစ်ကောင်စီတပ်တွေကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ နှစ်ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဲဒီပြည်သူ သုံးဦးအား အနူးအညွတ်တောင်းပန်ကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ GZP(Mandalay) အဖွဲ့သားတွေက သတင်းထုတ်ပြန်ပါတယ်။ ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်များနဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 217 218 219 220 221 222 223 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."