သတင်းများ

မန္တလေးမှာ ညသပိတ်တွေ လမ်းပေါ်တက် ဆန္ဒပြ

November 12, 2021

မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၁ (မော်ကွန်း) မန္တလေးမြို့မှာ ဒီကနေ့ ညဦးပိုင်းက မီးတုတ်တွေနဲ့အတူ “သေနတ်တချက်ဖောက်ရင်မီးဟုန်းဟုန်းတောက်စေရမယ်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ ည ၇ : ၀၀ နာရီဝန်းကျင်က မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေအမြဲမပြတ် သွားလာနေတဲ့ ၄၁လမ်း လမ်းမကြီးပေါ်မှာ စိန်ပန်းသပိတ်စစ်ကြောင်းနဲ့အဖမ်းဆီးခံပြည်သူများသပိတ်စစ်ကြောင်းတို့ဟာ လူအင်အားအများအပြားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြလူငယ်တွေဟာ မီးတုတ်တွေကိုင်ဆောင်ပြီး “သေနတ်တချက်ဖောက်ရင်မီးဟုန်းဟုန်းတောက်စေရမယ်။ လူထုကိုမထိနဲ့ မီးပွင့်သွားမယ်” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ခဲ့ကြပါတယ်။ ဓါတ်ပုံ- Spring Diary #Dailynews

အပြည့်အစုံဖတ်ရန်

ဗုံးပေါက်လို့ လာစစ်ချိန် ထပ်ပေါက်လို့ စစ်ကောင်စီတပ်ဘက် သေဆုံးမှုရှိ

November 12, 2021

မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၁ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့က ရေဦးကြီးအထက်တန်းကျောင်းမှာ ဒီကနေ့ ဗုံးပေါက်ကွဲလို့ စစ်ကောင်စီတပ်က လာရောက် စစ်ဆေးနေချိန် ထပ်မံပေါက်ကွဲခဲ့ပြီး သေဆုံးသူတွေရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပထမတစ်ခါကျောင်းထဲ ဗုံး သုံးခါပေါက်တာ။ပေါက်တော့ သူတို့က စစ်ကားတစ်စီး၊ အိမ်စီးကားတစ်စီးနဲ့ လာပြီးစစ်ဆေးတာ။ စစ်တဲ့အချိန်ထပ်ကွဲတာ၊ ကျောင်းပေါက်ဝမှာစောင့်နေတဲ့ ၃ယောက်သေတယ်။ အရာရှ်ိထဲကတစ်ယောက်ပါတယ်လို့ကြားထားတယ်”လို့​ ဒေသခံတစ်ဦးက ဆိုပါတယ်။ ရေဦးကြီးကျောင်းမှာ Non CDM ဆရာမနှစ်ယောက်နဲ့အ​တူ ဆရာမ သားသမီးတွေ အရပ်ဝတ်နဲ့ကျောင်းတက်ကြပြီး ဗုံးပေါက်ကွဲမှုကြောင့် ရဲကားနဲ့ ပြန်လိုက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့တာကြောင့် ရပ်ကွက်ထဲမှာ ဆဲဆိုနေကာ လမ််းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ကနီနယ်ကို စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်ပစ်ခတ်၊ ဒေသခံတွေ ထွက်ပြေးနေရ

November 11, 2021

ကနီ – ၂၀၂၁ နိုဝင်ဘာ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဥ်ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီနယ်ခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ကနီမြို့အထွက် တဇယ်ချောင်အုပ်စုအတွင်း ကနီ-ချောင်းမ လမ်းပိုင်း အနီးတဝိုက်မှာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ရဟတ်ယာဉ်နှစ်စီး ပျံသန်းခြင်းများရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မွန်းလွဲ ၃းဝဝ နာရီလောက်မှာတော့ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် တစ်စီးဟာ ကနီမြို့နယ် ရှမ်းမြောင်းရွာ၊တဇယ်ချောင်ရွာ ၊ မင်းကုန်းရွာ ၊ ညောင်ပင်ဝန်းရွာတွေမှာ လှည့်ပတ်ပျံသန်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လတ်တလော ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တခြားပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနိုင်ကြောင်း […]

အပြည့်အစုံဖတ်ရန်

ဒီပဲယင်းက ရွာတချို့ မီးရှို့ဖျက်ဆီးခံရ

November 10, 2021

ဒီပဲယင်း – ၂၀၂၁ နိုဝင်ဘာ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ အိမ် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းကနေစပြီး ဒီပဲယင်းမြို့နယ်ထဲက ဝန်းရံရွာကအိမ်တစ်လုံး၊ ကုန်းရိုးရွာက နေအိမ် ၅ လုံး၊ တက်တည် အနောက်ရွာမှာ အိမ်တစ်လုံး စုစုပေါင်း၇လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “အရင်နေ့က ရဟတ်ယာဥ်တွေနဲ့ဆင်းလာပြီး ဝန်းရံရွာမှာတပ်စွဲထားတဲ့ စစ်သားတွေက ဝန်းရံရွာက တစ်အိမ် ကုန်းရိုးရွာက တစ်အိမ် မီးရှို့သွားတာလို့ ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီရွာတွေအပြင် အနီးနားက လယ်ပြင်ကွက်၊ ပေါင်းတောင်ကူ၊ ဝက်ပုတ်၊ အင်ကြင်းသားပိုး အစရှိတဲ့ကျေးရွာတွေကိုပါ ပစ်ခတ်ဝင်ရောက်လာလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက […]

အပြည့်အစုံဖတ်ရန်

အလုပ်ရုံကို ချိပ်ပိတ်လိုက်လို့ အလုပ်သမားတွေ စားဝတ်နေရေး ခက်ခဲနေ

November 10, 2021

ရေး – ၂၀၂၁ နိုဝင်ဘာ ၁၀ (မော်ကွန်း) မွန်ပြည်နယ် ရေးမြို့က ရေလုပ်ငန်းရှင်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက လိုက်လံရှာဖွေပြီး သူ့အလုပ်ရုံကို ချိပ်ပိတ်လိုက်တာကြောင့် အလုပ်သမားတွေ နေရပ်ပြန်ရေးနဲ့ စားဝတ်နေရေးခက်ခဲနေတယ်လို့ နီးစပ်သူတွေဆီက သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က အလုပ်ရုံကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လာရောက်ချိပ်ပိတ်ခဲ့တာပါ။ ” သူ့အိမ်က အလုပ်ရုံနဲ့တွဲထားတာ။ စစ်သားတွေကချိတ်ပိတ်သွားတော့ အလုပ်သမားတွေလဲဒုက္ခရောက်ရတယ်။ လစာလဲမရဘူး။ ​နေရပ်ပြန်ဖို့စရိတ်လဲမရှိဘူး။ ဆက်နေလို့ကလဲမရဘူး “လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ရေလုပ်ငန်းပိုင်ရှင် ဒေါ်ဇင်မာအောင်ရဲ့ ပိုင်ဆိုင်မှုတွေကို ခုလို သိမ်းယူသွားပြီးနောက်မှာတော့ နယ်က အလုပ်လာလုပ်တဲ့ ဝန်ထမ်း ၁၅ဦးဟာ နေရပ်ပြန်ဖို့ခက်ခဲနေတယ်လို့ ဆိုပါတယ်။ “ပြန်မယ်ဆိုလည်း လမ်းစရိတ်မရှိဘူး။ နေဖို့စားဖို့ကလည်း ပိုက်ဆံကမရှိဘူး။ နေရထိုင်ရတာလည်း အသိအိမ်တွေမှာ ကျဥ်းကျဥ်းကျပ်ကျပ်နေနေရတယ်” လို့အလုပ်သမားတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

မုံရွာမှာ အမျိုးသမီးတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ ပစ်သတ်

November 9, 2021

မုံရွာ – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေက တက်ကြွလှုပ်ရှားသူတစ်ဦးအား ဝင်ရောက်ရှာဖွေရာ အိမ်မှားဝင်ရောက်ပြီး ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ညပိုင်းက မုံရွာမြို့နယ်၊ပေါက်ပင်ကျေးရွာကို စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး မုံရွာပင်မသပိတ်ကော်မတီဝင်-အမျိုးသမီး သပိတ်ကော်မတီဝင်တစ်ဦးရဲ့ နေအိမ်ကို လာရောက် ရှာဖွေခဲ့ပါတယ်။ ဒီလို ရှာဖွေရာမှာ ကျေးရွာထဲက အိမ်တစ်အိမ်ကို အိမ်မှားဝင်ရောက်ရာ နေအိမ်အတွင်းရှိသူတွေ ကြောက်လန့်၊ ထွက်ပြေးခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ဒီလို ပစ်ခတ်လို့ နေအိမ်ရှိ အသက်၂၈ ဝန်းကျင်အရွယ် မမြလေးနွယ်ဟာ လည်ပင်းမှာတစ်ချက်နဲ့ ရင်ဝ တစ်ချက် ထိမှန်ကာ အသက်သေဆုံးသွားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ သေဆုံးသူရုပ်အလောင်းကို စစ်ကောင်စီတပ်တွေ ယူဆောင်သွားခဲ့ကြပြီး ဒီကနေ့ မနက် ၁၁:၀၀ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ မုံရွာဆည်မြောင်းရုံးကို ဒေသခံကာကွယ်ရေးအဖွဲ့လေးဖွဲ့ပူးပေါင်းတိုက်ခိုက်

November 8, 2021

မုံရွာ – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း) စစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲထားတဲ့ မုံရွာဆည်မြောင်းရုံးကို ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က မုံရွာအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့တယ်လို့ Monywa Nightking အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ “မနက်ကဗုံးပေါက်တယ်။ ပေါက်ပြီးတော့ သေနတ်တွေနဲ့ပစ်တယ်။ ၁၀ နာရီလောက်ကပဲ။ လူအထိအခိုက်တော့မသိသေးဘူး။ လေးငါးချက်လောက်တော့ရှိတယ်”လို့ ဆည်မြောင်းရုံးအနီးမှာနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို PDF-South Monywa,Monywa Heroes Group,Monywa UG Groupနဲ့ Monywa Night King အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့၎င်းပူးပေါင်းအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုအတွက် ကျည်ဆံ ၁၇တောင့်သာ အသုံးပြုခဲ့ပြီး အဖွဲ့သားတွေ မစိုးရိမ်ရတဲ့ဒဏ်ရာအနည်းငယ်သာရခဲ့တယ်လို့ ဆိုပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဖားကန့်မြို့ ယနေ့ သပိတ်စစ်ကြောင်းများ မြင်ကွင်း

November 8, 2021

ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း) ဒီကနေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့က ပြည်သူတွေဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ နေ့စဉ်မပြတ် ဆန္ဒထုတ်ဖော်နေတဲ့ ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီးနောက် အနီးအနားက ရွာတွေကို ဝင်ပစ်

November 8, 2021

ဆားလင်းကြီး – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားက ကျေးရွာတွေမှာ ဝင်ရောက်ပစ်ခတ်နေလို့ ရွာခြောက်ရွာထက်မနည်း ရှောင်တိမ်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ထွက်ပြေးနေရတဲ့ရွာတွေကတော့ ဆားလင်းကြီးမြို့နယ်၊ကံကုန်းကျေးရွာ၊ကျေးစာကျကျေးရွာ၊ ဘိန်းနွယ်ချောင်းကျေးရွာ၊ ကျောင်းကုန်းရွာအစရှိတဲ့ ကျေးရွာတွေနဲ့ အနီးနားက ကျေးရွာတွေ စုစုပေါင်း ခြောက်ရွာခန့် ဖြစ်ပါတယ်။ မနေ့မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီ ကား နှစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့ကာ ဒဏ်ရာရသူတချို့လည်းရှိကြောင်း၊ အဲဒီနေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတ​ပ်သားတွေဟာ အနီးအနားက ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။ ကံကုန်းကျေးရွာက သစ်စက်အနီးခန်းမထဲမှာ စစ်သားအင်အား၅၀ ဝန်းကျင်ခန့် တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “ရွာထဲ ဗုံးတွေဝင်ရှာနေတယ်ကြားတယ်။ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီဖမ်းထားတဲ့ မိုးကုတ်သပိတ်ခေါင်းဆောင်ရဲ့သား မိသားစုနဲ့ တစ်လကျော်ကြာ အဆက်အသွယ်ပြတ်တောက်နေ

November 8, 2021

မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း) မန္တလေးတိုင်း မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ဥဦးစိုးဋ္ဌေးရဲ့သားဖြစ်သူ ဖမ်း​ဆီးခံထားရတာ တစ်လကျော်ကြာမြင့်လာပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။ ဖခင်ဖြစ်သူ ဦးစိုးဌေးက “သေပြီဆိုပြီးသတင်းတွေ တက်လာတာတော့ တွေ့တယ်။ ဒါပေမဲ့ အတည်ပြုလို့ရမယ့် တိကျတဲ့ သတင်းမရဘူး။ ဖမ်းသွားကတည်းက ဘာသတင်းမှမရတာ။ ခုလည်း သတင်းအဖုံးခံထားရတယ် “လို့ ဆိုပါတယ်။ ဦးစိုးဋ္ဌေးရဲ့သား ကိုဥက္ကာစိုး အပါအဝင် လူငယ် ကိုးဦးကို စစ်ကောင်စီက Mogok Delivery to Home ရုံးမှာ စက်တင်ဘာ ၂၉ ရက်နေ့ မနက်က ဝင်ရောက်ဖမ်း​ဆီးသွားခဲ့တာဖြစ်ပါတယ်။ ကိုဥက္ကာစိုးနဲ့ အတူအဖမ်းခံရတဲ့သူတွေလည်း အဆက်အသွယ်ပြတ်တောက်နိုင်တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မိသားစုတွေကတော့ ကြောက်လန့်မှုတွေကြောင့် ဖွင့်ဟဖို့ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်မြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ် ကိုးလပြည့် ဆန္ဒထုတ်ဖော်

November 7, 2021

ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၇ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတဲ့ ကချင်ပြည်နယ် ဖားကန့်မှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးသပိတ် ဒီကနေ့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ သပိတ်တိုက်ပွဲ ကိုးလပြည့်အထိမ်းအမှတ်အနေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး NUG ၊ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖားကန့်မြို့ ပြည်သူတွေက ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ချောင်းဦးမှာ ပစ်ခတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ လမ်းမှာ မိုင်းဆွဲခံရ

November 6, 2021

ချောင်းဦး – ၂၀၂၁ နိုဝင်ဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မနေ့မနက်ပိုင်းက ရွှေလှေကျေးရွာကနေ မွှေနှောက်ပစ်ခတ်ပြီးပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်းဟာ ချောင်းဦး-ပခုက္ကူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်၉နာရီ ‌မိနစ်၃၀ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ ဟာ ရွှေလှေကျေးရွာမှအပြန် ပခုက္ကူ-ချောင်းဦးလမ်း မထိသာကျေးရွာ အနီးမှာ မိုင်းခွဲတိုက်ခိုက်ခံရတာပါ။ ဒီလို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား၂စီးပျက်စီးကာ ကားပေါ်မှာလိုက်ပါသူတချို့ သေဆုံးမှုရှိခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေလည်းရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “မိုင်းခွဲခံရတဲ့နားမှာ သိုးကျောင်းနေတဲ့ကလေးတစ်ယောက်ကိုတောင် လိုက်ပစ်တယ်ပြောတယ်”လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)၊ 27Revolution Force (မြင်းခြံ)၊ မြောင်မြို့နယ်TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ChuPDF) မဟာမိတ် (၄)ဖွဲ့ ပူးပေါင်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့ က […]

အပြည့်အစုံဖတ်ရန်
1 … 221 222 223 224 225 226 227 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."