ကျွန်းလှ – ၂၀၂၁ နိုဝင်ဘာ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖျက်ဆီးလို့ လူသေဆုံးထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိပြီး အိမ်အလုံးပေါင်းများစွာ ပျက်စီးဆုံးရှုံးရကြောင်း ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှဆည်အနောက်ဖက်ခြမ်းကျေးရွာတွေဖြစ်တဲ့ မော်တုံ၊ ပေပင်ချောင်၊ ဝေလမူ၊ ကုန်းစည်း၊ တောင်နီ၊ ဥသျှစ်ကုန်း၊ လိပ်ဆင်းတောင်စတဲ့ ကျေးရွာတွေကို နိုဝင်ဘာလ ၁၆ရက်၊ ၁၇ ရက်၊ ၁၈ ရက်နေ့တွေက စစ်ကောင်စီအင်အား ၄၀၀ ဝန်းကျင်နဲ့ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“တချို့ရွာတွေမှာဆို ရှေ့ဆက်ပြီးစားစရာနေစရာမရှိအောင်အထိ ဖျက်ဆီးသွားကြတယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
မော်တုံကျေးရွာတွင် နေအိမ် ကိုးလုံး၊ ပေပင်ချောင်ကျေးရွာတွင် နေအိမ်ခုနှစ်လုံး၊ ကုန်းစည်းကျေးရွာတွင် နေအိမ်နှစ်လုံး ဖျက်ဆီးခံခဲ့ရပြီး ဆက်လက်၍ နေထိုင်စားသောက်ဖို့ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အိမ်တွင်းဖျက်ဆီးခံတဲ့ အိမ်အရေအတွက်(၃၀)နှင့်(၄၀)ကြားရှိပြီး ရွာလုံးကျွတ်ဝင်မွှေခံရသည့်ရွာမှာ မော်တုံနှင့်ပေပင်ချောင်ရွာတို့ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
ဝေလမူကျေးရွာတွင် အိမ်ဖျက်ဆီးမှုလုပ်မသွားသော်လည်း အိမ်တိုင်းလိုလိုအား မွှေနှောက် ဆန်များလွှင့်ပစ်ခြင်း၊ အိုးခွက်များရိုက်ခွဲခြင်းများပြုလုပ်ခဲ့ပြီး ရွာတွင်းရှိ ဆိုင်ကယ်ငါးစီးကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
ဒါအပြင် စာသင်ကျောင်းထဲမှာ စစ်ဘေးရှောင်တွေအတွက်စီစဉ်ထားတဲ့ အိုးခွက်နှင့်ရိက္ခာတွေကို ဖျက်ဆီးပစ်ခဲ့ကြောင်း၊ စစ်ကောင်စီအဖွဲ့တွေဟာ အရက်သောက်ကာ အော်ဟစ်ဆဲဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်နီကျေးရွာမှာလည်း နေအိမ်နှစ်လုံးဝင်မွှေခံခဲ့ရပြီး PSIစလောင်းတွေ ရုပ်မြင်သံကြားစက်တွေကို ရိုက်ခွဲခြင်း၊ ရွာထဲကကြက်၊ဝက်တွေကို သတ်စားခြင်းတွေပြုလုပ်ခဲ့ပြီး ကြောက်လန့်မှုဖြင့်အသက် (၇၀)ကျော် အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဥသျှစ်ကုန်းကျေးရွာမှာ အိမ်တိုင်းလိုလို မွှေနှောက်ခံရပြီး စစ်ကောင်စီတပ်ရဲ့ နှိပ်စက်မှုကြောင့် ရွာခံတစ်ဦး၊ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြည်သူနှစ်ဦး၊ PDF တစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းကိုနင်းမိလို့ ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးရှိပြီး ပျောက်ဆုံးနေသူတွေကိုလည်း ရှာဖွေနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ-ကျွန်းလှဒေသခံများ
#Dailynews

