ရန်ကုန် – ၂၀၂၂၊ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ချယ်ရီသင်္ဘောပေါ်မှာ ဒီနေ့ည ၇:၁၅ ဝန်းကျင်လောက်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။
“အုန်းခနဲဆိုပြီးကျွန်တော်တို့အိမ်ထိပါကြားရတယ်။ အခုအဲ့ဒီက သမ္ဗာန်နဲ့ပြန်လာတဲ့သူတွေပြောတာကတော့ သင်္ဘောကမျောနေတုန်း။အသေအပျောက်ရှိတယ်။ ” လို့ ဒလမြို့နယ်အနီးအနားက ဒေသခံတစ်ဦးကပြောပါတယ်။
လောလောဆယ်မှာတော့ ကယ်ဆယ်ရေးသင်္ဘောတွေသွားနေပြီး လူအသေအပျောက်ဘယ်နှစ်ဦးရှိလဲဆိုတာတော့မသိရသေးပါဘူး။
ချယ်ရီသင်္ဘောဟာ ရန်ကုန်-ဒလက်ို နံနက် (၆:၀၀) နာရီ ကနေ ည(၈:၀၀) နာရီထိပြေးဆွဲပေးနေတာပပြီးဒလမြို့နယ်က ပြည်သူတွေအဓိကအသုံးပြုနေတဲ့သင်္ဘောပါ။
ဒီဗုံးပေါက်မှုဟာ ဘယ်အဖွဲ့အစည်းကပြုလုပ်တာလည်းဆိုတာကတော့ လတ်တလောမသိရှိရသေးပါ။
#Dailynews

