အင်းတော်-၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
အကြမ်းဖက်စစ်ကောင်စီတပ် အင်အားတစ်ရာကျော်ဟာ ဒီဇင်ဘာ ၂၀ ရက်က စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်မြို့နယ် စက်တောကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး စက်တောကုန်းရွာက အသက်၆၀အရွယ် အမျိုးသားတစ်ဦးနဲ့ ပိန်းအင်းရွာက လူလေးဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“အိမ်ကလေးဆယ်ကျော်မီးရှို့ခံရတယ်။ လူကတစ်ယောက်သတ်ခံရတယ်။ လယ်ဇင်ဘက်မှာက ငါးယောက်ဆွဲသွားတယ်။ ပိန်းအင်းဘက်မှာလည်း လေးယောက်ကိုလမ်းမှာ ပစ်သတ်ပြီးမြှုပ်သွားတယ်” လို့ အဲဒီဒေသခံတစ်ဦးကပြောပါတယ်။
Indaw Revolution IRကလည်း စက်တောကုန်းရွာကိုအကြမ်းဖက် စစ်ကောင်စီတပ်အင်အားတစ်ရာကျော်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၄၁လုံးနဲ့ စပါးတိုက် အလုံး၃၀ မီးလောင်ပျက်ဆီးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်လာတာကြောင့် အနီးနားရွာတွေက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Photo: Indaw Revolution-IR
#Dailynews

