ရေစကြို – ၂၀၂၂ ဒီဇင်ဘာ ၁၇ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗြိဘရွာအနောက်ဘက်မှာဒီကနေ့မနက်ပိုင်း ၁၀: ၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်သား ၅၀ ဝန်းကျင်က ရေစကြို ဗြိဘရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။
” သူတို့ဘုန်းကြီးကျောင်းကနေထွက်လာတော့ ကျွန်တော်တို့ရှေ့ပြေးမိုင်းအရင်ဆွဲတယ်၊ လက်နက်ကြီး ၄၀မမ နဲ့ပစ်တယ်၊ ဒရုန်းနဲ့ အီနာဂါလည်းချတယ်၊ သူတို့စစ်ကြောင်းကိုအနီးကပ်လည်းဝင်ပစ်ခဲ့တယ်”လို့ ရေစကြိုမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရေစကြိုမြို့နယ်ထဲကိုစစ်ကြောင်းထိုးနေတာသုံးရက်ဝန်းကျင်ရှိပြီး မနေ့က ထိပ်တိုက်မတွေ့လိုက်ဘဲ စစ်ကြောင်းက ဘုန်းကြီးကျောင်းထဲဝင်ရောက်သွားတာကြောင့် မတိုက်ခိုက်ခဲ့တာလို့ ပကဖတာဝန်ရှိသူကပြောပါတယ်။
ဒီကနေ့ စစ်ကြောင်းပြန်ထွက်လာချိန်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားနှစ်ဦး သေဆုံးခဲ့ပြီး သေဆုံးတဲ့စစ်သားအလောင်းတွေကို နေရာမှာတင်ပစ်ထားခဲ့ပြီး ဘုန်းကြီးကျောင်းထဲ ပြန်ဝင်သွားတယ်လို့ပြောပါတယ်။
ဒီကနေ့တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊N-YSO ပြောက်ကြားတပ်ဖွဲ့ ၊ ငဘ ပြောက်ကျားတပ်ဖွဲ့ ၊ ဗိုလ်တမာ ပြောက်ကြားတပ်ဖွဲ့ ၊ Super Fighter PDF မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
#Dailynews

