မြိုင် – ၂၀၂၂ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေ Well 2စခန်းမှာ စခန်းချနေထိုင်နေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေကို မနေ့ညနေပိုင်းက ဒရုန်း၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့ ကသိရပါတယ်။
Well 2စခန်းထဲကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်သားတွေက ဒရုန်းလာရာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့၊ တာဝန်ရှိသူကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ကျော်ကလည််း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၄၅
မိနစ်ခန့်ကြာခဲ့တယ်လို့ပြောပါတယ်။
“နာရီဝက်ကျော်လောက်ထိဆက်တိုက်ပြန်ပစ်တယ်၊ပြီးတော့ ငြိမ်သွားကြတယ်၊ ထိပြီး သေကုန်ကြသလားဆိုတာတော့ အတိအကျမသိရသေးဘူး”လို့ Black God ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
Well 2 စခန်းထဲမှာ အာဏာသိမ်းစစ်တပ်က အင်အားရာဂဏန်းဝန်းကျင်ရှိပြီး အင်အားဟာ အမြဲအတိုးအလျော့ရှိနေတယ်လို့ပြောပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ တပ်ခွဲ ၃၊ BlackGodပြောက်ကျားတပ်ဖွဲ့၊ ဂျိမ်းစဘွန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Jokerပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ ဗိုလ်မိုက်ခဲပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ LBTပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ MVRF တပ်ခွဲ ၃ နဲ့ မြိုင်ပကဖလက်အောက်ခံ Local PDF တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
#Dailynews

