သတင်းဆောင်းပါးများ

မဲပေးဖို့ ပြန်တဲ့သူတွေများတာကြောင့် ဒဂုံဧရာအဝေးပြေးကားဝင်းမှာ ခရီးသည်တွေ သောင်တင်

November 7, 2015

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့တွေကို ရန်ကုန်ကနေ မဲပေးဖို့ ပြန်တဲ့သူတွေများတာကြောင့် ကားလက်မှတ်တွေ ကုန်နေပြီဖြစ်လို့ ဒဂုံဧရာအဝေးပြေးဝင်းထဲမှာ သောင်တင်နေကြတာကို နိုဝင်ဘာ ၇ ရက်နေ့ နံနက်က ယခုလို မြင်တွေ့ခဲ့ရပါတယ်။ ကားလက်မှတ်တွေဟာ မနေ့ကတည်းက ကုန်သွားတာဖြစ်ပြီး ကားတွေမှာ မတ်တပ်ရပ်ပြီး လိုက်ကြသူတွေ ရှိခဲ့ပါတယ်။ တချို့ကလည်း ကားသေးလေးတွေ လိုက်ထရပ်ကားတွေ စုငှားပြီးပြန်ကြတာကို တွေ့ရပါတယ်။ ဓါတ်ပုံ – ကျော်ဇေယျာထွန်း            

အပြည့်အစုံဖတ်ရန်

ကားမမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင် ရနိုင်သလား အပိုင်း(၂)

November 5, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ မတတ်ဘဲ မောင်းတော့ ဘာဖြစ်လဲ ကားမောင်းသက် အနှစ်နှစ်ဆယ်ရှိပြီဖြစ်သော အသက် ၄ဝ အရွယ် တက္ကစီယာဉ်မောင်း ကိုကျော်မိုးက ယာဉ်တိုက်မှု အများစုကို ကြည့်ပါက ကျွမ်းကျင်မှုမရှိသော ယာဉ်မောင်းကြောင့် ဖြစ်တာများသည်ဟု သူ့အတွေ့အကြုံအရ ဆိုပါသည်။ ယာဉ်ထိန်း ရဲများကလည်း စနစ်တကျ အရေးယူဆောင်ရွက်သင့်သည်ဟု ၎င်းက ဝေဖန်ပါသည်။ ဒါအပြင် လမ်းမများပေါ်တွင် သတ်မှတ်လိုင်စင်မရှိဘဲ မောင်းနှင်သူများနှင့် လိုင်စင်မဲ့များကလည်း ပေါများစွာ ရှိနေ သည်ဟု သူက ဆိုသည်။ သူ့ခရီးသည်တစ်ဦး ပြောပြချက်အရ ထို ခရီးသည် ငှားစီးခဲ့ဖူးသည့် တက္ကစီသမားတစ်ဦးမှာ အရင်က တက္ကစီမမောင်းခင် ဆိုက်ကားနင်းခဲ့ကာ ယာဉ်မောင်းသင်တန်း တက်ပြီးနောက် တက္ကစီမောင်းနေသည်မှာ လပိုင်းသာ ရှိသေး […]

အပြည့်အစုံဖတ်ရန်

ကားမမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင် ရနိုင်သလား အပိုင်း(၁)

November 5, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ ယာဉ်မောင်းစစ်ဟုရေးထားသော တိုယိုတာ(Corolla) အနီ ရောင် ဆလွန်းကားလေးတစ်စီးက အဝါရောင်နှင့် အနက်ရောင် ခြယ်ထားသည့် စည်းနှစ်ခုကြားထဲကို နောက်ဆုတ်ဝင်နိုင်ဖို့ ကြိုး စားနေသည်။ ကားက တွန့်ဆုတ် တွန့်ဆုတ်နှင့် ဘီးလိမ့်ရုံမျှ နောက်သို့ ရွေ့နေသည်။ ဘေးက ဝိုင်းအုံကြည့်နေသောသူများက ‘နည်းနည်းကွေ့လိုက်ပါလား’၊ ‘စောင်းလိုက်ပါလား’ဟု အချင်း ချင်း တီးတိုးပြောနေကြသည်။             ကားကို နောက်သို့ ထပ်ဆုတ်လိုက်သည့်အခါမှာတော့ စည်းနှစ်ခုကြားထဲသို့ ဝင်ရမည့်အစား စည်းတစ်ခုကို ခွသွားတော့ သည်။ ယာဉ်မောင်းလိုင်စင်အတွက် လက်တွေ့ယာဉ်မောင်းစာ မေးပွဲ ကျသွားပြီဖြစ်သည်။             ယာဉ်မောင်းစစ်ဆေးသည့် တာဝန်ရှိသူက ကားမောင်းနေ သည့် အသက် ၂၅ နှစ်ဝန်းကျင်လူငယ်ကို ကားပေါ်မှဆင်းဖို့ တံခါး […]

အပြည့်အစုံဖတ်ရန်

တစ်သက်နှစ်ဘဝ ရှင်သန်ကြသူများ အပိုင်း(၂)

November 3, 2015

အောက်တိုဘာလထုတ်-၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စောသစ်ထူး ရေးသား၍ ဇော်နိုင်ဦး အချက်အလက်ပံ့ပိုးသည်။ အပြောင်းအလဲများနှင့်ကမ္ဘာ သက်မွန်ဖြိုး (၃၄ နှစ်) ငယ်ငယ်က မိန်းကလေးတွေကိုမြင်ရင် အားကျလေ့ရှိပြီး သူတို့ရဲ့အသုံးအဆောင်တွေကို စမ်းသပ်လိုစိတ်ရှိခဲ့တယ်။ငယ်ငယ်က ခန္ဓာကိုယ်တည်ဆောက်ပုံက ခပ်သေးသေး၊ခပ်ခပ်နွဲ့နွဲ့ရယ်။ ကိုးတန်း၊ ဆယ်တန်းအရွယ် ရောက်လာတဲ့အခါကျတော့ မိန်းမစိတ်ဖြစ်နေပြီဆိုတာကို ကိုယ်တိုင်သတိထားမိတတ်လာ တယ်။ သူငယ်ချင်းတွေကလည်း ”အခြောက်” လို့ စနောက်တာ ခံလာရတယ်။ တက္ကသိုလ်တက်တဲ့အရွယ်ရောက်တော့ အထိုက်အ လျောက်  ပွင့်လင်းလာတာနဲ့အတူ မိန်းကလေး အဝတ်အစားတွေ ဝတ်ပြီး ပေါ်ပေါ်တင်တင်ပြောင်းလဲပစ်လိုက်တယ်။ အဲဒီမှာတင် မိသားစုဝင်တွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေး စတင်ရပါတော့တယ်။ ” လူဖြစ်ရတာ သက်သက်မဲ့လာပြီး ဝဋ်ခံနေရတာလားလို့တောင် ထင်ခဲ့မိ တယ်။ ကိုယ့်မိသားစုက ခွဲခြားတာခံရတာ တွေကြုံရတဲ့အချိန်မှာ လူ့လောကမှာ မနေချင်တော့တဲ့အထိ ဖြစ်တယ်” လို့ […]

အပြည့်အစုံဖတ်ရန်

တစ်သက်နှစ်ဘဝ ရှင်သန်ကြသူများ အပိုင်း(၁)

November 3, 2015

အောက်တိုဘာလထုတ်-၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စောသစ်ထူး ရေးသား၍ ဇော်နိုင်ဦး အချက်အလက်ပံ့ပိုးသည်။             ကနွဲ့ကလျ အောင်ကို (အမည်လွှဲ) ၃၄ နှစ် ရဲ့ဘဝကို  အကြီးအကျယ်အပြောင်းအလဲဖြစ်စေ ခဲ့တာက သူဆယ်နှစ်သားအရွယ်မှာပေါ့။             သူ့အဒေါ်ယောကျ်ားရဲ့တူနဲ့ တစ်ခြင်ထောင်တည်း အတူတူအိပ်တာက စခဲ့တယ်လို့ပြောရမှာပဲ။ သူ့ထက်ငါးနှစ်ကြီးတဲ့ အဒေါ့်ယောကျ်ားရဲ့တူက လူပျိုပေါက်၊ လက်တည့်စမ်းတဲ့အရွယ်ဆိုတော့ အောင်ကို့ကို မိန်းမနေရာကထားပြီး လိင်တူချင်း ဆက်ဆံခဲ့တယ်။ အဲဒီညက သူဘယ်လိုမှထင်မှတ်မထားတဲ့ အတွေ့အကြုံကို တစ်သက်လုံးကြိုက်နှစ်သက်ခဲ့တယ်လို့ သူက ပြောတယ်။             ”အဲဒါဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို မိန်းမအစစ်ကြီးလိုဖြစ်သွားပြီးတော့ သူပြန်လာပြီဆိုရင် ကြိုလိုက်ရလို့ ဝမ်းသာသွား တာတို့ အဲဒီလိုမျိုးခံစားရတာပေါ့”             အဲဒီနောက်ပိုင်း ကျောင်းတက်ဖော်သူငယ်ချင်းတွေနဲ့လည်း စမ်းသပ်ခဲ့တယ်။             တစ်နေ့ သူငယ်ချင်းတစ်ယောက်က ဆရာမကို အောင်ကို […]

အပြည့်အစုံဖတ်ရန်

အသားစားနွား ဘာကြောင့် မွေးမြူသင့်သလဲ အပိုင်း(၂)

October 30, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ မွေးမြူသူများနှင့် လိုင်စင်သမားတို့ကြားက ပဋိပက္ခ             ကျွဲ၊ နွားဈေးကွက်ကို ထိန်းချုပ်ထားသော လေလံစနစ်ဖြင့် ချပေးထားသည့်အတွက် ကျွဲ၊ နွားများကို စီးပွားဖြစ် မွေးမြူသူ များနှင့် တစ်ပိုင်တစ်နိုင်မွေးမြူသည့်တောင်သူများမှာ သူတို့၏ကျွဲ၊ နွားများကို လွတ်လပ်စွာရောင်းချခွင့်မရှိဘဲ လိုင်စင်စီသမားများနှင့်နွားမှောင်ခိုကူးသူများထံ ဈေးနှိမ်ခံကာ ရောင်းချနေကြ ရသည်ဟု နွားမွေးမြူသူများနှင့် ပညာရှင်များက ဆိုပါသည်။             ”အဲဒီစနစ်ကတော့ တစ်ဦးတည်းကပဲ ထိန်းချုပ်ထားသလို မျိုးဖြစ်နေတာပေါ့။ သူတို့ (လိုင်စင်စီသမား)က ဝယ်ယူတဲ့ နေရာ မှာ အသာစီးရတယ်။ တောင်သူကတော့ ဝယ်လက်တစ်လက်ပဲ ရှိနေတဲ့သဘောပေါ့”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတွင် ဌာနခွဲ မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာအိသန္တာကျော် က ဆိုသည်။ […]

အပြည့်အစုံဖတ်ရန်

အသားစားနွား ဘာကြောင့် မွေးမြူသင့်သလဲ အပိုင်း(၁)

October 30, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ မြက်ခင်းစိမ်းများကိုဖြတ်ကာ တိုက်ခတ်လာသည့် လေတွင် အောက်သိုးသိုး နွားချေးနံ့များ မွှန်ထူနေသည်။ ထိုမြက်ခင်းစိမ်းတို့ အလယ်တွင် အစိမ်းရောင် သွပ်မိုးထားသော ရှည်မျောမျော အဆောက်အအုံလေးခုရှိသည်။ အဆောက် အအုံတစ်ခုချင်းစီ၏ အလယ်တွင် ရေမြောင်းပုံစံလုပ်ထားသည့် နွားစာခွက် နှစ်ခုစီရှိသည်။             အဆိုပါနွားစာခွက်ထဲရှိ မြက်များကို နွားများက အထွေး လိုက် ဝါးစားနေကြသည်။ နဖားကြိုးတပ်ထားသော ယင်းနွားများ သည် အမြင့် ငါးပေခန့်ရှိသည်။             အဆောက်အအုံအပြင်ဘက်တွင် သံပိုက်ချောင်းများဖြင့် ကာရံထားသည့် ခြံငယ်များလည်းရှိသေးသည်။ ယင်းခြံများထဲ တွင် နွားချေးနှင့် ရွှံ့များရောကာ ဗွက်ထနေသည်။ အထဲတွင် နွား ငယ်လေးများက မျက်လုံးများ ပြူးကာ ဟိုဟိုဒီဒီ ကြည့်နေကြသည်။             ရန်ကုန်တိုင်းဒေသကြီး၊ […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းတို့ မဲပေးရေး အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရဆဲ အပိုင်း(၂)

October 19, 2015

Photo: ANFREL     အာဖဂန်နစ်စတန်မှ မသန်စွမ်း မဲဆန္ဒရှင်တစ်ဦး အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၈)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ လင်းမြတ်နှင့် မင်းလွင်ရေးသည်။ အတားအဆီးမဲ့ ပတ်ဝန်းကျင်လို ထိုကဲ့သို့ သွားရေးလာရေးကိစ္စအခက်အခဲများသည် နိုင်ငံ ရေးတွင် အခြားသန်စွမ်းသူများနှင့် တန်းတူပါဝင်ခွင့်၊ ပညာရေး နှင့် အလုပ်အကိုင်ရရှိရေးကိစ္စများတွင် ကြီမားသောအတား အဆီးများဖြစ်နေသဖြင့် အတားအဆီးကင်းသော  ပတ်ဝန်းကျင် (Barrier Free Environment) တစ်ခုလိုသည်ဟု ဦးစောသောင်း ကြည်က ဆိုသည်။ သို့သော် မြန်မာနိုင်ငံ၏ အနေအထားအရ မသန်စွမ်းသူ များ မဆိုထားနှင့်၊ သန်စွမ်းသည့် သာမန်လူများအတွက်ပင် လွတ်လပ်စိတ်ချစွာ သွားလာလှုပ်ရှား၍ ရသော ပတ်ဝန်းကျင်မှာ နည်းပါးသေးသည်ဟု သူက ဆိုသည်။ မသန်စွမ်းသူများအတွက်မူ ”အမှန်ပြောရရင်တော့ နည်း တယ်ဆိုတာထက် (အတားအဆီးမဲ့တဲ့လမ်းတွေ) […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းတို့ မဲပေးရေး အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရဆဲ အပိုင်း(၁)

October 19, 2015

အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၈)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ လင်းမြတ်နှင့် မင်းလွင်ရေးသည်။ ဦးအောင်နိုင်သည် ငယ်စဉ်က သန်စွမ်း၏။ သူ အသက် သုံးဆယ်အရွယ်တွင် မြဝတီဘက်၌ သစ်လုပ်ငန်းသွား လုပ်စဉ် မြေမြှုပ်မိုင်းနင်းမိ၍ ဘယ်ခြေတစ်ဖက်ကို ဒူး အောက်မှ ဖြတ်ပစ်လိုက်ရသည်။ ယခု သူ တပ်ဆင်ထား ရသည့် ခြေတုမှာလည်း သူ့ကိုကောင်းမွန်စွာ အထောက်အပံ့မပေးနိုင်။ ခြေတု၏ ခြေခုံနေရာမှာ ကွဲ နေပြီး ခြေတုတစ်ခုလုံး ကြေးတက်ကာ မည်းနေသည်။ ခြေတုတပ်သည့်ဘက်ကို အားပြုရပ်ပါက ဒူးအောက် အရွတ်များက အသားကို ဆူးနဲ့ ထိုးလိုက်သလို နာကျင်လာ၍ လမ်းဝေးဝေးမလျှောက်နိုင်ဟု ဦးအောင်နိုင်က ဆိုသည်။ ချိုင်း ထောက်ဝယ်ရန်လည်း သူ့မှာ ငွေလုံလောက်စွာ မရှိ။ ခြေထောက်တစ်ဖက်ဆုံးရှုံးသွားချိန်မှစ၍ သာမန်လူတစ် ယောက်လို […]

အပြည့်အစုံဖတ်ရန်

ပုဂံမှာ အဖြေရှာခြင်း အပိုင်း(၂)

October 17, 2015

မတ်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ အဖြေရပြီ             ပညာရှင်များ ထောက်ပြသည်က အထက်ပါအချက်တို့ ကြောင့် ပုဂံသည် ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာ ရင်းထဲတွင် မဝင်ရခြင်းဖြစ်သည်ဟုဆိုသည်။             သို့သော်ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးနှင့် တွေ့ဆုံမေးမြန်း ခွင့်ရသည့်အခါမှာ ”ယူနက်စကိုက ကန့်ကွက်တာတို့၊ ပယ်ချတာ တို့ အဲဒီလိုမဟုတ်ပါဘူး။ မပယ်ချဘူး”ဟု ဆိုသည်။             ”ပုဂံဆိုတာအရေးကြီးတဲ့ဒေသ၊ ကမ္ဘာ့အမွေအနှစ်စာရင်း မှာ ပါသင့်တဲ့ဒေသဆိုတာကို ယူနက်စကိုက တစ်ချိန်လုံး သတိရှိ နေပါတယ်၊ အသိအမှတ်ပြုနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။             ၁၉၉၅ ခုနှစ်တွင် ပုဂံကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်  စာရင်းသို့ မြန်မာအစိုးရက တင်ခဲ့ဖူးသည်။             ရှေးဟောင်းအမွေအနှစ်တစ်ခုအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းလိုပါက […]

အပြည့်အစုံဖတ်ရန်

ပုဂံမှာ အဖြေရှာခြင်း အပိုင်း(၁)

October 17, 2015

မတ်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ ပုဂံ အချိန်ကား လင်းကြက်ပင်မတွန်သေး။ ကောင်းကင်တစ် ခွင်လုံးက နက်မှောင်နေသေးသည်။ မည်းမှောင်နေသောကောင်း ကင်နောက်ခံတွင် ရွှေချထားသည့် ဘုရားများကို မီးရောင်တထိန် ထိန်နှင့်တွေ့ရသည်မှာ အနက်ရောင်ကတ္တီပါပေါ်တွင် ရွှေတုံးလေး များ ချထားသည့်နှယ်။             အနော်ရထာမင်းတည်ထားခဲ့သော ရွှေဆံတော်ဘုရား အထက်ပစ္စယံအရှေ့ဘက်တွင်တော့ လူများက အပြည့် အမောက်။ တီးတိုးစကားပြောသံများ၊ ဆုတောင်းသံလိုလို ရေ ရွတ်သံများ၊ ကင်မရာနေရာပြင်ဆင်မှုများ၊ နောက်ထပ်ရောက် လာ၍ နေရာယူကြသူများဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ထို အချိန်တွင် ပတ္တမြားသွေးများ ပန်းထွက်လာသလား ထင်မှတ်မှား ရလောက်အောင် နီစွေးစွေးရောင်စဉ်တန်းများ တုရင်တောင်ထိပ် တွင် တွေ့လိုက်ရသည်။             နက်မှောင်နေသောမြေပြင်၊ ပုစွန်ဆီရောင်၊ မဲနယ်ရောင် တို့ဖြင့် လိမ်းကျံထားသည့် […]

အပြည့်အစုံဖတ်ရန်

လယ်သမားတွေ အိပ်မက် မမက်ဝံ့သော သမ္မတလယ်တော အပိုင်း(၂)

October 10, 2015


အပြည့်အစုံဖတ်ရန်
1 … 18 19 20 21 22 23 24 … 30

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."