သတင်းဆောင်းပါးများ

အင်းဒင်ရွာက ပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ

September 17, 2015

ဇွန်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်နှင့် ခင်မောင်မြင့် ရေးသည်။ မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာ သာရေးဆန်တဲ့ ပဋိပက္ခတွေ အကြောင်းပြောကြရင် အား လုံးက ရခိုင်အရေးကိုပဲ အရင် ဆုံးပြေးမြင်တတ်ကြပါတယ်။ အဲဒီနောက်မှ မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်၊ နောက်ဆုံး မန္တလေးဖြစ် စဉ်တွေကို မြင်ကြတာပါ။           ရခိုင်အရေးဆိုရင်လည်း အားလုံးမျက်စိထဲမှာ မြင်နေကြ တာက  ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ အချင်းချင်းသတ်ဖြတ်နေတာ၊ တစ်ဖက်နဲ့တစ်ဖက် အမြဲလိုလိုရန်စောင်နေတာ၊ ယုံကြည်မှုတွေ ကင်းမဲ့ပြီး တစ်ဖက် နဲ့ တစ်ဖက် မုန်းတီးနေကြတာကိုပဲ ပြေးမြင်ကြပါတယ်။ အဲဒီလိုမြင်ရလောက်အောင်လည်း ၂ဝ၁၂၊ ဇွန်နဲ့ အောက် တိုဘာမှာ နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ပြီး လူ ၂ဝဝ နီးပါးသေဆုံးခဲ့ တဲ့ သွေးမြေကျပဋိပက္ခက […]

အပြည့်အစုံဖတ်ရန်

မြို့ပြငှက်၊မြို့ပြဝန်းကျင် အပိုင်း(၂)

September 15, 2015

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ ငှက်တွေတိုးလာသလား ရန်ကုန်မြို့မှာ ငှက်တွေဘယ်လောက်ရှိသလဲ၊ တိုးလာ သလား၊ လျော့သွားသလားဆိုတဲ့ သုတေသနကိန်းဂဏန်းတွေကို ရှာဖွေရခက်ခဲပါတယ်။ ဒါပေမဲ့ ခိုစာရောင်းတဲ့သူတွေကတော့ တစ်နေ့တခြားပိုပိုပြီးရောင်းလာရတယ်လို့ ဆိုကြပါတယ်။ ခိုစာ၊ ငှက်စာရောင်းတဲ့သူတွေကတော့ သူတို့ရဲ့အလုပ်ဟာ မွန်မြတ်တဲ့အလုပ်လို့ ခံယူထားကြပြီး  ”ကျွန်မတို့အလုပ်က ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝ ဆိုတဲ့အလုပ်ပဲ”လို့ ပုဇွန်တောင် မြို့နယ်၊ လမ်း ၅ဝ က ဟိန္ဒူဘုရားကျောင်း ပလက်ဖောင်းဘေးမှာ ခိုစာရောင်းနေတဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်မြင့်မြင့်အောင်က ပြောပါတယ်။ သူခိုစာရောင်းလာတာ အခုဆိုရင် နှစ်ပေါင်းအစိတ် လောက် ရှိပါပြီ။ သူ ခိုစာစရောင်းတဲ့အချိန်တုန်းက ခိုကောင်ရေ ဆယ်ဂဏန်းလောက်ပဲ တွေ့ရှိရတယ်လို့ဆိုပါတယ်။ ခိုတွေရောက် လာအောင် ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံစိုက်ပြီး […]

အပြည့်အစုံဖတ်ရန်

မြို့ပြငှက်၊မြို့ပြဝန်းကျင် အပိုင်း(၁)

September 15, 2015

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ ‘ငှက်ကလေးများတို့ရယ်xxxမနက်ခင်းမိုးလင်းတိုင်းကွယ် xxx သီချင်းလေးများ ညည်းလို့ ပြတင်းပေါက်ဖွင့်တော့ လောကကြီးတွေ့ရတယ်xxx’           ဒီသီချင်းလေးက လွန်ခဲ့တဲ့နှစ် ၂ဝ ကျော်လောက်က နာမည်ကြီးခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ အိမ်မှာရော ပြတင်းပေါက်ဖွင့်လိုက်တဲ့အခါငှက်ကလေးတွေကို တွေ့ မြင်မိပါရဲ့လား။ ဘယ်လိုငှက်ကလေးတွေကိုတွေ့မြင်ရပါသလဲ။လူနေထူထပ်တဲ့ ရန်ကုန်လို မြို့ပြမှာရော ဘယ်လိုငှက်တွေ ကြီးစိုးရှင်သန်နေပါသလဲ။           ရန်ကုန်လိုမြို့ပြမှာတော့ ကျီးကန်း၊ ခိုနဲ့ စာကလေးတွေကို တော့ အခြားသောငှက်တွေထက် ပိုမြင်တွေ့ရတယ်လို့ ငှက်လေ့ လာစောင့်ကြည့်သူတွေနဲ့ သတ္တဗေဒပညာရှင်တွေက ဆိုပါတယ်။ ဆက်ရက်၊ စင်ရော်၊ ပျံလွှား၊ ဗျိုင်း စတဲ့ငှက်တွေကိုလည်း ရန်ကုန် မြို့မှာ ရံဖန်ရံခါတွေ့ရပေမယ့် ကျီးကန်း၊ ခိုနဲ့ စာကလေးတွေက တော့ ရန်ကုန်မြို့လယ်ကောင်မှာတင် အလွယ်တကူ […]

အပြည့်အစုံဖတ်ရန်

စစ်အုပ်ချုပ်ရေးအောက်က နန်းကျနယ်မြေ

September 14, 2015

စက်တင်ဘာလထုတ်-၂၀၁၅၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ကျော်မျိုးထွန်း ရေးသည်။ နံနက်ခင်း၏ ရှေ့ပြေးအလင်းရောင်တို့အောက်ဝယ်  စိမ်းညို့ ညို့တောင်စွယ်တောင်တန်းများမှာ မြူမင်းလွင်တို့၏ လွှမ်းခြုံအုပ်မိုးခြင်းကို ခံနေ ရသည်။ ထိုတောင်စွယ်တောင်တန်းတို့အလယ်တွင် အခိုင်အမာ ဆောက်လုပ်ထားသည့် နေအိမ်တိုက်တာများ၊ ဈေးဆိုင်ခန်းများ၊ ကွန်ကရစ်လမ်းများ၊ အဝေးမှပင် လှမ်းမြင်နိုင်သည့် ဟိုတယ်ကြီးများ၊ဟိုတစ်စု ဒီတစ်စုထိုးထိုးထောင်ထောင် ထွက်နေသည့် ဆောက်လက်စ အထပ်မြင့်အဆောက်အအုံများသည်လည်း မြူခိုးများကြားဝယ် ငြိမ်ကုပ်နေကြသည်။        ဧရိယာစတုရန်းမိုင် ၃,၉ဝဝ ခန့်ကျယ်ဝန်းသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့ အပါအဝင် နေရာအတော်များများသည် ယခုနှစ်အစောပိုင်းက ယခင်ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်ဦးဆောင် သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army- MNDAA)နှင့် မြန်မာတပ်မတော်တို့ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် စစ်တလင်းဖြစ်ခဲ့ရသည်။        […]

အပြည့်အစုံဖတ်ရန်

ဆေးရုံ၊ ဆေးခန်းထုတ် အမှိုက်တွေက ထပ်ထုတ်မယ့် ရောဂါကွန်ရက် အပိုင်း(၂)

September 12, 2015

ဇွန်လိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၅) မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ ကောင်းမြတ်မိုး ရေးသည်။ အမှိုက်သိမ်းသူတွေ ဘာပြောလဲ             လမ်းမတွေပေါ်မှာ အမှိုက်သိမ်းစည်ပင်ဝန်ထမ်းဦးရေ ၂ဝ ကျော်ကို ကျွန်တော်လိုက်လံတွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ သူတို့ဆီက တူညီတဲ့အချက်တစ်ခုကို သိလာရပါတယ်။             အဲဒါကတော့ သာမန်အထွေထွေအမှိုက်တွေထဲမှာ ဆေးရုံ၊ ဆေးခန်းအမှိုက်ထုပ်တွေအမြဲလိုလို ပါလာတတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။             တချို့ဆေးခန်းတွေကျတော့ ဆေးရုံ၊ ဆေးခန်း စွန့်ပစ် အမှိုက်ကား မလာတဲ့အတွက် ရပ်ကွက်ထဲက အထွေထွေအမှိုက် သိမ်းသူတွေနဲ့ ချိတ်ဆက်ပြီး စွန့်ပစ်ကြတယ်လို့ ဆိုပါတယ်။             တချို့ကျတော့လည်း အထွေထွေအမှိုက်ပုံမှာပဲ လာစွန့်ကြ လို့ ဆေးရုံ၊ ဆေးခန်း အမှိုက်မှန်းမသိဘဲ သိမ်းလာကြတာတွေ လည်း ရှိတယ်လို့ စည်ပင်အမှိုက်သိမ်းဝန်ထမ်းတွေက ဆိုပါတယ်။             […]

အပြည့်အစုံဖတ်ရန်

ဆေးရုံ၊ ဆေးခန်းထုတ် အမှိုက်တွေက ထပ်ထုတ်မယ့် ရောဂါကွန်ရက် အပိုင်း(၁)

September 12, 2015

ည ၈ နာရီခွဲဝန်းကျင်ဆိုရင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရပ်ကွက်မှာရှိတဲ့ ဆေးခန်းတစ်ခုရဲ့ ပိတ်ချိန်ကို ရောက်လာပါပြီ။ ခါတိုင်းနေ့တွေမှာလိုပဲ ဇွန် ၁၅ ရက်ညနေမှာလည်း အဲဒီ ဆေးခန်းဟာ ၈ နာရီခွဲလောက်မှာ ပိတ်ပါတယ်။ ဆေးခန်းမှာ အကူလုပ်ပေးနေတဲ့အမျိုးသမီးဟာ အပြာ ရောင်ပလတ်စတစ်အထုပ်တစ်ထုပ်ကို ဆွဲလာပြီး လမ်းထိပ် ရောက်တာနဲ့ အမှိုက်ပုံမှာ လှမ်းပစ်လိုက်ပါတယ်။ အဲဒီအမျိုးသမီးပြန်ထွက်သွားပြီးနောက် အဲဒီအမှိုက်ထုပ် ကို ကျွန်တော်သွားပြီး ဖြဲကြည့်လိုက်ချိန်မှာ အထဲမှာ ဆေးခန်းက စွန့်ပစ်လိုက်တဲ့ အသုံးပြုပြီးသား ဂွမ်းစတချို့၊ ဆေးကတ်အခွံ၊ ဆေးပုလင်းအခွံတချို့နဲ့ အခြား အထွေထွေ အမှိုက်တွေလည်း ရောထွေးပြီး ပါဝင်နေတာကို တွေ့ရပါတယ်။ (အထွေထွေအမှိုက် ဆိုတာကတော့ မုန့်ခွံတွေ၊ ပလတ်စတစ်အိတ်တွေကို ပြောတာပါ။) ဆေးရုံ၊ ဆေးခန်းစွန့်ပစ်အမှိုက်တွေဆိုတာ ရောဂါပိုးကူး စက်နိုင်တဲ့ အမှိုက်တွေ […]

အပြည့်အစုံဖတ်ရန်

အရေးတကြီး လုပ်ဖို့ လိုနေတဲ့ပြန်လည်ထူထောင်ရေး အပိုင်း(၂)

September 10, 2015

စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ ခင်မောင်မြင့်၊ကျော်ဇေယျ နှင့် မောင်သင်တုန်း သတင်းပေးပို့သည်။ ငါးလုပ်ငန်းကိုလည်း မမေ့သင့်             အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ရာမှာ စိုက်ပျိုးရေးလုပ်ငန်းအပြင် ငါးကန်၊ ပုစွန်မွေးမြူရေး ကန်တွေ ပြန်လည်ထူထောင်ဖို့ကလည်း အာရုံစိုက်ကြရမယ့် အရာပါ။             ကနဦးရထားတဲ့စာရင်းတွေအရ ငါးကန်ဧက ၂၂,ဝဝဝ လောက် ရေမြုပ်သွားပြီး နောက်ထပ်လည်း နစ်မြုပ်နိုင်တဲ့ ဒေသ တွေလည်း ရှိနေတော့ ဒီနှစ်မှာ ငါးမွေးကန်အားလုံးရဲ့ ၁၅ ရာခိုင် နှုန်းထက်မနည်း ဆုံးရှုံးလိမ့်မယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးဝင်းကြိုင်ကတော့ ခန့်မှန်းပြောဆိုပါတယ်။             ရခိုင်ပြည်နယ်၊ စစ်တွေရဲ့ မြောက်ဘက်နဲ့ ဘူးသီးတောင်၊ မောင်တောကြားမှာရှိတဲ့ ပုစွန်မွေးကန် ဧက  တော်တော်များ […]

အပြည့်အစုံဖတ်ရန်

အရေးတကြီး လုပ်ဖို့ လိုနေတဲ့ပြန်လည်ထူထောင်ရေး အပိုင်း(၁)

September 10, 2015

စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ ခင်မောင်မြင့်၊ကျော်ဇေယျ နှင့် မောင်သင်တုန်း သတင်းပေးပို့သည်။ မြောက်ဦး(စက်တင်ဘာ၊ ၂၀၁၅) ရေပြန်ကျချိန် ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ မင်း ပြားမြို့နယ်ကြားက လယ်ကွင်းတွေဟာ ကန် သင်းတောင်မမြင်ရတော့ဘဲ သဲသောင်ပြင်ကြီး တစ်ခုလို ဖြစ်သွားတယ်။ တချို့လယ်တွေဆိုရင် လည်း သစ်တုံးတွေ၊ အမှိုက်တွေနဲ့ ပြည့်လို့။သဲဖုံးသွားတဲ့ လယ်ကွက်တွေကို ပြန်ဖော်ပြီး စပါးပြန်စိုက် မယ်ဆိုရင်တောင် မျိုးစပါးရဖို့က ဒီဘက်က ရေဘေးသင့် လယ် သမားတွေအတွက် ခေါင်းခဲစရာဖြစ်နေတယ်။ ရေကြီးရေလျှံ ဖြစ် တဲ့အထဲမှာ လယ်ယာတွေ ပျက်စီးရုံတင်မကဘူး၊ လှောင်ထားတဲ့ ဝမ်းစာစပါးတွေနဲ့ မျိုးစပါးတွေလည်း ပါကုန်ကြတယ်လို့ ဒေသခံ တွေက ဆိုကြတယ်။ ရေပြန်ကျလို့ သုံးပတ်လောက်ကြာတဲ့အထိ လယ်သမား အများစု […]

အပြည့်အစုံဖတ်ရန်

မိန်းကလေးတွေ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရတာလဲ

September 9, 2015

အသက်၁၅နှစ်မှ၁၉နှစ်ကြားအရွယ်များသည်ပညာသင်ယူသည့်နေရာတွင်သာမကအလုပ်အအကိုင်၊အခွင့်အလမ်းရှာဖွေသည့်နေရာ၌ပါ ပြင်းထန်သောပြိုင်ဆိုင်မှုများကိုကြုံတွေ့တတ်ကြသည်ဟုစိတ်ပညာရှင်ဒေါက်တာခင်မြင့်ကသုံးသပ်သည်။ထို့ပြင်လူနေမှုအဆင့်အတန်းကွာဟမှုကိုလည်းပိုမိုကြုံတွေ့ခံစားရတတ်သည်ဟု ဒေါက်တာခင်မြင့်ကသုံးသပ်ပြသည်။ နောက်ဆက်တွဲအဖြစ်စိတ်ဖိစီးမှုများလာသည့်ဒဏ်ကိုလည်းခံကြရတတ်သည်ဟုသူကဆိုသည်။

အပြည့်အစုံဖတ်ရန်

သတိ- ကားမောင်းရင်း ဖုန်းမပြောရ လမ်းကူးရင်း ဖုန်းမပြောရ အပိုင်း(၂)

September 2, 2015

ဇွန်လိုင်-၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ မီမီခိုင် ရေးသည်။ ဘယ်ယာဉ်မောင်းတွေ ဖုန်းပြောများသလဲ           အထူးသဖြင့် ယာဉ်မောင်းစဉ် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုသည် ကိုယ်ပိုင် ယာဉ်များနှင့် အငှားယာဉ်များတွင်အများ ဆုံးဖြစ်နေပြီး ခရီးသည်တင်ယာဉ်များ လည်း အနည်းငယ်ပါဝင်လာပြီ ဖြစ် ကြောင်း တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည့် ယာဉ်ထိန်းရဲအချို့က ပြောပြ ပါသည်။           ”ကားမောင်းရင်းဖုန်းပြောတာကိုအများဆုံးတွေ့နေရတာ အိမ်ကားနဲ့ တက္ကစီပဲ။ တော်တော်များများကလည်း လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေပဲ။ လိုင်း ကားသမား ကားမောင်းရင်း ဖုန်းပြောတာ ကတော့ အတွေ့ရနည်းတယ်။ ဒါပေမဲ့  အရင်ကထက်စာရင်တော့ ရှိလာနေပြီ”ဟု ပန်းဆိုးတန်းမီးပွိုင့်ရှိ တာဝန်ကျယာဉ် ထိန်းရဲ ဒုတပ်ကြပ်ဟိန်းစိုးထက်က ပြော ပြသည်။           လက်ရှိရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲနေ သောယာဉ်စီးရေမှာ စုစုပေါင်း […]

အပြည့်အစုံဖတ်ရန်

သတိ- ကားမောင်းရင်း ဖုန်းမပြောရ လမ်းကူးရင်း ဖုန်းမပြောရ အပိုင်း(၁)

September 2, 2015

ဇွန်လိုင်-၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ မီမီခိုင် ရေးသည်။ ရန်ကုန်မြို့၏ အစည်ကားဆုံးလမ်း မကြီးများထဲတွင် အပါအဝင်ဖြစ်သည့် အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်း ဆုံရာ မီးပွိုင့်တွင် တာဝန်ကျယာဉ်ထိန်း ရဲ၏နှုတ်မှ ဝစီမှုတ်သံ ‘ရွှီး’၊’ရွှီး’ဆိုသည်က ဆက်တိုက်ဆိုသလိုထွက်ပေါ်နေသည်။ ထိုဝစီမှုတ်သံကား ယာဉ်မောင်းသူ များနှင့် လမ်းအသုံးပြုသူများအကြား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက် နာစေရေးအတွက် သတိပေး ဝစီမှုတ်သံ ဖြစ်သည်။ မျိုးစုံသောစည်းကမ်းများအတွက် ဝစီမှုတ်ခြင်းတွင် မီးပွိုင့်ဖြတ်နေစဉ်မှာ တောင် ဖုန်းပြောနေသည့် ယာဉ်မောင်း နှင့် လမ်းဖြတ်ကူးနေစဉ်မှာတောင် လမ်း ကို မကြည့်ဘဲ လက်ကိုင်ဖုန်းကိုသာ အာရုံ စိုက်နေသည့် လမ်းအသုံးပြုသူ၊ ခြေကျင် လျှောက်သူများအကြား သတိပေးဝစီ မှုတ်ရသည်က အများဆုံးဖြစ်လာနေ သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးနယ်နိမိတ်နှင့် မြို့တွင်းယာဉ်ထိန်းရဲ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းနောက်တစ်ကြိမ် ဝင်ခဲ့လျှင် အပိုင်း(၂)

September 1, 2015

ဇွန်လိုင်၊-၂၀၁၃ ၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ဝင်းဇော်လတ်၊ ခင်မောင်မြင့် နှင့် နှင်းကို ရေးသည်။ ဘယ်ကို ပြေးရမလဲ နာဂစ်တုန်းက မသေမပျောက် ကျန်ခဲ့သည့် ဒေါ်ဌေးမြင့်က အနီးအနား ကျေးရွာများမှ ဘဝတူ ဒေသခံများ အတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံ များ ရရှိရေးကို မျှော်လင့်လျက်ရှိသည်။ အထူးသဖြင့် ရွာနှင့်အဝေးရှိ ကွင်းပြင် များတွင် နေထိုင်သူများအတွက်ဖြစ် သည်။ အရေးကြုံလျှင် လယ်ကွင်းပြင် များကို ဖြတ်ပြေးရန်မှာလည်း မလွယ်ကူ။မြစ်ကူး၊ ချောင်းကူးရန်လည်း စက်လှေ မရှိသူများအတွက် ပို၍ စိုးရိမ်နေသည်။ နာဂစ်မုန်တိုင်းနှင့် ကြုံပြီးကတည်း က မိုးဦးကျချိန်များတွင် အရေးကြီးသည့် ပစ္စည်းအနည်းငယ်နှင့် အဝတ်အစားအချို့ ကို အဆင်သင့်ထုပ်ပိုးထားလေ့ရှိသည့် သူ့အတွက်ကတော့ ရွာရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံက […]

အပြည့်အစုံဖတ်ရန်
1 … 20 21 22 23 24 25 26 … 30

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."