ဧရာဝတီတိုင်းဒေသကြီးရှိ မြို့တွေကို ရန်ကုန်ကနေ မဲပေးဖို့ ပြန်တဲ့သူတွေများတာကြောင့် ကားလက်မှတ်တွေ ကုန်နေပြီဖြစ်လို့ ဒဂုံဧရာအဝေးပြေးဝင်းထဲမှာ သောင်တင်နေကြတာကို နိုဝင်ဘာ ၇ ရက်နေ့ နံနက်က ယခုလို မြင်တွေ့ခဲ့ရပါတယ်။ ကားလက်မှတ်တွေဟာ မနေ့ကတည်းက ကုန်သွားတာဖြစ်ပြီး ကားတွေမှာ မတ်တပ်ရပ်ပြီး လိုက်ကြသူတွေ ရှိခဲ့ပါတယ်။ တချို့ကလည်း ကားသေးလေးတွေ လိုက်ထရပ်ကားတွေ စုငှားပြီးပြန်ကြတာကို တွေ့ရပါတယ်။
ဓါတ်ပုံ – ကျော်ဇေယျာထွန်း