ကားမမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင် ရနိုင်သလား အပိုင်း(၁)

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

ယာဉ်မောင်းစစ်ဟုရေးထားသော တိုယိုတာ(Corolla) အနီ ရောင် ဆလွန်းကားလေးတစ်စီးက အဝါရောင်နှင့် အနက်ရောင် ခြယ်ထားသည့် စည်းနှစ်ခုကြားထဲကို နောက်ဆုတ်ဝင်နိုင်ဖို့ ကြိုး စားနေသည်။ ကားက တွန့်ဆုတ် တွန့်ဆုတ်နှင့် ဘီးလိမ့်ရုံမျှ နောက်သို့ ရွေ့နေသည်။ ဘေးက ဝိုင်းအုံကြည့်နေသောသူများက ‘နည်းနည်းကွေ့လိုက်ပါလား’၊ ‘စောင်းလိုက်ပါလား’ဟု အချင်း ချင်း တီးတိုးပြောနေကြသည်။

            ကားကို နောက်သို့ ထပ်ဆုတ်လိုက်သည့်အခါမှာတော့ စည်းနှစ်ခုကြားထဲသို့ ဝင်ရမည့်အစား စည်းတစ်ခုကို ခွသွားတော့ သည်။ ယာဉ်မောင်းလိုင်စင်အတွက် လက်တွေ့ယာဉ်မောင်းစာ မေးပွဲ ကျသွားပြီဖြစ်သည်။

            ယာဉ်မောင်းစစ်ဆေးသည့် တာဝန်ရှိသူက ကားမောင်းနေ သည့် အသက် ၂၅ နှစ်ဝန်းကျင်လူငယ်ကို ကားပေါ်မှဆင်းဖို့ တံခါး ဖွင့်ပေးလိုက်သည်။ ကားပေါ်မှလူငယ်က အောက်သို့ဆင်းလာပြီး သူပါကင်ထိုးထားသည့် အနေအထားကို တစ်ချက် ကြည့်လိုက် ကာ သူ့အဖော်ဖြစ်သူနှစ်ဦးထံ လျှောက်သွားလေသည်။

            အဖော်နှစ်ဦးမှာ သူနှင့်ရွယ်တူယောကျ်ားလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူတို့သုံးဦးသား စကားတီးတိုးပြော ကာ ကားမောင်းစစ်ဆေးရေးကွင်းအပြင်ဘက်သို့ လမ်းလျှောက် ထွက်သွားပြီး ထမင်းဆိုင်တစ်ဆိုင်ထဲဝင်သွားကြသည်။ ကျွန် တော်လည်း သူတို့နောက်လိုက်သွားပြီး သူတို့နှင့် မနီးမဝေးခုံတွင် လိုက်ထိုင်ကာ သူတို့ပြောတာကို နားစွင့်နေလိုက်သည်။

            အစောက ကားပါကင်စာမေးပွဲဖြေသော လူငယ်က ဖြေ တာကျရှုံးသော်လည်း ယာဉ်မောင်းလိုင်စင်ထုတ်ဖို့အတွက် စလစ်(Slip) ရနိုင်မည်ဟု အမျိုးသမီးကပြောသည်။ သက်ဆိုင်ရာ မြို့နယ်တွင် လိုင်စင်ထုတ်ယူရန် ပေးသောလက်မှတ်ကို စလစ်ဟု ခေါ်ခြင်း ဖြစ်သည်။

            ကျွန်တော်လည်းသူတို့ဝိုင်းထဲ ဝင်ထိုင်ခွင့်တောင်းကာ မေး မြန်းကြည့်တော့ အဆိုပါအမျိုးသမီးက လိုင်စင်ရရှိရန် ဆောင် ရွက်ပေးသောပွဲစားဖြစ်နေပြီး ရှစ်သောင်းခွဲနှင့် ရေးဖြေဖြေဆို ခြင်း၊ ကားပါကင်ဖြေဆိုခြင်းနှင့် စလစ်ရသည်အထိ လုပ်ပေး သည်ဟု ကျွန်တော့်ကို ရှင်းပြသည်။

            ၎င်းအမျိုးသမီးနှင့် ကျွန်တော်စကားပြောနေစဉ် လိုင်စင် ဖြေသည့်လူငယ်၏ ဖုန်းမြည်လာသည်။ ထိုဖုန်းမှာ စလစ်ထုတ်ရန် ထိုအမျိုးသမီးနှင့်ချိတ်ဆက်ထားသူဆီမှဖြစ်သည်။ လူငယ်နှစ်ဦး က စလစ်ထုတ်ရန် ထွက်သွားကြသည်။

            အစောကလူငယ် ပါကင်ဖြေသောအခါ မအောင်မြင် ကြောင်းနှင့် စစ်ဆေးမှုမအောင်မြင်ဘဲ လိုင်စင်ရရန် စလစ်ထုတ် လို့ရသလားဟု မေးတော့သူက ”နှစ်ခါကျသွားလို့ရှိရင် လိုင်းဝင် လိုက်ရင်အောင်တယ်လေ”ဟုဆိုသည်။ ပွဲစားနှင့် အပ်လျှင် သုံး ခေါက်ထက် ပိုဖြေရန်မလိုဘဲ ပွဲစားမပါဘဲ ဖြေပါက မအောင် မချင်း အထပ်ထပ်အခါခါ ပြန်ဖြေရသည်ဟု ဆိုသည်။

            ”သူတို့က နှစ်ခါဖြေတာ ကျသွားတော့ အစ်မကို လာလိုင်း သွင်းတာ”ဟု သူကဆက်ပြောပြသည်။ (လိုင်းဆိုသည်မှာ ပွဲစား နှင့် လုပ်သည့် လမ်းကြောင်းဖြစ်ပါသည်။) ပြောပြနေတုန်း သ့ူဆီ ကို လူငယ်နှစ်ဦးထံမှ ဖုန်းဝင်လာပြီး သူပါ ထလိုက်သွားတော့သည်။

            ၎င်းမြင်ကွင်းမှာ ယာဉ်မောင်းလိုင်စင် အလွယ်တကူရရှိ ရန် ပွဲစားများနှင့် ချိတ်ဆက် လုပ်ကိုင်နေကြသူများထဲမှ ဖြစ်ရပ် တစ်ခုပင်ဖြစ်ပါသည်။

            ထိုသို့ ငွေကြေးဖြင့် လိုင်စင် အလွယ်တကူလုပ်ကိုင်နေမှုများ ကြောင့် မကျွမ်းကျင်သော ယာဉ်မောင်းများ လမ်းမများပေါ် ရောက်ရှိလာကြသည်။ အကျိုးဆက်အဖြစ် ထိုယာဉ်မောင်းများ ကြောင့် လမ်းကြောများ ကျပ်တည်းလာသလို ယာဉ်တိုက်မှုများ လည်း များပြားလာသည်ဟု ကျွန်တော်မေးမြန်းခဲ့သည့် ဝါရင့် ယာဉ်မောင်းများက ပြောကြပါသည်။

            မေ ၂၆ ရက်ထုတ် 7DAY Daily နေ့စဉ်သတင်းစာတွင် ပါရှိသော ‘အဖြေရှာရန် လိုလာသော လိုင်စင်တုပြ ဿ       နာ’ဆောင်းပါးတွင် လစဉ်လိုင်စင်မရှိဘဲ မောင်းနှင်သဖြင့် ဖမ်းဆီးရရှိ မိသည့် အမှုမှာ တစ်လလျှင် ပျမ်းမျှကိုးမှုမှ ၁၅ မှုအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှ ထုတ်ပြန်သည့် ကိန်း ဂဏန်းများအရ သိရပါသည်ဟု ဖော်ပြထားသည်။

လိုင်စင်တွေ ဘယ်လိုပေးနေလဲ

            ၂ဝ၁ဝ ရွေးကောက်ပွဲပြီးနောက်ပိုင်း တက်လာသော အရပ် သားအစိုးရလက်ထက်တွင် ကားတင်သွင်းမှုမူဝါဒကို ယခင်က ထက်ဖြေလျှော့ပြီးနောက်ပိုင်းမှာတော့ ယာဉ်မောင်းလိုင်စင် လို အပ်ချက်မှာ တစ်နေ့တခြား များပြားလာခဲ့သည်။

            အလုပ်အကိုင်အခွင့်အလမ်းအနေနှင့်လည်း ယာဉ်မောင်း နှင်ခြင်းကို ပိုမိုစိတ်ဝင်စားလာခဲ့ကြပြီး လိုင်စင်ဖြေသူများသည် လွယ်လင့်တကူနှင့် မြန်မြန်ဆန်ဆန်လိုင်စင်ရဖို့ ကြိုးစားလာ ခဲ့ကြကာ လိုင်စင်ရသည်နှင့် လမ်းမများပေါ်သို့ ရောက်ရှိလာခဲ့ကြ ကြောင်း တက္ကစီမောင်းသက် ဆယ်နှစ်ရှိပြီဖြစ်သော အသက် ၄၄ နှစ်အရွယ် ဦးမြင့်ကြည်က ပြောပြပါသည်။

            ”အခုက ပိုက်ဆံလွယ်လွယ်ရတာ ယာဉ်မောင်းပဲရှိတယ်။အဲဒီလိုဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

Photo: Thet Oo Mon      ကညန(မြင်သာ) ရုံးအတွင်း ယဉ်မောင်းလိုင်စင် ရေးဖြေဖြေနေကြသူများ

            တောင်ဥက္ကလာ မြင်သာရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန(ကညန)တွင် နေ့စဉ်လိုင်စင် (ရေးဖြေ)ဖြေဆိုသူ ပျမ်းမျှ ၆ဝဝ ခန့် ရှိသည်ဟု ကညန၊ စာမေးပွဲခန်းမှ ဝန်ထမ်းတစ် ဦးက ပြောပါသည်။

            လိုင်စင်ဖြေမည်ဆိုပါက လိုအပ်ချက်မှာ ရန်ကုန်အတွက်ဆို လျှင် သက်တမ်းသုံးလပြည့်ပြီးသား သင်မောင်းလိုင်စင်နှင့် ကား မောင်းသင်တန်းကျောင်းတစ်ခုမှ ယာဉ်မောင်းသင်တန်းဆင်း လက်မှတ်လိုအပ်မည်ဖြစ်သည်။

            ပြည့်စုံပါက မြင်သာရုံးဟုခေါ်သော ကညနတွင် မျက်စိစစ် ဆေးခြင်း၊ ကိုယ်လက်အင်္ဂါ စစ်ဆေးခြင်း၊ စိတ်စစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ရေးဖြေဖြေဆိုခြင်း အဆင့် လေးဆင့်ကို ဖြေဆိုရမည်ဖြစ်သည်။

            အဆင့်လေးဆင့် အောင်မြင်ပါက လက်တွေ့အဖြစ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းရုံးခွဲ ရွာသာကြီး တွင် ကွင်းပတ်မောင်းခြင်းနှင့် ကားပါကင်ထိုးခြင်းကို ဖြေဆိုရ မည်ဖြစ်ပြီး အောင်မြင်ပါက ကိုယ်ပိုင်ဝန်ပေါ့မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကားငယ်တို့ကို မောင်းနှင်နိုင်သော ‘(ခ)လိုင် စင်’ရရှိမည်ဖြစ်ပါသည်။

            ထိုသို့လိုင်စင်ဖြေဆိုမှုအဆင့်ဆင့်တွင် လွယ်လင့်တကူ လမ်းကြောင်း(ငွေပေးပြီး ပွဲစားများနှင့်လုပ်ခြင်း)များနှင့် လိုင်စင် လုပ်ခြင်းမှာ ယာဉ်မောင်းသင်တန်းကျောင်းများမှ အစဖြစ်သည် ကို လေ့လာစုံစမ်း သိရှိခဲ့ရသည်။

            မြောက်ဥက္ကလာတွင်ရှိသော ယာဉ်မောင်းသင်တန်းကျောင်း ငါးခုကို သွားရောက်စုံစမ်းသည့်အခါ အမှန်တကယ်သင်တန်း တက်စရာမလိုဘဲ ကျပ်သုံးသောင်းမှ လေးသောင်းပေးလျှင် သင် တန်းဆင်းလက်မှတ် ဝယ်ယူရရှိနိုင်သည်ကို မေးမြန်းသိရှိခဲ့ရသည်။

            သင်တန်းကျောင်းတစ်ခုဆိုလျှင် လက်မှတ်ရောင်းသည့် အပြင် လိုင်စင်ရသည်အထိ ပွဲစားနှင့် ချိတ်ဆက်ပေးမည်ဟု ပြော ပါသည်။ သဘောကတော့ ပွဲစားနှင့် သင်တန်းကျောင်းမှာ ချိတ် ဆက်ထားခြင်းဖြစ်သည်။

            လိုင်စင်လုပ်ဖို့ မြင်သာရုံးမှပွဲစားများထံတွင် စုံစမ်းသည့် အခါမှာလည်း ရေးဖြေနှင့် လက်တွေ့ဖြေရန် လိုင်းဝင်နိုင်ပြီး ယာဉ် မောင်းသင်တန်းဆင်းလက်မှတ်ပါ သူတို့ဆီမှာ ဝယ်ယူနိုင်သည်ဟု ပြောကြပါသည်။

            ကညန(မြင်သာ)မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦး ကတော့ ယာဉ်မောင်းလိုင်စင်များကို တင်းတင်းကျပ်ကျပ် စိစစ် ထုတ်ပေးနေတာဖြစ်ပြီး ပွဲစားများ၏စကားကို မယုံကြည်သင့်ဘဲ လိုင်စင်လာဖြေသည့်သူများကိုယ်တိုင် အလွယ်မလိုက်သင့်ဘဲ  ကိုယ်တိုင်ဖြေဆိုသင့်သည်ဟု သူက ဆိုပါသည်။

            (မည်သည့်အတွက်ကြောင့်နာမည်ပေးမသုံးရပါသလဲဟု မော်ကွန်းကမေးသောအခါ အချက်အလက်တစ်စုံတစ်ရာ မှား ယွင်းမှု ပါသွားပါက ပြဿ      နာတက်မည်စိုးရိမ်သောကြောင့် နာ မည်ပေးမသုံးခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ဖြေရှင်းချက် ပေးပါသည်။)

            ”ကိုယ်တိုင် အမှန်တကယ်တတ်မှ၊ အမှန်တကယ်အောင်မှ ဖြေလို့ရတယ်ဆိုတော့ သူတို့လုပ်ပေးလို့ကိုမရဘူး။ သူတို့ဘာ သာ လျှောက်ပြီးတော့ ရွှီးနေတာတော့ ငါတို့လည်းမသိဘူးပေါ့”ဟု သူက လေသံခပ်မာမာနှင့် ဆိုပါသည်။

            ပွဲစားများပြောဆိုသမျှသည် ကညနအတွက် သိက္ခာကျ စရာဖြစ်နေသောကြောင့် ပွဲစားများကို ဖမ်းဆီးရန် ရဲတောင် ခေါ် ထားရသည်ဟု ဆိုပါသည်။

            ”ငါတို့က ပွဲစားကို ပိုတောင်မှကြည့်မရသေးတယ်။ ငါ တုတ်နဲ့တောင် ရိုက်ချင်တာ။ နောက်ပိတ်ဆုံး ငါ ရဲတောင် ခေါ်ရ တာ စဉ်းစားကြည့်”ဟု သူက ပြောပါသည်။

            သူပြောသည့်အတိုင်း ကျွန်တော် ကညနဝင်းထဲတွင် ကြည့် ရာ ရဲနှစ်ယောက်ကို ဝင်းအဝင်ဝတွင်တွေ့ရပါသည်။ ရဲများနည်း တူ ပွဲစားများကလည်း ဥဒဟိုသွားလာနေကြသည်ကို တွေ့ရပါ သည်။ ကညနဝင်းထဲ လူတစ်ယောက် ဝင်လာသည် ဆိုသည်နှင့် ပွဲစားများက တစ်ယောက်ပြီး တစ်ယောက် လိုင်စင်လုပ်မှာလား၊ ယာဉ်မှတ်ပုံတင်မှာလား မေးကြပါသည်။

            ကျွန်တော်က ပွဲစားတစ်ဦးကို ချဉ်းကပ်မေးကြည့်သည်။ လိုင်စင်လုပ်ဖို့ လိုင်းဝင်ရ၊ မရ မေးကြည့်ရာ သူ့အဆိုအရ ရေးဖြေ နှင့် လက်တွေ့ဖြေအထိ ရှစ်သောင်းခွဲကျသင့်မည်ဖြစ်ပြီး ရေးဖြေ တွင် သုံးကြိမ်၊ လက်တွေ့တွင် နှစ်ကြိမ် လိုင်စင်ဖြေသူ ကိုယ်တိုင် ဖြေဆိုဖြေရမည်ဖြစ်ပြီး အောင်အောင်ကျကျ  လိုင်စင်ရမည် အာ မခံသည်ဟု သူက ဆိုပါသည်။

            သူပြောသကဲ့သို့ပင် ဆောင်းပါးအစတွင် ဖော်ပြထားသကဲ့ သို့ ပါကင်ကျသော်လည်း လိုင်စင်စလစ်ထုတ်ဖို့ ဆောင်ရွက်နေ ကြသည်ကို ကျွန်တော်တွေ့မြင်ခဲ့ရပါသည်။

            ကညန(မြင်သာ)မှ တာဝန်ရှိသူကတော့ လိုင်စင်လုပ်ရာ တွင် ဝန်ထမ်းများ ပါဝင်မှုရှိပါက တိကျစွာ သတင်းပေးလျှင် ထုတ်ပစ်မည်ဟု ဆိုပါသည်။ သို့ပေမဲ့ အရေးယူရသည့်ဖြစ်စဉ်တော့ ယနေ့အချိန်ထိ မရှိသေးဟု သူက ဆိုပါသည်။

            ပွဲစားတစ်ဦးကို ကျွန်တော်မေးကြည့်သည့်အခါ သူတို့ အနေနှင့် ကိုယ့်ပိုင်ရာဆိုင်ရာ အရာရှိလမ်းကြောင်းနှင့် လိုင်း ကြေးသွင်းကာ လုပ်လို့ရသည်ဟု ဆိုပါသည်။ ထိုလမ်းကြောင်းကို ဘယ်သူနှင့်ဘယ်လိုဝင်ရသလဲဟု ဆက်မေးသောအခါ သက် ဆိုင်ရာဝန်ထမ်း ထိခိုက်မည် စိုးရိမ်သောကြောင့်တစ်ကြောင်း၊ သူတို့ပွဲစားများပါ လုပ်ရကိုင်ရ ကျပ်မည်စိုးသောကြောင့် တစ် ကြောင်း ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါသည်။

            ”ဘယ်သူနဲ့လဲဆိုတာတော့ အတိအကျလူတွေ ပြောပြလို့ လည်းမရဘူး။ ဒါက ဝန်ထမ်းကို ငဲ့ညှာရမှာလေ”ဟု သူက ဆိုပါသည်။

            သူက ပွဲစားလုပ်ကိုင်တာ လေးလဝန်းကျင်အတွင်း လမ်း ကြောင်းနှင့် လိုင်စင်လုပ်ပေးခဲ့သူပေါင်း ရာဂဏန်း ရှိနေပြီဖြစ် သည်ဟု ဆိုပါသည်။

            ထောက်ကြံ့မှာနေထိုင်သည့် အသက်၁၉ နှစ်အရွယ် ကိုရန် နိုင်စိုးဆိုလျှင် ပွဲစားကို ကျပ်ခုနစ်သောင်းပေးကာ လိုင်စင်ဖြေ ခဲ့သူဖြစ်သည်။ ပွဲစားနှင့်အပ်သည့်အခါ ရေးဖြေတွင် အလှည့်ကျ မေးသည့် မေးခွန်းငါးစုံကို မဖြေခင် ကြိုတင်ဖတ်ရှုခွင့်ရသော ကြောင့် ဖြေဆိုရန် အားသာချက်တစ်ခုဖြစ်သည်ဟု သူက ဆို သည်။ ထိုမေးခွန်းများကို ကြိုတင်ဖတ်မှတ်ထားပြီး သူဖြေဆိုခဲ့ရာ တစ်ရက်တည်းနှင့် အောင်မြင်ခဲ့ပါသည်။

            သူ ပွဲစားနှင့်ချိတ်မိခဲ့ခြင်းမှာ သူလိုင်စင်ဖြေဖို့သွားသည့် အခါတွင် အဖော်ကလည်း မပါ၊ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ ချိန်တွင် ပွဲစားက လာမေးသောအခါ လုပ်ဖြစ်သွားခြင်းဟု ရှင်းပြ ပါသည်။

            ကိုရန်နိုင်စိုးကတော့ လိုင်စင်ဖြေခြင်းကို ချောချောမော မောအောင်မြင်ခဲ့သော်လည်း ပွဲစားနှင့် လုပ်ကိုင်သူအများစုကို ဘာကြောင့် ပွဲစားကို ပိုက်ဆံပေးကာ လိုင်စင်လုပ်သလဲဟု ကျွန် တော်မေးကြည့်သောအခါ ပါကင်ဖြေရတာခက်ခဲသောကြောင့် ဟု ဆိုပါသည်။ ပါကင်ဖြေဆိုခြင်းမှာ ခက်ခဲနေပြီး နှစ်ခါ၊ သုံးခါ၊ တချို့ဆို လေးငါးကြိမ်ဖြေနေရကာ အချိန်မပေးနိုင်သောကြောင့် ပွဲစားနှင့် အလွယ်လုပ်ဖြစ်သွားကြခြင်းဖြစ်သည်ဟုဆိုပါသည်။

            လက်တွေ့ဖြေခြင်းတွင် ကွင်းပတ်မောင်းရသည့်ကားမှာ ကောင်းမွန်သော်လည်း ပါကင်ထိုးရန် လက်တွေ့ဖြေဆိုရသည့် ကားများမှာ မော်ဒယ်လ်နိမ့်နေပြီး နောက်ကြည့်မှန်ဖြင့် နောက် ကို မမြင်ရဘဲ မှန်းဆကာ ပါကင်ထိုးနေရခြင်းကြောင့် နှစ်ခါ၊ သုံး ခါဖြေဆိုနေကြရသည်ဟု ဖြေဆိုသူများက ပြောကြပါသည်။

            ကွင်းပတ်မောင်းသည့်ကားမှာ ဂျပန်နိုင်ငံမှ လှူဒါန်းထား သည့် ၂ဝ၁၄ မော်ဒယ်လ်တိုယိုတာစလွန်းကားများဖြစ်ပြီး ပါကင် ထိုးရသည့်ကားမှာ ၉ဝ/၉၄ မော်ဒယ်လ်ဝန်းကျင် ကားများဖြစ် သည်ဟု ကညနမှ တာဝန်ရှိသူကရှင်းပြပါသည်။ ၎င်းကတော့ စာမေးပွဲစစ်သည့် ကားများကို ချို့ယွင်းမှုမရှိအောင်ပြင်ဆင်ထားသည်ဟု ဆိုပါသည်။

            ပွဲစားကြောင့် လိုင်စင်ရခဲ့သော်လည်း ကိုရန်နိုင်စိုးကတော့ လက်ရှိတွင် ကားကို ရဲရဲမမောင်းသေးဟုဆိုသည်။ အိမ်တွင် ရှိ သော (Light -Truck)အမျိုးအစား ကျောင်းကားကိုသာ တစ်ခါ တစ်ရံ လေ့ကျင့်ရင်း မောင်းနေရသည်ဟုပြောသည်။

            ကိုရန်နိုင်စိုးလို ပွဲစားကို ပိုက်ဆံပေးကာ လိုင်စင်လုပ်ခဲ့သူ ကိုမျိုးထွန်း(အမည်လွှဲ)ကတော့ လက်တွေ့မဖြေရခင်အထိ ကား မောင်းခြင်းကို စနစ်တကျ မသင်ခဲ့ရဟု သူက ဆိုသည်။

            ကားလုံးဝ မမောင်းတတ်သည့် ကိုမျိုးထွန်းက ကားပါကင် ထိုး လက်တွေ့သွားမဖြေခင် ”မနက်ဖြန်ဖြေရမယ်၊ မမောင်းတတ် လို့ မရဘူးဆိုတော့ ငါ့ညီကားရှိတယ်လေ။ အဲဒါနဲ့ စက်မှုဇုန်မှာ နှစ်နာရီလောက်ပတ်မောင်းပြီးတော့ သင်လိုက်တာ”ဟု ပြောပြ ပါသည်။

            သူကတော့ ပဲခူးရှိ ကညနမှာ လိုင်စင်လုပ်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မှာနေပေမယ့် ပဲခူးမှာဘာကြောင့် လာလုပ်တာလဲဟု မေးရာ ရန်ကုန်မှာ လိုင်စင်လုပ်ရတာ တင်းကျပ်သောကြောင့် ပဲခူးမှာ နယ်လိုင်စင်လာလုပ်တာဟုဆိုပါသည်။ လိုင်စင်ရသည် နှင့် ကားဝယ်ကာ မောင်းတော့မည်ဟု သူက ဆိုပါသည်။

            နယ်လိုင်စင်လုပ်ရန်လိုအပ်ချက်မှာ သင်မောင်းလိုင်စင် သုံးလပြည့်သည်နှင့် ရေးဖြေစာမေးပွဲဖြေလို့ရပြီး ရန်ကုန်ကဲ့သို့ ယာဉ်မောင်းသင်တန်းဆင်းလက်မှတ်မလိုဘဲ ပွဲစားနှင့်အပ်ပါက လိုင်စင်အလွယ်တကူရသည်ဟု ပဲခူးသို့ သွားရောက်ဖြေဆိုသူများ ကပြောကြပါသည်။

            ထိုသို့ ပွဲစားများနှင့် ဆောင်ရွက်သည့်ကိစ္စများကို ပဲခူး ကညနမှ တိုင်းဦးစီးမှူး ဒေါ်ခင်စံပယ်ကို မေးကြည့်သောအခါ ၎င်း က ယခုလိုတုံ့ပြန်သည်။

            ”ငါပြောရင်တော့ မဟုတ်ဘူးလို့ဘဲ ပြောရမှာပေါ့။ ငါရှိရင် ဘယ်သူက လုပ်ရဲမှာလဲ။ ငါလည်းလိုက်စစ်နေတာပဲ။ ဒီနေ့အထိ တော့ မကြားဖူးသေးဘူး။ မင်းတို့ အပြင်မှာ ကြားရင်တော့ မသိဘူး”

            ဒေါ်ခင်စံပယ်ကတော့ လိုင်စင်ဖြေသူများကလည်း ရိုးရိုး သားသား လာရောက်ဖြေဆိုသင့်သည်ဟု ဆိုပါသည်။

            ”လာလုပ်တဲ့သူကလည်း မရိုးသားလို့ ဒီလိုဖြစ်တာပေါ့။ ကိုယ်လည်း တကယ် ကားမောင်းကျွမ်းကျင်မယ်၊ စိစိစစ်စစ်လုပ် မယ်ဆိုရင် ဒီပြဿ      နာတွေမှ မရှိတာ”ဟု သူက ပြန်လည်ဖြေ ကြားသည်။

            ဇူလိုင် ၁၃ ရက်က ပဲခူး ကညနတွင် မေးမြန်းခဲ့သည့် ကိုမျိုး ထွန်းကတော့ လိုင်စင်ရေးဖြေ နှစ်ရက်၊ ပါကင် တစ်ရက်ဖြေပြီး လိုင်စင်ရရှိခဲ့ပြီဖြစ်သည်။ အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."