မှတ်တမ်းများ

မှတ်မှတ်ရရ က ျွန်တော်ဘုန်းကြီးကျောင်းသား

November 12, 2015

အောက်တိုဘာထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ် (၂၈)မှ အက်ဆေး ဖြစ်ပါသည်။ ကိုကျော်ကြီး(ပုဂံ) ရေးသည်။ ကျွန်တော် တက္ကသိုလ်ကျောင်းသားမဖြစ်ခဲ့ပါ။ အဝေးသင် ကျောင်းသားအဖြစ်နဲ့ အချိန်ပိုင်းလောက်သာ တက္ကသိုလ်ရောက် ဖူးပါသည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားဘဝကို ကျွန် တော် အပြည့်အဝ မခံစားတတ်သည်မှာ အမှန်ပါ။ သို့သော် ကျွန် တော်သည် ဘုန်းကြီးကျောင်းသားဘဝကိုမူ အလွန်ပင် လက်ပွန်း တတီး ရှိခဲ့ပါသည်။ ဘုန်းကြီးကျောင်းသား ဖြစ်ခဲ့ရသည်ကို ဂုဏ် ယူမဆုံး ဖြစ်လျက်ရှိပါသည်။ တက္ကသိုလ်ကျောင်းသားများသည် ဆယ်တန်းအောင်ပြီး လေးနှစ်တက်ကြရသည်ဟု သိရပါသည်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကား တက္ကသိုလ်ထက်ပင် ကြာ ကြာတက်ကြရသည်။ အနည်းဆုံး ငါးနှစ်မှ ခြောက်နှစ် တက်ကြ ရသည်။ ဘုန်းကြီးကျောင်းသားများ ဘဝကား လွတ်လပ်မှုနှင့် မျှတမှုကို ပေါင်းစပ်ထားသော လူငယ်လေ့ကျင့်ရေးစခန်းတစ်ခု […]

အပြည့်အစုံဖတ်ရန်

အက ျို းမမေ ျှာ် နှိုးဆော်သူများ

November 10, 2015

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၉) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ရပ်ရေးရွာရေးအတွက် အသုံး တည့်တဲ့သူတွေ ရှိခဲ့ဖူးတယ်။ ရပ်ကွက်တိုင်းနီးပါးမှာ အဲဒီလိုလူ တွေရဲ့ အခန်းကဏ္ဍက တကယ်အရေးပါခဲ့တယ်။ သူတို့က ဘွဲ့တွေ၊ ဒီဂရီတွေ တစ်သီတစ်တန်းကြီး ရချင်မှ ရပါလိမ့်မယ်။ လူကုံထံ အသိုင်းအဝိုင်းကလည်း မဟုတ်ဘူး။ ဆွေကြီးမျိုးကြီးတွေ ရှိလို့ လည်း မဟုတ်ဘူး။ အာဏာပါဝါ ဆုပ်ကိုင်ထားနိုင်ကြသူတွေလို့ ထင်ရင်လည်း မှားပါလိမ့်မယ်။ သူတို့က ရပ်ကျိုးရွာကျိုး အတွက် အကျိုးမမျှော်လင့်ဘဲ နှိုးဆော်ကြတဲ့ ရွာဆော်တွေသာ ဖြစ်ကြပါတယ်။ အခု ၂၁ ရာစုခေတ်မှာတော့ ရွာဆော်တွေရဲ့ အခန်းကဏ္ဍ က မှေးမှိန်ခဲ့ရပါပြီ။ လူတွေကိုယ်တိုင်က မအားလပ်တာရော၊ ဆယ်သွယ်ရေးကဏ္ဍ အရင်ထက် ပိုကောင်းလာတာကြောင့်ရော ရွာဆော်လုပ်ကြမယ့်သူတွေ […]

အပြည့်အစုံဖတ်ရန်

စုနိုင်မှ ချမ်းသာမည်

November 7, 2015

အောက်တိုဘာလထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၈)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ရွေးကောက်ပွဲနီးလာချိန်မှာ မောင်ဥယျာဉ်တစ်ယောက် နိုင်ငံရေးဆောင်းပါးတွေ ရေးနေပြီလို့ ထင်နေရင် မိတ်ဆွေရဲ့ အထင် တက်တက်စင်အောင် လွဲသွားပါပြီ။ နိုင်ငံရေးဆိုရင် ဝေရာမဏိလုပ်ခဲ့ပြီး ဝေးဝေးက ရှောင်ခဲ့တာ ကြာလေလှပေါ့။ နိုင်ငံရေးကင်းရှင်းတာကလည်း မပြောနဲ့လေ။ ဘာလုပ်ငန်း ဝင်လုပ်လုပ် နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံချက်က မပါမဖြစ် တောင်းခံတဲ့ ခေတ်က ဆယ်စုနှစ်နဲ့ ချီပြီး ရှိခဲ့တာကိုး။ တာဝန်ရှိသူတွေကို ကိုယ်တိုင်က ပါတီနိုင်ငံရေးဆိုတာ အာဏာ နိုင်ငံရေးဖြစ်ပြီး မကောင်းကြောင်း၊ အများအတွက်လုပ်တဲ့ အမျိုး သား နိုင်ငံရေးကပဲ ကောင်းကြောင်း အာပေါင်အာရင်းသန်သန် ပြောခဲ့ကြတာပေါ့။ ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ကတော့ နိုင်ငံရေးကို ဘယ်လောက်အထိ ကင်းသလဲဆိုရင် မြန်မာဗီဒီယို ကားတွေ ကြည့်ဖြစ်တဲ့အခါ နိုင်ငံရေးဦးတည်ချက်ဆိုတာ တီဗီမှာ […]

အပြည့်အစုံဖတ်ရန်

ပိုနေမြဲ ကျားနေမြဲ က အစဉ်အလာဖြစ်နေပြီ

October 31, 2015

သြဂုတ်လ-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ ကာတွန်းဖြစ်ပါသည်။ ပိုနေမြဲ ကျားနေမြဲက ကောင်းသားပဲ

အပြည့်အစုံဖတ်ရန်

တရားရုံးမှာပဲ ပြောကြတာပေါ့

October 31, 2015

သြဂုတ်လ-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ ကာတွန်းဖြစ်ပါသည်။ တရားရုံးမှာ ပြောကြမယ်။

အပြည့်အစုံဖတ်ရန်

အိပ်ရေးတွေ သိပ်ပျက်နေလိုနားလည်ပေးပါ

October 31, 2015

သြဂုတ်လ-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ ကာတွန်းဖြစ်ပါသည်။ အိပ်ရေးတွေ သိပ်ပျက်နေလို့ နားလည်ပေးကြပါ။

အပြည့်အစုံဖတ်ရန်

ပုံစံမျိုးစုံနဲ့ ဥပဒေကရှိပြီးသား

October 31, 2015

သြဂုတ်လ-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ ကာတွန်းဖြစ်ပါသည်။  ပုံစံမျိုးစုံနဲ့ ဥပဒေကရှိပြီးသားဗျ!

အပြည့်အစုံဖတ်ရန်

မေတ္တာသဝဏ်လွှာ

October 29, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၆)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ရဲ့ ချစ် ခြင်းမေတ္တာကို ရရှိဖို့ နည်းလမ်းသုံးသွယ်ကို သုံးခဲ့ ကြတယ်။ (၁) ချစ်ရသူကို ကိုယ်တိုင်ဖွင့်ဟ ပြောပြ ခြင်း (၂) အောင်သွယ်တော်အကျိုးဆောင်ရဲ့ အကူ အညီကို ရယူခြင်း (၃) ရည်းစားစာပေးခြင်းတို့ ဖြစ် ပါတယ်။ ဟုတ်ပါတယ်၊ ရည်းစားစာတွေက ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ အရေးပါ အရာရောက်ခဲ့တယ်။ ကျွန်တော်တို့လို ဝိုင်မျိုးဆက်တွေက သွား နှေးနှေး၊ စားနှေးနှေးခေတ်မှာ လူလားမြောက်လာကြသူတွေ၊ Very Slow Society ပေါ့။ (ပညာရှင်တွေရဲ့ အလိုအရ ၁၉၆ဝ-၁၉၈ဝ ခုနှစ်အတွင်း မွေးဖွားသူတွေက ဝိုင်မျိုးဆက်တွေလို့ ဆို ထားပါတယ်။) […]

အပြည့်အစုံဖတ်ရန်

ရိုးရှင်းသောမြန်မာ့လူနေမှုစနစ်

October 24, 2015

ဇူလိုင်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅)မှ အက်ဆေးဖြစ်ပါသည်။ ကိုကြီးကျော်(ပုဂံ) ရေးသည်။ စာရေးသူသည် လွတ်လပ်ရေးရပြီးနောက် လေးနှစ်အကြာတွင် မွေးဖွားခဲ့ပါသည်။  မူလတန်း၊ အလယ်တန်းအရွယ်အထိ ကျေးလက်တောရွာတွင် နေထိုင်ခဲ့သည်။ ဆယ်တန်းအောင်ပြီး မြို့သားဖြစ်လာခဲ့သည်။ မြို့ကြီးသားတော့ မဟုတ်၊ မြို့ငယ်သား ဖြစ်သည်။             ၁၉၆၂ ခုနှစ်၊ အသက် ၁ဝ နှစ်အရွယ်တွင် တော်လှန်ရေး ကောင်စီအစိုးရတက်လာပြီး ဆိုရှယ်လစ်စနစ်ကို တည် ဆောက်သည်ဟု ကြားသိခဲ့ရသည်။ အခု အသက် ၆ဝ အရွယ်တွင် ဒီမိုကရေစီစနစ်ဟု ကြားလာရပြန်သည်။ စာရေးသူတို့ ငယ်စဉ်က ကျေးလက်တောရွာများတွင် ဆိုရှယ်လစ်လည်း မဟုတ်၊ ဒီမိုကရေစီလည်း မဟုတ်၊ အင်မတန် ရိုးရှင်းလွယ်ကူ သော လူနေမှု စနစ်တစ်ခုကို တွေ့ကြုံဖြတ်သန်းခဲ့ရသည်။ ပိုမိုအံ့သြစရာကောင်းသည်မှာ ဤလူနေမှုစနစ်မျိုးကို ဘယ် အစိုးရအဖွဲ့ကမှ […]

အပြည့်အစုံဖတ်ရန်

ချစ်ခြင်းဖြင့် ထုပ်ပိုးချည်နှောင်ထားသည်

October 23, 2015

ဇူလိုင်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၅)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ စားသောက်ဖွယ်ရာ တစ်ခုခု၊ လူသုံးကုန်ပစ္စည်း တစ်ခုခုထည့်ဖို့အတွက် အသုံး တည့်တဲ့ပစ္စည်းကိုပြောပါဆိုရင် ကြွပ်ကြွပ်အိတ်ကိုသာ လက်ညှိုးထိုးရပါလိမ့်မယ်။ ကြွပ်ကြွပ်အိတ်ရဲ့ အသုံးဝင်ပုံကလည်း ကြောက်ခမန်းလိလိမဟုတ်လား။ စားစရာ၊ သောက်စရာ အပူထည့်လည်း ရတယ်၊ အအေးထည့်လည်း အဆင်ပြေတယ်။ အဝတ်အထည်ရောင်းသူကလည်း ကြွပ်ကြွပ်အိတ်ကို သုံးသလို စာရေးကိရိယာ ဆိုင်တွေကလည်း ကြွပ်ကြွပ်အိတ်ကို သုံးကြရတယ်။ လူသုံးကုန်ပစ္စည်း ရောင်းသူ တွေ၊ အလှကုန်ပစ္စည်းရောင်းသူတွေ၊ ဆေးဝါးရောင်းချသူတွေအားလုံးဟာလည်း ကြွပ်ကြွပ်အိတ်ကို မသုံးမဖြစ် သုံးနေကြရတယ်။ ယုတ်စွအဆုံး ဘတ်စ်ကားစီးရင်း နဲ့ ကွမ်းတံတွေး ထွေးချင်ရင်တောင် စပယ်ယာဆီမှာ ကြွပ်ကြွပ်အိတ်ကို တောင်း ယူနေကြရတဲ့အထိ ကြွပ်ကြွပ်အိတ်က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါ လှတယ်။             ကြွပ်ကြွပ်အိတ်ဟာ […]

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

October 20, 2015

မေလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၃)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။ ဇော်ထိုက် မေးမြန်း သည်။ မော်ကွန်းမဂ္ဂဇင်း အင်တာဗျူးကဏ္ဍအတွက် မြန်မာနိုင်ငံ တွင် ငါးသယံဇာတရှားပါးလာသည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်း ကြိုင်ကို မေးမြန်းထားပါသည်။ မော်ကွန်း။  ။ အန်ကယ်ဦးဝင်းကြိုင်၊ မင်္ဂလာပါဗျာ။ မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်ကဏ္ဍရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကနဦး အနေနဲ့ မေးချင်တာကတော့ ကြားနေတဲ့သတင်းတွေအရ မြန်မာ နိုင်ငံက ပြည်ပကိုရေထွက်ကုန်တင်ပို့တဲ့ နိုင်ငံဆိုပေမယ့် အခု တော့ ပြောင်းပြန်အနေနဲ့ ပြည်ပက ရေထွက်ကုန်၊ အထူးသဖြင့် ပုစွန်တောင် မြန်မာနိုင်ငံထဲကို ပြန်ဝင်လာနေတယ်ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး သိချင်ပါတယ်။ ဦးဝင်းကြိုင်။  ။ ပြောမယ်၊ ပြောမယ်။ နေဦးဗျ။ ကျွန်တော်ပထမဆုံး မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်ထုတ်လုပ်မှုအနေအထားကို […]

အပြည့်အစုံဖတ်ရန်

မြေမြုပ်မိုင်း ဘယ်တော့ ရှင်းနိုင်မလဲ

October 15, 2015

မတ်လထုတ်-မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။ ကောင်းမြတ်မိုး တွေ့မေးသည်။ ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဒဏ်ကို ခါးစည်းခံခဲ့ရသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာ နိုင်ငံများပြီးလျှင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တတိယအများဆုံးနိုင်ငံ ဖြစ်နေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင် ရာ မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီရေးလှုပ်ရှားမှု (International Campaign To Ban Landmines-ICBL)က နောက်ဆုံးထုတ် ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်အချို့တွင် နေထိုင်ကြသူများသည် မြေမြှုပ်မိုင်းအ္တနရာယ် နှင့် ရင်ဆိုင်နေရကြောင်းလည်း ICBL ဆိုပါသည်။ ထိုမျှ လောက် အန္တရာယ်များသော မြေမြှုပ်မိုင်းများကို ရှင်းလင်းရေး အတွက် မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့အချို့က မူအားဖြင့် […]

အပြည့်အစုံဖတ်ရန်
1 … 29 30 31 32 33 34 35 … 39

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."