ဇွန်လိုင်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ ကာတွန်း ဖြစ်ပါသည်။ သူ့မှာ ဘာမှ မရှိပါဘူး
ဇွန်လိုင်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ ကာတွန်း ဖြစ်ပါသည်။ ထိန်းသိမ်းခကတော့ မာမာပဲ
ဇွန်လိုင်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ ကာတွန်း ဖြစ်ပါသည်။ နောက်တစ်ကြိမ်လည်း သမ္မတထပ်မဖြစ်ဘူး ဘယ်သူ ပြောနိုင်မလဲ ဟဲဟဲ…
ဘုရားလည်း ဖူးချင်၊ ဘေးမဲ့တော လည်း သွားချင်တာကြောင့် လောကနန္ဒာ ဘက်ကိုပဲ ဦးတည်ခဲ့ကြတယ်။ လောက နန္ဒာဘုရား မရောက်ခင် လမ်းမှာ ရာဇ ကုမာရရဲ့ မြစေတီ မနူဟာဘုရင်ရဲ့ ကောင်းမှု မနူဟာဘုရားတွေကို ဆိုင် ကယ်မောင်းရင်းပဲ ဖူးခဲ့ရတယ်။
ပုဂံမှာက ဘုရားတွေက လက်ညှိုး ထိုးမလွဲဆိုတော့ အများကြီးဖူးဖို့က မလွယ်ဘူး။ ကျွန်တော်တို့ကတော့ ဆိုင် ကယ်နဲ့ သွားဖို့ လာဖို့ လွယ်မယ့် လမ်း ဘုရားတွေကို အဓိကဖူးဖို့ စီစဉ်ကြတယ်။
မေ-ဇွန် – ၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅)မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။ ညလယ်မိုး ရေးသည်။ (၁) ၁၉၇ဝ ကျော် ကာလတွေတုန်းကပေါ့။ ကျွန်တော့်အဖေက နယ်မှာ တာဝန်ကျနေခဲ့ပြီး ကျွန်တော် တို့မောင်နှမတွေက ရန်ကုန်မှာ အဘွားနဲ့ အတူနေရစ်ခဲ့ကြတယ်။ တစ်လတစ်ခါလောက် အဖေ့ဆီက စာလာတတ်တယ်။ အဖေ့ဆီ က စာလာရင် အဘွားက ကျွန်တော်တို့ကို ဖတ်ပြတတ်တယ်။ ကျွန်တော်တို့တွေက အဖေ့ကို ပြောချင်တာတွေ ရှိရင် စာတိုလေး တွေ ရေးထားပြီး မောင်နှမတွေ ရေးထားတဲ့ စာတိုလေးတွေကို အဘွားရဲ့စာနဲ့ ပေါင်းလို့ စာအိတ်တစ်အိတ်တည်း စုထည့်ပြီးရင် လမ်းထိပ်က စာတိုက်ပုံးလေးထဲကို ကျွန်တော်ရယ်၊ အစ်မတစ် ယောက်ရယ်ဖြစ်ဖြစ်၊ ကျွန်တော့်ညီအလတ်နဲ့ အစ်မတစ်ယောက် ရယ်ဖြစ်ဖြစ်၊ အဘွားနဲ့ ကျွန်တော်တို့ မောင်နှမထဲက […]
အစိုးရကောင်းဆိုတာ ပြည်သူမျက်နှာပဲ ကြည့်တယ်! ယခုကာတွန်းမှာ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄)မှ ဖြစ်ပါသည်။
အခုတော့ တန်ဖိုးမရှိ လူတန်းစားဖြစ်သွားပြီ! ယခုကာတွန်းမှာ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄)မှ ဖြစ်ပါသည်။
ကျွဲတောင်စောင်းတီးရင်နားလည်ရင်နားလည်မယ် သူတို့ကဘယ်နားလည်လိမ့်မလဲ! ယခုကာတွန်းမှာ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄)မှ ဖြစ်ပါသည်။
ဇွန်လ-၂၀၁၄ ၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၄)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေထဲမှာ ဖိနပ်တွေ ပါဝင်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ပလတ် စတစ်ကောက်တဲ့ ကလေးငယ်တွေရဲ့ ခြေထောက်တွေက ကျွန် တော့်ယုံကြည်မှုကို ယိုင်နဲ့သွားစေတယ်။ ပလတ်စတစ်ကောက်တဲ့ ကလေးငယ်အချို့ ဖိနပ်မပါ ခြေဗလာနဲ့ နိစ္စဓူဝ သွားလာလုပ် ကိုင်နေကြတယ်။ အမှိုက်ပုံတကာ ခြေဗလာနဲ့ သွားလာနေကြတာ ဖြစ်ပြီး သူတို့လေးတွေကို ကြည့်ကာ လှံဖျား ပုစဉ်းနား ကျီးကန်း ချေးပါ ဆိုသလို ရင်မ နေရသူက ကျွန်တော်။ ဖိနပ်တွေရဲ့ သမိုင်းအစဟာ လူ့ယဉ်ကျေးမှုအစဖြစ်နိုင် တယ်။ တောပစ်၊ အမဲလိုက်တဲ့အခါ နယ်မြေသစ်တွေရှာလို့ စစ် ဖြစ်တဲ့အခါ ဖိနပ်တွေက အခြားချပ်ဝတ်တန်ဆာတွေလို မပါမဖြစ် ပါမှာပဲ။ […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ ဉာဏ်လင်း မေးမြန်းသည်။ MAWKUN: ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုခွဲခြမ်းစိတ်ဖြာချင်လဲ။ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာကတည်းက သူဘာ တွေလုပ်နိုင်ခဲ့လဲဗျ။ Dr.Zarni: ကချင်ပဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ နောက်ဆုံး ဒီရိုဟင်ဂျာတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာနေတဲ့ လူပဲ ဖြစ်ဖြစ်၊ ပြည်ပမှာနေတဲ့လူပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တစ်ချိန်လုံးတောင်းဆိုပြီးတော့၊ ထောက်ခံ ပြီးတော့၊ ဘာသာစုံ မေတ္တာပို့ပြီးတော့ နေခဲ့ကြတာ။ ဒေါ်အောင် ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ၊ ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ပါစေဆိုပြီးတော့ သူ့ပုံကိုအင်္ကျီမှာရိုက်ပြီး ဝတ်တဲ့သူလည်းရှိတယ်။ ဘုရားစင်မှာ ကပ်ထားတဲ့လူလည်းရှိ တယ်။ အားလုံးက သူ့ဘက်မှာ မားမားမတ်မတ် ရပ်တည်လာ ကြတယ်။ သူလွတ်လာပြီးတော့ အစိုးရက သူ့ကို […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ ဉာဏ်လင်း မေးမြန်းသည်။ လက်ရှိ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲနေသည့် ပုံစံ၊ အရှေ့အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံ ရေး၊မငြိမ်းချမ်းသေးသောမြန်မာပြည်မြောက်ပိုင်းကိစ္စ၊စိုးရိမ်စရာရခိုင်ပြည်နယ်အရေးအစရှိသည်တို့နှင့်ပတ်သက်ပြီး မော်ကွန်း မဂ္ဂဇင်း က မြန်မာ့အရေးဝေဖန် သုံးသပ်သူ ဒေါက်တာဇာနည်ကိုအင်တာဗျူးထားပါသည်။ ဒေါက်တာဇာနည်သည်ဗြိတိန်နိုင်ငံLondon School of Economics၌ဧည့်ပညာရှင်တစ်ဦးဖြစ်ပြီးမြန်မာ့နိုင်ငံရေးအခင်းအကျင်း၊လူ့အခွင့်အရေး၊တိုင်းရင်းသားရေးရာတို့နှင့်ပတ်သက်လာပါကပြတ်ပြတ်သားသာ၊ဒိုးဒိုးဒေါက်ဒေါက်၊စူးစူးရှရှဝေဖန်သုံးသပ်သူတစ်ဦးအဖြစ်လူသိများသူဖြစ်သည်။နိုင်ငံတကာမီဒီယာများတွင်လည်း၎င်း၏အတွေးအမြင်၊သုံးသပ်ချက်များကိုရေးသားနေသူတစ်ဦးလည်းဖြစ်သည်။ Free Burma Coalition ကို တည်ထောင်ခဲ့သည့် ဒေါက်တာဇာနည်(maungzarni.com) သည်စစ်အစိုးရနှင့်ထိတွေ့ဆက်ဆံကြရန်အစဉ်တစိုက်အရေးဆိုခဲ့သူအနည်းစုထဲတွင်ပါဝင်ခဲ့ပြီးသူကိုယ်တိုင်ကလည်း ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် အစောပိုင်းကာလအထိ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခဲ့ သူဖြစ်သည်။ ၂ဝဝ၈ မေလ နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခ သည်များထံသို့ ပြည်တွင်း၊ ပြည်ပမှပေးအပ်သည့် အရေးပေါ် အကူအညီများကို ထိုအချိန်မှစတင်၍ အစိုးရက ဟန့်တားမှုများပြုလုပ်ခဲ့သောကြောင့် ထိုအချိန်မှစကာ စစ်အစိုးရနှင့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."