မတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၁) မှ အက်ဆေး ဖြစ်ပါသည်။ ဝေလင်း ရေးသည်။ မွေးရပ်ဇာတိ ပုသိမ်ကိုပြန်ရတဲ့အခါ ကန်ကြီးထောင့်လမ်းဆုံကိုကျော်လို့ ပုသိမ်လေဆိပ်နားရောက်တော့မယ်ဆိုရင် ကျွန် တော့်ရင်တွေ ခုန်လာတတ်တယ်။ သက်ပြင်းတွေလည်း တိတ် တခိုးချမိတယ်။ ဒီခံစားမှုက ပုသိမ်ကိုပြန်ရတိုင်း ခံစားရတဲ့ ခံစား မှုပါ။ ဒါပေမဲ့လည်း ကျွန်တော်ကသာ ရင်ခုန်ရတာပါ။ ကျွန်တော့် ကိုတော့ ပုသိမ်မြို့က ဘယ်တုန်းကမှကြိုနေခဲ့တာတော့ မဟုတ်ပါ ဘူး။ သူစိမ်းတွေလိုပဲ။ မနွေးထွေးဘူး။ ရင်ခုန်တတ်စအရွယ်၊ စိတ်ကူးယဉ်တတ်စအရွယ်၊ မြေပေါ် မှာကျနေတဲ့ သစ်ရွက်ခြောက်တွေကိုလေတိုက်လို့ တလိမ့်ခေါက် ကွေးလိမ့်သွားတာကိုကြည့်ပြီး လွမ်းသလိုလို ခံစားတတ်တဲ့ အရွယ်။ အဲဒီအရွယ်မှာ ခွဲခဲ့ရတဲ့ ပုသိမ်ဆိုတာ စုတ်တံကို ခပ်တင်း တင်းဖိပြီး ရေးထားတဲ့ ပန်းချီကားတစ်ချပ်လို ရင်ထဲမှာ ထင်ရှား နေဆဲ။ […]
မတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၁) မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ ညလယ်မိုး ရေးသည်။ (၁) အာအိုင်တီ…တဲ့။ တစ်ချိန်တုန်းက ကျွန်တော်တို့နိုင်ငံရဲ့ လူတွေ ပါးစပ်ဖျား မှာ ရေပန်းစား နေရာယူဖူးတဲ့ စကားလုံးလေး သုံးလုံးပါ။သူက အာအိုင်တီကျောင်းသားပေါ့။ဒီနှစ် သူ အာအိုင်တီ ဝင်ခွင့်ရတယ်လေ။သူ့အစ်ကိုက အာအိုင်တီကျောင်းဆင်းပေါ့။ဟိုမှာ အာအိုင်တီ ကျောင်းသားတွေ လာနေပြီ စသဖြင့်။ထို အာအိုင်တီခေါ် RIT ဆိုတာ ရန်ကုန်စက်မှုတက္ကသိုလ်ကို ဆိုလိုတယ်ဆိုတာကိုတော့ လူတော်တော်များများ၊ အထူးသဖြင့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကသိကြမှာပါ။ လူငယ်တွေကတော့ သိတဲ့လူလည်း ရှိမယ်၊ ကြားဖူး သလိုလိုလို့ ထင်တဲ့သူလည်း ရှိမှာပေါ့။ Rangoon Institute ကို အတိုကောက် RIT လို့ ခေါ်တာပါ။ […]
ဖေဖော်ဝါရီလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၀)မှ အက်ဆေးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ဗိုလ်ချုပ်အောင်ဆန်းလို့ ဆိုလိုက်တာနဲ့ မှုန်တေတေမျက် နှာထား၊ အညာသားရုပ်နဲ့ လူ၊ စကားကို အပိုဆာဒါးမပါ တိုတို တုတ်တုတ်နဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်သူ၊ တိုင်းပြည်လွတ် လပ်ရေးအကြောင်း အမြဲခေါင်းထဲထည့်ထားလေ့ရှိသူဆိုတာ လူ တိုင်းသိရှိပြီးသားဖြစ်တယ်။ ပင်လုံစာချုပ်ကို ဦးစီးဦးဆောင်လုပ်ပြီး လက်မှတ်ရေးထိုး ခဲ့တဲ့ ပြည်ထောင်စုရဲ့ ကျေးဇူးရှင်၊ ဗမာ့တပ်မတော်ကို ပထမဆုံး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီးတစ်ယောက်၊ တပ်ကထွက် နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံမှာ ပါဝင်ခဲ့တဲ့ လွတ် လပ်ရေးဗိသုကာတစ်ယောက်၊ အဲဒီလိုအရည်အချင်းတွေနဲ့ ပြည့် စုံတာတောင်မှ ဗိုလ်ချုပ်ကြောက်ရောဂါ ရှိနေကြသူအချို့ တိုင်း ပြည်ကို စီမံခန့်ခွဲခွင့်ရတဲ့အခါ ဗိုလ်ချုပ်ဟာ အမေ့ခံဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့မျိုးဆက်က ဗိုလ်ချုပ်ကို အရှင်လတ်လတ် ထိ တွေ့ကိုင်တွယ်ခွင့်၊ မြင်ဖူးခွင့် မကြုံဖူးသည့်တိုင် […]
အောက်တိုဘာလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၇)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ရုပ်ရှင်ရုံတွေရဲ့ ရုံဆင်ပိုစတာကြီးတွေ ကွယ်ပျောက်သွား တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ခပ်ငယ်ငယ်က ရုံ ဆင်ပိုစတာကြီးတွေ ကြည့်ပြီး ဇာတ်ကားကောင်း၊ မကောင်း ခန့် မှန်းကြရတာအမော။ အခုတော့ တခမ်းတနားရှိလှတဲ့ ရုံဆင်ပို စတာကြီးတွေရဲ့ နေရာမှာ ကွန်ပျူတာအထူးပြုလုပ်ချက်များနဲ့ ဖန်တီးထားတဲ့ ဗီနိုင်းတွေက နေရာယူလာပြီလေ။ ခေတ်စနစ်ရဲ့ ဝါးမျိုမှုအောက်မှာ ရုံဆင်ပိုစတာရေးတဲ့ ပန်း ချီဆရာတွေလည်း ဒရောသောပါး ပါသွားကြတယ်။ ဗီနိုင်းဆရာ တွေရဲ့ လက်စွမ်းပြချက်က တကယ်တော့ ရုံဆင်ပိုစတာတွေတင် မကဘူူး၊ ဆိုင်းဘုတ်တွေ၊ လမ်းဖြတ်ပိုစတာတွေ၊ ဝေါလ်ရှိတွေ၊ ဆိုင်းဘုတ်တွေအထိပါ နေရာယူလာကြတယ်။ သတင်းစာရှင်း လင်းပွဲတွေ၊ ဘုံဆွမ်းလောင်းအသင်းဆိုင်းဘုတ်တွေ၊ မြေစိုက်ပို စတာတွေမှာလည်း […]
ဇူလိုင်-သြဂုတ်ထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ မီးခြစ်တွေကို ကျွန်တော် စိတ်ဝင်စားတယ်ဆိုရင် သင့် အနေနဲ့ အံ့သြကောင်းအံ့သြနေပါလိမ့်မယ်။ ကျွန်တော် အမှန် တကယ်မီးခြစ်တွေကို စိတ်ဝင်စားပါတယ်။ ကျွန်တော့်ဘဝမှာ မီး ခြစ်တွေကို အမှန်တကယ်ထိတွေ့ခွင့်ရတာက မူလတန်းကျောင်း သားအရွယ်မှာ ဖြစ်ပါတယ်။ အဘွားက သူ့ရဲ့ ဓာတ်မီးခြစ်ကို ဓာတ်ဆီကုန်တိုင်း ကျွန်တော့်ကို ဓာတ်ဆီထည့်ခိုင်းလေ့ရှိပါတယ်။ တစ်ခါတစ်ရံ မီးခြစ်ကျောက်ကုန်နေရင်ဖြစ်စေ၊ မီးစာကုန်နေရင် ဖြစ်စေ မီးခြစ်ပြုပြင်ထိန်းသိမ်းရေး (Maintenance) တာဝန်ကို ကျွန်တော့်ယူခိုင်းတယ်။ အဘွားက ဆေးလိပ်ကြိုက်သူပီပီ မီးခြစ်ကို အမြဲဆောင် ထားတတ်တယ်။ အများသုံးလေ့သုံးထရှိတဲ့ မီးခြစ်က ဓာတ်မီး ခြစ်လို့ခေါ်တဲ့ ဓာတ်ဆီထည့်ရတဲ့ မီးခြစ်လေး။ မီးခြစ်အရောင်က ခရမ်းရောင်၊ ဒါမှမဟုတ် အပြာရောင်။ ဓာတ်မီးခြစ်တွေက ဒီနေ့ ခေတ်မှာ […]
ကျွန်တော်တို့က ဦးသူရိန်ထွန်း လမ်းညွှန်ဖြင့် ဘောဘောကြီးဘုရားဆီ ခရီးဆက်ခဲ့ပါသည်။ လမ်းမှာ နန်းတော်ရာ မြို့ရိုး တစ်စိတ်တစ်ပိုင်းကို မြင်တွေ့ခဲ့ရ သည်။ ပြတိုက်ထဲမှ မှတ်တမ်းများအရ သည်မြို့ဟောင်းနေရာကို နိုင်ငံခြားသား များက စပြီး စိတ်ဝင်စားကာ အပတ် တကုတ် ရှာဖွေဖော်ထုတ်ခဲ့တာ ဖြစ်ပါ သည်။ နောက်တော့ ရှေးဟောင်းသုတေ သနဦးစီးဌာနက ဆက်လက်ရှာဖွေတူး ဖော်နေသည်ဟု ဆိုပါသည်။ သို့သော် သည်လို ရှာဖွေတူးဖော်မှုများအတွက် ဘတ်ဂျက်မည်ရွေ့မည်မျှ ချထားပေးပြီး မည်ရွေ့မည်မျှ ထိထိရောက်ရောက်တူး ဖော်ထိန်းသိမ်းနေသည်ကိုမူ ကျွန်တော် မသိပါ။ ကျွန်တော်မြင်မိသလောက်ပြောရ လျှင်တော့ ယခုအချိန်က သည်ရှေး ဟောင်းနယ်မြေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ရာ အရေးကြီးဆုံးဖြစ်နေပါ သည်။ ကုလသမဂ္ဂလက်အောက်ခံ ယူ နက်စကိုအဖွဲ့ကြီးကသာ သရေခေတ္တရာ ရှေးဟောင်းနယ်မြေကို […]
စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ ညလယ်မိုး ရေးသည်။ (၁) သမိုင်းကို သင်ရခြင်းအကြောင်းအရင်းက မအအောင်လို့ ပဲတဲ့။ နာမည်ကျော် သမိုင်းသုတေသနပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ စကားလုံး အတိအကျမဟုတ်ပေမယ့် အဓိပ္ပာယ်ကတော့ အဲဒီအတိုင်းပါပဲ ။ ဆရာကြီးဆိုလိုသည့်သဘောက သမိုင်းကို ဖတ်ရှုလေ့လာ၊ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို ဆင်ခြင်သုံးသပ်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ကြုံဆုံလာမယ့် ကိစ္စရပ်တွေအတွက် အဖြေထုတ်ကြပါ။ ရှောင်ရမယ့် အချက်တွေကို သင်ခန်းစာယူပြီး ရှောင်ကြ၊ ဆောင်ရမယ့်အချက်တွေအတွက် နမူနာယူပြီး ဆောင် ကြပါလို့ ပြောလိုရင်းဖြစ်ပါတယ်။ သမိုင်းဆိုသည်မှာ ဖျောက်ဖျက် သင့်တဲ့အရာ မဟုတ်၊ ပြောင်းလဲသင့်တဲ့ အရာမဟုတ်ပါ။ သမိုင်း ကို လေ့လာတဲ့အခါမှာ ဖြစ်စေ၊ မှတ်တမ်းတင်သည့်အခါမှာ […]
မဂ္ဂဇင်းဖြန့်ပုံမှာ ကျွန်တော်တို့အယ်ဒီတာသုံးယောက် ထမင်းဝိုင်းမှသူများနှင့် အခြားဖတ်ချင်သူများ ဝိုင်းထိုင်လိုက်ကြ သည်။ အယ်ဒီတာအဖွဲ့ဝင်များက သူ့အလှည့်နှင့် သူ စာတည်းမီး အိမ်မှ အစ သတင်းမီးအိမ်အဆုံး အလွတ်ရွတ်ဆိုပြောပြသည်။
(၇) သို့သော် ဖျာပုံသည် အစောကြီး နိုး တတ်သော မြို့ကလေးဖြစ်တာတော့ သေ ချာသည်။ နံနက် ၄ နာရီခွဲလောက်က ပင် လူသံများကို ကြားနေရသည်။ ၅ နာရီ တွင် ဈေးထဲမှာ လူစည်နေပြီး ၆နာရီ၌ လက်ဖက်ရည်ဆိုင်များတွင် လူပြည့်နေ ပါပြီ။ အင်န်ဂျီအိုဝန်ထမ်းအချို့ မြို့လယ် လမ်းမှာ စောစောစီးစီး ကျောပိုးအိတ်များ လွယ်ပြီး လက်ဖက်ရည်ဆိုင်ထဲ ဝင်လာ သည်။ မိတ်ဆွေ အင်န်ဂျီအိုဝန်ထမ်းများ နှင့်ပင် ဆုံသေးသည်။ ”ဒီမြို့မှာ ခင်ဗျားတို့ အင်န်ဂျီအိုက လူတွေ များလှချေလားဗျာ”ဟု လူရင်း တစ်ယောက်ကို နောက်မိသည်။ ”အရင်ထက်စာရင် ဒါ အတော် နည်းသွားတာကိုယ့်လူ၊ အရင်တုန်းက ဒီထက်များတာပေါ့။ အခု လက်ကျန် အင်န်ဂျီအိုက နည်းနည်းပါးပါးပဲ […]
(၁) တဒုတ်ဒုတ်နှင့် ခုတ်မောင်းနေသော ပဲ့ထောင်သည် ဖျာပုံမြစ်ထဲတွင်ပြေး လွှားလျက်ရှိသည်။ ကောင်းကင်တွင် မိုးသားမည်းမည်းများ အလိပ်လိုက်တက် လာနေသည်။ တိမ်းမည်းညိုများက မြစ် ကို အလျားလိုက်ဆန်နေသည့် ပဲ့ထောင်၏ ခေါင်မိုးပေါ်မှ ကျော်လွှားသွားကြသည်။ မိုးစက်များ၏ ရှေ့တော်ပြေးဖြစ်သည့် မုတ် သုန်လေက ပဲ့ထောင်၏ ဦးခန်းတွင် မတ် တတ်ရပ်နေသည့် ကျွန်တော်တို့၏ မျက် နှာများကို ခပ်ကြမ်ကြမ်း ပွတ်တိုက်သွားသည်။ ခေတ္တမျှလေငြိမ်သွားခိုက် ကျွန် တော့်နှုတ်ခမ်းဖျားကို လျှာနှင့်သပ်လိုက်မိ သည့်အခါ ငန်ကျိကျိအရသာကို ထိတွေ့ရ သည်။ မုတ်သုန်လေတွင် ဆားငန်ငွေ့ ပါပုံ ရသည်။ လတ်ဆတ်သည့်လေ၊ အေးမြ သည့်လေ၊ ငန်သောလေကို နှစ်အနည်း ငယ်အတွင်း ပထမဆုံး ပြန်လည်ထိတွေ့ရ ခြင်းဖြစ်သဖြင့် ကျွန်တော် အူမြူးသွားသည်။ အတူပါလာသည့် […]
ဇွန်လိုင်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ ကာတွန်း ဖြစ်ပါသည်။ တွင်းထွက်ပေါတဲ့ နိုင်ငံပါ
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."