သတင်းများ

စစ်ကိုင်းမှာ စစ်ကောင်စီက တပ်သားသုံးဦးပျောက်လို့လိုက်ရှာရင်း တွေ့တဲ့ရွာကိုမီးရှို့သွား

December 13, 2023

စစ်ကိုင်း-၂၀၂၃ ဒီဇင်ဘာ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအခြေစိုက် အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းက စစ်ကောင်စီတပ်သား သုံးဦးပျောက်ဆုံးသွားတာကြောင့် လိုက်ရှာရင်း မနေ့မနက်ပိုင်းက ရေမျက်အင်းအနီးမှာရှိတဲ့ ပန်းချီရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်သားသုံးဦးဟာ အခုလ ၁၁ ရက်ကတည်းက ပျောက်ဆုံးသွားတာကြောင့် စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ လိုက်လံရှာဖွေရင်း လမ်းဘေးဝဲယာကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း ဒီနေ့ထုတ်ပြန်ထားပါတယ်။ “ပန်းချီရွာက အုန်းတောရဲ့မြောက်ဘက် တစ်မိုင်လောက်ပဲဝေးတာ။ မီးရှို့ခံရပြီးအိမ် ၆၀ လောက်နဲ့နွားတစ်ရှဉ်းမီးထဲပါသွားတယ်။ သူတို့ဘက်က အရာရှိတစ်ယောက်နဲ့ စစ်သားနှစ်ယောက်နဲ့ကိုဖမ်းသွားတယ်လို့ကြားတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်ကဖမ်းလိုက်တာလို့ကြားတယ်။ အဲ့တာကိုလိုက်ရှာကြတာ၊ သူတို့က သွားတာက ရေမျက်(ရွာ)ကိုသွားတာ ရှေ့ထိလည်းမလိုက်ရဲတော့ ဘေးမှာ ပန်းချီရွာတွေ့တော့ မေးမြန်းမရလို့ မီးရှို့ထားခဲ့တာ” လို့ ပန်းချီရွာအနီးမှာရှိတဲ့ ကျေးရွာတစ်ရွာက […]

အပြည့်အစုံဖတ်ရန်

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာက NUG တရားရုံးကို စစ်ကောင်စီဗုံးကြဲ၊ တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံး

December 12, 2023

ပုလဲ-၂၀၂၃ ဒီဇင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရုံးကို ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ငါးဦးသေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မင်းတိုင်ပင်ရွာ NUG တရားရေးဝန်ကြီးဌာန၊ မြို့နယ်တရားရေး တာဝန်ခံ(CDM ရဲတစ်ဦး)ဖြစ်တဲ့ ဦးပေါပြည့်အောင်၊ ပညာရေးစေတနာ့ဝန်ထမ်း မသဲနုမြင့်ဇော်၊ ပကဖ ရဲဘော်မိုးမိုး၊ ဇီးဖြူကုန်းရွာက အသက်တစ်နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ကလေးငယ်ရဲ့ဖခင်ဖြစ်သူ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲပကဖက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ မနက် ၁၁ နာရီ ၅၈ မိနစ်မှာ ပေါင် ၂၀၀ ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ပုလဲပကဖက ဆိုပါတယ်။ “ဘာတိုက်ပွဲမှမရှိဘူး။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ။ အိမ်ကအတော်လေးပျက်စီးသွားတယ်။ လူတွေလည်း […]

အပြည့်အစုံဖတ်ရန်

ပလက်ဝမြောက်ဘက်၊ အိန္ဒိယနယ်စပ်သွားလမ်းပေါ်က စစ်ကောင်စီဗျူဟာကုန်းနှစ်ခုကို တစ်လခန့် တိုက်ပြီးနောက် AA သိမ်း

December 12, 2023

ပလက်ဝ – ၂၀၂၃ ဒီဇင်ဘာ ၁၂ (မော်ကွန်း) ပလက်ဝမြို့ကနေ အိန္ဒိယနယ်စပ်ကိုထွက်တဲ့ အဓိကကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကြီး နှစ်ခုကို တစ်လနီးပါးကြာတိုက်ခိုက်ပြီးနောက် ၎င်းတို့သိမ်းလိုက်နိုင်ပြီလို့ ရက္ခိုင့်တပ်တော်(AA)က မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့မြောက်ဘက်မှာရှိတဲ့ ထရွန်အိုင်နဲ့ နှုံးဘူးဗျူဟာကုန်းနှစ်ခုကို AA က သိမ်းနိုင်ခဲ့တာပါ။ ဒီဗျူဟာကုန်းသိမ်း တိုက်ပွဲတွေအတွင်း ရန်သူအလောင်းများစွာနဲ့ လက်နက်ခဲယမ်း အများအပြားရခဲ့ပြီး မိမိတို့ဘက်ကစစ်သည်တော်တွေလည်း အသက်ပေးလှူခဲ့တယ်လို့ AA က ဖော်ပြပါတယ်။ ဒီဇင်ဘာ ၄ ရက်မှာ ထရွန်အိုင်ဗျူဟာကုန်းကို သိမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၀ မှာ နှုံးဘူးဗျူဟာကို သိမ်းနိုင်ခဲ့တာလို့ AA က ဆိုပါတယ်။ ဒီဇင်ဘာ ၄ ရက်ထုတ် စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာ ထရွန်အိုင်ဗျူဟာကို AA လာတိုက်လို့ လေကြောင်းပစ်ကူတွေပါသုံးပြီးခုခံခဲ့တာကြောင့် […]

အပြည့်အစုံဖတ်ရန်

စက်သုံးဆီပြတ်လပ်နေတာကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့်နေ

December 12, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၂ (မော်ကွန်း)  ပြည်တွင်းမှာ ယခုလဆန်းပိုင်းကစပြီး စက်သုံးဆီပြတ်လပ်ပြီး အလုံအလောက်မရတာကြောင့် မြန်မာနိုင်ငံအနှံ့ ကုန်စည်တင်ပို့တဲ့ အဝေးပြေးကုန်တင်ယာဉ်တွေ အခက်အခဲဖြစ်နေတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်တဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းက အမည်မဖော်လိုတဲ့အသင်းဝင် လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီ လုံလောက်စွာမရတဲ့အတွက် ကုန်စည်တင်ပို့ချိန်ကြာမြင့်တာ၊ ကုန်တွေပျက်စီးတာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကုန်စည်တင်ဆောင်ပြီးမှ စက်သုံးဆီဆိုင်တွေမှာ ဆီဖြည့်ဖို့ နှစ်ရက်ခန့် တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ အဲ့ဒီကုန်တင်ယာဉ်လုပ်ငန်းရှင်က ပြောပါတယ်။ “ဆီကလည်း လိုအပ်တဲ့ဆီမရဘူး၊ ပရီမီယံဒီဇယ်လိုတဲ့ကားက ရိုးရိုးဒီဇယ်ပဲရတာတွေရှိတယ်။ ကုန်ပါတဲ့ယာဉ်တွေ တန်းစီရင်လည်း နှစ်ရက်လောက်တန်းစီရတယ်။ နောက်ပြီး တန်းစီလို့ ည တစ်နာရီ နှစ်နာရီဆိုရင် ဆိုင်ကယ်တွေနဲ့ ဓားထောက်လုတာတွေ ရှိတယ်၊ ကုန်တွေအခိုးခံရတာတွေရှိတယ်၊ ကုန်စည်တွေ အချိန်ကြာလို့ ပျက်စီးတာတွေရှိတယ်” လို့ ကြုံတွေ့နေရတဲ့ […]

အပြည့်အစုံဖတ်ရန်

ကျွန်းလှမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးတစ်ဒါဇင်ကြဲချ

December 12, 2023

ကျွန်းလှ – ၂၀၂၃ ဒီဇင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို ဒီနေ့မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေက တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးတစ်ဒါဇင်ကြဲချခဲ့လို့ ဒေသခံထောင်ချီထွက်ပြေးနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေက မနေ့ကည ၁၂ နာရီခွဲဝန်းကျင်နဲ့ ဒီနေ့မနက်အစောပိုင်းတွေမှာ ကျွန်းလှမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ တပုတော၊ လိပ်စင်းတောင်၊ သရက်ပင်၊ အေးချမ်းသာ၊ အင်လှ စတဲ့ရွာတွေနဲ့ ရွာတွေအနီးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ တပုတောရွာကိုတော့ ည ၁၂ နာရီခွဲဝန်းကျင်ကတစ်ကြိမ်၊ မနက်ကိုးနာရီဝန်းကျင်က တစ်ကြိမ်၊ စုစုပေါင်း ဗုံးလေးလုံးကြဲချခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ “ပျက်စီးမှု အသေးစိတ်တော့ မသိရသေးပါဘူးဗျ။ ကုန်ကားတစ်စီးနဲ့ အပြစ်မဲ့ပြည်သူနေအိမ်တချို့တော့ ထိခိုက်မှုရှိတယ်လို့ အကြမ်းဖျင်းသိရပါတယ်။ ထွက်ပြေးရတဲ့ ဒေသခံ ခန့်မှန်းရှစ်ထောင်လောက်ရှိပါမယ်။ ဘာကြောင့်ပစ်တယ်ဆိုတဲ့အကြောင်းအရင်း […]

အပြည့်အစုံဖတ်ရန်

မီးဖိုချောင်သုံး LPG ဂတ်စ်ပြတ်လပ်နေပြီး စျေးလည်းတက်

December 11, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၁ မီးဖိုချောင်သုံးဓာတ်ငွေ့ရည် LPG ဂတ်စ်တွေ ယခုသီတင်းပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ပြတ်လပ်နေပြီး ဂတ်စ်အရောင်းဆိုင်အချို့လည်း ပိတ်ထားရတယ်လို့ ၎င်းအရောင်းဆိုင်တွေနဲ့ နေ့စဉ်အသုံးပြုနေသူတွေဆီက သိရပါတယ်။ “ ဆိုင်ကြီးတွေမှာကို မပေးနိုင်တော့တာ။ အရင်ရက်က နည်းနည်းပြန်ရပေမယ့် မလောက်ဘူးပေါ့။ Customer အားလုံးကို လိုသလောက်မရောင်းနိုင်ဘူး။ အရေးကြီးတဲ့ ဆိုင်တွေ၊ ကြိုမှာထားတဲ့ အော်ဒါတွေလောက်ပဲ ရောင်းပြီး ကုန်သွားတော့ ဆိုင်ပြန်ပိတ်ထားရတယ်” လို့ သာကေတမြို့နယ်မှာ ဂတ်စ်အရောင်းဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မီးဖိုချောင်သုံးဂတ်စ်ဈေးနှုန်းဟာ ယခုလဆန်းပိုင်းမှာ တစ်ပိဿာကို ကျပ် ၆,၀၀၀ ဝန်းကျင်မှာ ရှိနေရာက လက်ရှိမှာတော့ တစ်ပိဿာကို ကျပ် ၁၀,၀၀၀ နီးပါးထိ ဈေးမြင့်တက်နေတယ်လို့ ဂတ်စ်အရောင်းဆိုင်တွေဆီက သိရပါတယ်။ ပြည်တွင်းမှာ သုံးစွဲနေတဲ့အိမ်သုံးဂတ်စ်ကို […]

အပြည့်အစုံဖတ်ရန်

ကျောက်မြောင်း သီတာလမ်းမှာ လူငယ်သုံးဦးကိုပစ်ခတ်ဖမ်းဆီး

December 9, 2023

ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း) ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ သီတာလမ်းမှာ ဒီနေ့ည ၇ နာရီဝန်းကျင်က အရပ်ဝတ်စစ်ကောင်စီတပ်တွေက လူငယ်သုံးဦးကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သီတာလမ်းအနီးနေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။ “PDFတွေဆိုပြီးဖမ်းတာ၊ တစ်ယောက်က သေနတ်မှန်သွားတယ်။ သေသွားပြီလို့လည်းကြားတယ်။ အခုလမ်းထဲကဆိုင်တွေအကုန်ပိတ်၊ လူလည်းရှင်းသွားတယ်၊ အခုလမ်းပိတ်ထားတယ်။စစ်ကားနှစ်စီး၊ အိမ်ကားတစ်စီးပါတယ်။ အရပ်ဝတ်တွေကော၊ ယူနီဖောင်းတွေနဲ့ကောအကုန်ပါတယ်” လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတချို့ထပ်ရောက်လာပြီး သီတာလမ်းထိပ်မှာ ကားကိုကန့်လန့်ဖြတ်ရပ်ကာ ပိတ်ထားတယ်လို့ လမ်းအတွင်းနေသူတွေကပြောကြပါတယ်။ တာမွေရဲစခန်းနဲ့နီးစပ်သူတစ်ဦးကလည်း လူငယ်သုံးဦးကိုပစ်ခတ်ဖမ်းဆီးခဲ့ပြီး လမ်းပိတ်စစ်ဆေးနေကြောင်း ပြောပါတယ်။ အခုလ ၅ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ မြို့မရဲစခန်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ စစ်ကောင်စီတပ်တွေ လမ်းပိတ်စစ်ဆေးခဲ့ပါသေးတယ်။ ပုံစာ-တာမွေမြို့နယ် သီတာလမ်းအနီး မြင်တွေ့ရတဲ့မြင်ကွင်း။ ဓာတ်ပုံ-ပေးပို့

အပြည့်အစုံဖတ်ရန်

ရခိုင်က အရပ်သားလူငယ်တွေကို စစ်ကောင်စီက အကြောင်းမရှိအကြောင်းရှာဖမ်းဆီးနေ

December 8, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း) ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်း လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ၊ ဧည့်စာရင်းစစ်တာတွေ ဆက်တိုက်လုပ်ဆောင်လာနေပြီး အရပ်သားလူငယ်အများအပြား ဖမ်းဆီးခံနေရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့က ဒေသခံတစ်ဦးကတော့ မနေ့ညပိုင်းကပဲ စစ်တွေမြို့ပေါ်မှာ အရပ်သားအချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။ “မနေ့က ညဘက် အပြင်ထွက်နေတဲ့သူတွေ ဖမ်းသွားတာ။ သေနတ်တွေလည်းဖောက်တယ်။ အတိအကျမသိပေမယ့် ဖမ်းသွားတာတော့ သတင်းကြားတယ်။ အခုတောက်လျှောက် လူငယ်တွေ၊ လူလတ်ပိုင်းတွေဆိုရင် အပြင်မထွက်ရဲကြတော့ဘူး။ တွေ့ရင်ဖမ်းတယ်။ စစ်ဆေးရင်လည်း ရိုက်လားမောင်းလားလုပ်တာတွေလည်းရှိတယ်” လို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။ အလားတူပဲ ကျောက်တော်မြို့မှာ […]

အပြည့်အစုံဖတ်ရန်

ဆီတန်းစီရင်း ကြားဖြတ်ဝင်လို့ ရိုက်ပွဲတွေဖြစ်

December 8, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း) ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရတနာလမ်းပေါ်က YP ဆီဆိုင်မှာ ပြီးခဲ့တဲ့နှစ်ရက်က ဆီတန်းစီရင်း ရှေ့ကဖြတ်ဝင်လို့ ဆိုင်ကယ်သုံးဘီးကယ်ရီသမားတွေ ရန်ဖြစ်ပြီး သံပိုက်နဲ့ဝိုင်းရိုက်၊ စကေဘာနဲ့ထိုးလို့ ကယ်ရီသမားတစ်ဦး ခေါင်းမှာပြင်းထန်ဒဏ်ရာနဲ့ လက်နဲ့ခြေထောက်မှာ ပြတ်ရှဒဏ်ရာတွေရခဲ့ပါတယ်။ နာရီနဲ့ချီပြီး နေပူထဲတန်းစီဆောင့်ဆိုင်းနေရင်း ဆီရောင်းချပေးတဲ့အခါ ရှေ့ကနေဖြတ်ဝင်လို့ မဝင်ဖို့ပြောတဲ့ကယ်ရီသမားကို ဖြတ်ဝင်တဲ့ကယ်ရီသမားကမကျေနပ်တာကြောင့် အခြားနှစ်ယောက်ကိုပါအကူခေါ်ပြီး ဆီဆိုင်အထွက်မှာ သံပိုက်နဲ့ဝိုင်းရိုက်၊ တစ်ယောက်က စကေဘာနဲ့ထိုးလိုက်တာလို့ မျက်မြင်တွေ့သူတွေကပြောကြပါတယ်။ “ရှေ့ကသံပိုက်နဲ့စရိုက်တဲ့တစ်ယောက်ကို ဝင်လုံးနေတုန်း ဘယ်ကရောက်လာမှန်းမသိတဲ့နှစ်ယောက်က နောက်ကနေ သံပိုက်နဲ့ဝင်ရိုက်တာ၊ နောက်တစ်ယောက်က စကေဘာနဲ့ထိုးတာ။ သုံးယောက်တစ်ယောက်ဆိုတော့ ဂျက်လီလည်းမဟုတ်ဘူး၊ ဂျက်ကီချမ်းလဲမဟုတ်ဘူး၊ ခံရတာပေါ့” လို့ အရိုက်ခံလိုက်ရတဲ့ ကယ်ရီသမားရဲ့ သူငယ်ချင်းတစ်ယောက်က ဖြစ်စဉ်ကိုပြောပြတယ်။ အရိုက်ခံရတဲ့ကယ်ရီသမားဟာ သင်္ဃန်းကျွန်းစံပြဆေးရုံကိုတက်ရောက်ခဲ့ရပြီး ဦးခေါင်းမှာ ရှစ်ချက်၊ ညာလက်သန်းပြတ်ရှဒဏ်ရာကို […]

အပြည့်အစုံဖတ်ရန်

နမ့်ခမ်းမှာ စစ်ကောင်စီလေကြောင်းကပစ်ခတ်တာကြောင့် မိသားစုဝင်ငါးဦးစလုံးသေဆုံး

December 8, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း)  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံငါးဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းအကူအညီပေးရေး အဖွဲ့တွေနဲ့ TNLA အဖွဲ့က ထုတ်ပြန်ထားပါတယ်။ နမ့်ခမ်းမြို့နယ်က ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာကို ယခုလ ၆ ရက် ညသန်းခေါင်ယံအချိန်က စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၏ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင်ငါးဦးလုံးသေဆုံးခဲ့ကာ ကျေးရွာအတွင်းက ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က မနေ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီ ဟိုနားကျေးရွာအတွင်းက နေအိမ်အချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ နမ့်ခမ်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်တွေ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတာပါ။ TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ […]

အပြည့်အစုံဖတ်ရန်

စက်သုံးဆီမှောင်ခိုတွေ ခေါင်းပြန်ထောင်လာ

December 8, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း) ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့ကြီးအများစုမှာ အခုရက်ပိုင်းကစပြီး စက်သုံးဆီပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ရပြီးနောက် စက်သုံးဆီမှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ပိုများလာတယ်လို့ ဆီမှောင်ခိုသမားတချို့နဲ့ ကားသမားတွေက မော်ကွန်းကိုပြောပါတယ်။ ဆီဆိုင်တွေမှာ အချိန်ကုန်ခံပြီး တန်းစီမဝယ်ချင်ရင် မှောင်ခိုဈေးကွက်မှာ အချိန်မရွေးလိုသလောက် ဝယ်လို့ရတယ်လို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)က ဆီမှောင်ခိုဆိုင်မှာ ဆီထည့်ခဲ့တဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ “ ပေါ်တင်ရောင်းတာမဟုတ်ဘူး။ ကိုယ့်ချိတ်နဲ့ကိုယ်သွားပြီးဝယ်ရတာ။ သူ့နေရာနဲ့သူရှိတယ်။ ဒီဇယ်၊ ပရီမီယံ၊ 92၊ 95 ဓာတ်ဆီ၊ အောက်တိန်း အကုန်ရတယ်။ ဈေးကတော့ နှစ်ဆလောက်ရှိတယ်။ အခုကျွန်တော်တောင်မှ သွားဝယ်တာ၊ သူတို့ဆီလည်း တန်းစီရတယ်။ ကားလေးတွေကို ချောင်ထိုးထားရတာ။ အဲဒီနေရာတွေကို သူတို့လူနဲ့သူတို့လွှတ်ပြီးတော့ ဖြည့်ပေးတာ။ ဖုန်းကြိုဆက်ရတယ်။ အခုလာနေပြီ၊ ဘယ်ရောက်နေပြီ၊ ဘယ်လောက်ဖိုးယူမယ်ဆိုတာ […]

အပြည့်အစုံဖတ်ရန်

မိုင်းလုံမြို့နယ် လယ်ကြီးအာဏာသိမ်းစစ်တပ်စခန်းကို TNLA သိမ်းထား

December 8, 2023

မိုင်းလုံ – ၂၀၂၃ ဒီဇင်ဘာ ၇ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ် လယ်ကြီးအာဏာသိမ်းစစ်တပ်စခန်းကို မနေ့က TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ မိုင်းလုံမြို့၊ လယ်ကြီးကျေးရွာ၊ အာဏာသိမ်းစစ်တပ်စခန်းကနေ ၆၀ မမ၊ ၈၀မမ လက်နက်ကြီး၊ လက်နက်ငယ် ၁၀လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မိုင်းလုံမြို့နဲ့ တစ်မိုင်ကျော်သာ ဝေးတဲ့ လယ်ကြီးကျေးရွာကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေ မနေ့မနက်အစောပိုင်းကစတင်ပြီး ဝင်ရောက်တိုက်ခိုက်နေခဲ့တာလို့ မိုင်းလုံမြို့ဒေသခံတွေကပြောပါတယ်။ ” မနက်အစောကတည်းက လယ်ကြီးမှာချနေကြပြီ၊ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေကြားရတယ်၊မိုင်းလုံကိုသူတို့သိမ်းပြီး လယ်ကြီးကိုသွားတိုက်တာ၊လေယာဥ်က သုံးခါလာပစ်တယ်”လို့ မိုင်းလုံမြို့ဒေသခံတစ်ဦးကပြောပါတယ်။ လယ်ကြီးကျေးရွာ၊ အာဏာသိမ်းစစ်တပ်စခန်းနားကို စစ်တပ်က လေယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး မြေပြင်မှာ […]

အပြည့်အစုံဖတ်ရန်
1 … 82 83 84 85 86 87 88 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."