ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၂၄ (မော်ကွန်း) စာသင်ကျောင်းတွေ ရခိုင်မှာပုံမှန်ဖွင့်ထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက သူတို့ဝါဒဖြန့် သတင်းစာတွေမှာ ဒီနေ့ဖော်ပြပေမယ့် ဒေသခံတချို့ကတော့ ရက္ခိုင့်တပ်တော်(AA)နဲ့ တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာတဲ့ နိုဝင်ဘာ ၁၃ ကတည်းက ပိတ်ထားတယ်လို့ မော်ကွန်းကို ပြောပါတယ်။ “ ဒီရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်ဘက်တွေမှာတော့ပိတ်ထားတာ တိုက်ပွဲတွေစဖြစ်ကတည်းကပဲ။ ရသေ့တောင်မြို့ပေါ်က ကျောင်းတွေတောင် မဖွင့်ဘူး။ နယ်တွေမှာဆို ပိုဆိုးတာပေါ့” လို့ ရသေ့တောင်မြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ ရခိုင်မှာ ရာနဲ့ချီတဲ့စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းဌာနတချို့ရဲ့ ဖော်ပြချက်ကို သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြခဲ့တာပါ။ ရသေ့တောင်ဒေသခံကတော့ မြို့ပေါ်မှာတောင် ဗုံးခိုကျင်းတွေတူးပြီး သူတို့နေထိုင်နေကြရသလို တစ်မြို့နဲ့တစ်မြို့ ကူးလူးဆက်ဆံမှုကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကုန်စည်ပြတ်လပ်မှုတွေဖြစ်ပြီး ကုန်ဈေးနှုန်းကြီး၊ ပစ္စည်းရှားတဲ့ ပြဿနာကို […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၄ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမာခံတပ်စခန်းကုန်းတစ်ခုကို သိမ်းပိုက်လိုက်တယ်လို့ တအောင်း၊ပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့က ဒီနေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။ အဲ့ဒီ စခန်းကုန်းကို TNLA တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်စဉ်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး စစ်ဆင်ရေးကာလတစ်လနီးပါးခန့်အကြာ မနေ့က ညသန်းခေါင်ယံအချိန်မှာ စခန်းကို ဝင်ရောက်စီးနင်းပြီး သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။ အဲ့ဒီစခန်းဟာ လားရှိုးမြို့နဲ့ မိုင် ၆၀ ခန့် ကွာဝေးကာ လားရှိုး-သိန္နီလမ်းပေါ်ကနေ မိုင်းယော်တိုက်နယ်ဘက်ကိုတက်တဲ့ လမ်းခွဲအနီးမှာ တည်ရှိပြီး စစ်ကောင်စီတပ်ရဲ့ ဒေသတွင်းစစ်ဗျူဟာကုန်းတစ်ခုဖြစ်တယ်လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ “လားရှိုးနဲ့တော့ အတော်ဝေးတယ်။ ရေပူဂိတ်အကျော်မှာရှိတာ။ အရင်ကတော့ အဲ့ဒီမှာ ပြည်သူ့စစ်အဖွဲ့တွေလည်း ရှိတယ်။ စခန်းက အခိုင်အမာကို […]
ဒူးပလာယာ – ၂၀၂၃ နိုဝင်ဘာ ၂၄ (မော်ကွန်း) သတင်းမီဒီယာတွေမှာ လူသိများတဲ့ လေးကေ့ကော်မြို့သစ်အုပ်ချုပ်ရေးမှူး ပဒိုစောဖားတရားဟာ ကေအဲန်ယူကော့ကရိတ်မြို့နယ်၊ မြို့နယ်ဥက္ကဋ္ဌအသစ်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြီးစီးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်ရဲ့ ၁၀ ကြိမ်မြောက် မြို့နယ်ကွန်ဂရက်ကနေ အမြဲတမ်းကော်မတီဝင် ၃၀ ဦးကို ရွေးချယ်ပေးခဲ့တာပါ။ ပဒိုစောဖားတရားရဲ့ နောက်ထပ်အမည်ကတော့ စောဌေးအောင်မြင့်ဖြစ်ပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်း လေးကေ့ကော်မှာ တိုက်ပွဲတွေပြင်းထန်နေချိန် ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ်ဘက်က စစ်သားတွေကို သေနတ်တစ်လက်လွယ်ကာ ထိန်းသိမ်းခဲ့စဉ်က အုပ်ချုပ်ရေးမှူး ပဒိုစောဖားတရားကို နိုင်ငံအနှံ့က ပြည်သူတွေက ချီးကျူးအားပေးခဲ့ကြပါတယ်။ ၂၀၂၂ နှစ်ကုန်ပိုင်း အာဏာသိမ်းစစ်တပ်ကနေ သေ့ဘော့ဘိုး၊ လေးကေ့ကော်၊ မြဝတီ – ဝေါ်လေလမ်းတွေကို ပြန်လည်ထိန်းသိမ်းလိုက်နိုင်တဲ့အချိန်မှာတော့ ပဒိုစောဖားတရားဟာ အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိတွေ၊ တပ်သားတွေကို […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၃ (မော်ကွန်း) လောက်ကိုင်ကနေ ထွက်ပြေးလာတဲ့စစ်ဘေးရှောင်လေးသောင်းခန့်ကို ကူညီပေးထားတယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ MNDAA တို့ လောက်ကိုင်မြို့အနီးမှာတိုက်ပွဲဖြစ်နေချိန် အဲ့ဒီဒေသက စစ်ဘေးရှောင်တွေဟာ UWSA ထိန်းချုပ်နယ်မြေအတွင်း ထွက်ပြေးခိုလှုံကြရတာဖြစ်ပါတယ်။ တရုတ်နယ်စပ်မှာအခြေပြုတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဘယ်ဘက်ကမှ ဝင်ပါသွားမှာမဟုတ်ဘဲ “ဝ” ဒေသထဲကိုရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ချွင်းချက်မရှိ ကူညီသွားမယ်လို့ ယခုလ ၁ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ် “ဝ” ဒေသထဲကို ဝင်ရောက်နေတဲ့ စစ်ဘေးရှောင်အားလုံးကို ဆက်လက်ခံပေးသွားမယ်လို့ UWSA ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရမ်းက မော်ကွန်းကို ပြောပါတယ်။ အဲ့ဒီ […]
တန့်ဆည် – ၂၀၂၃ နိုဝင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုပေါ်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းလေးခုဖြစ်တဲ့ ဆေးရုံကြီး၊ အ.ထ.က (၁) ကျောင်း၊ ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ရာတွေကို ဒီကနေ့ မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နီးစပ်တဲ့တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ “ ရဲစခန်းပတ်ဝန်းကျင် အဲ့နေရာလေးခုပဲ ကျန်တော့တာပေါ့။ အဲဒီနေရာတွေကို ဒီနေ့အပြီးသတ် ဝင်စီးပြီးတော့ အဲအထဲက တပ်စွဲတဲ့ကောင်တွေကတော့ မြို့မရဲစခန်းထဲ ဝင်ပြေးပြီး ခံစစ်ပြင်၊ လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေရှိတယ် ” လို့ တန့်ဆည်မြို့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ပြီး ခရိုင်တပ်ရင်း ခုနှစ်ခုနဲ့အတူ တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့တာလို့ မော်ကွန်းကသိရပါတယ်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၂ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ဘုန်းတော်ကြီးသင် စာသင်ကျောင်းပေါ်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ကိုရင်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီနေ့လယ်ပိုင်းက ထုတ်ပြန်ထားပါတယ်။ ဒီနေ့လယ် ၁၂ နာရီခန့်မှာ မူဆယ်မြို့က ၁၀၅ မိုင်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မိုင်းယု ကျေးရွာအုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာက ဘုန်းတော်ကြီးသင် ပရဟိတစာသင်ကျောင်းအပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ TNLA သတင်းနဲ့ ပြန်ကြားရေးရဲ့ တယ်လီဂရမ်စာမျက်နှာမှာ ထုတ်ပြန်ထားတာပါ။ ပစ်ခတ်မှုအတွင်း အောက်နမ့်ဟွယ်ဘုန်းတော်ကြီးကျောင်းက ကိုရင်ကြီး တစ်ပါးဟာ ပေါင်နှစ်ဖက်လုံးမှာ ကျည်စထိမှန်ဒဏ်ရာတွေ ရရှိသွားပြီး ကျောင်းဝန်းအတွင်းက ကားသုံးစီးနဲ့ ကျောင်းအဆောက်အဦး သုံးလုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ၊ နမ့်ခမ်း၊ […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၂ (မော်ကွန်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ပေါ်ကို ဒီနေ့မနက် ၉:၀၀ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး စစ်ဘေးရှောင်တွေကိုတင်ဆောင်လာတဲ့ကားတစ်စီး ထိမှန်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ လောက်ကိုင်မြို့ ဒေသခံတွေက ပြောပါတယ်။ လောက်ကိုင်မြို့ပေါ် ရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးကတော့ “လက်နက်ကြီးကျပြီးတော့ ခုအချိန်ထိဆက်ပစ်နေတော့ ကျွန်တော်တို့လည်း အပြင်မထွက်ရဲကြဘူး။ တိုက်ပွဲအခြေအနေကိုတော့ အသေးစိတ်မသိပါဘူး” လို့ ဒီနေ့လယ်ပိုင်းမှာ မော်ကွန်းကို ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကတော့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဖြစ်တယ်လို့ သတင်းမီဒီယာအချို့ကို ပြောထားပြီး ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ လောက်ကိုင်မြို့ပေါ်မှာ မနေ့ကတည်းက လျှပ်စစ်မီးတွေပြတ်တောက်နေသလို တယ်လီဖုန်းလိုင်းတွေကိုလည်း ဖြတ်ထားတယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။ “ […]
တီးတိန် – ၂၀၂၃ နိုဝင်ဘာ ၂၁ (မော်ကွန်း) ချင်းပြည်နယ်၊ တီးတိန်မြို့၊ ကနေဒီတောင်မှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စခန်းကို မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အရှင်ဖမ်းဆီးရမိတဲ့ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၁၂ ယောက်ကို ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ PDF Zoland ရဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနဲ့ပတ်သက်လို့ “ကျွန်တော်တို့ မူဝါဒအရ ဥပဒေအရ ဆက်လက်ပြီး လုပ်သွားဖို့ရှိပါတယ်၊ အသေးစိတ်တော့ ပြောလို့ရသေးပါဘူး”လို့ PDF Zoland ရဲ့ တာဝန်ရှိသူကပြောပါတယ်။ ကနေဒီတောင်ဟာ ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခေါနုစုမ်(ဝိတိုရိယတောင်)ပြီးရင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ပေ ၉,၀၀၀ နီးပါးမြင့်ပါတယ်။ ကနေဒီတောင်မှာ အထိုင်ချတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို PDF Zoland တပ်ဖွဲ့ဝင်တွေက မနေ့ နံနက် ၄း၀၀ နာရီ […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၁ (မော်ကွန်း) တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ပွားလာတဲ့ ရခိုင်ပြည်နယ်မှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်ကပိတ်ထားတာ သီတင်းတစ်ပတ်ကျော်ကြာမြင့်လာပြီးနောက် ဒေသတွင်းမှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီပြတ်လပ်မှုတွေ စတင်ရင်ဆိုင်လာရပြီလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ယခုလ ၁၃ ရက်နေ့က တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်ကို ဝင်တဲ့လမ်းကြောင်းတွေကို စစ်ကောင်စီကပိတ်ဆို့လိုက်တဲ့အပြင် ပြည်နယ်အတွင်းက မြို့နယ်ချင်းဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကိုပါပိတ်ဆို့ထားတာပါ။ ကျောက်တော်မြို့နယ်က ကုန်သည်တစ်ဦးကတော့ လက်ရှိ ရခိုင်ဒေသတွင်းက မြို့နယ်အချို့မှာ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။ “အချို့နေရာတွေဆိုရင် ဝယ်လို့မရတော့ဘူး။ အချို့ကတော့ လက်ကျန်ဆီလေးတွေ ရောင်းနေကြတယ်။ ဈေးတော့တက်သွားတာပေါ့၊ အဲ့ဒီအတိုင်း နောက် ၁၀ ရက်၊ ၁၅ ရက်လောက်ဆိုရင်တော့ အကုန်လုံးတော့ ကုန်သွားနိုင်တယ်။ […]
ရန်ကုန်-၂၀၂၃ နိုဝင်ဘာ ၂၁ (မော်ကွန်း) ရန်ကုန်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေဟာ အခုလအစောပိုင်းကစတင်ကာ ညစဉ်ဧည့်စာရင်းစစ်နေပြီး တစ်နေရာစစ်တိုင်း ဖမ်းခံရတဲ့သူ အနည်းဆုံးငါးယောက်အထက်ရှိတယ်လို့ မြို့ခံတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ နီးစပ်သူတွေက မော်ကွန်းကိုပြောပါတယ်။ ဧည့်စာရင်းစစ်ရင်းဖမ်းခံရပါက ရဲစခန်းကိုခေါ်သွားပြီး နောက်တစ်ရက်မှ ဒဏ်ကြေးဆောင်ခိုင်းကာ ပြန်လွှတ်ပေးတယ်လို့ တောင်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက်ရုံးတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “နေ့တိုင်းစစ်နေတာအမှန်ပဲ၊ တော်တော်များများစစ်ပြီးသွားပြီ။ ဒီရက်ထဲမှာစစ်တယ်၊ ဖမ်းတယ်၊ ဒီနေ့ခေါ်မနက်ဖြန်လွတ်တယ်၊ ပါတာအများကြီးပဲ။ တစ်ညစစ်ရင် အနည်းဆုံးငါးယောက်ပါတယ်။ ဒဏ်ငွေတစ်သောင်းဆောင်ရတယ်။ ဧည့်စာရင်းမတိုင်ထားရင်၊ ရက်ကျော်နေရင် ခေါ်သွားတယ်။ ဒီနေ့ခေါ်သွားရင် နောက်နေ့ကျ ကိုးနာရီလောက်မှပြီးတာ။ တရားရုံးမှာ တရားဝင်ဒဏ်ကြေးဆောင်ရတာ” လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက သာကေတမြိုနယ်ထဲမှာတော့ ဧည့်စာရင်းစစ်ရင်း ဖမ်းခံရတဲ့သူတွေကတော့ ငွေကျပ်သုံးသိန်းပေးပြီးမှ ပြန်လွတ်လာတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ “တနေ့ညက ၁၀ နာရီလောက် […]
အင်းတော် -၂၀၂၃ နိုဝင်ဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ရထားလမ်း၊ ကားလမ်းဆုံရှိတဲ့ နဘားလမ်းဆုံအနီးကို စစ်ကောင်စီလေတပ်က မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မနေ့ကနေ့လယ်ပိုင်းက အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးဒဏ်ရာရသလို ဒီနေ့တိုက်ခိုက်မှုမှာ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။ “ကသာကနေ မော်လူးကို ကုန်စိမ်းတွေရောင်းဝယ်နေတဲ့ အမျိုးသမီးတစ်ဦးကတော့ သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်ဗျ။ သူတို့ကလည်း ကသာကနေ မော်လူးကို ကုန်စိမ်းတွေဝယ်ပြီး အပြန်မှာဖြစ်ခဲ့တာဗျ။ ဒီနေ့ကတော့ မနက် ၁၁ လောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးလေးလုံးကြဲသွားတယ်ဗျ။ ဒေသခံထိခိုက်တာ တစ်ယောက်တော့ရှိတယ်” လို့ သူကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နဘားလမ်းဆုံအနီးက ဈေးဆိုင်ခန်းတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ […]
လွိုင်ကော် – ၂၀၂၃ နိုဝင်ဘာ ၂၀ (မော်ကွန်း) တိုက်ပွဲတွေဖြစ်နေတဲ့ ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့က ပြည်သူတွေဟာ မြို့ကိုစွန့်ခွါထွက်ပြေးတိမ်းရှောနေကြရတယ်လို့ ပြောပါတယ်။ လွိုင်ကော်မြို့ခံတွေဟာ ယခုရက်ပိုင်းကစလို့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ်နားက ဆီဆိုင်၊ ဆိုက်ခေါင်၊ ညောင်ရွှေ၊ အောင်ပန်း၊ တောင်ကြီး၊ အစရှိတဲ့ ရှမ်းပြည်နယ်ထဲက နီးစပ်ရာမြို့တွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ အိမ်စောင့်လူအနည်းငယ်လောက်နဲ့ မပြောင်းရွှေ့ချင်တဲ့ မိသားစုအချို့လောက်ပဲကျန်တော့တာဖြစ်ပြီး မြို့ပေါ်မှာ နေထိုင်သူအများအပြားဟာ စစ်ဘေးလွတ်ရာဒေသတွေကို ထွက်ခွာနေကြပြီလို့ လွိုင်ကော်မြို့ခံမစုမွန်က မော်ကွန်းကို ပြောပါတယ်။ “ကျွန်မတို့က မြို့ထဲမှာမရှိတော့ဘူး။ ဒီနေ့ပဲ ထွက်လာပြီ။ လမ်းကြောင်းတွေကလည်း ရှိတယ်။ ပရဟိတအဖွဲ့တွေက မြို့အပြင်မှာ လာခေါ်ပေးကြတယ်။ ပိတ်မိတဲ့လူတွေတော့ မဟုတ်ဘူး။ အိမ်စောင့်ကျန်တဲ့လူနည်းနည်းလောက်တော့ ကျွန်မတို့လမ်းထဲမှာ ရှိနေသေးတယ်။ ကျန်တဲ့လူတွေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."