လိုင်ဇာ-၂၀၂၄ ဇန်နဝါရီ ၃ (မော်ကွန်း) ကချင်ပြည်နယ်၊ KIA ထိန်းချုပ်ဒေသ လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ဒီနေ့မနက်ပိုင်းက ပစ်ချနိုင်ခဲ့တယ်လို့ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA သတင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မော်ကွန်းကို အတည်ပြုပြောပါတယ်။ ပစ်ချခံရတဲ့ ရဟတ်ယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ တက်လာတာဖြစ်ပြီး လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းကို ထောက်ပို့လာတာလို့ သူကပြောပါတယ်။ “လိုင်ဇာမှာတော့မဟုတ်ပါဘူး။ လိုင်ဇာနဲ့တော့ နီးတာပေါ့။ စကစရဲ့ နပေါတပ်စခန်းနားမှာဖြစ်ပါတယ်။ မြစ်ကြီးနားလေတပ်ကနေ သူတို့ရဲ့တပ်စခန်းဘက်ကို ရိက္ခာပို့တာလား စစ်လက်နက်တွေပို့တာလားတော့မသိဘူး။ ရဟတ်ယာဉ်တစ်စီးတက်ပြီးမှ ပစ္စည်းတွေချတယ်၊ ချပြီးမှပြန်တက်သွားတဲ့အချိန်မှာ ပစ်ပြီးမှထိမှန်သွားတာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ပျက်ကျသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်အမျိုးအစားကိုတော့ လက်ရှိအချိန်ထိ မသိရသေးဘူးလို့ သူကဆိုပါတယ်။ “အခုထက်ထိကတော့ ရှေ့တန်းသမားတွေ အကြောင်းကြားတာမရှိဘူး။(ရဟတ်ယာဉ်အမျိုးအစားကို) မေးတော့မေးထားပါတယ်။ ပျက်ကျသွားတဲ့နေရာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်းဖြစ်ပါတယ်” လို့ […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂ (မော်ကွန်း) ၂၀၂၃ တစ်နှစ်တာကာလအတွင်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော် ဥပဒေမဲ့ ရိုက်နှက်ညှဉ်းပန်းခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPN-Myanmar) က မနေ့ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၃ ဇန်နဝါရီကနေ ဩဂုတ်အတွင်း ပုသိမ်အကျဉ်းထောင်၊ မန္တလေးအိုးဘိုထောင်၊ သာယာဝတီထောင်၊ မြင်းခြံထောင်၊ ဒိုက်ဦးထောင်၊ မုံရွာထောင် အစရှိတဲ့ အကျဉ်းထောင်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်ခံရမှုတွေကို မှတ်တမ်းအဖြစ် PPN-Myanmar က ထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီအကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် အကျဉ်းဦးစီးတာဝန်ရှိသူတွေက ထောင်ဆူတယ်ဆိုကာ ဥပဒေမဲ့ ရိုက်နှက်မှုတွေ၊ အကျဉ်းသားအချင်းချင်းဖြစ်တဲ့ ပြဿနာအပေါ် ပြေလည်အောင်မဖြေရှင်းပေးဘဲ ရိုက်နှက်မှုတွေ၊ ထောင်တွင်းနိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ရိုက်နှက်တိုက်ပိတ်မှုတွေ ရှိခဲ့တယ်လို့ အဲဒီ့ထုတ်ပြန်ချက်က […]
ပဲနွယ်ကုန်း-၂၀၂၃ ဇန်နဝါရီ ၂ (မော်ကွန်း) ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီးကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နေ့စဉ် လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေလည်းတိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နီးစပ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်တံခါးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အစပ်က နတ်သံကွင်းမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က တော်လှန်ရေးတပ်တွေ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီတပ်တွေက မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အခုလိုပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေကပြောပါတယ်။ “စဖြစ်တဲ့နေ့ကတည်းက အိမ်ဘေးနားက လယ်ကွင်းတွေထဲ လက်နက်ကြီးတွေကျလို့ အကုန်ပြေးရတာ။ ရွာမှာတစ်ယောက်မှမရှိတော့ဘူး။ တချို့လည်း ရန်ကုန်ဘက်သွားကြတယ်။ တချို့တော့ ရွာတွေဘက်လှည့်ပတ်ရှောင်ရတာပေါ့။ အခုလည်း နေ့တိုင်းပစ်နေတာဆိုတော့ ရွာပြန်လို့မရသေးဘူး” လို့ သဲဖြူရွာသစ်က ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိအချိန်မှာတော့ နတ်သံကွင်းမြို့အနီးက ကျေးရွာတွေနဲ့ ပဲနွယ်ကုန်း-နတ်သံကွင်းကားလမ်းမ ဘေးဝဲယာမှာရှိတဲ့ ကြိမ်ခါးကုန်း၊ သဲကော၊ ထိန်တော၊ ကျောင်းစိုး၊ […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ ကားလမ်းပေါ်မှာရှိတဲ့ အီနိုင်းတံတား ဒီနေ့မနက်ပိုင်းမှာ ဖောက်ခွဲခံလိုက်ရပြီးနောက် လမ်းပမ်းဆက်သွယ်ရေး ပိုမိုခက်ခဲလာမယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း သွားလို့မရတဲ့အတွက် မူဆယ်-နမ္မတူ-လားရှိုးလမ်းကနေ အဓိကထား သွားလာနေရတာဖြစ်ပြီး ယခုလို တံတားထပ်ကျိုးတဲ့အတွက် ပိုအခက်အခဲဖြစ်သွားတယ်လို့ အဲ့ဒီလမ်းကြောင်းမှာသွားလာနေတဲ့ ကုန်သည်တွေနဲ့ ခရီးတင်ယာဉ်လိုင်းတွေက ပြောပါတယ်။ အဲဒီ့တံတားကျိုးသွားတာကြောင့် မူဆယ်ကနေ လားရှိုးမြို့ကိုလာတဲ့ ကားတွေဟာ သီပေါကနေ ပြန်ပတ်တက်ရပြီး လမ်းခရီး သုံးဆခန့် ပိုဝေးသွားတယ်လို့ မူဆယ်-လားရှိုး ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “အရင်က လားရှိုး-မူဆယ်လမ်းက နီးနီးလေး၊ ကြားထဲမှာ သိန္နီတံတားကျိုးသွားတော့၊ ကျွန်တော်တို့ နမ္မတူဘက်က ပတ်နေကြတာ။ အခုက နမ္မတူတံတားပါ ထပ်ကျိုးသွားတယ်။ အခုခရီးကဆိုရင် […]
ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၁ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်းမှာ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သား ၅၅၀ ကျော်ရှိပြီး စစ်ကောင်စီနိဂုံးချုပ်ချိန်နီးလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိသုံးနှစ်တာကာလအတွင်း ကရင်ပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်သား ၁၈,၀၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ NUG ယာယီသမ္မတက ဆိုထားပြီး ဒီရလဒ်တွေကိုကြည့်ရင် စစ်ကောင်စီရဲ့ နိဂုံးချုပ်ချိန်နီးကပ်လာပြီလို့ ပြောပါတယ်။ “အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ချအညံ့ခံမှုနဲ့ စခန်းစွန့်ခွာ ထွက်ပြေးမှုတွေဟာလည်း စစ်ရေးနောက်ခံသမိုင်းမှာ မကြုံဖူးလောက်အောင် အရေအတွက် အလုံးအရင်းနဲ့ များပြားနေတာကို တွေ့ရပါတယ်… “နေ့စဉ်နဲ့အမျှစခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားအရေအတွက်ဟာ တစ်ရိပ်ရိပ်တက်နေတာကို တွေ့ရပါတယ်” လို့ […]
ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၉ (မော်ကွန်း) လောက်ကိုင်မြို့မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သူတို့ရဲ့ Wechat လူမှုကွန်ရက်စာမျက်နှာကနေ မနေ့ကရက်စွဲနဲ့ အသိပေး ထုတ်ပြန်ထားပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လုံခြုံရေးအရ စိတ်မချရတဲ့အတွက် တရုတ်နိုင်ငံသားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ ကြေညာထားတာပါ။ လွန်ခဲ့တဲ့ လေးရက်တည်းက အရပ်သားတွေ အမြန်ဆုံးထွက်ကြဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ အသိပေးဖော်ပြနေပြီး အဲ့ဒီရက်ပိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လောက်ကိုင်ကနေ ထွက်ခွာနေကြတာပါ။ မြန်မာနိုင်ငံသားတွေရော တရုတ်နိုင်ငံသားတွေပါ မနေ့က နောက်ဆုံးထားပြီး လောက်ကိုင်ကနေ ထွက်ခွာနေကြပြီလို့လည်း အဲ့ဒီကနေ ယခုရက်ပိုင်းအတွင်း ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။ “၂၈ ရက်နေ့ နောက်ဆုံးထားပြီး […]
မရမ်းကုန်း-၂၀၂၃ ဒီဇင်ဘာ ၂၈ (မော်ကွန်း) ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနဲ့ ကျိုက်ဝိုင်းဘုရားလမ်ဆုံနားမှာ ဒီနေ့ည ၇ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ မရမ်းကုန်းဒေသခံတွေက ပြောပါတယ်။ “ဗုံးပေါက်သံအကျယ်ကြီးပဲ။ ပေါက်ပြီး မကြာဘူးနောက်တစ်လုံးထပ်ပေါက်တယ်။ ခဏနေတော့ သေနတ်သံသုံးချက်ကြားရတယ်။ လူနာတင်ကားတွေကော ကြက်ခြေနီကားတွေကော ဖြတ်သွားတာတွေ့လိုက်တယ်။ အထိအခိုက်တော့ရှိနိုင်တယ်” လို့ မင်းဓမ္မလမ်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ အင်အားအများအပြားလာရောက်ခဲ့ပြီး ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းဆုံမီးပွိုင့်မှာ လမ်းလေးဘက်လုံးပိတ်ဆို့စစ်ဆေးခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေက ဆိုပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို မြို့ပြတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ Freeland Attack Force-FLA, Anonymous Fighters Force-AFF နဲ့ Emerald GirlsArmy-EGA အဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ညပိုင်းတိုက်ခိုက်မှုအပြီးမှာ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီမြို့ပြတော်လှန်ရေးအဖွဲ့တွေဟာ မရမ်းကုန်းမြို့နယ်ထဲက စစ်ကောင်စီတပ်သားတွေရှိနေတဲ့ […]
ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၈ (မော်ကွန်း) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတွေတည်ရှိတဲ့ ရှေးဟောင်းမြို့တော်မြောက်ဦးမှာ ယခုလ ၂၅ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ မြောက်ဦးမြို့ဒေသခံတွေက ပြောပါတယ်။ AA တပ်ဖွဲ့ဟာ ယခုလ ၂၅ ရက်မှာ မြောက်ဦးခရိုင်ရဲစခန်းကို သိမ်းပိုက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း မြောင်းဘွေကျေးရွာရဲစခန်းကို ဆက်လက်တိုက်ခိုက်နေတာပါ။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲက အဆောက်အအုံ အချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ မြောက်ဦးမြို့နယ် ဆင်ချဆိပ်ကျေးရွာမှာ လက်နက်ကြီးကျပြီး […]
ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၂၈ (မော်ကွန်း) ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ပြီး လက်ရှိအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အခုလ ၂၆ ရက် မနက်အစောပိုင်းကစတင်ပြီး KNLA၊ PDF၊ ABSDF နဲ့ BPLA စတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကျောက်တံခါးမြို့နယ်ထဲက နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာနဲ့ ကျောက်ကြီးမြို့နယ်ထဲက လပတ်ရွာ၊ နတ်သံကွင်းမြို့တွေကို “ဖားစည်ဟိန်းသံနဲ့ ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး”အဖြစ် တပြိုင်နက်တိုက်ခိုက်ခဲ့တာပါ။ နတ်သံကွင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ ဒဏ်ရာရသူအများအပြားရှိသလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ NUG က ဆိုပါတယ်။ မနေ့က မနက်ပိုင်းကလည်း ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် […]
ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၈ (မော်ကွန်း) မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ TNLA အဖွဲ့ဟာ ရှမ်းမြောက်ဒေသက နမ္မတူမြို့ကို ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ စတဲ့မြို့တွေကို သိမ်းပြီးနောက်မှာ ပဉ္စမမြောက်မြို့အဖြစ် နမ္မတူကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA က ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်လာတာပါ။ ယခုလ ၂၅ ရက်ကစပြီး နမ္မတူမြို့ကို ထိုးစစ်ဆင်နေတဲ့ TNLA တပ်ဟာ တိုက်ပွဲကာလ လေးရက်အတွင်းမှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ နမ္မတူမြို့က စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ခမရ-၃၂၄ ဗျူဟာကုန်းအပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စစ်ကစ ဌာနဆိုင်ရာရုံးအားလုံးကို ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ခမရ – ၃၂၄ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ […]
ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၂၇ (မော်ကွန်း) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီနေ့လယ် ၁ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ လမ်းပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဗုံးပေါက်သံ အကျယ်ကြီးကြားလိုက်ရတယ်။ အခုထိ လမ်းပိတ်စစ်နေတုန်းပဲ။ လူထိခိုက်တာရှိတယ်လို့တော့ကြားတယ်၊ သေချာမသိသေးဘူး။ ထောင်နဲ့မျက်နှာချင်းဆိုင်ဘက်အခြမ်းမှာပေါက်တာ။ အခုသူတို့(စစ်ကောင်စီတပ်တွေ)ရောက်နေတာဆိုတော့ သွားမကြည့်ရဲလို့” လို့ အင်းစိန်ထောင်အနီး နေထိုင်သူတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး အင်းစိန်ဈေးအရှေ့နဲ့ ထောင်အနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ကားနှစ်စီးနဲ့လမ်းကို ကန့်လန့်ဖြတ်ပိတ်ကာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ ရန်ကုန်ကင်းထောက်အဖွဲ့တွေက ဆိုပါတယ်။ လမ်းမကြီးပေါ်ပိတ်ဆို့စစ်ဆေးနေတာကြောင့် အဲဒီလမ်းပေါ်သွားလာနေတဲ့ ကားတချို့လည်း လမ်းကြားတွေထဲကနေပတ်မောင်းသွားရတယ်လို့ အင်းစိန်ထောင်အနီးနေထိုင်သူတွေကပြောကြပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံရသူရှိမရှိနဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်သိရဖို့ မော်ကွန်းအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ မနှစ်က အောက်တိုဘာ ၁၉ ရက်တုန်းကလည်း အင်းစိန်ထောင်ရှေ့ ထောင်ဝင်စာပို့တဲ့နေရာမှာ […]
ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၇ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး သုံးရက်ဆက်တိုက် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး နမ္မတူမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေ၊ ရဟတ်ယာဉ်တွေအသုံးပြုကာ ပစ်ခတ်နေတာဖြစ်ပြီး မြို့တွင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေလည်း ရှိနေတာပါ။ TNLA ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ နမ့်ခမ်းနဲ့ မန်တုံမြို့တို့ကို သိမ်းပိုက်ထိမ်းချုပ်ထားပြီး မန်တုံမြို့နဲ့ တစ်ဆက်တည်းရှိတဲ့ နမ္မတူမြို့က စစ်ကောင်စီစခန်းကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။ စစ်ကောင်စီတပ်ကလည်း မြို့မကျရေးအတွက် လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ မြို့တွင်းပိတ်မိနေတဲ့ ဒေသခံတွေဟာ မိမိအိမ်ခြံဝန်းတွေအနီးမှာ ကတုတ်ကျင်းတွေတူးကာ ဗုံးခိုနေကြရတယ်လို့ ပိတ်မိနေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."