သတင်းများ

ရန်ကုန်မြို့မှာ ပုံမှန်ထက် လူအသွားအလာကျဲပါး

February 1, 2024

ရန်ကုန်- ၂၀၂၄ ဖေဖော်ဝါရီ ၁ (မော်ကွန်း) စစ်အာဏာသိမ်းမှု သုံးနှစ်မြောက်နေ့ဖြစ်တဲ့ အသံတိတ်သပိတ်နေ့မှာ ရန်ကုန်မြို့လယ်မှာ လူသွားလူလာ ပုံမှန်ထက် ပိုကျဲသွားပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ဈေးတွေ ဆိုင်ခန်းတွေ ပုံမှန်အတိုင်းဖွင့်လှစ်ထားပေမယ့် မြို့လယ်ခေါင်မှာ လူအသွားအလာ ကျဲသွားတယ်လို့ ရန်ကုန်မြို့တော်ခန်းမအနီးက ဈေးသည်တစ်ဦးက ပြောပါတယ်။ “သွားတဲ့လူတွေတော့ သွားလာနေကြတာပါ။ အရင်ပုံမှန်ထက်တော့ နည်းနည်းပါးသွားတယ်။ အပြင်မထွက်ကြဘူးထင်တယ်” လို့ ၎င်းဈေးသည်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေက ဒီနေ့မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှု ပြုလုပ်ဖို့ နှိုးဆော်ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ရန်ကုန်မြို့လယ်က အစိုးရရုံးတွေနဲ့ လမ်းဆုံတွေ၊ ခုံးကျော်တံတားတွေအနီးမှာ အများအပြား လုံခြုံရေးယူထားတာ တွေ့မြင်ရပါတယ်။ ပြည်သူတွေအနေနဲ့ ရုံးနဲ့ဆိုင်ခန်းတွေ မပိတ်ဘဲ အဖြူရောင်လှုပ်ရှားမှုနဲ့အသံတိတ်သပိတ် (White Campaign) အဖြစ် အင်္ကျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် […]

အပြည့်အစုံဖတ်ရန်

NUG ရဲ့ကမ်းလှမ်းချက် စစ်ကောင်စီလက်ခံနိုင်ဖွယ်မရှိ

January 31, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၃၁ (မော်ကွန်း) စစ်တပ်က နိုင်ငံရေးမှာပါဝင်မှုကို အဆုံးသတ်ရင် တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကမ်းလှမ်းချက်ကို စစ်ကောင်စီက လက်ခံနိုင်ဖွယ်မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းထားတာကို ဖယ်ရှားပြီး နိုင်ငံရေးကနေ နောက်ဆုတ်ရေးအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအ‌ ခြေခံဥပဒေ အပြီးတိုင်ဖျက်သိမ်းရေး၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းရေး စတဲ့အချက်တွေပါဝင်တဲ့ နွေဦးတော်လှန်ရေး ဘုံသဘောထား ရပ်တည်ချက်ကို NUG က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ မနက်ဖြန် ဖေဖော်ရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းတာ သုံးနှစ်မြောက်နေ့ဖြစ်ပြီး အဲ့ဒီသုံးနှစ်မပြည့်ခင် တစ်ရက်အလိုမှာ NUG က […]

အပြည့်အစုံဖတ်ရန်

မိုးမိတ်မြို့ကို စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်လာပြီး နေအိမ်တွေမီးရှို့ကာ လူတွေကိုဖမ်းဆီးနှိပ်စက်နေ

January 31, 2024

မိုးမိတ်-၂၀၂၄ ဇန်နဝါရီ ၃၁ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို စစ်ကောင်စီတပ်တွေပြန်ထိန်းချုပ်ပြီးနောက် ဒေသခံတွေရဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေခိုးယူတာနဲ့ ဖမ်းဆီးတာတွေလုပ်ဆောင်နေတာကြောင့် မိုးမိတ်မြို့ခံတွေ မြို့ထဲကို ပြန်မဝင်ရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့ကို KIA၊ ABSDF နဲ့ PDFပူးပေါင်းတပ်ဖွဲ့တွေက အခုလ ၁၈ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၅ ရက်မှာ ပြန်ဆုတ်ခွာသွားခဲ့တာပါ။ KIA ပူးပေါင်းတပ်တွေပြန်ဆုတ်ခွာပြီး နှစ်ရက်အကြာမှ စစ်ကောင်စီတပ်ဟာ မိုးမိတ်မြို့တွင်းကို ပြန်ဝင်ရောက်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “လူတွေလည်းပစ်တယ်၊ ဖမ်းတယ်၊ အိမ်တွေလည်းဖောက်တယ်။ ကုန်စုံဆိုင်တွေ ဖုန်းဆိုင်တွေဆိုလည်း စစ်ဖြစ်မယ်မထင်တော့ ကြိုမပြင်ထားလိုက်ရဘူး။ ပစ္စည်းတွေအများကြီးကျန်တာ။ အဲဒါတွေဖောက်ပြီး ပစ္စည်းတွေယူ၊ တန်ဖိုးရှိတာတွေအကုန်ယူနေကြတာ။ အခုက အိမ်တွေကို ဒီတိုင်းသက်သက်မီးလိုက်ရှို့နေတာ” လို့ မိုးမိတ်မြို့ခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမိတ်မြို့ လက်ခုတ်တန်းရပ်ကွက်က ဒေသခံတွေရဲ့ […]

အပြည့်အစုံဖတ်ရန်

အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှုမှာပါဝင်သူတွေကိုအရေးယူဖို့ စစ်ကောင်စီပြင်ဆင်

January 31, 2024

ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၃၁ (မော်ကွန်း) မနက်ဖြန်ကျရောက်မယ့် ဖေဖော်ဝါရီ ၁ ရက် နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ရပ်ကွက်ရုံးစာရေးတချို့က မော်ကွန်းကိုပြောပါတယ်။ “ရပ်ကွက်ရုံးတွေကိုမှာထားတာ၊ သပိတ်မှာပါတဲ့ဆိုင်တွေ၊ ပိတ်ထားတဲ့ဆိုင်တွေမှတ်ထားဖို့နဲ့ အင်္ကျီအဖြူဝတ်ထားတာ၊ ခေါင်းစည်း၊ လက်ပတ်အဖြူစည်းထားတဲ့သူတွေတွေ့ရင် သတင်းပေးဖို့ပြောထားတယ်။ သပိတ်မှာပါတဲ့သူတွေ အကြမ်းဖက်အားပေးမှုနဲ့ တရားစွဲအရေးယူမယ်ပြောတယ်။ မြို့ထဲနဲ့ ရပ်ကွက်တွေထဲမှာ အရပ်ဝတ်တွေနဲ့ ကင်းပတ်မယ်လို့လည်းကြားတယ်” လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ သပိတ်မှာပါဝင်သူတွေကို အရေးယူဖမ်းဆီးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်တပ်ထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာပါ လှုံ့ဆော်နေကြတာပါ။ စစ်ကောင်စီတပ်တွေနဲ့ထောက်ခံသူတွေက သပိတ်မှာပါဝင်သူတွေကို ဖမ်းဆီးအရေးယူဖို့လုပ်ဆောင်နေပေမယ့် တက်နိုင်တဲ့ဘက်ကနေ ပုံစံမျိုးစုံနဲ့ ပါဝင်သွားမယ်လို့ ရန်ကုန်မြို့ခံအများစုက ပြောပါတယ်။ တောင်ဥက္ကလာမြို့နယ်အတွင်းမှာ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူတစ်ဦးကတော့ “ဆိုင်ကတော့ဖွင့်ထားမှာပါ။ မနက်ဖြန်ပိတ်လိုက်ရင် သူတို့ကမှတ်ထားပြီး […]

အပြည့်အစုံဖတ်ရန်

ဆီဆိုင်မြို့ကနေ PNLA တပ်တွေပြန်လည်ဆုတ်ခွာ၊ စစ်ကောင်စီပြန်ဝင်ရောက်ထိန်းချုပ်

January 30, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၃၀ (မော်ကွန်း) ဆီဆိုင်မြို့က PNLA သိမ်းထားတဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၄၂၃၊ နဲ့ ၄၂၄ တပ်ရင်းနှစ်ခုကနေ PNLA တပ်တွေ ဒီနေ့မနက်ပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ PNLA တပ်ဖွဲ့ဟာ ယခုလ ၂၄ ရက်က ဆီဆိုင်မြို့က မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေအပါအဝင် ခြေမြန်တပ်ရင်း ခမရ ၄၂၃ နဲ့ ၄၂၄ ကိုသိမ်းပိုက်ခဲ့ပြီး ဆီဆိုင်မြို့ကိုထိန်းချုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာပြီး ဆီဆိုင်မြို့တွင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေလည်း မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၄၂၃ နဲ့ ၄၂၄ တပ်ရင်းတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်အထိုင်ချထားတယ်လို့ […]

အပြည့်အစုံဖတ်ရန်

စစ်သင်တန်းပေးထားပြီးသူအားလုံး ပအိုဝ်းပြည်သူ့စစ်ဆီမှာ စစ်မှုထမ်းရမယ်

January 30, 2024

ဆီဆိုင် – ၂၀၂၄ ဇန်နဝါရီ ၃၀ (မော်ကွန်း) အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းဌာနအသွင်ပြောင်းပြည်သူ့စစ် (PNO/PNA) က သူပေးထားတဲ့ စစ်သင်တန်းတွေမှာ တက်ရောက်ထားသူအားလုံး စစ်မှုထမ်းရမယ်လို့ မနေ့က အထူးဒေသ (၆) သတင်းစာမျက်နှာကနေ ထုတ်ပြန်ပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ဝင်ရောက်တိုက်ခိုက် မသိမ်းပိုက်မီကတည်းက ပအိုဝ်းပြည်သူ့စစ်(PNO/PNA) ဟာ မဲနယ်တောင်တကြောနဲ့ ဒေသတချို့မှာ ဒေသခံအရပ်သားပြည်သူတွေကို စစ်သားစုဆောင်းနေခဲ့တာပါ။ ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဝန်းကျင်မှာလည်း ဆင်းရဲနွမ်းပါးတဲ့ ပအိုဝ်းပြည်သူတွေဆီကနေ စစ်အသုံးစရိတ်အကြောင်းပြပြီး ဆက်ကြေးတွေ မထည့်မနေရလည်း ကောက်ခံခဲ့ပါသေးတယ်။ မနေ့က ပအိုဝ်းပြည်သူ့စစ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မျိုးချစ်စိတ်ဓါတ်ရှိတဲ့သူတွေဖြစ်ဖို့၊ မိမိဒေသကို ကာကွယ်ဖို့နဲ့ ရန်သူကိုတိုက်ထုတ်ဖို့ဆိုပြီး အသက် ၁၈ ကနေ ၃၅ နှစ်ထိ လူငယ်၊ […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူမြို့ပေါ်ကို အင်အားရာချီရှိတဲ့စစ်ကောင်စီတပ်ဝင်ရောက်လာ၊ ဒေသခံထောင်ချီထွက်ပြေးနေရ

January 30, 2024

ကန့်ဘလူ-၂၀၂၄ ဇန်နဝါရီ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားဝင်ရောက်လာပြီးနောက် ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက ကျေးရွာတွေကို နေ့စဉ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်ချီတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အားရာချီရှိနိုင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကန့်ဘလူမြို့ပေါ်ကို အခုလ ၂၆ ရက်က ဝင်ရောက်လာတာဖြစ်ပြီး စစ်တပ်ထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။ “သူတို့အင်အားကအတော်များတယ်။ အလုံးအရင်းနဲ့ ရွာတွေထဲ ဝင်စီးနိုင်တယ်။ ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် တချို့လည်း နီးစပ်ရာနေရာတွေကို ကြိုရှောင်ကုန်ကြတာ” လို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ မြို့ပေါ်ရောက်ပြီးချိန်ကစလို့ သပြေသာ၊ ဇီးကုန်း၊ ပျဉ်းတော် စတဲ့ရွာတွေ စီးနင်းခံခဲ့ရပါတယ်။ ဒီနေ့မနက်ပိုင်းကလည်း ထန်းကုန်းတိုက်နယ်အတွင်းက ဇီးဖြူကုန်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား တစ်ရာကျော်ပါတဲ့ စစ်ကြောင်းက စီးနင်းခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ […]

အပြည့်အစုံဖတ်ရန်

YBS ယာဉ်စီးခ ၁၀၀ ကျပ်တိုးမြှင့်ကောက်

January 30, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၃၀ (မော်ကွန်း) ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို ၁၀၀ ကျပ် ထပ်မံ တိုးမြှင့်ကောက်ခံလာတယ်လို့ YBS စီးနင်းသူတွေကပြောပါတယ်။ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းအောက်မှာရှိတဲ့ YBS 12၊ 13၊ 14၊ 25၊ 30၊ 38၊ 55၊ 117 နဲ့ 128 စတဲ့ ယာဉ်လိုင်းတွေကတော့ ဒီနေ့မနက်ပိုင်းကစပြီး ယခင်ဂိတ်စဂိတ်ဆုံး ၃၀၀ ကျပ်အစား ၄၀၀ ကျပ်ကို ပြောင်းလဲကောက်ခံနေပြီလို့ အဲ့ဒီယာဉ်လိုင်းက ထုတ်ပြန်ထားပါတယ်။ အဆိုပါ ယာဉ်လိုင်းတွေအပါအဝင် ယခင်က ၃၀၀ ကျပ်ပေးရတဲ့ ယာဉ်လိုင်းတွေ အကုန်လုံးက ဒီနေ့မနက်ပိုင်းမှာ ၁၀၀ ကျပ်တိုးကောက်နေတာလို့ YBS 25 ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ “အရင်က […]

အပြည့်အစုံဖတ်ရန်

ဆီဆိုင်မြို့က စစ်ရှောင်နေအိမ်တွေ ဖောက်ထွင်းခံနေရ

January 29, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၉ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့က စစ်ဘေးရှောင်သွားလို့ လူမရှိတော့တဲ့နေအိမ်တွေကို အခုရက်ပိုင်းအတွင်းမှာ ဖောက်ထွင်းခိုးမှုတွေ ရှိလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ဆီဆိုင်မြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်နဲ့ PNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာပါ။ ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ ကောင်းမှုဗွာ၊ နမ့်ဩ၊ ထီတမောင်း၊ ပင်စုံနဲ့ ဆိုက်ခေါင်စံပြကျေးရွာတို့က ဒေသခံတွေနဲ့ ကရင်နီဒေသက ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေ အပါအဝင် စုစုပေါင်း ဒေသခံ တစ်သိန်းနီးပါးဟာ စစ်ဘေးလွတ်ရာ ဒေသတွေကို ထွက်ပြေးနေကြရတာပါ။ ဆီဆိုင်မြို့က စစ်ဘေးရှောင်တစ်ဦးကတော့ အခုရက်ပိုင်းအတွင်း သူတို့စစ်ဘေးရှောင်နေရတဲ့ ကာလအတွင်း နေအိမ်ဖောက်ထွင်းခံလိုက်ရပြီး ဆိုင်ကယ်ခိုးယူခံလိုက်ရတယ်လို့ ပြောပါတယ်။ နေအိမ်ထဲက ပစ္စည်းတွေ […]

အပြည့်အစုံဖတ်ရန်

ကရင်မှာလည်း ‌ရဟတ်ယာဉ်ကိုပစ်ချပြီ

January 29, 2024

 ဒူးပလာယာ -၂၀၂၄ ဇန်နဝါရီ ၂၉ (မော်ကွန်း) ကေအဲန်ယူတပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်မြို့သစ်အနီးမှာ ဒီကနေ့ မွန်းလွဲပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ချလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။ ပစ်ချခံရတဲ့ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် လေတပ်ရဲ့ ၇၄ နှစ်မြောက် တပ်နေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်လာရောက်ကာ တပ်တော်ဝင်ထားတဲ့ ရဟတ်ယာဉ်နဲ့ ပုံစံတူညီပါတယ်။ လတ်တလော သင်္ဃန်းညီနောင်မှာ ပစ်ချခံရတဲ့အထဲ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် သေဆုံးသူတွေရှိနေတယ်လို့ သိထားရပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေကတော့ တိတိကျကျ မပြောဆိုသေးပါဘူး။ ပုံစာ – ပစ်ချခံရတဲ့ ရဟတ်ယာဉ်နဲ့ စစ်ခေါင်းဆောင်တပ်တော်ဝင်ခဲ့တဲ့ရဟတ်ယာဉ် ဓါတ်ပုံ – Supplied / အာဏာသိမ်းစစ်တပ် Website

အပြည့်အစုံဖတ်ရန်

ရန်ကုန်တိုင်း PDF ကို NUG က လက်နက်တပ်ဆင်ပြီးနောက် အစစ်အဆေးပိုမိုတင်းကြပ်လာ

January 29, 2024

ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၂၉ (မော်ကွန်း) အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရန်ကုန်တိုင်း PDF တပ်ရင်း (၅၁၀၁)ကို အခုလ ၂၅ ရက်က လက်နက်တပ်ဆင်ပြီးနောက် ရန်ကုန်မြို့တွင်းနဲ့ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်တွေ အရင်ကထက် အစစ်ဆေးပိုတင်းကြပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။ “လက်နက်တပ်တဲ့သတင်းထွက်ပြီးနောက်တစ်ရက် ပန်တိုင်ဂိတ်မှာ အရင်ကထက်ပိုစစ်တယ်။ ညနေပိုင်းပိုစစ်တာ။ အဲဒီနေ့က ပန်တိုင်ကနေ ဆားမလောက်ထိ ကားပိတ်တာ။ ကားပေါ်က ပစ္စည်းတွေပါအကုန်ချပြီးစစ်တယ်။ ခရီးသွားကားတွေဆိုလည်း လူတွေလမ်းဆင်းလျှောက်ပြီး မှတ်ပုံတင်ပြရတယ်”လို့ ကားသမားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှစပြီး ရန်ကုန်မြို့အဝင်အထွက်ဂိတ်တွေမှာ အိမ်စီးကားရော ကုန်ကားတွေပါတစ်စီးချင်းစစ်ဆေးတာကြောင့် အဲဒီဂိတ်တွေမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရတယ်လို့ ကားသမားတွေက ပြောပါတယ်။ “ပန်တိုင်ဂိတ်မှာ ကားတန်းရှည်နေတယ်ကြားလို့ တွံတေးဘက်ကနေဝင်တာ။ အဲဒီမှာလည်း ကားပိတ်တာပဲ။ တစ်စီးချင်သေချာစစ်နေတာ။ ကျွန်တော်တို့ကားပေါ်က ပစ္စည်းတွေကိုလည်း ဖွင့်ပြခိုင်းတယ်။ တစ်ခုချင်းပြနေတာနဲ့ […]

အပြည့်အစုံဖတ်ရန်

ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်၊ စစ်ရှောင်တစ်သိန်းနီးပါးထွက်ပြေးနေရ

January 26, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၅ (မော်ကွန်း) ရှမ်းပြည်နယ်၊တောင်ပိုင်း ဆီဆိုင်မြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေနဲ့ ကရင်နီစစ်ရှောင် စုစုပေါင်းတစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲ့ဒီစစ်ဘေးရှောင်တွေကို ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ ကောင်းမှုဗွာ၊ နမ့်ဩ၊ ထီတမောင်း၊ ပင်စုံနဲ့ ဆိုက်ခေါင်စံပြကျေးရွာတို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။ ဆီဆိုင်မြို့မှာ ကရင်နီဒေသက ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်သုံးသောင်းနီးပါး အပါအဝင် ဒေသခံတစ်သိန်းနီးပါးဟာ နီးစပ်ရာတောတောင်တွေနဲ့ စစ်ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရပြီး မြို့တွင်းမှာလည်း ပိတ်မိနေသူတွေရှိတယ်လို့ သူက ပြောပါတယ်။ “ပြေးရတာတော့အစုံပဲ ခြေဦးတည့်ရာ ပြေးရတာပဲ။ တောင်ကြီးမြို့ကို ပြေးတဲ့သူတွေရှိတယ်၊ တောထဲကို ပြေးတဲ့သူတွေရှိတယ်။ အချို့လည်း […]

အပြည့်အစုံဖတ်ရန်
1 … 75 76 77 78 79 80 81 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."