ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၂ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်စောင့်ကြည့်မှုတွေ ရှိနေပေမယ့် စစ်ကိုင်းတိုင်း၊ ကလေးမြို့က တော်လှန်ရေးပင်မသပိတ်ကတော့ ဒီကနေ့ထိ ပျက်ရက်မရှိဘဲ ၃၁၈ ရက်တိုင် လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်နေတဲ့ မြင်ကွင်းပါ။ ကလေးမြို့ ပင်မသပိတ်ရဲ့ ဒီကနေ့ဆောင်ပုဒ်ကတော့ ” ငါတို့ပြည်သူတွေရဲ့ပြင်းပြတဲ့ညီညွတ်မှုမျိုးနဲ့ဆို ဘယ်လိုမတရားမှုမျိုးကကြာကြာ ကြီးစိုးမိုးနိုင်မှာလဲ”ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၂၂ (မော်ကွန်း) ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ လေးလရှိလာပေမယ့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်ကတော့ နေ့စဉ်လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်နေတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၂၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ကို တော်လှန်ဆန့်ကျင်နေသူတွေဟာ အကြမ်းဖက်သမားတွေဖြစ်ပြီး ပြည်သူတွေအနေနဲ့ လက်နက်တွေရှိရင် သူတို့ဆီကို လာအပ်ပေးဖို့ စစ်ကောင်စီက ရန်ကုန်မြို့တွင်းမှာ လိုက်လံကြေညာနေရပြန်ကြောင်း မြို့ခံတွေဆီက သိရပါတယ်။ CRPH နဲ့ NUG တို့ဟာ တရားမဝင် အကြမ်းဖက်အဖွဲ့တွေဖြစ်ကြောင်း၊ ပြည်သူလူထုရဲ့ မသိ နားမလည်မှုအပေါ်မှာ အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်ထုတ်နေတာဖြစ်ကြောင်း အသံချဲ့စက်ကို ကားပေါ်တင်ကာ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံအော်ဟစ်နေတာဖြစ်တယ်လို့ မြို့တွင်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။ အသံချဲ့စက်တင်ထားတဲ့ ကားပေါ်မှာ သေနတ်တွေ အသင့်ကိုင်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့တပ်သားတွေဟာ လမ်းထဲဝင်လာပြီဆိုရင် တိုက်တွေပေါ်ကို အလွတ်မပေးဘဲ လိုက်ကြည့်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင် အသံချဲ့စက်တင်ထားတဲ့ကားရဲ့ အရှေ့နဲ့ အနောက်မှာ စစ်ကောင်စီအဖွဲ့လက်အောက်ခံ ရဲနဲ့ စစ်သားတွေဟာ ကားတွေနဲ့ လိုက်ပါလာတယ်လို့ […]
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၁ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီဟာ ကရင်ပြည်နယ်ကို ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတဲ့အပေါ် ပြည်သူတွေအနေနဲ့ အသံမတိတ်ဖို့ ကလေးမြို့ ပင်မသပိတ်က ဒီကနေ့ ဆော်ဩထားပါတယ်။ “တောင်တန်းကဖားစည်သံမတိတ်ဖို့ မြေပြန့်မှာသံပုံးတီးကြစို့” ဆောင်ပုဒ်နဲ့အတူ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်လာတာ ဒီကနေဆိုရင် ရက်ပေါင်း ၃၁၇ ရက်ရှိလာပါပြီ။ အာဏာသိမ်းစစ်ကောင်စီကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေအပါအဝင် နေရာတော်တော်များများကို လေကြောင်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာပါ။ ဒီလို တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွါ ထွက်ပြေးနေရပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၂၁ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်တာနက် ဖြတ်တောက်ထားတာ လေးလရှိလာပါပြီ။ စစ်ကောင်စီဟာ ဒီလို သတင်းအချက်အလက် ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက် ကျူးလွန်ထားပေမယ့် ဖားကန့်မြို့ ပြည်သူတွေကတော့ နေ့စဉ် ဆန္ဒပြနေဆဲပါ။ အာဏာသိမ်းစစ်ကောင်စီဟာ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းဒေသတွေ အပါအဝင် နေရာတော်တော်များများကို လေကြောင်း ထိုးစစ်ဆင်နေပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ထိုးစစ်ဆင်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွါ ထွက်ပြေးနေကြရပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁၉ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ လမ်းမပေါ်တက် ဆန္ဒပြတာ ပျက်ရက်မရှိဘဲ ဒီကနေ့ဆိုရင် ၃၁၅ ရက်ရှိလာပါပြီ။ ဒီကနေ့မှာလည်း “ထောင်ထဲက ရဲဘော်တွေထိလည်း ငါတို့နာတယ် တောင်တန်းကိုထိလည်း ပြည်မကနာတယ်” ဆောင်ပုဒ်နဲ့အတူ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်း – ၂၀၂၁ ဒီဇင်ဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမိသားစုနဲ့ သတင်းပေးတွေ သုတ်သင်ရှင်းလင်းခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေ ၇:၀၀ နာရီဝန်းကျင်က စစ်ကိုင်းမြို့ ပြည်တော်သာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးအပါအဝင် ၎င်းရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ဟာ နေအိမ်အတွင်းမှာပဲ ဓားဖြင့်ဝင်ရောက်အခုတ်ခံရကြောင်း ဒေသခံက ပြောပါတယ်။ ဇနီးဖြစ်သူသေဆုံးပြီး အုပ်ချုပ်ရေးမှူးနဲ့သမီးဖြစ်သူတို့လည်းဓားဒဏ်ရာများရရှိသွားလို့ မန္တလေးဆေးရုံကြီးပို့ကာဆေးကုသမှူခံယူနေကြောင်း ဒေသခံက ပြောပါတယ်။ “သူတို့အိမ်က လွန်ခဲ့တဲ့သုံးလလောက်ကလည်း တစ်ခါဗုံးအပစ်ခံရဖူးသေးတယ်။ အဲဒီတုန်းက ဘာမှဖြစ်မသွားဘူး။အခုနောက်တစ်ကြိမ်ထပ်ဖြစ်တာ။” လို့ ဒေသခံက ပြောပါတယ်။ ဒီဖြစ်ရပ်အပြီး ပြည်တော်သာကျေးရွာက ရွာသူရွာသားတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စစ်ကောင်စီတပ်တွေ ရွာထဲဝင်ရောက်ဖျက်ဆီးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ ဒါ့အပြင် မနေ့ည ည ၉:၀၀နာရီအချိန်ဝန်းကျင်က စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာမှာနေတဲ့ စစ်ကောင်စီသတင်းပေး အမျိုးသားနှစ်ဦး သုတ်သင်ရှင်းလင်းခံရကြောင်း […]
စစ်ကိုင်း – ၂၀၂၁ ဒီဇင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပြည်တော်သာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမိသားစု ရှင်းလင်းခံရလို့ စိုးရိမ်ပြီး ဧရာဝတီမြစ်တစ်ဘက်ကမ်း ထွက်ပြေးနေတဲ့ ရွာသူရွာသားလေးဆယ်ကျော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇:၀၀ နာရီဝန်းကျင်က စစ်ကိုင်းမြို့ ပြည်တော်သာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်မောင်စိုးအပါအဝင် ဇနီးနဲ့သမီးဖြစ်သူတို့ဟာ နေအိမ်အတွင်းမှာပဲ ဓားနဲ့အခုတ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှူးနဲ့သမီးဖြစ်သူတို့လည်း ဓားဒဏ်ရာများရရှိသွားလို့ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။ ပြည်တော်သာရွာက ရွာသူရွာသားတွေလည်း စစ်ကောင်စီတပ်တွေလာရောက်သောင်းကျန်းမှာ စိုးရိမ်တဲ့အတွက် ဧရာဝတီမြစ်တစ်ဖက်ကမ်းက တောထဲ သွားရောက်ပုန်းခိုခဲ့ကြရပါတယ်။ မနေ့ညနေပိုင်းမှာတော့ သတင်းပေးတွေကြောင့် ပုန်းခိုနေတဲ့ ကလေး၊ လူကြီးအယောက်လေးဆယ်ကျော်ကို ငါန်းဇွန်ရဲစခန်းကနေ ဖမ်းဆီးသွားကြောင်း ဒေသခံက ပြောပါတယ်။ […]
ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာမှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်လို့ တိမ်းရှောင်နေရတဲ့ရွာသူရွာသားများ အကူအညီတွေလိုအပ်နေကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ မနေ့က ရေဦးမြို့နယ် ရေမျက်ရွာကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ကျေးရွာအတွင်း လူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။ ကျေးရွာနေပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရာသီဥတုအေးလွန်းတဲ့ကာလဖြစ်တာကြောင့် စောင်၊ အနွေးထည်၊ အရေးပေါ်တဲများ လိုအပ်နေပြီး စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံတွေ့နေရကြောင်း ဒေသခံကပြောပါတယ်။ မတိမ်းရှောင်နိုင်လို့ ရွာထဲကျန်ခဲ့တဲ့သူတချို့လည်း ဒဏ်ရာများရထားကြပြီး အပြင်ထွက် ဆေးကုသခွင့်မရဘဲ ဒုက္ခရောက်နေကြောင်း ဒေသခံက ပြောပါတယ်။ “အိမ်တွေကတော့ဘယ်လောက်ပျက်စီးတယ်မသိရသေးဘူး။ မီးခိုးလုံးတွေက ဆယ်မိုင်ဝန်းကျင်လောက်ကကိုမြင်ရတယ်။ ရွာထဲပိတ်မိနေတဲ့သူတွေလည်းရှိနေတယ်”လို့ ရေဦးဒေသခံတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၉ရက်နေ့ နံနက်ပိုင်းကလည်း ရေဦးမြို့နယ် […]
မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၂၀ (မော်ကွန်း) မန္တလေးမြို့မှာ ကျောက်သမားတွေ ရာချီအရောင်းအဝယ်ပြုလုပ်နေတဲ့ နှစ်နေရာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ကျောက်သမားအများအပြား ဖမ်းဆီးခံရကြောင်း မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မွန်းတည့် ၁၂:၀၀ နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၄၃လမ်းနဲ့ ၄၄ လမ်းကြားမှာရှိတဲ့ ကျောက်သမားတွေလာရောက်အရောင်းအဝယ်ပြုလုပ်ကြတဲ့ နာမည်ကြီးကျောက်မျက်ကုမ္ပဏီတစ်ခုကို အချုပ်ကားလေးစီး၊ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံက ပြောပါတယ်။ အလားတူ ၁၅ လမ်း ၈၇လမ်းက ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတွေကိုလည်း ဖမ်းဆီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။ “အချုပ်ကားလေးစီးလားငါးစီးလား အပြည့်တင်သွားတယ်လို့ပြောတယ်။ အိုးဘိုထောင်ခေါ်သွားပြီလို့လည်းပြောတယ်။ မိသားစုဝင်တွေကတော့ အိုးဘိုထောင်ဘက် လိုက်ဖို့လုပ်နေတယ်”လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။ ၈၄လမ်း ကျောက်အရောင်းအဝယ်ပြုလုပ်တဲ့နေရာကို ဝီချက်ဝိုင်းလို့လည်း အသိများကြပြီး […]
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်တွေရဲ့ လိုက်လံ စောင့်ကြည့် တင်းကြပ်မှုတွေရှိနေပေမယ့် ပင်မသပိတ်ကတော့ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပျက်ရက်မရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်ဟာ ဒီကနေ့ဆို ရက်ပေါင်း ၃၁၆ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ဂန့်ဂေါနယ် – ၂၀၂၁ ဒီဇင်ဘာ ၂၀ (မော်ကွန်း) ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့ရာမှာ ကြည်းတပ်တွေအပြင် လေတပ်တွေပါ ပါဝင်ခဲ့ပြီး သေဆုံးခဲ့တဲ့ ပြည်သူ့အလောင်းတွေကို သုံးရက်အကြာမှ ကောက်ယူနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပြည်သူကိုးဦး သေဆုံးခဲ့ရပြီး တစ်ဦးဟာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက နှစ်ယောက်ဟာ စစ်ကောင်စီတပ်တွေ ရဟတ်ယာဉ်နဲ့ ဝင်ရောက်လာချိန်မှာ လယ်ထဲ ကောက်လှိုင်းဆွဲနေတဲ့ ညီအစ်ကိုနှစ်ဦးဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ “ကောက်လှိုင်းဆွဲနေတဲ့ ညီအစ်ကို နှစ်ယောက် သူတို့ကိုဖမ်းပြီး ကြိုးတုပ်ပြီး စစ်ကောင်စီကောင်တွေက နားထင်ကို တေ့ပြီး ခေါက်ချိုးသေနတ်(Short Gun) လိုမျိုးနဲ့ ပစ်သတ်ခဲ့တာဗျ” လို့ သူတို့ တွေ့မြင်ခဲ့ရတဲ့ ရုပ်အလောင်းတွေရဲ့ အခြေအနေကို သတင်းရင်းမြစ်က […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."