သတင်းများ

လေကြောင်းတိုက်ခိုက်ခံရသည့် ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းရွာများ အလောင်းမကောက်နိုင်သေး၊ ရွာအတွင်း ပိတ်မိနေသူများ ကျန်ရှိနေကာ စားနပ်ရိက္ခာ စတင်ပြတ်လပ်

December 25, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၅ (မော်ကွန်း) ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က ကလေးမြို့ နတ်ချောင်းရွာကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က လေကြောင်းကနေ ပစ်ခတ်၊ တိုက်ခိုက်၊ ကျူးလွန်ခဲ့တဲ့အပြင် ကျေးရွာအတွင်း ဖမ်းဆီး သတ်ဖြတ်မှုတွေ လုပ်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့ပြီး အခုအချိန်ထိ အလောင်းတွေ ကောက်လို့ မရသေးကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ “ရွာထဲကမှာကို အရပ်ဝတ်တွေနဲ့ ပတ်နေတာ ထွက်လာတဲ့ ပြည်သူမှန်သမျှ အကုန်ပစ်တယ်။ လမ်းမပေါ်မှာ အဲဒီနေ့က သေဆုံးသွားတဲ့ အမျိုးသမီးငယ်ရဲ့ အလောင်းကိုလည်း ခုထိ ကောက်လို့မရသေးဘူး။ လမ်းမပေါ်မှာ အလောင်းတွေကျန်သေးတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်အပြီး နောက်ရက်တွေမှာ ထပ်မံသေဆုံးသူတွေရှိပြီး အလောင်းကောက်ဖို့ လာတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက […]

အပြည့်အစုံဖတ်ရန်

❝ ဘယ်မြို့ကိုထိထိ ငါတို့ရင်ဘတ်ထဲမှာနာတယ်။ ငါတို့ရဲ့တော်လှန်ရေး အရှိန်အဟုန် ဘယ်တော့မှ ရပ်တန့်မသွားဘူး❞ ဆိုတဲ့ “မန္တလေးအင်ဂျင်နီယာများအဖွဲ့”

December 25, 2021

မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၂၅ (မော်ကွန်း) ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အပါအဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်၊မီးရှိူ့၊ အကြမ်းဖက်နေမှုတွေအတွက် မန္တလေးအင်ဂျင်နီယာများအဖွဲ့က ဒီကနေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ နေ့လယ်ခင်းမှာ မန္တလေးမြို့က အင်ဂျင်နီယာများသပိတ်စစ်ကြောင်းဟာ မြို့တွင်းလမ်းမတွေထက် တက်ကာ စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြပါတယ်။ အခက်အခဲအတားအဆီးအမျိုးမျိုးကြားကနေ ယုံကြည်ချက်အပြည့်နဲ့ ကျရာနေရာကနေ ရဲရဲဝံ့ဝံ့ လာရောက်ပူးပေါင်းတော်လှန်ခဲ့ကြတဲ့ MEG အဖွဲ့သားများနဲ့ ဝန်းရံပြည်သူများအားလုံးကို ကျေးဇူးတင်လေးစားကြောင်း Mandalay EngineersGroup က အသိပေးခဲ့ပါတယ်။ ဓာတ်ပုံ – Poison #Dailynews

အပြည့်အစုံဖတ်ရန်

ရွာကို ဖျက်ဆီးပြီးပြန်လာတဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ အပြန်လမ်းမှာ မိုင်းခွဲခံရ

December 25, 2021

ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပေါက်တောကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ နံနက်ပိုင်းက ပေါက်တောကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဟာ မိုင်းနှစ်လုံးအခွဲခံရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ဝိုင်းအပစ်ခံခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ရေဦးပြည်သူ့ကာကွယ်ရေးတပ်နဲ့ မြို့နယ် PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံး မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကြေညာပါတယ်။ ရေဦးမြို့ပတ်ပတ်လည််မှာလည်း စစ်ကောင်စီတပ်တွေဟာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေပါတယ်။ ပေါက်တောကျေးရွာတွင်းမှာလည်း ပျက်စီးမှုတွေ အများအပြားရှိနေကြောင်း ဒေသခံက ပြောပါတယ်။ ရေဦးမြို့နယ်၊ခင်မင်ရွာကိုလည်း ဒီကနေ့နံနက်ပိုင်းကစစ်ကောင်စီအင်အား(၁၀၀)ကျော် ဝင်မွှေ​ခဲ့လို့ ရွာသူရွာသားတွေ တိမ်းရှောင်နေရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်ကောင်စီ အင်တာနက်ဖြတ်ထားတဲ့ ဖားကန့်မြို့က ပင်မသပိတ် လမ်းမပေါ်တက် ဆန္ဒပြ

December 25, 2021

ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၂၀၂၁ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ လေးလကျော်ကြာမြင့်လာပြီဖြစ်ပေမယ့် ပင်မသပိတ်ကတော့ ရပ်တန့်မသွားဘဲ ဆက်လက်ချီတဲ့ ဆန္ဒပြနေတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖိနှိပ် စောင့်ကြပ်နေပေမယ့် ကလေးမြို့ ပင်မသပိတ် ပျက်ရက်မရှိ လမ်းပေါ်တက် ဆန္ဒပြ

December 25, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီက ကျေးရွာတချို့ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်မှာလည်း တင်းကြပ် စောင့်ကြပ်နေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ်ကတော့ လမ်းပေါ်တက် ချီတက် ဆန္ဒပြကြပါတယ်။ ကလေးပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ချီတက် ဆန္ဒပြခဲ့တာ ဒီကနေ့ဆို ၃၂၁ ရက်တိုင် ရှိလာခဲ့ပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

မြို့အနီးအနား တိုက်ပွဲတွေကြားက ကလေးပင်မသပိတ် လမ်းမပေါ်ချီတက် ဆန္ဒပြ

December 24, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၄ (မော်ကွန်း) ကလေးမြို့ အနီးအနားက ရွာတချို့ကို အာဏာသိမ်းစစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ကြားမှာ ပင်မသပိတ်ဟာ ဒီကနေ့ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပျက်ရက်မရှိတဲ့ ကလေးပင်မသပိတ်ဟာ ဒီကနေ့ဆိုရင် သပိတ်တိုက်ပွဲ ဆင်နွှဲလာတာ ရက်ပေါင်း ၃၂၀ ရှိပါပြီ။ ကလေးမြို့ နတ်ချောင်းရွာနဲ့ နတ်မြောင်းရွာတွေကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ထိုးစစ်ဆင်နေတဲ့အပြင် ရဟတ်ယာဉ်တွေနဲ့ပါပစ်ခတ်ခဲ့ပါတယ်။ မနေ့ကလည်း နတ်ချောင်းရွာကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်အပြီး ရွာကိုပါ ထပ်မံမီးရှို့ခံသလို ရွာခံတွေကိုလည်း ဖမ်းဆီးရိုက်နှက်ထားပါသေးတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရဟတ်ယာဉ်နဲ့ပစ်ခတ်ခံရတဲ့ ရေမြက်ရွာ ဒေသခံတွေရဲ့ အလောင်းတွေ ရှာတွေ့၊ စစ်ကောင်စီက ခုတ်ထစ် ပစ်ခတ် သတ်ဖြတ်ထား

December 24, 2021

ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၂၄ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပါပစ်ခတ်ခဲ့တဲ့ ရေဦးမြို့နယ် ရေမြက်ကျေးရွာမှာ လက်တလော ပြည်သူတွေရဲ့ ရုပ်အလောင်း ခုနှစ်လောင်း ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ရုပ်အလောင်းတွေဟာ ရဲဒင်းနဲ့ခုတ်ခံထားရတာတွေပါသလို မီးရှိူ့ခံထားရတာတွေ၊ ဦးခေါင်းကိုသေနတ်နဲ့ပစ်ခံထားရတာတွေလည်းရှိပြီး အမျိုးသမီးအလောင်းတွေလည်းပါဝင်ကြောင်း ဒေသခံများကပြောပါတယ်။ ရေဦးမြို့နယ်၊ ရေမြက်ရွာကို စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၅၃အိမ် မီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ ဒါအပြင် အိမ်စီးကား၊ လုပ်ငန်းသုံးကားနဲ့ ရွာပိုင်လူမှုရေးကားအပါအဝင် ကား၃စီး၊ ဆိုင်ကယ်အစီး ၃၀တို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ယခေါင်နွဲ့အုပ်စု၊ […]

အပြည့်အစုံဖတ်ရန်

သံဃာတွေ အဖမ်းခံရပြီး စစ်ကောင်စီသတင်းပေး လို့ နာမည်ကျော်သူ ရှင်းလင်းခံရ

December 24, 2021

စစ်ကိုင်း – ၂၀၂၁ ဒီဇင်ဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပယ်ငါးဆယ်ရွာမှာ သံဃာသုံးပါး ဖမ်းဆီးခြင်းခံရပြီးနောက် သုံးရက်အကြာ ၎င်းရွာက အုပ်ချုပ်ရေးမှူးဟောင်း သုတ်သင်ရှင်းလင်းခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စစ်ကိုင်းမြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ပါယ်ငါးဆယ်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သလို စစ်ကောင်စီသတင်းပေးလို့နာမည်ထွက်နေတဲ့ ဦးမြင့်ဆွေဆိုသူဟာ ဒီကနေ့နံနက် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းမှာပဲ သေနတ်နဲ့နှစ်ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပယ်ငါးဆယ်ရွာက မကျီးချောင်မှာ သံဃာသုံးပါးကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း စစ်ကိုင်းနယ်ခံတွေက ပြောပါတယ်။ ပစ်ခတ်ခံရသူ အုပ်ချုပ်ရေးမှူးဟောင်းကို နားထင်သို့ သေနတ်နှစ်ချက် ပစ်ခတ် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ သတင်း‌ပေးဒလန် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူကိုသစ္စာဖောက်သည့်လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဆက်လက် ကျူးလွန်နေပါက သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တိမ်ကြားမင်း‌ခေါင်အဖွဲ့မှ […]

အပြည့်အစုံဖတ်ရန်

ရေမြက်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အိမ်တွေကိုပါ စစ်ကောင်စီ မီးဝင်ရှို့သွား

December 23, 2021

ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ရွာမှာ ရဟတ်ယာဥ်နဲ့ပါပစ်ခတ်ခံခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးမီးရှိူ့ခဲ့လို့ အိမ်ပေါင်း ၆၀ ဝန်းကျင်နဲ့ ကား၊ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ရေမြက်ရွာကို စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ယခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု၊တမတောအုပ်စု၊ မကျီးနီအုပ်စု စတဲ့ကျေးရွာအုပ်စုတွေက ပြည်သူအများအပြားလည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။ ရေမြက်ရွာအပါအဝင် ဖျက်ဆီးခံရတဲ့ကျေးရွာတွေထဲမှာ လျှပ်စစ်မီးကြိုးများ ပြတ်ကျနေခြင်းနဲ့ မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်းသို့ လက်တလောမဝင်ကြဖို့နဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ရေဦး PDF တို့က အန္တရာယ်ရှိပစ္စည်းများ […]

အပြည့်အစုံဖတ်ရန်

ကလေးမြို့ နတ်ချောင်းစံပြကျေးရွာကို အာဏာသိမ်းစစ်ကောင်စီ လေကြောင်းကနေပစ်ခတ်တိုက်ခိုက်၊ မြေပြင်က စစ်ကောင်စီအဖွဲ့တွေက မီးထပ်ရှို့

December 23, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ နတ်ချောင်းစံပြကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ပြီး ရွာကိုလည်း စစ်ကောင်စီအဖွဲ့တွေက မီးရှို့နေကြောင်း ဒေသခံဆီက သတင်းရရှိပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ မုံရွာလေတပ်စခန်းကနေ လာတဲ့ စစ်ရဟတ်ယာဉ်တစ်စီးက နတ်ချောင်းရွာကို လာရောက်ကာ စတင် လှည့်ပတ်ပစ်ခတ်ပြီး ကလေးလေယာဉ်ကွင်းကို ဆင်းသက်သွားတယ်လို့ ဒေသခံကဆိုပါတယ်။ ဆင်းသက်သွားပြီး မကြာခင်မှာ ‌ကလေးလေဆိပ်က နောက်ထပ် စစ်ရဟတ်ယာဉ်တစ်စီးက နတ်ချောင်းရွာကို ထပ်မံ ပစ်ခတ်တိုက်ခိုက်တာလို့ ‌သတင်းရင်းမြစ်ကပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မနေ့ကတည်းက နတ်ချောင်းရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တပ်စွဲပြီး မွှေနှောက်ရှာဖွေခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ “သူတို့ လိုချင်တဲ့သူမရတဲ့အခါ အမျိုးသမီးတစ်ဦး လသားပဲရှိသေးတဲ့ ကလေးမိခင်ကို ပါးတွေ နားတွေရိုက်ပြီး သွေးတွေ ချင်းချင်းနီပဲ […]

အပြည့်အစုံဖတ်ရန်

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

December 23, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၃၁၉ ရက်ရှိလာပါပြီ။ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်စောင့်ကြည့်မှုတွေကြားက ဒီကနေ့မှာလည်း လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့မှာ ကလေးမြို့ နတ်ချောင်း စံပြကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ရွာကိုလည်း မီးရှို့ကာ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ပြည်သူတွေလည်းရှိနေပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီနဲ့ပျူစောထီးတွေ ဖမ်းဆီး သတ်ဖြတ်လို့ ဆိတ်ကျောင်းနေသူ လူငယ်တစ်ဦး သေဆုံး

December 23, 2021

ဝက်လက် – ၂၀၂၁ ဒီဇင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးတွေ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်လို့ ဆိတ်ကျောင်းနေတဲ့လူငယ်တစ်ဦးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့မနက်ပိုင်းက အရာတော်မြို့နယ် သလဲဘာရွာနဲ့ ငွေတွင်းရွာက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာအင်အား ၁၀၀ ခန့်နဲ့ နယ်ချင်းဆက်နေတဲ့ ဝက်လက်နယ် လှတွေရွာကို ဝင်ရောက်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ ကျေးရွာထဲကို ပစ်ခတ်စီးနင်းဝင်ရောက်လာတာဖြစ်ပြီး ဆိတ်ကျောင်းနေတဲ့ လူငယ်တစ်ယောက်ကို ဖမ်းဆီးကာ သေနတ်ဒင်တွေနဲ့ ထုရိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆိတ်ကျောင်းလူငယ်ဟာ ခေါင်းနဲ့မျက်နှာမှာ ဒဏ်ရာအများအပြားရရှိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ​ပြောပါတယ်။ “တွေ့တဲ့အချိန်မှာ နှာခေါင်းနဲ့ပါးတစ်ခြမ်းမရှိတော့ဘူးလို့ပြောတယ်”လို့ နယ်ခံတစ်ဦးက ​ပြောပါတယ်။ ဒါအပြင် ပစ်ခတ်မှုကြောင့် နောက်ထပ်ပြည်သူနှစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 208 209 210 211 212 213 214 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."