မုံရွာ-၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော် မုံရွာမြို့က၊ ကန်သာဦးရပ်ကွက်၊ ကန်သာယာရေကန်အနီးမှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးဘေးက ကန်သာယာကုန်စိမ်းဈေးကို လွတ်လပ်ရေးနေ့(မနက်ဖြန်)မှာ ပိတ်ထားဖို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောတဲ့အတွက် ဈေးကို ပိတ်ထားရတယ်လို့ ကန်သာယာဈေးမှာရောင်းချနေတဲ့ ဈေးသည်တစ်ဦးကပြောပါတယ်။ “စစ်သားတွေကပိတ်ခိုင်းတာ။ မနက်ဖြန်တစ်ရက်ပိတ်ပေးဖို့ပြောတာ။ ငါတို့ကစက်ကွင်းမလွတ်မှာစိုးလို့။ ငါတို့ကကြောက်လို့ဟေ့။ စစ်သားတွေကလူစိတ်ရှိတာမဟုတ်ဘူး” လို့ အထက်ပါဈေးသည်က ပြောပါတယ်။ မနက်ဖြန်ကျရောက်မယ့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကန်သာယာရေကန်အတွင်းက လွတ်လပ်ရေးကျောက်တိုင်မှာ ကျင်းပဖို့ရှိတာကြောင့် ပိတ်ခိုင်းတာလို့ ဒေသခံတချို့ကလည်း ပြောကြပါတယ်။ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပမယ့် ကန်သာယာကျောက်တိုင်နေရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူနေကြတာရှိပြီး မုံရွာမြို့တွင်းလမ်းမတွေပေါ်မှာလည်း စစ်ဆေးမှုတွေ တင်းကြပ်နေတာရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ မုံရွာဒေသအခြေစိုက် အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ (SRAF-MWA) အဖွဲ့ကလည်း ပြည်သူတွေအနေနဲ့ လွတ်လပ်ရေးနေ့မှာ မနက် […]
ရန်ကုန် – ၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း) ကုန်ခဲ့တဲ့သုံးလအတွင်း( အောက်တိုဘာ၂၉-ဒီဇင်ဘာ၃၀) ချင်းပြည်နယ်မြောက်ပိုင်းက ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စီးနင်းမီးရှို့ဖျက်ဆီးမှုကြောင့် ဘာသာရေးအဆောက်အအုံတွေ အပါဝင် အိမ်ပေါင်း(၆၅၁)လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ Thantlang Placement Affairs Committee- TPAC က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ထန်တလန်မြို့ မှာ အိမ်ခြေ (၂၀၀၀) ခန့်ရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီမြို့မှာရှိတဲ့ အိမ်ခြေစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကျော် ပျက်ဆီးခဲ့ရတယ်လို့ ဒီအဖွဲ့က ဖော်ပြတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ မီးလောင်နေတဲ့ အိမ်တွေကို မီးငြှိမ်းဖို့သွားတဲ့ ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ဦးလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် […]
ကလေး – ၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းပေါ် ချီတက်ဆန္ဒပြခဲ့တာ ဒီကနေ့ဆို ရက်ပေါင်း ၃၃၀ ရှိလာပါပြီ။ ဒီကနေ့ ပင်မသပိတ်ရဲ့ ဆောင်ပုဒ်ကတော့ “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးနဲ့ ထီးဆောင်း-အရာတော်လမ်းများကို ဒီကနေ့မနက်ပိုင်းကစပြီး ပြည်သူတွေ ဖြတ်သန်းသွားလာအသုံးပြုတာတွေ မပြုလုပ်ကြဖို့ ဒေသခံတော်လှန်ရေတပ်ဖွဲ့တွေက တားမြစ်လိုက်ပါတယ်။ ဒီလမ်းတွေပေါ်မှာ အချိန် မရွေး တိုက်ပွဲ ဖြစ်နိုင်တာ ကြောင့် မိဘပြည်သူများ မတော်တဆ ထိခိုက် နစ်နာမှုမျိုး မရှိစေလိုတာဖြစ်လို့ အသုံးမပြုကြဖို့၊ သွားနေပါက ရောက်တဲ့နေရာမှာ ရပ်တန့်ထားကြဖို့ မြင်းမူမြို့နယ်က Black Eagle Defence Force -MMU အဖွဲ့ကနေ သတိပေးကြေညာပါတယ်။ ကြေညာချက် ထုတ်ပြန်ချိန်ကစပြီး ပြန်လည် အသုံးပြုလို့ရမယ့် ကြေညာချက် ကို စိတ်ရှည်စွာစောင့်ဆိုင်းပေးဖို့နဲ့ မိမိ မိသားစု အသိမိတ်ဆွေများ လမ်းကြောင်းပေါ်ရောက်နေရင်လည်း ဖုန်းဆက်အကြောင်းကြားပေးပြီး သတိပေးလိုက်ဖို့ ထပ်မံမေတ္တာရပ်ခံထားပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ […]
ကလေး – ၂၀၂၂ ဇန်နဝါရီ ၂ (မော်ကွန်း) ရက်ပေါင်း ၃၂၉ ရက်တိုင် ပျက်ရက်မရှိဘဲ လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ် ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီကနေ့ သပိတ်ဆောင်ပုဒ်ကတော့ “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းကြစို့” ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဒီပဲယင်း – ၂၀၂၂ ဇန်နဝါရီ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ရွှေဒါးကံကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးမှုတွေပြုလုပ်ပြီး ကျေးရွာမှာနေတဲ့ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့ကနေ မနေ့ကအထိ စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတချို့ကိုဝင်ရောက်ခဲ့ရာ ရွှေဒါးကံရွာကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ကြောင်း ဒေသခံကပြောပါတယ်။ နေအိမ်တွေကို ဝင်ရောက်ကာ ဖျက်ဆီးခဲ့ကြပြီး ၎င်းတို့ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။ လာရောက်ပစ်ခတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ စိုင်ပြင်ရွာ အ.ထ.က ကျောင်းနဲ့ စိုင်ပြင်ခြံအတွင်းမှာ တပ်စွဲထားကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ သတ်ဖြတ်ခံရသူနှစ်ဦးဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန် ဖမ်းမိသွားပြီး ဂွေးပင်ကုန်းကျေးရွာအနီးမှာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အဲဒီစစ်ကြောင်းဟာ ဒီကနေ့ စိုင်ပြင်ကနေ ဘုတလင်ဖက် ကားလမ်းဘေးတလျှောက် […]
စစ်ကိုင်းတိုင်း – ၂၀၂၂ ဇန်နဝါရီ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ ရေဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံတွေက သိရပါတယ်။ ဒီကနေ့ မနက်ခင်းစောစောမှာပဲ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောရွာကို ရိက္ခာလာယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မိုင်းထိပြီး တပ်ဖွဲ့ဝင် သုံးဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရသူတွေလည်းများကြောင်း ဒေသခံတွေက ပြောပါတယ်။ ရေဦးနဲ့ တန့်ဆည်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့တွေက အသိပေးထားပါတယ်။ အလားတူ နံနက် ၃:၀၀ နာရီခန့်ကလည်း စစ်ကိုင်းဘက်ကနေ ရွှေဘိုဘက်လာတဲ့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Express ကားတစ်စီးဟာ ရွှေဘို-မန္တလေး ကားလမ်း ရွာသာကြီးနှင့် ဆားတောင်ကြားမှာ မိုင်း ခုနှစ်လုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုကိုတော့ မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ /ဂဠုန်ညီနောင် […]
ကလေး – ၂၀၂၂ ဇန်နဝါရီ ၁ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ သပိတ်တိုက်ပွဲဆင်နွှဲနေတာ ၃၂၈ ရက်မြောက် ရှိလာခဲ့ပါပြီ။ ပင်မသပိတ်ရဲ့ ဒီကနေ့ သပိတ်ဆောင်ပုဒ်ကတော့ “PDF တွေ ဘေးကင်းပါစေ၊ စစ်ခွေးတွေ များများသေပါစေ” ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၃၁ (မော်ကွန်း) ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက် ဒီကနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ လမ်းမပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ “နှစ်သစ်ကိုလည်း ကြိုမယ် ဖက်ဆစ်ကိုလည်း ဖြိုမယ်” ဆိုတဲ့ သပိတ်ခေါင်းစဉ်နဲ့အတူ ကလေးပင်မသပိတ်ဟာ တိုက်ပွဲဝင်လာတာ ရက်ပေါင်း ၃၂၇ ရက်ရှိပြီး ပျက်ရက်မရှိသေးပါဘူး။ အာဏာသိမ်းစစ်ကောင်စီကတော့ ထုံးစံအတိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်တွေအပါအဝင် နေရာအတော်များများမှာ ပြည်သူတွေကို ပစ်သတ်၊ ဖမ်းဆီးနေတုန်းပါ။ မနေ့ကလည်း ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ်က ဝေဘူလမြို့နားအထိ စစ်ကြောင်းတွေ ထိုးခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေကို လေကြောင်းကနေ […]
ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာကို မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံက ပြောပါတယ်။ ဝင်ရောက်လာတဲ့အထဲ ပျူစောထီးတွေလည်း ပါဝင်ပြီး သုံးဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေ ရှိကြောင်း ဒေသခံက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကအသိပေးထားပါတယ်။ ထိခိုက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို အင်တောကျေးရွာ စာသင်ကျောင်းအတွင်း သယ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။ မနေ့ကမနက်ပိုင်းကလည်း တန့်ဆည်မြို့နယ် ကံထူးမရွာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဆိုင်ကယ်ရှစ်စီးနဲ့ မြို့တွင်း လှည့်ပတ် သွားလာနေချိန် MDF-Taze (Tiger) အဖွဲ့ရဲ့ မိုင်းဆွဲ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ […]
တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးခြင်းခံရတဲ့ ကျေးရွာငါးရွာက အိမ်ခြေ ၉၀ ကျော် အကူအညီများစွာ လိုအပ်နေကြောင်း ဒေသခံက ပြောပါတယ်။ ၂၀၂၁ ခုနှစ် သဩဂုတ်လ ကနေ ဒီဇင်ဘာလကုန်ပိုင်းအထိ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျ ကျေးရွာ ၊ ကျီကုန်းကျေးရွာ ၊ကျွန်းလယ်ကျေးရွာ ၊ ပုတီးကျေးရွာ ၊မြောက်အင်း ကျေးရွာတွေကို စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီဟာ စစ်ကြောင်းထိုးခြင်း ၊ ဝင်ရောက်မွှေနှောက်ခြင်း ၊ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း ၊နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း နဲ့ အများပြည်သူပိုင် ဆိုင်ခန်း ၊ ဆိုင်ကယ်များ ဖျက်ဆီးခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန့်ဆည်မြို့နယ် […]
တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက် ၉း၂၀ ဝန်းကျင်က တန့်ဆည်မြို့နယ်၊ ကံထူးမစခန်းကနေ ဆိုင်ကယ် ရှစ်စီး၊ အင်အား ၁၈ ယောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ကံထူးမ ဘောလုံးကွင်းနားအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ “သေနတ်အချက်ရေ အများကြီးရမ်းပစ်တယ်။ လမ်းပေါ်မှာလည်း ပတ်ဆဲသွားတယ်” လို့ နယ်ခံတစ်ဦးက ပြောပါတယ်။ မိုင်းထိသွားတဲ့ စစ်ကောင်စီအဖွဲ့က ရမ်းသမ်းပြီးပစ်ခတ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး ပေါင်နဲ့ လက်မောင်းတွေမှာ ကျည်ထိသွားကြောင်း၊ ရိုက်နှက်ဖမ်းဆီးခံရသူတွေလည်းရှိကြောင်း နယ်ခံတွေဆီက သီရပါတယ်။ မနေ့ကညနေပိုင်းနဲ့ ဒီကနေ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."