ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်တာနက် ဖြတ်တောက်ထားတာ လေးလရှိလာပါပြီ။
စစ်ကောင်စီဟာ ဒီလို သတင်းအချက်အလက် ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက် ကျူးလွန်ထားပေမယ့် ဖားကန့်မြို့ ပြည်သူတွေကတော့ နေ့စဉ် ဆန္ဒပြနေဆဲပါ။
အာဏာသိမ်းစစ်ကောင်စီဟာ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းဒေသတွေ အပါအဝင် နေရာတော်တော်များများကို လေကြောင်း ထိုးစစ်ဆင်နေပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်ထိုးစစ်ဆင်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွါ ထွက်ပြေးနေကြရပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

