ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီဟာ ကရင်ပြည်နယ်ကို ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတဲ့အပေါ် ပြည်သူတွေအနေနဲ့ အသံမတိတ်ဖို့ ကလေးမြို့ ပင်မသပိတ်က ဒီကနေ့ ဆော်ဩထားပါတယ်။
“တောင်တန်းကဖားစည်သံမတိတ်ဖို့ မြေပြန့်မှာသံပုံးတီးကြစို့” ဆောင်ပုဒ်နဲ့အတူ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်လာတာ ဒီကနေဆိုရင် ရက်ပေါင်း ၃၁၇ ရက်ရှိလာပါပြီ။
အာဏာသိမ်းစစ်ကောင်စီကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေအပါအဝင် နေရာတော်တော်များများကို လေကြောင်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာပါ။
ဒီလို တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွါ ထွက်ပြေးနေရပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

