ရေစကြို – ၂၀၂၂ အောက်တိုဘာ ၃၀ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စိုင်သေရွာ၊ သံပြာချောင်းရွာနဲ့ မြေမလှရွာတွေကို အာဏာသိမ်းစစ်တပ်က မနေ့က တစ်ရက်ထဲမီးရှို့ခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်းမှာခံစပ်တောရွာကို ထပ်မံမီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူထောင်ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနေ့ကတစ်ရက်ထဲကိုရှို့တာသုံးရွာရှို့တာ၊ ဒီမနက်မှာနောက်ထပ်တစ်ရွာထပ်ရှို့တယ်၊ သူတို့ကတော့ထုံးစံအတိုင်းနေအိမ်တောင်မီးရှို့တာပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်မချန်ဘူး၊ အကုန်သယ်ကြတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်း စိုင်သေရွာကို မီးရှို့ခဲ့ရာမှာ နေအိမ် ၄၃ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊သံပြာချောင်းရွာကနေအိမ် ၇၅ လုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ တောင်ဦးကျေးရွာအုပ်စုက မြေမလှရွာကိုမီးရှို့ခဲ့ရာမှာ နေအိမ် ၅၃လုံး၊ ခံစပ်တောရွာမှာ နေအိမ် ၆၃ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ပြောပါတယ်။ ရေစကြိုမြို့နယ်ထဲက ကျေးရွာလေးရွာကိုအာဏာသိမ်းစစ်တပ်က နှစ်ရက်အတွင်း မီးရှို့ခဲ့တာကြောင့် ရရှိတဲ့စာရင်းတွေအရ နေအိမ်ပေါင်း ၂၃၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ရေစကြိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးတာကြောင့် အနီးအနားကျေးရွာပေါင်း ရှစ်ရွာက ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီးနေအိမ်မပြန်နိုင်သေးတာကြောင့် […]
ဒူးပလာယာ – ၂၀၂၂ အောက်တိုဘာ ၂၉ (မော်ကွန်း) ကော်သူးလေ၊ ဒူးပလာယာခရိုင်ထဲမှာ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံကျိုက်ဒုံနယ်မြေရဲစခန်းကို မနေ့ည ၉:၃၀ က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ KNLA တပ်ရင်း ၁၈ နဲ့ ဒေါနစစ်ကြောင်း တပ်ခွဲ ၁ တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖားကန့်-အနန့်ပါ ဖြစ်ရပ်အပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတဝန်းအပေါ် တရားမဲ့ပြုကျင့်မှုတွေအတွက် လက်တုံ့ပြန်တာလို့ ဒေါနစစ်ကြောင်းကဆိုပါတယ်။ တိုက်ပွဲကြာချိန် ၁၀ မိနစ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုတွေမရှိခဲ့ဘဲ အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူဦးရေအတိအကျကိုလည်း အတည်မပြုနိုင်သေးပါဘူး။ အာဏာသိမ်းစစ်တပ်ဆီက ရှေ့ထွက်မိုင်းလေးလုံး၊ မိုင်းကြိုးနှစ်ခွေ၊ လက်ပစ်ဗုံး ၂၃ လုံး၊ 7.62 ကျည် ၂၅၄၀ တောင့်၊ ၆၀မမ ဗုံးသီး […]
ကလေးမြို့ – ၂၀၂၂ အောက်တိုဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ “ဖားကန့်-အနန့်ပါ” လေကြောင်းပစ်ခတ်မှုမှာကျဆုံးခဲ့ရသော ပြည်သူတွေနဲ့တော်လှန်ရေးရဲဘော်တွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ဦးညွတ်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်လာတာ ရက်ပေါင်း(၆၃၀)ရက်ရှိပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ကံပေါက် – ၂၀၂၂ အောက်တိုဘာ ၂၈ (မော်ကွန်း) ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံခဲ့လို့ ကျဆုံးခဲ့ရသူတွေနဲ့ ဖားကန့် – အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့ရသူတွေအတွက် ဒီကနေ့ညပိုင်းမှာ ကံပေါက်ဒေသခံလူငယ်တွေက ဆုတောင်းပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၆ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က ဖားကန့်-အနန့်ပါကို အကြမ်းဖက်၊ တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းက ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဝမ်းနည်းမှုတွေကို အဆုံးမသတ်ဘဲ တော်လှန်ရေးအတွက် ခွန်အားတစ်ခုအဖြစ် အသုံးပြုရမယ်လို့ သပိတ်ကော်မတီကဆိုပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော် #Dailynews
ကလေးမြို့ – ၂၀၂၂ အောက်တိုဘာ ၂၆ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က ဖားကန့်-အနန့်ပါကို အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို ကလေးတက္ကသိုလ်ကျောင်းသားလူငယ်တွေနဲ့အတူ ပင်မသပိတ်ဟာ ဒီကနေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူ၊ တော်လှန်ရေးရဲဘော်တွေအတွက် ပင်မသပိတ်က ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှင်းဆီပန်းတွေချကာ ဖယောင်းတိုင်ထွန်းပြီး ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၆၂၇ ရက်ရှိပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ကော့ကရိတ် – ၂၀၂၂ အောက်တိုဘာ ၂၆ (မော်ကွန်း) လွန်ခဲ့တဲ့ငါးရက်က တော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ကော့ကရိတ်မြို့ပေါ်က အာဏာသိမ်းစစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီကနေ့အထိ မြို့ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေတုန်းပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကော်သူးလေ၊ ဒူးပယာခရိုင် တပ်မဟာ (၆) နယ်မြေထဲက တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ အာဏာသိမ်းစစ်တပ်ဘက်က ဂျက်ဖိုက်တာလေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအများအပြားသေဆုံးခဲ့ပါတယ်။ မနေ့ကလည်း ကော့ကရိတ်မြို့တောင်ဘက် ကော့နွဲ့ရွာအနား မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ အာဏာသိမ်းစစ်တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှာလည်း တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ ဒေသခံကပြောပါတယ်။ “ကော့ကရိတ်မြို့ ဈေးမှာ ဈေးတွေတအားတက်တယ်၊ ပစ္စည်းတွေက မဝင်တော့ဘူး၊ ရှိတဲ့ပစ္စည်းတွေကတော့ ဈေးတက်ကုန်တယ်၊ ဆိုင်တော်တော်များများလည်း ပိတ်ထားကြတယ်” လို့ဒေသခံကပြောပါတယ်။ မြို့ပေါ်မှာ လူသွားလူလာ နည်းပါးသလို၊ အရောင်းအဝယ်တွေလည်းအေးနေကြပြီး ဈေးလာဝယ်မယ့် […]
စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၆ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ ဖားကန့်-အနန့်ပါ အကြမ်းဖက်လူသတ်မှုဖြစ်ရပ်အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားင်းကြီးရွာပေါင်းစုံသပိတ်က ဒီကနေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယိ။ လက်နက်အားကိုးနဲ့ ပြောင်ကျကျ လူသတ်အကြမ်းဖက်နေတဲ့ စစ်တပ်ကို တိုင်းရင်းသားပြည်သူတွေက ဘယ်သူ့ကိုထိထိ အားလုံးနဲ့ ငြိတယ်ဆိုတဲ့သဘောနဲ့ တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့ သပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့ဆိုရင် ဆန္ဒထုတ်ဖော်လာတာ ၅၉၄ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၉၂ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ပခုက္ကူ – ၂၀၂၂ အောက်တိုဘာ ၂၃ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့ပတ်လမ်းနဲ့ မြို့သစ်လမ်းဆုံနေရာမှာ စစ်ဆေးရေးလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဒီကနေ့မနက်ပိုင်းက မိုင်းဆွဲခံရပြီး နှစ်ဦးနေရာတင်သေဆုံးခဲ့တယ်လို့ Yesagyo Revolution Group ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်သားရှစ်ယောက်က စစ်ဆေးရေးပြုလုပ်ဖို့ လာချိန်အသင့်ထောင်ထားတဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ “သူတို့အဲ့နေရာနားမှာစစ်နေတာတော့ကြာပြီ၊ မိုင်းကွင်းထဲမရောက်လာသေးလို့ မဆွဲခဲ့တာပါ၊ဒီနေ့မိုင်းဆွဲတော့နှစ်ယောက်ကနေရာတင်လဲကျပြီးသေတယ်”လို့ Yesagyo Revolution Group ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခြားစစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပခုက္ကူ ဆေးရုံကြီးကိုပို့ဆောင်ကုသထားတယ်လို့သိရကာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်ကရဲတွေ အင်အားထပ်တိုးရောက်ရှိလာတယ်လို့ဆိုပါတယ်။ သစ်ဆွဲကား(၁၂ဘီးကား)ကိုလည်း မိုင်းစအနည်းငယ် ထိမှန်သွားတာကြောင့် တော်လှန်ရေးအဖွဲ့သားအားလုံး ကိုယ်စားတောင်းပန်ကြောင်း Yesagyo Revolution Group မှ ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- Yesagyo Revolution Group #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၉၁ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."