သတင်းများ

“ကျောင်းသားထုအင်အားဖြင့်စစ်ကျွန်ပညာရေးကိုမြေမြှပ်ကြ” ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းရဲ့ဆန္ဒထုတ်ဖော်မှု

November 15, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းကဦးဆောင်ကာ ” ကျောင်းသားထုအင်အားဖြင့် စစ်ကျွန်ပညာရေးကိုမြေမြှပ်ကြ ” စာသားကိုကိုင်ဆွဲပြီး ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော် #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

November 15, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

November 15, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် ၆၁၃ ရက်မြောက်နေ့အဖြစ် အောင်လံလွှင့်မည် ရွှေရေ ကြည်သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းဝန်းရံကာ ချီတက်ဆန္ဒပြ

November 15, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ၆၁၃ရက်မြောက်သပိတ်ကို ဒီကနေ့ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူ၊ အရှေ့ဘုန်းကံကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်တိုက်ခိုက်ခံရ၊ နှစ်ဥိီးထိခိုက်ဒဏ်ရာရ

November 13, 2022

ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၁၃ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်၊ တပ်သားတွေကို မနေ့မနက် ၈ :၃၀ ဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Yesagyo Revolution Group အဖွဲ့ကတာဝန်ရှိသူတစ်ဦးက​ပြောပါတယ်။ ဒလန်သတင်းပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရှိတဲ့နေရာကို သတင်းပေါက်ကြားသွားပြီးအာဏာသိမ်းစစ်တပ်စစ်သားတွေက ပစ်ခတ်တာကြောင့် ထိတွေ့မှုဖြစ်ခဲတာလို့ပြောပါတယ်။ ” ကျွန်တော်တို့နေရာကို ဒလန်ကသတင်းပေးမှု​ကြောင့်သူတို့ဘက်ကလက်နက်ကြီးနဲ့တစ်ချက်အရင်ပစ်တယ်၊ ပြီးတော့ ကျွန်တော်တို့ဘက်က ခုနစ်ချက်ရှစ်ချက်လောက်လက်နက်ကြီးနဲ့ပြန်ပစ်ခဲ့တာ၊သူတို့ဘက်ကစက်ကလေးတွေနဲ့ပစ်သေးတယ်”လို့ Yesagyo Revolution Group အဖွဲ့ကတာဝန်ရှိသူတစ်ဦးက​ပြောပါတယ်။ အရှေ့ဘုန်းကံကျေးရွာ၊ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာပြီးနောက် တပ်ပြန်ဆုတ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကပစ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီး အာဏာသိမ်းစစ်တပ်၊ စစ်သားနှစ်ဥဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်က ကိုယ့်အဖွဲ့ကိုယ် ရဟတ်ယာဉ်နဲ့မှားပစ်

November 13, 2022

ရေစကြို – ၂၀၂၂ နိုဝင်ဘာ ၁၃ (မော်ကွန်း) မကွေးတိုင်း ရေစကြိုနဲ့မြောင်နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်၊ အရပ်ဝတ်စစ်ကြောင်းကို ဒီကနေ့မနက်ပိုင်း ရဟတ်ယာဉ်နဲ့ မှားယွင်းပစ်ခတ်ခဲ့မိတာကြောင့် စစ်သားတွေသေဆုံးမှုများတယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ် Mi 35 ရဟတ်ယာဉ်ဟာ ဒီကနေ့မနက်ပိုင်း ရွှေလှံကျေးရွာအနီးမှာပျံဝဲခဲ့ပြီးနောက် သူ့လူတွေကို မှားယွင်းပစ်ခတ်ခဲ့မိတာလို့ပြောပါတယ်။ ” ရွာကိုမီးရှို့ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးတော့ လေယာဥ်အကူခေါ်တာ၊ ရောက်လာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက မရှိတော့ဘူး၊ စစ်သားတွေရဲ့စစ်ကြောင်းက အရပ်ဝတ်တွေနဲ့ဆိိုတော့ မှားပစ်မိကြတာ၊ ၆၉ယောက်သေတယ်လို့ သိထားရတယ်”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရေစကြိုရေလယ်ကျွန်းဒေသက ရွှေလှံကျေးရွာကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းကဒီကနေ့မနက်ပိုင်းမှာမီးရှို့ခဲ့တယ်လို့ သူကပြောပါတယ်။ ရေစကြိုနဲ့မြောင်နယ်အစပ်ကို စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံရွာသားတွေထွက်ပြေးနေရပြီး မီးလောင်တဲ့နေအိမ်အရေအတွက်ကိုမသိရသေးဘူးလို့ သူကပြောပါတယ်။ ပုံစာ – ရေလယ်ကျွန်းဒေသသို့ ယနေ့လာရောက်ပစ်ခတ်သော အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်။ ဓာတ်ပုံ […]

အပြည့်အစုံဖတ်ရန်

“ စစ်ပုံကျကျပြင်ဆင် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်” ကလေးမြို့ပင်မသပိတ်ရဲ့ ညသပိတ်

November 13, 2022

ကလေးမြို့ – ၂၀၂၂ နိုဝင်ဘာ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ်အင်အားစုနဲ့အတူ ဒေသခံပြည်သူများစွာဟာ ဒီကနေ့ညမှာ ၆၄၅ ရက်မြောက်သပိတ်ကို လမ်းမပေါ်တက်ကာ ဆီမီးတွေ၊ မီးတုတ်တွေကိုင်စွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ၁၀၂ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့ အကြိုလူထုလှုပ်ရှားမှုအနေနဲ့ ဒေသခံပြည်သူတွေဟာ “စစ်ပုံကျကျပြင်ဆင်၊ ဖက်စစ်တပ်ကို အမြစ်ဖြတ်” သပိတ်ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရှိန်းမကားရွာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းတပ်က ပြည်သူ့နေအိမ်တွေကို မီးရှို့

November 12, 2022

ဝက်လက် – ၂၀၂၂ နိုဝင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိန်းမကားကျေးရွာ ရဲစခန်းကို မနေ့ည ၆:၀၀ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က စခန်းအနီးနေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ နဂါးနီပျောက်ကြားတပ်ဖွဲ့(မတ္တရာ) တာဝန်ရှိသူကပြောပါတယ်။ ရှိန်းမကားကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ညနေပိုင်းကစတင်ပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။ “မနေ့ညကတော့ သူတို့တွေတော်တော်အထိနာလို့ ည ၁၁:၀၀ နာရီကျော်လောက်မှာ မီးရှို့တယ်ဗျ၊ ဘယ်နှစ်အိမ်‌ပါလဲတော့ အတိကျမသိပါဘူးဗျ၊ တစ်ရွာလုံးလည်း သူတို့တွေမူးလာရင် ရမ်းပစ်လို့ ရွာကလူတွေမရှိတော့ပါဘူး”လို့ နဂါးနီပျောက်ကျားတပ်ဖွဲ့(မတ္တရာ) တာဝန်ရှိသူကပြောပါတယ်။ ရှိန်းမကားကျေးရွာရဲစခန်းမှာ အာဏာသိမ်းတပ်၊ စစ်သားအင်အား ၅၀ ကျော်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့တေံဘက်က ၈၀မမ ၊၁၂၀ မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုရှိနိုင်ပြီးသေဆုံးမှုအတိအကျကိုမသိရသေးဘူးလို့ပြောပါတယ်။ တန်ဆောင်မုန်းလပြည့်ညက ရှိန်းမကားကျေးရွာရဲစခန်းကအာဏာသိမ်းစစ်တပ်၊ တပ်သားတွေ လက်နက်ကြီးရမ်းပစ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပါတယ်။ အဘွားတစ်ဦးနဲ့ အသက် တစ်နှစ်ကျော်အရွယ် […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

November 12, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် ၆၁၁ ရက်မြောက်နေ့အဖြစ် အောင်လံလွှင့်မည် ရွှေရေ ကြည်သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းဝန်းရံကာ ချီတက်ဆန္ဒပြ

November 12, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်နဲ့ပူးပေါင်းကာ ၆၁၁ မြောက် သပိတ်ကို ဒီကနေ့ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၆၀၈ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

November 9, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၆၀၈ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းမှာ မူးနေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး

November 9, 2022

စစ်ကိုင်း – ၂၀၂၂ နိုဝင်ဘာ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့ တပ်မ ၃၃ ထဲကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်က စစ်သားတစ်ဦးကို ဒီကနေ့ အရှင်ဖမ်းမိခဲ့တယ်လို့ နဂါးနီပျောက်ကျားတပ်ဖွဲ့ (မတ္တရာ)ဆီကသိရပါတယ်။ ကိုယ်ပိုင်အမှတ် တတ/၁၃၀၁၁၇ ကိုင်ဆောင်တဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သား လွှမ်းကိုကို ကို စစ်ဆေးဖမ်းဆီးရမိခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ကင်းထောက်လာတာဆိုတော့ လက်နက်တော့မပါဘူး၊ စစ်ကြည့်မှသူက စစ်သားဆိုတာသိတာ၊ မူးလည်းမူးနေတော့မနည်းစစ်မေးရတယ်”လို့ ကောင်းကင်တော်လှန်ရေးအင်အားစုကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဖမ်းဆီးရမိပြီးနောက် အာဏာသိမ်းစစ်တပ်က စစ်သား ၁၀ ​ယောက်ဝန်းကျင် လက်နက်အပြည့်အစုံနဲ့ လိုက်လာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးတယ်လို့ နဂါးနီပျောက်ကျားတပ်ဖွဲ့ (မတ္တရာ)ကဒီကနေ့ထုတ်ပြန်ထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 165 166 167 168 169 170 171 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."