သတင်းများ

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၅၈၄ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

October 16, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၈၄ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့မှာ ရွာပေါင်းစုံသပိတ်နဲ့အတူ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်လည်း ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

October 16, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ဓမ္မကိုစိုက်ပျိုး၊ အဓမ္မကိုရိုက်ချိုး” ကမ္ဘာ့စားနပ်ရိက္ခာနေ့ကံပေါက်ဒေသဆန္ဒထုတ်ဖော်မှု

October 16, 2022

ကံပေါက် – ၂၀၂၂ အောက်တိုဘာ ၁၆ (မော်ကွန်း) ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာစားနပ်ရိက္ခာနေ့မှာ ထားဝယ်ခရိုင် ၊ ကံပေါက်ဒေသလူငယ်တွေက သီးပင် ၊ စားပင်တွေစိုက်ပျိုးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး Paper Strike ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

၅ မျဉ်းစောင်းသုံးမြို့နယ်ပေါင်း ကျောင်းသားလူထုပူးပေါင်းဆန္ဒထုတ်ဖော်

October 16, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်၊ အရာတော်၊ မုံရွာ သုံးမြို့နယ်က ကျောင်းသား၊ လူထုစုပေါင်းကာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုကို ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီဝင်တွေ၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာပင်မသပိတ်ကော်မတီဝင်တွေနဲ့အတူ ဘုတလင်မြို့နယ်အတွင်းက ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေပါဝင်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝန်းရံခဲ့ပါတယ်။ ဓာတ်ပုံ – Rebels of Middle #Dailynews

အပြည့်အစုံဖတ်ရန်

“၅၀၀၀ စားမဟုတ်တဲ့ ၅/တွေ” ၆၁၇ ရက်မြောက် ကလေးမြို့ပင်မသပိတ်ဆန္ဒထုတ်ဖော်မှု

October 16, 2022

ကလေးမြို့ – ၂၀၂၂ အောက်တိုဘာ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုရဲ့ ရက်ပေါင်း ၆၁၇ ရက်မြောက် ဒီကနေ့ဆန္ဒဖော်ထုတ်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၅၈၃ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

October 15, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၈၃ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

October 15, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင် ပြည်သူ့အားမာန်သပိတ်စစ်ကြောင်း “ညနေဆည်းဆာသပိတ်” ချီတက်ဆန္ဒပြ

October 15, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာ အချို့စုပေါင်းဆန္ဒပြခဲ့ကြတဲ့ “ပြည်သူ့အားမာန်”သပိတ်စစ်ကြောင်းဟာ ညနေဆည်းဆာသပိတ်အဖြစ် ချီတက်ခဲ့ကြပါတယ်။ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မြန်မာ့ကျောင်းသားများနေ့မှာ “ကျောင်းသားဟေ့ ကျောင်းသားဖိရင်ကြွမယ် ထိရင်ကြွမယ်” ဆိုတဲ့ စာသားကိုင်ဆွဲကာချီတကိခဲ့ကြပါတယ်။ ဒီကနေ့ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းမှာ ကျောင်းသား၊ ဆရာဆရာမတွေနဲ့အတူ ယင်းမာပင်-ဆားလင်းကြီးသပိတ်ကော်မတီဝင်တွေ၊ယင်းမာပင် မြောက်ခြမ်းက သပိတ်ကော်မတီဝင်တွေ ပူးပေါင်းချီတက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အကြမ်းဖက်စစ်ခေါင်းဆောင်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း မွန်ပြည်သစ်ပါတီထုတ်ပြန်

October 15, 2022

နေပြည်တော် – ၂၀၂၂ အောက်တိုဘာ ၁၅ (မော်ကွန်း) တိုင်းပြည်အာဏာကို အရပ်သားအစိုးရထံမှ လုယူသိမ်းကာ နိုင်ငံတဝန်းပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသော အာဏာသိမ်းစစ်ခေါင်းဆောင်ထံ မွန်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌက သွားရောက်တွေ့ဆုံခဲ့ကြောင်း ၎င်းပါတီက သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် လက်နက်ကိုင်ပဋိပက္ခသည် နိုင်ငံရေးပြဿနာကြောင့်ဟု ယုံကြည်သဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လာရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများအားလည်း ဖိတ်ခေါ်စေလိုကြောင်း စစ်ခေါင်းဆောင်ကို အကြံပြုခဲ့သေးသည်ဟုဆိုသည်။ ထို့အပြင် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့နေသော အာဏာသိမ်းစစ်ခေါင်းဆောင်အား ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုဆက်လက်မဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးရန် အကြံပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် မွန်ပြည်သစ်၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် […]

အပြည့်အစုံဖတ်ရန်

ရေစကြိုမြို့နယ်၊ ဇီးတောရွာက နေအိမ်၂၀ ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်မီးရှို့

October 14, 2022

ရေစကြို – ၂၀၂၂ အောက်တိုဘာ ၁၄ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာကို အာဏာသိမ်းစစ်တပ်စစ်သားတွေက မနေ့ မွန်းလွဲ ၃:၀၀ နာရီဝန်းကျင်က စတင်မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ပခုက္ကူ နည်းပညာတက္ကသိုလ်ဘက်ကနေ စစ်​ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်၊ တပ်သားတွေဟာ ရေစကြိုမြို့နယ်သဲတော၊ကျောက်ထပ်ကျေးရွာကနေတဆင့် ဇီးတောရွာကို ရောက်ရှိမီးရှို့ခဲ့တာလို့ဒေသခံတစ်ဦးကပြောပါတယ်။ ” မနေ့က သူတို့စစ်ကြောင်းလာတော့ ဇီးတောနားမရောက်ခင်မှာမိုင်းဆွဲလိုက်တာ၊ဒီဘက်ကအဖွဲ့တွေများတော့ဘယ်အဖွဲ့ကဆွဲတာလည်းဆိုတာတော့မသိရဘူး၊ သူတို့မိုင်းဆွဲခံရပြီးတော့ ဇီးတောကိုမီးရှို့တာ”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ဇီးတောကျေးရွာက နေအိမ် ၂၆၅လုံးရှိပြီး နေအိမ် ၂၀ ကျော်နဲ့နွားစာတဲတွေမီးရှို့ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်​ကြောင်းဟာ ဇီးတောရွာကို မီးရှို့ပြီးနောက်ပြန်လည်ထွက်ခွာသွားခဲ့ပြီး ဒေသခံ ရွာသားတွေ တိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်းဒေသကြီး အတွင်းမှာဖေဖော်ဝါရီလ ၁ရက်နေ့ကနေ သြဂုတ်လ ၂၅ရက်နေ့အထိ အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် နေအိမ် ၅၄၁၈လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ Data […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၅၈၂ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

October 14, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၈၂ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

နတ်တလင်းပဲခူးရိုးမကိုစစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် မိုင်းသုံးကြိမ်ဆွဲတိုက်ခိုက်ခံရပြီး ဆယ်ဦးသေ

October 14, 2022

နတ်တလင်း – ၂၀၂၂ အောက်တိုဘာ ၁၄ (မော်ကွန်း) ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ် ပဲခူးရိုးမကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို မနေ့က ပဒေသာမိုင်း သုံးကြိမ်ဆွဲတိုက်ခိုက်ခဲ့ပြီး ဆယ်ဦးသေဆုံးတယ်လို့ Phoenix DF အဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်သားတွေက အင်အား ၅၀ ဝန်းကျင်နဲ့ ပဲခူးရိုးမအစပ်က ပျဥ်းမခေါင်အုပ်စု၊ ကြက်မနက်ကျေးရွာကနေညောင်လေးပင်ဘက်ကို စစ်ကြောင်းထိုးလာချိန်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။ “သူတို့စစ်ကြောင်းတက်လာတဲ့အချိန် စောင့်ပြီး မိုင်းဆွဲတာပေါ့ ၊ပဒေသာမိုင်းသုံးကြိမ်ဆွဲခဲ့တာပေါ့၊သူတို့ဘက်ကဒဏ်ရာရတာရှိတယ်ဗျ၊ ဒဏ်ရာရတာတွေသေတာတွေကို ထမ်းဖို့ရွာသားတွေကိုပေါ်တာဆွဲတာတွေရှိပါတယ်”လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ – ၂ ၊ Phoenix DF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၁၀၊ တပ်ခွဲ – ၁၊ ဇီးကုန်း PDF နဲ့ တပ်ခွဲ – ၂ ၊ […]

အပြည့်အစုံဖတ်ရန်
1 … 170 171 172 173 174 175 176 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."