သတင်းများ

မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာဖယ်ရှားခိုင်းသည့်ရပ်ကွက်ငါးခုမှ အဆုံးစီရင်သူ သုံးဦးအထိရှိလာ

November 21, 2022

မင်္ဂလာဒုံ – ၂၀၂၂ နိုဝင်ဘာ ၂၁ (မော်ကွန်း) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုပြီး ဖယ်ရှားခိုင်းတဲ့ရပ်ကွက်ငါးခုမှာ အဆုံးစီရင်သွားသူ သုံးဦးအထိရှိလာပြီလို့ ဒေသခံတွေကပြောပါတယ်။ ပျဥ်းမပင်ကျေးရွာအုပ်စုထဲက စံသမာဓိ၊ မြဝတီ၊ ဓမ္မပါလ၊မြဲမြံအောင်နဲ့ ဂုံညှင်းနီး ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းထားတာဖြစ်ပြီး “ဓမ္မပါလကတစ်ယောက်၊ မြဲမြံအောင်ကတစ်ယောက်နဲ့ မြဝတီကတစ်ယောက် သုံးယောက်တော့သတ်သေသွားပြီ၊ အမျိုးသားတွေချည်းပဲ” လို့ မြဝတီရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။ အဲဒီရပ်ကွက်တွေကို နိုဝင်ဘာ ၁၈ ရက်မှာ အပြီးဖျက်သိမ်းဖို့အကြောင်းကြားထားပေမယ့် နိုဝင်ဘာ ၂၂ ရက်နောက်ဆုံးထားဖျက်သိမ်းဖို့ ရက်ထပ်တိုးထားတယ်လို့လည်းသိရပါတယ်။ အဆုံးစီရင်သွားသူတွေဟာ နေစရာအိမ်တွေဖျက်ခိုင်းထားကြောင့် စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြတာလို့ စံသမာဓိရပ်ကွက်နေသူတစ်ဦးကလည်းဆိုပါတယ်။ “အိမ်တွေအဖျက်ခံရတော့ဝမ်းနည်းရုံကလွဲပြီး သူတို့ဘာမှမတတ်နိုင်ဘူး။ အဲ့အချိန်မှာ စိတ်မနိုင်တဲ့သူတွေကျတော့လည်း လုပ်မိလုပ်ရာလုပ်မိတာထင်ပါတယ်။ ကျနော်တို့ဟိုဘက်ရပ်ကွက်ဆို ၅၃နှစ် အမျိုးသားတစ်ဦး၊ သူတို့နို့တစ်စာလာပေးပြီးတော့ဖြစ်သွားတာ” လို့ သူကပြောပါတယ်။ ရပ်ကွက်နေသူတွေဟာ အိမ်တွေဖျက်နေကြပြီး သွားစရာနေစရာမရှိတော့လို့ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

November 20, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

နှမ်းရိတ်တဲ့ပြည်သူနဲ့ ယင်းမာပင်မြောက်ခြမ်း ရွှေဥက္ကံသပိတ်တို့ ဆန္ဒထုတ်ဖော်

November 20, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွှေဥက္ကံသပိတ်ဟာ ဒေသခံနှမ်းရိတ်တောင်သူတွေနဲ့ တော်လှန်ရေးမှာသွေးမအေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“စစ်တပ်စီးပွားရေးထောက်တိုင်မှန်သမျှ လူထုအားနဲ့​ဖြိုဖြတ်ကြ” ၆၁၈ ရက်မြောက် ယင်းမာပင်-ဆားလင်းကြီး ကျေးရွာအချို့ စုပေါင်းသပိတ်

November 19, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးမြို့နယ်ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၁၈ ရက်မြောက်သပိတ်ကို ကျေးရွာတချို့နဲ့ပူးပေါင်းပြုလုပ်ခဲ့ကြပြိး နွေဥဦးတော်လှန်ရေးအမြန်အောင်ပွဲရရှိနိုင်ရေးအတွက် စစ်တပ်ထောက်တိုင် စီးပွါးရေးလုပ်ငန်းတွေကို ဝိုင်းဝန်းဖြတ်တောက်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ရှောင်စခန်းပါ မီးရှို့ခံရလို့ စစ်ရှောင် ၁၀၀၀ အခက်အခဲထပ်မံကြုံနေရ

November 19, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၁၉ (မော်ကွန်း) စစ်ကိုင်း၊ မတ္တရာနဲ့ ဝက်လက်မြို့နယ်တွေက စစ်ရှောင် ၁၀၀၀ ဝန်းကျင်နေထိုင်နေတဲ့ ရေလယ်ကျွန်းဒေသကစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၁၇ရက်နေ့မှာ မီးရှို့သွားတာကြောင့် အခက်အခဲတွေထပ်မံကြုံတွေ့နေရကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းက စစ်ရှောင်စခန်းဘက်ကိုစစ်ကြောင်းထိုးလာပြီးနောက် မီးရှို့သွားတာကြောင့် ယခုလက်ရှိစစ်ရှောင်တွေ နေထိုင်စားသောက်ဖို့အခက်ခဲတွေရှိနေတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုတာဝန်ရှိသူ ကိုကောင်းကင်ကပြောပါတယ်။ ” ကျွန်တော်တို့က စစ်ရှောင်စခန်းကိုရွာအပြင်မှာထားတာ၊စစ်ရှောင်စခန်းလို့လည်းရေးထားတယ်၊ ဒါကလုံးဝမှားစရာမရှိဘူး၊အဲ့ဒါကိုရှို့သွားတာပါ၊သတင်းပေးဒလန်ရှိလို့လို့လည်းထင်ပါတယ်”လို့ ကိုကောင်းကင်ကပြောပါတယ်။ စစ်ရှောင်စခန်းကို စစ်ရှောင်၂၀၀ ကနေစခဲ့တာဖြစ်ပြီး အခုချိန်မှာ မီးရှိူ့ခံရတဲ့ရွာများတာကြောင့်စစ်ရှောင်ဦးရေက ၁၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်တယ်လို့သူကပြောပါတယ်။ “အခုလောလောဆယ်တော့ စစ်သားတွေကမီးရှို့သွားတော့ နေစရာရော ၊စားစရာရောမရှိတော့ဘူး၊နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ တစ်စုစီထားထားရတယ်၊ ရာသီဥတုက အေးတော့ စောင်၊ အနွေးထည်တွေ လိုအပ်နေတာ”လို့ ကိုကောင်းကင်ကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ နိုဝင်ဘာ ၁၇ရက်နေ့ကစစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင်​တောင်ရွာ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” ညနေဆည်းဆာသပိတ်

November 19, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူမှာ စစ်မှုထမ်းဟောင်းတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

November 18, 2022

ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၁၈ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီကနေ့ မနက် ၈:၀၀ ဝန်းကျင်က စစ်မှုထမ်းဟောင်းတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သေဆုံးသူဟာ ပခုက္ကူမြို့ ၊ ၁၉လမ်းမှာနေထိုင်တဲ့ ဝါးထောင်ဦးရဲဆိုသူဖြစ်ပြီး နေအိမ်မှာပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” သူကစစ်မှုထမ်းဟောင်း၊ အငြိမ်းစားယူထားတာတော့ကြာပြိီ၊ အပစ်ခံရပြီးတော့ဆေးရုံပို့တယ်၊အသက်မရှင်တော့ဘူး၊ သေပြီလို့သိရတယ်”လို့ဒေသခံကပြောပါတယ်။ ခုလိုပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတဲ့အဖွဲ့အစည်းတွေလည်း မရှိသေးပါဘူး။ #Dailynews

အပြည့်အစုံဖတ်ရန်

တကျော့ပြန် လူထုအုံကြွတော်လှန်မှုတွေ နေရာအနှံ့မှာဖော်ဆောင်ဖို့လိုဟု ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကတိုက်တွန်း

November 17, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၁၇ (မော်ကွန်း) အကြောင်းအမျိုးမျိုးကြောင့် လူထုပါဝင်မှုကျဆင်းလာပြီး တကျော့ပြန် လူထုအုံကြွတော်လှန်မှုတွေ မြန်မာပြည်အနှံ့ဖော်ဆောင်ဖို့လိုနေပြီလို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီက ဒီကနေ့အသိပေးတိုက်တွန်းပါတယ်။ ၁၀၂ နှစ်ပြည့် အမျိုးသားနေ့အောင်ပွဲ (၁၃) ရက်တာလှုပ်ရှားမှုနဲ့အတူရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်းရဲ့ ၆၁၆ ရက်မြောက် ဒီကနေ့လူထုသပိတ်မှာသပိတ်ကော်မတီက တိုက်တွန်းထားတာပါ။ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေရဲ့ဖိနှိပ်မှုအောက်မှာ စီးပွါးရေးကျပ်တည်းလာပြီး တော်လှန်ရေးမှာပါဝင်မှုကျဆင်းလာရတယ်လို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ကတောအကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေပြီး လူထုကိုတော်လှန်ရေးကနေသွေဖယ်သွားအောင်လုပ်နေတာဖြစ်လို့ တွေဝေ၊တွန့်ဆုတ်မနေကြဘဲ ရုန်းကန်တော်လှန်ကြဖို့ သတိပေးထားပါတယ်။ ပုံစာ – ၆၁၆ ရက်မြောက် ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံလူထုသပိတ် ယနေ့မြင်ကွင်း။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ထင်ရှားကျော်ကြားသူနိုင်ကျဉ်းတွေအပါအဝင် အကျဉ်းသား ငါးထောင့်ခုနစ်ရာကျော်ပြန်လွှတ်ပေး

November 17, 2022

ရန်ကုန်-၂၀၂၂ နိုဝင်ဘာ ၁၇ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထားသူ ၅,၇၇၄ ဦးကို ဒီကနေ့ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားနေ့ပြန်လွှတ်ပေးခဲ့ပါတယ်။ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ အနုပညာရှင် ၁၁ ဦးပါဝင်ပြီး သူတို့ကိုစွဲဆိုထားတဲ့အမှုတွေပိတ်သိမ်းကြောင်း ကြေညာချက်မှာပါပါတယ်။ ဒီကနေ့ပြန်လွတ်လာသူတွေထဲမှာ NLDပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမြအေး၊ စာရေးဆရာမောင်သာချိုနဲ့ ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဌဟောင်း ဦးလင်းနိုင်မြင့်လည်းပြန်လွတ်လာတာတွေ့ရပါတယ်။ “ကျွန်တော်မြန်မာပြည်သူတွေနဲ့အတူတူပဲရှိပါတယ်။အမြဲတမ်းအတူတူပဲရှိပါတယ်”လို့ ကိုမြအေးကပြောပါတယ်။ စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးတို့လည်းပါဝင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ နိုဝင်ဘာ၁၆ရက်စာရင်းတွေအရ အာဏာသိမ်းစစ်ကောင်စီရဲ့ဖမ်းဆီးခံထားရသူ ၁၃,၀၀၀ ကျော်ရှိပါတယ်။ Photo: Mawkun #Dailynews

အပြည့်အစုံဖတ်ရန်

“မင်းတို့စစ်အာဏာရှင်တွေ ဘယ်တုန်းကများ ပြည်သူအပေါ်ကောင်းဖူးလို့လဲ” ၅၇၇ ရက်မြောက် ပြည်ကြီးတံခွန်သပိတ်

November 17, 2022

မန္တလေး – ၂၀၂၂ နိုဝင်ဘာ ၁၇ (မော်ကွန်း) မန္တလေးတိုင်း၊ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပြည်ကြီးတံခွန်သပိတ်ဟာ ဒီကနေ့မှာ ၅၇၇ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆရာတော်အရှင်အဂ္ဂဝံသပါဝင်ဦးဆောင်ပြီး ဒီကနေ့သပိတ်ရဲ့ဆောင်ပုဒ်ကတော့ “မင်းတို့စစ်အာဏာရှင်တွေ ဘယ်တုန်းကများ ပြည်သူအပေါ်ကောင်းဖူးလို့လဲ”ဖြစ်ပါတယ်။ ဓာတ်ပုံ – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

တစ်ဖွဲ့လုံးမှာ မောင်းပြန်နှစ်လက်ပဲရှိလို့ သေနတ်ရရှိဖိုစည်းရုံးလှုံ့ဆော်

November 17, 2022

ရေလယ်ကျွန်းဒေသ – ၂၀၂၂ နိုဝင်ဘာ ၁၇ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ​ဒေသက ရွှေလယ်ကျွန်း LPDF တစ်ဖွဲ့လုံးမှာ မောင်းပြန်သေနတ် နှစ်လက်ပဲရှိတာကြောင့် သေနတ်ရရှိဖို့ စည်းရုံးလှုံ့ဆော်နေကြောင်း အဆိုပါအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ နိုဝင်ဘာ ၁၆ ကနေ ဒီဇင်ဘာ ၁၆ အထိ မောင်းပြန်သေနတ်ရရှိရေးအတွက် သိန်း ၂၀၀ ရရှိဖို့စည်းရုံးလှုံ့ဆော်နေတယ်လို့ ပြောပါတယ်။ ရွှေလယ်ကျွန်း LPDF အဖွဲ့မှာ မောင်းပြန်သေနတ် စုစုပေါင်း နှစ်လက်သာရှိတဲ့အပြင် တစ်တောင့်ထိုးသေနတ်၊ ခါးချိုးကိုးလုံးကျည်သေနတ်တွေချည်းပဲ အဆင်မပြေတာကြောင့် စည်းရုံးလှုံ့ဆော်ရတာဖြစ်တယ်လို့ သူကပြောပါတယ်။ မောင်းပြန် သေနတ်တွေ ကျပ်သိန်း ၅၀ ဝန်းကျင်ပေးရတုံးက ရွှေလယ်ကျွန်း LPDF အတွက် ဝယ်ယူခဲ့ပေမယ့် တော်လှန်ရေးအမြတ်ထုတ်သူတွေနဲ့ လိမ်လည်သူတွေကြောင့် မရရှိခဲ့ဘူးလို့ သူကပြောပါတယ်။ အခု လက်နက်စျေးတွေဟာ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

November 17, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 164 165 166 167 168 169 170 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."